Crime

  • Tue 17 Mar 2015 - 19:18
    ဘာသာသာသနာကို စော်ကားပြောဆိုသည့် စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသော စာရေး ဆရာ ထင်လင်းဦးကို ချောင်းဦး မြို့နယ်တရားရုံးက သာသနာ တော်ညှိုးနွမ်းစေမှု၊ ကိုးကွယ်ရာ ဘာသာအပေါ် ပုတ်ခတ်ပြောဆိုမှုတို့ဖြင့် စွဲချက်တင်သည့်အမိန့်ချ မှတ်လိုက်ကြောင်း သတင်းရရှိ သည်။ စာရေးဆရာထင်လင်းဦးကို သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ အခြားသူများကိုးကွယ်ယုံကြည်ရာ ဘာသာကို ပုတ်ခတ် ပြောဆိုမှု ပုဒ်မ ၂၉၈ တို့ဖြင့် ချောင်းဦးတရားရုံးက စွဲချက်တင်ခြင်း ဖြစ်သည်။ ‘‘ရုံးပြောင်းလျှောက်တာ ရော၊ လျှောက်လဲချက်တင်တာ ရောဆိုတော့ ဒီနေ့ရုံးချိန်းက ဘယ်နှချိန်းမြောက်လဲတော့ မသိတော့ ဘူး။ ဒီနေ့ရုံးချိန်းမှာ ပြစ်မှုပုဒ်မ ၂၉၅ (က)၊ ၂၉၈ နဲ့ စွဲချက်အမိန့် ချမှတ်ပြီး လက်ခံစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ နောက်ထပ်ရုံးချိန်း ကိုတော့ မတ်လ ၂၄ ရက် ထပ်ချိန်းထားတယ်’’ဟု ချောင်းဦးမြို့နယ် တရားသူကြီး ဦးဆန်းတင့်က ပြောကြားသည်။
  • Tue 17 Mar 2015 - 19:16
    ဗုဒ္ဓရုပ်ပွားတော်ကို နား ကြပ်တပ်ထားသည့်ပုံဖြင့် ဖေ့စ် ဘွတ်ခ်ပေါ်တွင် ကြော်ငြာခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဂက်စ်တို ဘားဆိုင်ပိုင်ရှင်၊ အထွေထွေမန် နေဂျာနှင့် မန်နေဂျာတို့အား ပုဒ်မ ၂၉၅ (က) နှင့် ပုဒ်မ ၁၈၈ အရ အ လုပ်နှင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါ ရုပ်ပွားတော်ပုံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင် ခဲ့သောကြောင့် ဂက်စ်တိုဘားဆိုင် တာဝန်ရှိသူများအား ဗဟန်းမြို့နယ် တရားရုံး၌ ပုဒ်မ ၂၉၅၊ ၂၉၅ (က)၊ ပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲဆိုခဲ့ပြီး မတ်လ ၁၇ ရက် ရုံးချိန်းတွင်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဗဟန်းမြို့နယ်တရားသူကြီးက ၎င်းတို့ကို စွဲဆိုထားသော ပုဒ်မများတွင် ပုဒ်မ ၂၉၅ သည် ဥပဒေဆိုင်ရာ ပြစ်မှုမမြောက်ကြောင်း ပြောကြားခဲ့ပြီး မစ္စတာဖီးလစ်အားပုဒ်မ ၂၉၅ (က) ကို ကျူးလွန်၍ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ ထွန်းသူရိန်နှင့် ထွဋ်ကိုကိုလွင်အား အဆိုပါဖြစ်စဉ်ဖြစ်မြောက်ရန် အားပေးကူညီမှု ပုဒ်မ ၂၉၅ (က)/၁၀၉ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့ကို တရားစွဲဆိုထားသည့် ပုဒ်မ ၁၈၈ နှင့်လည်း အလုပ်နှင့် ထောင်ဒဏ်ခြောက်လချမှတ်ခဲ့သည်။ အဆိုပါပြစ်ဒဏ်များမှ ချုပ် ရက်ကို လျှော့၍ ခံစားနိုင်မည်ဖြစ် ပြီး အထက်တရားရုံးများသို့ အယူ ခံဝင်ခွင့်ရှိကြောင်း ဗဟန်းမြို့နယ် တရားသူကြီးက မတ်လ ၁၇ ရက် တွင် အမိန့်ချခဲ့သည်။ ‘‘ပုဒ်မ ၂၉၅ နဲ့က ရုပ်တုမ ဟုတ်တဲ့အတွက် ပြစ်မှုမမြောက် ဘူး။ ၂၉၅ (က)နဲ့က ဒီပုံတော်ကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ပြည်သူတွေရဲ့ စိတ်ကို ညစ်ညူးစေတာကြောင့် ထောင် ဒဏ် ၂ နှစ်ချတယ်’’ဟု နယူးဇီလန်နိုင်ငံသား မစ္စတာ ဖီးလစ်၏ ရှေ့ နေ ဦးမြသွေးက ပြောသည်။
  • Fri 27 Feb 2015 - 23:17
    ကမာရွတ်မြို့နယ် အ မှတ်(၁)ရပ်ကွက်အတွင်း လှည်း တန်း၊ အင်းစိန်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ် ရှေ့တွင် ရပ်ထားသည့် ကားပေါ် မှ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်၌ ကျပ်သိန်း ၁၀၀ ကျော်ခိုးယူခံရကြောင်း  သတင်းရရှိ သည်။ အဆိုပါကားပိုင်ရှင်သည် ဧရာဝတီဘဏ်မှ ငွေထုတ်ယူပြီး ကမ္ဘောဇဘဏ်တွင် ငွေလွှဲခဲ့ကာ ပိုသည့် သိန်း ၁၀၀ ကျော်ကို ကား အတွင်းထားခဲ့ပြီး   ငွေထပ်လို သည့်အတွက် နောက်တစ်ကြိမ် ဧရာဝတီဘဏ်မှ  ငွေထုတ်ပြီးပြန်ထွက်လာစဉ်  ကားပေါ်တွင်ထားခဲ့သည့် ငွေမရှိတော့ခြင်းဖြစ်သည်ဟု ဆိုသည်။ ‘‘ကားတံခါးကို သူမောင်းတဲ့ ဘက်တော့ ပိတ်ခဲ့မယ်လို့ သိရ တယ်။ ငွေထုပ်ထားတဲ့ဘက်က သော့ကိုလည်း ပိတ်ခဲ့တယ် ထင် တော့ ပြန်မစစ်မိဘူး ပြောတယ်။ အဲဒီဘက်အခြမ်းမှာလည်း သော့ ပိတ်ထားတာမဟုတ်တော့ ခိုးတဲ့ သူကအလွယ်တကူယူသွားနိုင် တယ်လေ’’ဟု ကမာရွတ်မြို့နယ် မှ အမှုစစ်အရာရှိက ပြောသည်။ ယခုရက်သည် ဘဏ်တွင် လစာထုတ်သည့် ရက်ဖြစ်သည့် အတွက် ဘဏ်လုံခြုံရေးများမှာ လည်း မိမိဘဏ်သို့ လာရောက်ငွေထုတ်ယူသူများကို ဂရုစိုက်နေရ၍ ဘဏ်ရှေ့တွင် ဖြစ်ပွားခဲ့သော အဆိုပါအမှုကို  သတိမပြုမိခဲ့ဟု လုံခြုံရေးမှူးအချို့ကဆိုသည်။
  • Wed 25 Feb 2015 - 22:23
     တောင်တွင်းကြီးမြို့နယ် မှ လူငယ်များအား မလေးရှားနိုင်ငံ သို့ လူကုန်ကူးခဲ့သည့် အထက် တန်းပြ ကျောင်းဆရာမတစ်ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သတင်းရရှိသည်။
  • Wed 25 Feb 2015 - 22:18
     ကော့စမွီကျွန်းတွင် မြန်မာအမျိုးသမီးတစ်ဦးကို သတ်သော တရားခံများမှာ မြန်မာလုပ်သားသုံးဦးဖြစ်ပြီး မြန်မာယောက်ျားလျာတစ်ဦးက ဘတ် သုံးသောင်းပေးငှားရမ်းကာ သတ်ခိုင်းခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
  • Wed 18 Feb 2015 - 23:42
    ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်သို့ ပြန်သောဒုက္ခသည်များအား ကူညီပို့ဆောင်ပေးနေစဉ် လက်နက်ကိုင်အချို့၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်နှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာမရှိတော့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သတင်းထုတ်ပြန်သည်။
  • Wed 18 Feb 2015 - 23:41
    သင်္ဘောသားကျွမ်းကျင် မှုလက်မှတ်နှင့် တတ်ကျွမ်းမှုလက် မှတ်အတုကိုင်ဆောင်မှုကြောင့် သင်္ဘောသား ၇၆ဦးကို အရေးယူ ခဲ့ကြောင်း ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ သ တင်းရရှိသည်။
  • Wed 18 Feb 2015 - 23:40
     မြို့တော်ခန်းမရှေ့တွင် သပိတ်စခန်းဖွင့်လှစ်မှုကြောင့် တရားစွဲဆိုခံထားရသည့် မိကျောင်း ကန်သပိတ်စခန်းမှ ပြည်သူ ၁၄ ဦးကို ကျောက်တံတားတရားရုံးက ထောင်ဒဏ်ခြောက်လစီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
  • Tue 17 Feb 2015 - 17:59
    လူသတ်မှုဖြင့် တရားစွဲ ဆိုထားသော သရုပ်ဆောင်မင်း အုပ်စိုး၏ အမှုကို ဖေဖော်ဝါရီ ၁၆ ရက် ရုံးချိန်းတွင် စတင်စစ်ဆေးခဲ့ သည်။ တရားလိုအနေဖြင့် တရား စွဲဆိုခဲ့သော ရဲအရာရှိကို ယမန်နေ့က စတင်စစ်ဆေးခဲ့ပြီး မင်းအုပ်စိုး၏ ရှေ့နေက မေးခွန်းများ မေးမြန်းခဲ့သည်။ မေးခွန်းအများစုမှာ အခင်း ဖြစ်ပွားချိန်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ မေးမြန်းခဲ့ခြင်းဖြစ်သောကြောင့် တရားလို ကမေးခွန်းအများစုကို မသိကြောင်း ဖြေကြားခဲ့သည်။ ထို့အပြင် အဆိုပါအမှုတွင် မင်းအုပ်စိုးသည် တေးနုယဉ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် သတ်ခဲ့ခြင်းမဟုတ်ဘဲ လူမှုရေးကိစ္စစကားများ ရာမှ မတော်တဆထိခိုက်၍ သေဆုံးခြင်းဖြစ်သည်ဟု မင်းအုပ်စိုး၏ ရှေ့နေကပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၆ ရက် ရုံးချိန်း တွင် အထက်ပါရဲအရာရှိတစ်ဦး တည်းကိုသာ စစ်မေးခဲ့ပြီး ဖေဖော် ၀ါရီ ၂၅ ရက်၌ ထပ်မံ၍ ရုံးချိန်းခဲ့သည်။ အဆိုပါရုံးချိန်းတွင် အ ခင်းဖြစ်ပွားသည့် အကြောင်းရင်းနှင့်ပတ်သက်၍ မင်းအုပ်စိုး၏ ရှေ့နေ မေးမြန်းခဲ့သော အချက်များမှာ ရဲစခန်း၌ စစ်ဆေးခဲ့သော စစ်ချက်များနှင့် လွဲချော်သည့်အချက်များရှိကြောင်း သေဆုံးသူ တေးနုယဉ်၏ အစ်မဖြစ်သူက ပြောသည်။
  • Wed 11 Feb 2015 - 22:22
    မှော်ဘီမြို့နယ် ကုလား ကုန်းကျေးရွာမိုင်တိုင် အမှတ် (၃၆/၃)အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ၅၃ အထူးယာဉ် မောင်းမှာ ယင်းနေ့မှာပင် ၎င်း ကိုယ်တိုင်ဖမ်းဆီးခံခဲ့ကြောင်း မှော်ဘီယာဉ်ထိန်းရဲစခန်းမှ သ တင်းရရှိသည်။
  • Wed 11 Feb 2015 - 22:21
    လားရှိုးမြို့တွင် ဆွမ်းခံ နေသောကိုရင်လေး၏သပိတ်ကို လုယူသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း လားရှိုးမြို့မရဲစခန်းမှ သတင်းရရှိ သည်။
  • Wed 11 Feb 2015 - 22:20
    ကရင်ပြည်နယ်မှ မူး ယစ်ဆေးကုန်သည်တစ်ဦးပို့ ဆောင်ခိုင်းသည့် စိတ်ကြွဆေး ပြားဆယ့်သုံးသိန်းကျော်ကို ရှမ်း ပြည်နယ်လွိုင်လင်မြို့နယ်တွင် သယ်ဆောင်ပေးသူနှင့်အတူဖမ်း ဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။
  • Wed 11 Feb 2015 - 22:13
     နိုင်ငံတော်အလံကို ဇောက်ထိုးလွှင့်ထူခဲ့သော အလုံ မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ် ဦးကို ရဲစည်းကမ်းဥပဒေအရ အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
  • Fri 30 Jan 2015 - 23:24
    ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူအများအပန်းဖြေ သည့်နေရာများနှင့်လူစည်ကား သည့်နေရာများတွင် အရက် သောက်စားသူများကို အရေးယူ တော့မည်ဟု သတင်းရရှိသည်။
  • Fri 30 Jan 2015 - 23:23
     ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ ရသည့် ကချင်တိုင်းရင်းသူ စေတနာ့ဝန် ထမ်းဆရာမနှစ်ဦး အသတ်ခံရမှု တရားစွဲဆိုနိုင်ရန် ဥပဒေဆိုင်ရာ အကြံဉာဏ်များကို အစိုးရအဖွဲ့ က ရှေ့နေချုပ်ရုံးထံတောင်းခံခဲ့ ကြောင်း သတင်းရရှိသည်။
  • Fri 30 Jan 2015 - 23:21
    လိမ်လည်မှုဖြင့် တရားစွဲခံရသူတစ်ဦးကို ငွေကျပ် သိန်း၂၀ ယူ၍ အာမခံပေးခဲ့သည့် တောင်ငူခရိုင် ဒုတိယခရိုင်တရားသူကြီးတစ်ဦးကို အဂတိလိုက်စားမှု ပေါ်ပေါက်သဖြင့် မြန်မာ နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။
  • Fri 30 Jan 2015 - 23:20
     ရန်ကုန်တိုင်းဒေသကြီး အတွင်း ဗိုလ်ချုပ်ရာပြည့်အခမ်း အနားကျင်းပပြုလုပ်ရန် လျှောက် ထားရာတွင် လမ်းမပေါ်ပြုလုပ် မည်ဆိုပါက ခွင့်ပြုပေးမည်မ ဟုတ်ကြောင်း သတင်းရရှိသည်။
  • Wed 28 Jan 2015 - 22:03
    တာမွေမြို့နယ် ယုဇနပလာဇာဈေးရှေ့ရှိ ဓာတ်တိုင် ပေါ်တက်၍ ဓာတ်ကြိုးပေါ်တွင် ထိုင်လိုက်၊ အိပ်လိုက် လုပ်နေသော အမျိုးသားတစ်ဦးကြောင့် ရပ်ကွက်နေပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
  • Wed 28 Jan 2015 - 22:00
    လက်ရှိ အစိုးရ လက်ထက်တွင် ပြီးခဲ့သည့် လေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တစ်နှစ်လျှင် လူသတ်မှုတစ်ရာကျော် ဖြစ်ပွားခဲ့ကြောင်း ဇန်န၀ါရီ ၂၈ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။
  • Wed 28 Jan 2015 - 21:59
    အမှိုက်သိမ်းယာဉ်တစ်စီးက မျက်နှာချင်းဆိုင်မှ လာသော ယာဉ်နှစ်စီးကိုတိုက်မိကာ တစ်ဖက်ယာဉ်နှစ်စီးမှခရီးသည်လေးဦး ဒဏ်ရာရခဲ့ပြီး အမှိုက်သိမ်း ယာဉ်မောင်း ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

Pages

Subscribe to Crime