Crime

  • Fri 04 Dec 2015 - 22:04
     ရွှေဘိုခရိုင် ခင်ဦးမြို့ မြကန်သာရပ်ကွက်တွင် ဇာတ်ပွဲလုံခြုံ ရေးအဖွဲ့ကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့သူတစ်ဦး အား ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ ဆက်သွယ်ရေးဥပဒေဖြင့် ဒီဇင်ဘာ ၃ ရက်တွင် ခင်ဦးမြို့မရဲတပ်ဖွဲ့စခန်း၌ အ မှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
  • Thu 03 Dec 2015 - 22:55
    တက်သစ်စ မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရသည့် အမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူ အံ့ဖြိုးပိုင်ကို ဒီဇင်ဘာ ၁၇ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ သိရသည်။
  • Thu 03 Dec 2015 - 22:53
     ဒေါ်အောင်ဆန်း စုကြည်အား အပုပ်ချတိုက်ခိုက် သည့် ညစ်ညမ်းပုံများ ဖန်တီးကာ လူမှုကွန်ရက်တွင် တင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီး ထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၀င် တွဲဖက်အတွင်းရေးမှူးဦးသန်း ထွန်းကို ကန်ကြီးထောင့်မြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၂ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်စစ် ဆေးခဲ့သည်။
  • Wed 02 Dec 2015 - 22:52
    ဖားကန့်ဒေသခံအချို့ ကျောက်စိမ်းကုမ္ပဏီများကို ဆန္ဒထုတ်ဖော်နေမှု နှစ်ဖက်ညှိနှိုင်း ပြေလည်သဖြင့် ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
  • Wed 02 Dec 2015 - 22:50
    မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် ဖွင့်လှစ်ထား သည့် အမျိုးသမီးအဆီချလုပ်ငန်း ၌ လုပ်ကိုင်နေသည့် အသက်(၂၁) နှစ်အရွယ် အမျိုးသမီးကို အခန်း အတွင်း ပိတ်လှောင်၍ ရိုက်နှက် နှိပ်စက်ခဲ့သည်ဆိုသည့် ပိုင်ရှင်ဇ နီးမောင်နှံနှင့် ဝန်ထမ်းအမျိုးသမီး ခုနစ်ဦးကို ပြင်းထန်စွာနာကျင်စေမှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
  • Wed 02 Dec 2015 - 22:49
    ဒဂုံဆိပ်ကမ်းမြို့နယ်အ တွင်း နိုဝင်ဘာ နောက်ဆုံးပတ်က ဖြစ်ပွားခဲ့သည့် အငှားယာဉ် မောင်းအား ဓားဖြင့်ထိုးကာ ယာဉ် ကို လုယူထွက်ပြေးသွားသည့် လူ ငယ်သုံးဦးကို ဒီဇင်ဘာ ၁ ရက် ည ပိုင်းနှင့် ဒီဇင်ဘာ ၂ ရက် နံနက်အ စောပိုင်းက ၎င်းတို့နေအိမ်အသီး သီး၌ ဖမ်းမိခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိ သည်။
  • Wed 02 Dec 2015 - 22:47
    မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် တရားရုံးသို့ ရမန် ယူရန် ရုံးထုတ်လာသည့်အချုပ် သားနှစ်ဦးက အမှုစစ်ရဲအုပ်နှင့် ဇနီးတို့ကိုခေါ်ဆောင်ထွက်ပြေးမှုတွင် အားပေးကူညီခဲ့သည့်အမျိုးသားအား ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
  • Tue 01 Dec 2015 - 18:18
    ရှမ်းပြည်နယ် မြောက်ပိုင်း သိန်းနီမြို့ အေးရှားဝေါတိုးဂိတ်တွင် လက်နက်ခဲယမ်းများသယ်ဆောင်လာသူတစ်ဦးကိုဒီဇင်ဘာ ၁ ရက်က ဖမ်းဆီးရမိခဲ့ ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။ ယင်းနေ့ နံနက်ပိုင်းက သိန္နီ မြို့ အေးရှားဝေါတိုးဂိတ်တွင် တာ ၀န်ကျရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့ဘက်မှ ကွတ်ခိုင်မြို့အထွက်သို့ မောင်းနှင်လာသည့် ဖိုးဝီးတိုက်ဂါးယာဉ်ကိုစစ်ဆေးစဉ် ၃၈ ဗို့ခြောက်လုံးပြူးတစ်လက်၊ ပွိုင့် ၃၀ ခြောက်လုံးပြူးတစ်လက်နှင့် ကျည်ငါးတောင့်၊ မမ ၁၆ ကျည် ၁၇ တောင့်၊ ၇ဒသမ၆၂ ကျည်တစ်တောင့် သိမ်းဆည်းရမိခဲ့သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှရဲဦးစီး၊ ဒုရဲမှူးကြီးစန်းလွင်က အတည်ပြုပြောသည်။
  • Tue 01 Dec 2015 - 18:16
     မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၁၅ ဇန်န၀ါရီမှ နိုဝင်ဘာအထိ ၁၁ လအတွင်း မူး ယစ်ဆေးပြား ငါးထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မော်လမြိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။ အဆိုပါ မူးယစ်ဆေးပြား ငါးထောင်ကျော်သည် မော်လမြိုင်မြို့ပေါ်ရှိ အမျိုးသား ၆၇ ဦး၊ အမျိုးသမီး လေးဦးတို့ထံမှ ဖမ်းဆီးရမိပြီး ၎င်းတို့ကို မူးယစ်ဆေးဝါးအမှုပေါင်း ၄၄ မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း ယင်းတပ်ဖွဲ့မှူးရုံးက စာရင်းထုတ်ပြန်ထားသည်။  ‘‘အများဆုံးဆေးပြားမိတဲ့ နယ်မြေဆိုရင် စာရင်းအရ မော်လ မြိုင်တက္ကသိုလ်နဲ့ နီးတဲ့ မြိုင်သာ ယာရပ်ကွက်က ပိုများတယ်’’ဟု မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိရဲမေတစ်ဦးက ပြောသည်။
  • Tue 01 Dec 2015 - 12:30
     လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် စစ်တပ်၏ ၀တ်စုံအသစ် ပြောင်းလဲထားသည့်အပေါ် သ ရော်ထားသည့်ဓာတ်ပုံများ၊ စာ သားများရေးသားဖြန့်ဝေသည်ဟု ဆိုကာ တရားစွဲဆိုခံထားရသော မချောစန္ဒီထွန်း၏ အမှုတွင်တရား လိုပြသက်သေစစ်ဆေးရန် နှစ်ဦး သာကျန်ရှိတော့ကြောင်း မအူပင် မြို့နယ်တရားရုံးမှ သတင်းရရှိ သည်။
  • Tue 01 Dec 2015 - 12:29
    ဖားကန့်မြို့နယ် ကျောက်ပုံရွာ အနီးတွင် မိုင်း ပေါက်ကွဲပြီး ဒေသတွင်း လုံခြုံရေး  တာဝန်ယူထားသည့် မြန်မာ့တပ်မတော်တပ်ရင်းတစ်ခုမှဗိုလ်ကြီး တစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး ကျ ဆုံး သွားကြောင်း သတင်းရရှိ သည်။
  • Tue 01 Dec 2015 - 12:28
     ပြည်မြို့ရှိ ဆောက်လုပ်ဆဲ သုံးထပ်တိုက်အဆောက်အအုံ ပေါ်မှ အလုပ်သမားတစ်ဦး ဓာတ် လိုက်ကာ ပြုတ်ကျသေဆုံးခဲ့ ကြောင်း ပြည်မြို့မရဲစခန်းမှ သတင်းရရှိသည်။
  • Tue 01 Dec 2015 - 12:27
    အရက်ဖြတ်ထားသည့် အမျိုးသားတစ်ဦးက အရက် ကြောင်ကြောင်ကာ နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ညီ မဖြစ်သူကို ဓားဖြင့်ထိုးခဲ့ခြင်း ကြောင့် အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံး သွားကြောင်း သန်လျင်မြို့မ ရဲစ ခန်းမှ သတင်းရရှိသည်။
  • Sun 29 Nov 2015 - 22:29
     မြောက်ဥက္ကလာပ ကြိုး တံတားအနီး မီးလောင်မှုတွင် အိမ်ရှစ်လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ ပြီး (၉)နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၂၈ ရက် ညသန်းခေါင်ယံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့် မီးငြှိမ်း သတ်ခဲ့ရသည်။
  • Sun 29 Nov 2015 - 22:28
     ကိုယ်ဝန်ဆောင်မြန်မာ အမျိုးသမီးတစ်ဦးအား ပြန်ပေးဆွဲ သွားသော ထိုင်းနိုင်ငံသားသုံးဦး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ ပြီး နိုဝင်ဘာ ၂၉ ရက်တွင် သရုပ် ပြမှုများ ပြုလုပ်ခိုင်းခဲ့ကြောင်း သ တင်းရရှိသည်။
  • Sun 29 Nov 2015 - 22:27
     တာမွေအဝိုင်းထိပ်ရှိ အိုး ရှင်းစင်တာရှေ့တွင် နိုဝင်ဘာလ ဆန်းက ဖြစ်ပွားခဲ့သည့် ခရီးသည် တင်ယာဉ်တစ်စီးပေါ်သို့ တက် ကာ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များကို ရိုက်နှက်ပြီး ကားကိုဓာတ်ဆီလောင်း မီးရှို့ခဲ့သူများကို နိုဝင်ဘာလကုန်ပိုင်းအထိ ဖမ်းမိခြင်း မရှိသေးကြောင်း ဗဟန်းမြို့နယ်မှူး ရဲမှူးခင်မောင်ကြည်က ပြောသည်။
  • Sat 28 Nov 2015 - 22:29
    မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် သရက်ချဉ်ကျေး ရွာ ဘုရားပွဲတွင် ပြဇာတ်ကနေစဉ်ဇာတ်ဝင်ခန်းအတွက် ယမ်းဖောက်ခွဲရာမှ လူသေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှ သတင်းရရှိသည်။ သေဆုံးခဲ့သည့် ကိုမျိုးကျော် ကျော် (၃၅)နှစ်သည် နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီတွင် သရက်ချဉ်ကျေးရွာရှိ ‘‘အာရုံခံပြည် တော်ပြန်’’ဘုရားပွဲ၌ သေနတ်မှန် သည့် ဇာတ်ဝင်ခန်းအတွက် သွေးကဲ့သို့ အနီရောင်ဖြစ်စေရန် ယမ်းဖောက်ခွဲမှု ပြု လုပ်ရာမှ ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။   ‘‘သွေးလိုအနီရောင်ဖြစ် အောင်ဆိုပြီး ဆေးနီထည့်ထား တဲ့ ပူဖောင်းကို ဗိုက်မှာချည်ထား တယ်။ ဒီပူဖောင်းကွဲဖို့အတွက် ယမ်းထုပ်နဲ့ ဆက်သွယ်ထား တယ်။ ယမ်းပေါက်ဖို့အတွက် နှစ်ပင်လိမ်ဝိုင်ယာကြိုးနဲ့ လျှပ်စစ် ရှော့ခ်တိုက်ရာကနေ ဓာတ်လိုက် ပြီး သေဆုံးသွားတာပါ’’ဟု အဆို ပါရဲအရာရှိက ပြောသည်။
  • Fri 27 Nov 2015 - 21:21
    လားရှိုးမြို့ပေါ်တွင် နိုဝင် ဘာ ၂၇ ရက် နံနက်က ချိန်ကိုက် မိုင်းတစ်လုံး တွေ့ရှိခဲ့ပြီး ဒေသ တွင်းအခြေစိုက် စစ်မြေပြင် အင် ဂျင်နီယာတပ်က အချိန်မီရှင်း လင်းခဲ့ကြောင်း သတင်းရရှိသည်။
  • Fri 27 Nov 2015 - 21:05
     တန်ဆောင်မုန်းလပြည့်နေ့ တွင် မုံရွာမြို့၌ ဓားထိုးမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ဓားထိုးခံရသူများကို ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိ သည်။
  • Fri 27 Nov 2015 - 21:04
     ကသာမြို့ လမ်းမတော် လမ်းနှင့် မြို့နယ်ပညာရေးမှူး လမ်းထောင့်တွင် ဆိုင်ကယ်ချင်း ချိတ်မိရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အသက်(၂၆)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

Pages

Subscribe to Crime