Crime

  • Fri 06 Apr 2018 - 22:19
     မန္တလေးကျုံးအတွင်း ငါးဖမ်းသူတစ်ဦးကို ကျပ်သုံး သောင်း ဒဏ်ရိုက်အရေးယူခဲ့ ကြောင်း စည်ပင်သာယာရဲတပ် ဖွဲ့ (မန္တလေး)မှ ရဲမှူး ငြိမ်းချမ်း အောင်က ပြောသည်။ 
  • Fri 06 Apr 2018 - 22:17
    မကွေးမြို့မှ မင်းလှ မြို့သို့ ပြေးဆွဲနေသည့်ခရီးသည် တင်ယာာဉ်တစ်စီးသည်အပူလွန် ကဲသဖြင့် မီးလောင်ကျွမ်းခဲ့ ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှတာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
  • Fri 06 Apr 2018 - 22:09
    မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ် တရားရုံးတွင် အမှု စစ်ဆေးရန် ရုံးထုတ်လာစဉ် အ ချုပ်သားသုံးဦး ထွက်ပြေးမှုဖြစ် ပွားခဲ့ပြီး မိနစ်ပိုင်းအတွင်း ပြန် လည်ဖမ်းဆီးရမိခဲ့ကြောင်း တရား ရုံး သတင်းပြန်ကြားရေးအရာရှိ နှင့်  မျက်မြင်တွေ့ရှိသူများက ပြောသည်။
  • Thu 05 Apr 2018 - 23:34
     မော်လမြိုင်တွင် သမီးရည်းစားနှစ်ဦး ရေတွင်းထဲခုန်ချသေဆုံးမှု ဧပြီ ၄ ရက်ညက ဖြစ်ပွားခဲ့ကြောင်း မုပွန်ရဲစခန်းမှူး ဒုရဲမှူးစိန်ဝင်းက ပြောသည်။
  • Thu 05 Apr 2018 - 23:33
    လှိုင်မြစ်အတွင်းရှိ MIP ဆိပ်ကမ်းအနီး ဆီတင်တွဲရေ ယာဉ်နှင့် ကျောက်စရစ်တွဲရေ ယာဉ်တို့မျက်နှာချင်းဆိုင်တိုက်မိ ရာမှ  ကျောက်စရစ်တွဲရေယာဉ် နစ်မြုပ်ခဲ့သော်လည်း ထိခိုက်ဒဏ် ရာရသူ မရှိကြောင်းရန်ကုန်တိုင်း  ဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ 
  • Thu 05 Apr 2018 - 23:31
    မန္တလေးမြို့ ပုသိမ်ကြီး မြို့နယ်တွင် ဧပြီ ၅ ရက်နံနက်က လျှပ်စစ်မီးခုံအပူလွန်ကဲရာမှ မီး လောင်မှုဖြစ်ပွားခဲ့ပြီး နံကပ်နှစ် ထပ်နေအိမ်တစ်လုံးနှင့် ကားတစ် စီးမီးလောင်ပျက်စီးခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းနိုင်က ပြောသည်။ 
  • Thu 05 Apr 2018 - 23:30
    ထားဝယ်မြို့ပေါ်၌ တုတ်၊ ဓား၊ပုဆိန်အသုံးပြု၍ ရိုက် နက်ထိုးခုတ်မှုတွင်ပါဝင်သည့် လူ ငယ်အုပ်စုဝင် ၂၀ဦးခန့်အနက် ၁၂ဦး ဖမ်းဆီးမိထားပြီးထွက် ပြေးနေသူများနှင့် အလားတူ လူငယ်အုပ်စုများကို သင်္ကြန် မတိုင်မီစုံစမ်းဖော်ထုတ်၍ ထိ ရောက်စွာ အရေးယူဆောင်ရွက် မည်ဟု တနင်္သာရီတိုင်းဒေသကြီး  ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက  ပြောသည်။ 
  • Wed 04 Apr 2018 - 23:47
    လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းက အိမ် ကို မီးရှို့သောကြောင့် အိမ်ငါးလုံး မီးလောင်ဆုံးရှုံးမှု ပဲခူးတိုင်း အုတ်ဖိုမြို့နယ်ရှိ ဆယ်ရွာကျေးရွာတွင် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
  • Wed 04 Apr 2018 - 23:46
     တာမွေမြို့နယ် ၁၆၂ လမ်းနှင့် ၁၅၇ လမ်းထောင့်ရှိ ထွန်းတောက်ဝင်း လက်ဖက်ရည် ဆိုင်အတွင်း ကိုယ်ပိုင်ယာဉ်တစ် စီး အရှိန်လွန်ကာ ၀င်ရောက်သွား သဖြင့် သားအမိသုံးဦး အပါအ ၀င် လူငါးဦး ဒဏ်ရာရရှိကြောင်း မျက်မြင်တွေ့ရှိသူ ကိုသက်လွင် က ပြောသည်။  ဘယ်လ်တာအမျိုးအစား ကိုယ်ပိုင်ယာဉ်သည် ဧပြီ ၄ ရက် ည ၇ နာရီခန့်က ၁၅၇ လမ်းအတိုင်း မောင်းနှင်လာခဲ့ရာမှ ၁၆၂ လမ်းအတွင်း ချိုးကွေ့စဉ် အဆိုပါလမ်းထိပ်ရှိ ထွန်းတောက်ဝင်းလက်ဖက်ရည်ဆိုင်အတွင်း အရှိန် လွန်ဝင်သွားခဲ့ကြောင်း ၎င်းက ပြောသည်။
  • Wed 04 Apr 2018 - 23:43
    ရသေ့တောင်မြို့ နယ် စာပေဟောပြောပွဲတွင် ဟော ပြောချက်များနှင့် ပတ်သက်၍ ၎င်းကို စွပ်စွဲထားသည့် အချက်သုံး ချက်နှင့် ပတ်သက်မှုမရှိဘဲ ကင်း လွတ်ကြောင်းနှင့် နိုင်ငံတော်အား ပုန်ကန်ခြားနားမည် မဟုတ်ကြောင်း ပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ဒေါက်တာအေးမောင်ကပြောသည်။  ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ယမန်နေ့က စစ်တွေခရိုင်တရား ရုံး၌ (၈)ကြိမ်မြောက် ရုံးထုတ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ သည်။
  • Wed 04 Apr 2018 - 22:48
    ရန်ကုန်-မန္တလေးလမ်း ဟောင်းအတိုင်းမောင်းနှင်လာ သည့် တွဲကားတစ်စီးဘုရားကြီးမြို့ အ၀င်တွင် ယာဉ်မောင်းအိပ်ငိုက် ကာ ခါတော်မီပုရစ်ကြော်ဆိုင်ကို ၀င်တိုက်မိသဖြင့် ဆိုင်အတွင်းရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ ကြောင်း သွားရောက်ကူညီခဲ့သူ တစ်ဦးက ပြောသည်။
  • Wed 04 Apr 2018 - 22:47
    လားရှိုးမြို့တွင် ဆိုင် ကယ်စီးလာသော အမျိုးသားနှစ် ဦးကို ကားဖြင့်တိုက်မိပြီးနောက် ကားမောင်းထွက်ပြေးသော လား ရှိုးခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးကို ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေသည်။
  • Wed 04 Apr 2018 - 22:47
    နေအိမ်တွင်တစ်ဦးတည်း ရှိနေသည့်အသက် (၅၄)နှစ် အရွယ်အမျိုးသမီးတစ်ဦး အသတ် ခံရသည့်ဖြစ်စဉ် တောင်ဒဂုံမြို့ နယ် (၂၆) ရပ်ကွက်၌ ဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
  • Wed 04 Apr 2018 - 22:46
    အစိုးရလျှို့ဝှက်ချက် များ အက်ဥပဒေဖြင့် တရားစွဲဆိုခံ ထားရသော ရိုက်တာသတင်း ထောက်နှစ်ဦးကို လွှတ်ပေးရန် သင့်၊ မသင့် ဧပြီ ၁၁ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ရာ အကောင်းဆုံးမျှော်လင့်ထားကြောင်း ရိုက်တာသတင်းထောက်နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
  • Wed 04 Apr 2018 - 21:47
    ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်သော မြန်မာလုပ် သား ၄၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့ က ဆုံခလာခရိုင်တွင် ဖမ်းဆီးခဲ့ သည်။ ဧပြီ ၄ ရက်တွင် မြန်မာလုပ် သား ၄၀ ကျော်သည် မလေးရှား နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာချိန်တွင် ထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးခြင်းဖြစ်ပြီးယင်းလမ်းကြောင်းမှ တစ်ပတ်အတွင်း တရားမဝင်ရောက်လာသူ မြန်မာ ၈၀ ကျော် ဖမ်းဆီးခံထားရ သည်။
  • Wed 04 Apr 2018 - 21:21
     ယခုနှစ် သုံးလ တာအတွင်း လူကုန်ကူးမှု ၆၁ မှုဖြစ်ပွားပြီး ပြည်တွင်း၊ ပြည့်တန်ဆာမှု ၁၂ မှုကိုလည်း ဖမ်းဆီးအရေးယူခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။  ရဲတပ်ဖွဲ့၏ သုံးလတာအ တွင်း ထုတ်ပြန်ချက်တွင် တရုတ် နိုင်ငံသို့ အဓမ္မလက်ထပ်မှု ၄၅ မှု၊ လုပ်အားခေါင်းပုံဖြတ်မှု သုံးမှု၊ ပြည်တွင်းအိမ်ဖော်အဖြစ် ခိုင်းစေ မှု တစ်မှုနှင့် ပြည်တွင်း ပြည့်တန် ဆာမှု ၁၂ မှုတို့ပါဝင်သည်။  ပြည်တွင်းပြည့်တန်ဆာမှု နှင့်ပတ်သက်၍ ၂၀၁၇ တစ်နှစ် တာအတွင်း ၂၄ မှုသာဖြစ်ပွား သဖြင့် ယခုနှစ် သုံးလအတွင်း ယခင်နှစ်တစ်နှစ်လုံးဖြစ်ပွားသည့် အမှုအရေအတွက်၏ ထက်ဝက် ခန့် ဖမ်းဆီးအရေးယူခဲ့သည်။
  • Tue 03 Apr 2018 - 18:34
    သထုံမြို့ရှိ ၀ါးပါးဆည်တွင် နှစ်ရက်ဆက်၍ လူ နှစ်ဦး ရေနစ်သေဆုံး
  • Tue 03 Apr 2018 - 18:30
     ပြည်မြို့မရဲစခန်းတွင် အချုပ်သားနှစ်ဦးကို အမှုစစ်ဆေး စဉ် ဒဏ်ရာရ၍ ဆေးရုံတက် ရောက်ကုသနေရကြောင်း အချုပ် သားနှစ်ဦး၏ မိသားစုဝင်များက ပြောသည်။ ဧပြီ ၂ ရက် နေ့လယ်က  အချုပ်သို့ လာရောက်စဉ် အချုပ် သားနှစ်ဦး ထိခိုက်ဒဏ်ရာများရ နေကြောင်း သိရသဖြင့် ဆေးရုံသို့ပို့ပေးရန် ရဲစခန်းမှူးထံ တောင်းဆိုခဲ့ကြောင်း အချုပ်သားကိုသက် ထွေး၏ဇနီး မယမင်းထွေးက ပြော သည်။
  • Tue 03 Apr 2018 - 18:29
     မိုင်းဖြတ်မြို့တွင် အသက်(၇၀)အရွယ် အမျိုးသမီးကြီးတစ် ဦးထံမှ နားကပ်လုယက်ခဲ့သော တပ်မတော်သားတစ်ဦးကို ဖမ်း ဆီးစစ်ဆေးနေကြောင်း ရှမ်းပြည် နယ် ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာ ရှိတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့မှ ရှုခင်းသာဂေါက် ကွင်းအနီးတွင် တောင်ယာမှ ပြန်လာသည့် အဆိုပါ အမျိုးသမီး ၀တ်ဆင်ထားသော နားကပ်ကို တပ်မတော်မှ တပ်သားတစ်ဦးက ဓားအသုံးပြုကာ လုယက်မှုဖြစ် ပွားခဲ့ကြောင်း မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့က အတည်ပြုသော် လည်း အသေးစိတ်အချက်အ လက်ကို ပြောကြားခြင်း မပြုပေ။
  • Tue 03 Apr 2018 - 18:04
     တောင်ကြီးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် ညီညွတ်မှုမရှိသည့် မော်တော် ယာဉ်နှင့် ဆိုင်ကယ်များကို နေ့စဉ် ဖမ်းဆီးအရေးယူနေကာ မဟာ သင်္ကြန်ပွဲတော်ပြီးမှ ပြန်လည်ထုတ်ယူခွင့်ပေးမည်ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး မျိုးဇော်အောင်က ပြောကြားသည်။

Pages

Subscribe to Crime