-
Sun 11 Mar 2018 - 00:21
ဘင်္ဂလားဒေ့ရှ်အခြေ စိုက်အသေးစားချေးငွေလုပ်ငန်း ကုမ္ပဏီ BRAC(Myanmar)နှင့် ရိုးမဘဏ်တို့ပူးပေါင်း၍ အိမ် ထောင်စုတစ်ခုလျှင် ကျပ်တစ် သိန်းခွဲမှ ကျပ်သိန်း ၁၀၀ အထိ အသေးစားချေးငွေများထုတ်ပေး မည်ဟု ယင်းကုမ္ပဏီနှစ်ခုက သတင်းထုတ်ပြန်သည်။
-
Sun 11 Mar 2018 - 00:20
တရုတ်နိုင်ငံမှ စပါး မှောင်ခို လာရောက်ဝယ်ယူနေမှု ကို အစိုးရက တားဆီးပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်သည့် မြန်မာ့ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ် ဆွေးနွေးပွဲ ၂၀၁၈ တွင် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က တင်ပြသည်။
-
Sun 11 Mar 2018 - 00:19
ကျန်းမာရေးအာမခံကို လူစိတ်ဝင်စားမှုနည်းပါးနေသဖြင့် ကျန်းမာရေးအာမခံအမျိုးအစား အသစ် (New Version) ရေးဆွဲနေပြီး အာမခံကြေးကို ကျပ်ငါးထောင်အထိ လျှော့ချနိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာ့ အာမခံလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက ပြောကြားသည်။
-
Sat 10 Mar 2018 - 00:25
ရန်ကုန်တိုင်းအတွင်း အချက်အလက်စင်တာ (Data Center) ဆောက်လုပ်ရန် တိုင်း အစိုးရက ကုမ္ပဏီ ၁၀ ခုကိုရွေးချယ်ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က မတ်လ ၉ရက်တွင် သတင်းထုတ်ပြန်သည်။
-
Sat 10 Mar 2018 - 00:25
လမ်း၊ တံတားလုပ်ငန်း များလုပ်ကိုင်ခွင့် ခွင့်ပြုချက်စာ တမ်းအတုများဖြင့် လိမ်လည်မှု များရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက မတ်လ ၉ ရက် တွင် သတိပေးစာထုတ်ပြန်သည်။
-
Sat 10 Mar 2018 - 00:23
ငါးမဖမ်းရကာလ အတွင်း ပင်လယ်ပြင်ငါးဖမ်းခွင့် လုံးဝပိတ်သိမ်းပါက ရေလုပ်သား ရှစ်သောင်းခန့်နှင့် လက်လီဈေး သည်များ အလုပ်ဆုံးရှုံးနိုင်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။
-
Fri 09 Mar 2018 - 00:39
ငါးမွေးမြူရေးဇုန်ဖော် ဆောင်မည့်သတ်မှတ်မြေနေရာ များတွင် နိုင်ငံပိုင်မြေများပါဝင်ပါ က အစိုးရပိုင်ရှယ်ယာသတ်မှတ် ကာ ယင်းမြေများကို ငါးမွေးမြူ ရေးဇုန်အတွက် အသုံးပြုခွင့်ပေး မည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။
-
Fri 09 Mar 2018 - 00:36
၂၀၁၇ တွင်ထိုင်းနှင့် လာအိုနိုင်ငံတို့၌ တိုယိုတာကား ရောင်းချမှု ကျဆင်းသော်လည်း မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် ထက် ၇၃ရာခိုင်နှုန်း ပိုမိုရောင်းချ နိုင်ခဲ့ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်သည်။
-
Fri 09 Mar 2018 - 00:35
ရန်ကုန်- ရိုးမကုမ္ပဏီ (Yoma Strategic Holdings) က မြန်မာ နိုင်ငံ၏ ထိပ်တန်းမိုဘိုင်းငွေပေး ချေမှု ၀န်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို ၀ယ်ယူရန်စီစဉ်နေသည်။
-
Wed 07 Mar 2018 - 23:37
အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဆိုင်ရာ အကြံပေးမည့် One-Stop SME Banking Centre (OSBC) ကို ကမ္ဘောဇဘဏ်က စတင်ဆောင် ရွက်နေပြီဟု မတ်လ ၇ ရက်က သတင်းထုတ်ပြန်သည်။
-
Wed 07 Mar 2018 - 23:36
မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ ကြက်၊ ဘဲဈေး ရွှေ့ပြောင်းရန် နေရာအသစ်ရွေးချယ် ပြင်ဆင်ပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောကြားသည်။
-
Wed 07 Mar 2018 - 23:33
အခွန်ရငွေ ပမာဏပိုမို တိုးတက်လာစေရေး ပွင့်လင်းမြင် သာ၍ ရှင်းလင်းလွယ်ကူသည့် အ ခွန်ကောက်ခံမှုစနစ် ကျင့်သုံးရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်များက တိုက်တွန်းပြော ကြားသည်။
-
Wed 07 Mar 2018 - 22:29
ကရင်၊ မွန်နှင့် ရခိုင် ပြည်နယ်ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ကန်ဒေါ်လာ တစ်သိန်း ကျော် (ကျပ်သိန်း ၁,၃၀၀ ကျော်) စီမံကိန်းများ တိုက်ရိုက်လျှောက် ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင် ရာ ဂျပန်သံရုံး ပထမအတွင်းဝန် က ပြောသည်။
လျှောက်ထားလိုသူများသည် ဂျပန်သံရုံးသို့ တိုက်ရိုက်လျှောက် ထားရမည်ဖြစ်ပြီး ဒေသအတွက် အမှန်တကယ်လိုပြီး လူထုအ တွက် အကျိုးရှိပါက စီမံကိန်းအ တွက် ငွေကြေးအကူအညီ တိုက်ရိုက်ချပေးမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
-
Tue 06 Mar 2018 - 00:13
တိုင်းပြည်၏ စွမ်းအင်လို အပ်ချက်ကြီးမားလာခြင်းကို ဖြည့် ဆည်းရန် မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်ခန့်တွင်ပင် သ ဘာဝဓာတ်ငွေ့အရည် (LNG) တင်သွင်းမှုစတင်မည်ဖြစ်သည်။ ယင်းသည် ပြည်တွင်းမှ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှု စတင်ကျ ဆင်းနေချိန်တွင် လျှပ်စစ်ဓာတ် အားမလုံလောက်မှုအပေါ် စီးပွား ရေးလုပ်ငန်းများ၏ စိုးရိမ်မှုများကို
-
Tue 06 Mar 2018 - 00:12
မီးပုံးပျံစီးနင်း၍ ရှုမျှော် ခင်းကြည့်ရှုသော ဝန်ဆောင်မှု ကြောင့် လူသိများသည့် ကမ္ဘာ လှည့်ခရီးသွားကုမ္ပဏီ MemoriesGroup က ၂၀၁၈ ဇန်နဝါရီအ တွင်း ၎င်းတို့ Caralist ကုမ္ပဏီကို မိတ်ဆက်ပြီး နောက်ပိုင်း ပထမဆုံးဝယ်ယူမှုအဖြစ် မြန်မာနိုင်ငံရှိ ဇိမ်ခံရွက်လှေလုပ်ငန်းတစ်ခုကို ဝယ်ယူရေးသဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း မတ်
-
Sun 04 Mar 2018 - 22:44
ရန်ကုန်စတော့အိတ်ချိန်း တွင် ဖေဖော်ဝါရီအတွင်း စတော့ ရှယ်ယာအရောင်းအ၀ယ်ကျပ် သန်း ၇၄၀ ကျော်ဖိုးဖြစ်ခဲ့ပြီး စတော့သမိုင်းတစ်လျှောက် အနည်းဆုံး ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း စာရင်းများ၌ ဖော်ပြ ထားသည်။
-
Sun 04 Mar 2018 - 22:43
သီလဝါ အထူးစီးပွား ရေးဇုန် တည်ထောင်ရာတွင် အောင်မြင်မှုများရရှိ၍ ထားဝယ် အထူးစီးပွားရေးဇုန်၌ ဂျပန် အစိုး ရက ဝင်ရောက် အကောင်အ ထည်ဖော် လုပ်ကိုင်ရန် အစီအစဉ် ရှိကြောင်း ဂျပန်အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ (JICA)ရုံး မြန်မာနိုင်ငံကိုယ် စားလှယ် မစ္စတာမစယုကီကာ ရာစဝါက ပြောသည်။
-
Sun 04 Mar 2018 - 22:42
နေပြည်တော်တွင် ကျင်း ပမည့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှ တာဝန်ရှိသူများက ပြောသည်။
-
Sat 03 Mar 2018 - 23:36
ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့အနီး ပန်ဇင်းချောင်း တစ်ဖက်ကမ်းတွင် မြို့သစ်တည် ဆောက်ရန် မြေနေရာရွေးချယ် ထားကြောင်း ဘူးသီးတောင်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်း ထွန်းက ပြောသည်။
-
Sat 03 Mar 2018 - 23:35
အမေရိကန်နိုင်ငံတွင် စားသုံးနိုင်သော အဆင့်ရှိပဲပိစပ် များကို မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ရှိ အစားအစာကုမ္ပဏီများ သို့ သင်္ဘောများဖြင့် တင်ပို့ရန် မြောက်ဒါကိုတာပြည်နယ် ဖာဂို မြို့တွင် ယခုသီတင်းပတ်အတွင်း ကုန်တင်မှုအပြီးသတ်ဆောင်ရွက် ကာ အသင့်ပြင်ထားပြီဖြစ်သည်။