November 2013
-
Friday 2013-11-29
မသန်စွမ်းအသင်း၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် နယ်ခရီးစဉ်များကို ထွက်ကြသောအခါ တွေ့ရှိရမြဲလူနာတွေထဲမှာ (Accident) ခေါ်သော မတော်တဆထိခိုက်ဒဏ်ရာများကြောင့် မသန်စွမ်းဖြစ်သွားသူ လူနာများကို အမြဲလိုလို တွေ့ရတတ်ပါသည်။
-
Friday 2013-11-29
မုံရွာတက္ကသိုလ် အဆောင်များတွင် ပထမနှစ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ နှစ်ရာကို ပထမဆုံးလက်ခံသွားမည်ဖြစ်ကြောင်း မုံရွာတက္ကသိုလ်အဆောင် တာဝန်ရှိသူများကပြောသည်။
-
Friday 2013-11-29
ဘူးသီးတောင်-မောင်တောကားလမ်းပေါ်ရှိ ဥမင်ကြီး ရှောင်ကွင်းလမ်းကို ခရိုင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဖောက်လုပ်လျက်ရှိရာ လာမည့်ဒီဇင်ဘာတွင် အပြီးဖောက်လုပ်နိုင်မည်ဖြစ်ကြောင်း မောင်တောခရိုင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ခရိုင်အင်ဂျင်နီယာမှူးက ပြောသည်။
-
Friday 2013-11-29
ယာဉ်တိုက်မှုများ လျော့နည်းစေရန်အတွက် ယာဉ်တိုက်မှုဖြစ်လာပါက ဥပဒေအရ ထိရောက်စွာအရေးယူရန် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က တိုက်တွန်းပြောကြားခဲ့သည်။
-
Friday 2013-11-29
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ ပထမဆုံးဘဏ်ခွဲကို ရန်ကုန်မြို့တွင် ဒီဇင်ဘာပထမပတ်အတွင်း စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုဘဏ်မှ ဒါရိုက်တာဦးဝင်းဇော်က ပြောသည်။
-
Friday 2013-11-29
ရန်ကုန်မြို့တွင် ဆိတ်ငြိမ်ရပ်ကွက်များ တရားဝင်သတ်မှတ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် ပါဝင်ရေးဆွဲနေသူတစ်ဦးက ပြောကြားသည်။
-
Friday 2013-11-29
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ ရှိ ဘိုးဘွားပိုင်မြေရရှိရန် သပိတ်စခန်းဖွင့် ဆန္ဒပြနေသောသူများတွင် သက်ကြီးရွယ်အိုအမျိုးသမီးများ အများစု ပါဝင်သောကြောင့် ကျန်းမာရေးထိခိုက်မှုများရှိနေပြီး သုံးရက်မြောက်နေ့အထိ သက်ဆိုင်ရာက လာရောက်ဖြေရှင်းညှိနှိုင်းမှုမရှိသေးကြောင်း သပိတ်စခန်းဖွင့်သူများက ပြောသည်။
-
Friday 2013-11-29
ပြည်မြို့တွင် နေအိမ်မှ ငါးရက်အကြာ ပျောက်ဆုံးသွားသော ကျောင်းသားတစ်ဦးကို နိုဝင်ဘာ ၂၅ ရက် ည ၁၂ နာရီခန့်တွင် ကြံခင်းမြို့နယ်၊ ဆိပ်သာမြို့ရဲကင်းအနီး ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်း၌ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။
-
Friday 2013-11-29
သုဝဏ္ဏဘောလုံးကွင်းရှေ့ ဝေဇယန္တာလမ်းပေါ်၌ ကားတစ်စီး ဘက်ထရီဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်ခဲ့ကြောင်း သတင်းရရှိသည်။
-
Friday 2013-11-29
ပြင်သစ်သံရုံးက ပထမဆုံးပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူ မြန်မာအမျိုးသမီး ၂၀၀ ကျော် တက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက သတင်းထုတ်ပြန်သည်။