Crime

  • Thu 02 Oct 2014 - 21:59
     ကြားဖြတ်အစိုးရတင် မြှောက်ရန် ဆန္ဒပြတောင်းဆိုသောကြောင့် ရန်ကုန်မြို့ရှိ မြို့နယ် ပေါင်း ၁၁ မြို့နယ်က အရေးယူ ပြီး ထောင် ၁၁ နှစ်ကျော်ချမှတ်ခံ ထားရသူ ကိုထင်ကျော်သည် ထောင်ထဲတွင် အစာငတ်ခံဆန္ဒပြ မည်ဟု မီဒီယာများအား ပြော ကြားသွားသည်။ ဇူလိုင် ၇ ရက်က ဆူးလေ စေတီအနီးတွင် ကြားဖြတ်အစိုးရ တင်မြှောက်ရန်ဆန္ဒပြတောင်းဆို ရာ၌ ဦးဆောင်သည်ဟုဆိုကာ ကိုထင်ကျော်အား ကျောက်တံ တားမြို့နယ် ရဲစခန်းက ပုဒ်မ ၅၀၅ (ခ)/၃၄ တို့ဖြင့် အရေးယူခဲ့ သည်။ ထိုပုဒ်မဖြင့် ကျောက်တံ တားမြို့နယ်တရားရုံးက အောက် တိုဘာ ၂ ရက်တွင် ရုံးထုတ်စစ် ဆေးရာ စစ်ဆေးအပြီးတွင် ကို ထင်ကျော်က မီဒီယာများအား ပြောကြားသွားခြင်းဖြစ်သည်။
  • Wed 01 Oct 2014 - 22:48
     တွံတေးမြို့နယ်၊ ကျွဲ သလင်းကျေးရွာတွင် အ၀တ်တန်းဝါးလုံးဖြုတ်ချရာမှ အိမ်ထောင်စု နှစ်စုပြဿနာဖြစ်ပြီး ဓားခုတ်မှုဖြစ်ပွားရာ ခြောက်ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၁ ရက် ည ၇ နာရီက ကျွဲသလင်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ၀ါးလုံးဖြင့် အ၀တ်တန်းပြုလုပ်ထားရာ လမ်းသွားလမ်းလာ ညီအစ်ကိုသုံးဦးက လမ်းပေါ်တွင် ၀ါးလုံးထွက်နေသည်ဟုဆိုကာ အဆိုပါ ၀ါးလုံးကို ဖြုတ်ချသွားခဲ့သည်။ ယင်းသို့ ဖြုတ်ချသဖြင့် အ ၀တ်တန်းပြုလုပ်သည့် နေအိမ်မှ မြေးအဘိုးသုံးဦးနှင့် ၀ါးလုံးတန်း ဖြုတ်ချသော ညီအစ်ကိုသုံးဦးတို့ ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး လေးဦးမှာရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့  ပို့ဆောင်ထားပြီးနှစ်ဦးမှာ   တွံတေးဆေးရုံသို့  ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။
  • Wed 01 Oct 2014 - 22:45
    မြန်မာနိုင်ငံ ဒေသအနှံ့တွင်စက်တင်ဘာ နောက်ဆုံးပတ်တစ်ပတ်တည်းအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကျော်နှင့်  ဆူဒိုအက်ဖီဒရင်း  ဆေးပြား တစ်သန်းကျော် ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။ ယခုနှစ် စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ရက်သတ္တ တစ်ပတ်အတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ စိတ်ကြွ ရူးသွပ်ဆေးပြား ငါးသိန်းကျော် နှင့် ဆူဒိုအက်ဖီဒရင်း ဆေးပြား တစ်သန်းကျော် ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။
  • Tue 30 Sep 2014 - 17:47
    ဆိုင်ကယ်သမားများ က စက်ဘီးနင်းနေသည့် ဇနီးမောင်နှံနှစ်ဦးထံမှ  ကျောပိုးအိတ်ကို နှိုက်ယူထွက်ပြေးသွားသည့်အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၂၉ ရက် ညပိုင်းက အမျိုးသားတစ်ဦးသည် ဇနီးနှင့်အတူ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ မိခင်၏ နေအိမ်မှ ဗဟိုလမ်းအ တိုင်း စက်ဘီး ဖြင့် ပြန်လာခဲ့သည်။ ဗဟိုလမ်းနှင့် သီရိမြိုင်လမ်းထိပ်သို့ ရောက် သောအခါ အမျိုးသားသုံးဦးစီး လာသော ဆိုင်ကယ်တစ်စီးက ၎င်းတို့စက်ဘီး၏ နောက်မှ ကပ်၍လိုက်လာခဲ့သည်။
  • Tue 30 Sep 2014 - 00:23
    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ RSO လက်နက်ကိုင်အဖွဲ့ မရှိကြောင်း   ငြင်းဆိုနေသော် လည်း ယင်းနိုင်ငံမှ စစ်သင်တန်း တက်ပြီးပြန်လာသည့် RSO တပ်သားသုံးဦးကို မောင်တောမြို့အခြေစိုက် မြန်မာနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။ ‘‘ရခိုင်ပြည်နယ် မြောက်ပိုင်း ဘက်မှာ လှုပ်ရှားပြီးတော့ အ နှောင့်အယှက်လုပ်နေတယ်ဆို တာကိုတော့ ကောမန့်ပေးနိုင် တယ်။ ဒီထက်ရှည်ရှည်ဝေးဝေး ပြောဖို့ကျတော့ ဆောင်ရွက်ဆဲ ကိစ္စတွေဖြစ်လို့ ကိုယ်တို့က မပြောနိုင်သေးပါဘူး။ ဒါကို နားလည်ပေးပါ။ ဒါပေမဲ့ ဒီခြိမ်းခြောက်မှုတွေ နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက် က ပြင်ဆင်ထားတယ်လို့တော့ ပြောချင်တယ်။ အချက်အလက် ပြည့်စုံရင် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောမှာပါ’’ဟု နယ်စပ် ဖြတ်ကျော်မှုခင်းဌာနကြီးမှ ရဲမှူး ချုပ် စိုးမြိုင်က ပြောသည်။
  • Tue 30 Sep 2014 - 00:06
     မိုးရွာနေစဉ်လမ်း လျှောက်ရင်းဖုန်းပြောသူအမျိုး သားတစ်ဦး လျှပ်စစ်သံလိုက်စက်ကွင်းမိပြီး  ဖုန်းပေါက်ကွဲကာ သေဆုံးခဲ့ကြောင်း  သတင်းရရှိ သည်။ မကွေးတိုင်းမြိုင်မြို့နယ်၊ လက်ယက်မကျေးရွာနေ အမျိုး သားတစ်ဦးသည် စက်တင်ဘာ ၂၆ ရက်ညနေ ၅ နာရီခန့်က မိုး ရွာနေစဉ် အခြေခံပညာအထက် တန်းကျောင်းမြောက်ဘက်လမ်း မပေါ်၌ လမ်းလျှောက်ရင်း ဟန်း ဖုန်းပြောရာမှ လျှပ်စစ်သံလိုက် စက်ကွင်းမိပြီး ဖုန်းပေါက်ကွဲ သဖြင့် မျက်နှာ၌ဒဏ်ရာများရကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
  • Tue 30 Sep 2014 - 00:01
     ရန်ကုန်မြို့၊ တောင်ဥက္က လာပမြို့နယ်(၁၄)ရပ်ကွက် သံသု မာလမ်းနှင့်မေတ္တာလမ်းထောင့်ရှိ ဓာတ်တိုင်မှ ဗို့အား ၆၆၀၀ရှိဓာတ် ကြိုးပြတ်ကျခဲ့ကြောင်းသတင်းရ ရှိသည်။ ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူများထိုက်ဒဏ်ရာရရှိမှုဖြစ်ပွား ခြင်းမရှိခဲ့ပေ။ ရန်ကုန်မြို့တွင် ယ ခုနှစ်လေးလအတွင်း ဓာတ်ကြိုး ပြတ်ကျမှုငါးကြိမ်ဖြစ်ပွားခြင်းဖြစ် သည်။  ‘‘တော်သေးတယ်။ဓာတ်ကြိုးက ပြတ်ကျပြီးလမ်းလယ်မှာတင် တန့်သွားတာ။ လူထိခိုက်တာတွေ ဘာတွေမရှိဘူး’’ဟု သံသုမာလမ်းနှင့် မေတ္တာလမ်းထောင့်ရှိဆိုက်ကားဂိတ်မှ ဆိုက်ကားနင်းသူတစ်ဦးကပြောသည်။
  • Mon 29 Sep 2014 - 23:59
    ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ထမင်းခွံ့ကျွေးနေစဉ် အဘိုးလက်ကို ကိုက်သော ၂ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးကို အဘိုးဖြစ်သူက ရေနှစ်သတ်ကာ လမ်းဘေးတွင် ပစ်ထားခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၂၅ ရက် နံနက်က အဆိုပါမြို့နယ်အတွင်း ရှိ ရဲကျော်သူရလမ်းဘေးတွင် သေဆုံးနေသော ကလေးငယ် တစ်ဦး၏ အလောင်းကို ရဲတပ်ဖွဲ့ ၀င်များက တွေ့ရှိရာမှ သေမှုသေ ခင်းဖွင့်ကာ စစ်ဆေးရင်း အဘိုးအ ရင်းဖြစ်သူက သတ်ပြီး စွန့်ပစ်ခဲ့ သော လူသတ်မှုဖြစ်နေကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။
  • Sun 28 Sep 2014 - 23:17
    သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားသော ရှမ်းလူငယ် စိုင်းပေါင်းပေါင်း (ခ) စိုင်းရန်အောင်ရှင်းအမှုကို လာမည့် အင်္ဂါနေ့၌ တရားရုံးချိန်း ချိန်းဆိုထားစဉ်အတွင်း မြို့မပြည်သူစစ်အဖွဲ့က သေဆုံးသူမိသားစုထံသို့ ကျပ်သိန်းတစ်ရာနှင့် အမှုကျေအေးရန် လာရောက်ညှိနှိုင်းနေကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။
  • Sun 28 Sep 2014 - 23:16
    လှိုင်မြို့နယ် (၁၆)ရပ်ကွက်အတွင်း စက်တင်ဘာလ ၂၈ရက် နံနက် ၃နာရီခန့်တွင် CNGဂ က်စ်အိုး ဆယ်လုံး တင်ဆောင်လာသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ  ၁၈ ဘီး ယာဉ်တစ်စီးသည် ဂက်စ်အိုးတစ်လုံးမှ ဘားပြုတ်၍ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး  မီးဘေးအန္တရာယ်မကျရောက်ခင် အချိန်မီပိတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ‘‘၃နာရီခွဲလောက်မှ စဖြစ်တယ်။ ကျွန်တော်ရောက်တော့ ဂက်စ်တွေက  တအားထွက်နေတယ်။ မီးသတ်တွေက  ၀ိုင်းပြီးတော့ ရေနဲ့ပက်ပြီးငြှိမ်းတယ်။ မရဘူး။ နောက်မှ အဲဒီကုမ္ပဏီက ကျွမ်းကျင်သူတွေရောက်လာပြီး ၀ိုင်းပြီးလုပ်လိုက်မှ ပြီးသွားတယ်’’ ဟု လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ခံတစ်ဦးကပြောသည်။
  • Sun 28 Sep 2014 - 23:15
     မြောက်ဦးမြို့နန်းတော်ရာကုန်းပေါ်မှ စိတ်ကြွဆေးပြား လေးသိန်းကျော်ထည့်ထားသည့် အထုပ်တစ်ထုပ်တွေ့ရှိခဲ့၍ ပိုင်ရှင်ကို စုံစမ်းရှာဖွေနေကြောင်း မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။  ယင်းအထုပ်ကိုစက်တင်ဘာ ၂၇ ရက် ညနေက တွေ့ခဲ့ခြင်းဖြစ်ပြီး စိတ်ကြွဆေးပြားတန်ဖိုးမှာ ကျပ်သိန်းပေါင်းတစ်သောင်းနှစ်ထောင်ရှိသည်။ မြောက်ဦးမြို့တွင် ယခုကဲ့သို့ ပမာဏများသောစိတ်ကြွဆေးများ ဖမ်းဆီးခဲ့ဖူးခြင်းမရှိကြောင်း မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးကပြောသည်။
  • Sat 27 Sep 2014 - 23:23
    စက်တင်ဘာ ၂၆ရက် ညနေ ၆ နာရီခန့်တွင် လေပြင်းတိုက်ခတ်ခဲ့၍ ဟုမ္မလင်းမြို့နယ်အတွင်း နမ့်တောမှ မုံရွာမြို့သို့ ထွက်ခွာလာသည့် စိုးမိုးကျော်ကုန်တင်ရေယာဉ်သည် ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့ရာ ရေယာဉ်ပေါ်ပါခရီးသည် ခုနစ်ဦးအနက် တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိသည်။ ‘‘ကုန်တင်ရေယာဉ်ကို နမ့် တောကနေ မုံရွာကို စုန်လာတာ ပါ။ လေပြင်းတိုက်လို့ ရေယာဉ် တိမ်းမှောက်သွားတာဖြစ်ပြီး အ ခင်းဖြစ်ပွားချိန်မှာ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေ ဆောင် ရွက်ခဲ့တဲ့အတွက် ရေယာဉ်ပေါ်ပါ ခရီးသည် ခုနစ်ဦးအနက် ခြောက် ဦးကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ တစ်ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး လိုက်လံရှာဖွေနေဆဲဖြစ်ပါ တယ်’’ဟု ဟုမ္မလင်းမြို့နယ်မှရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော မီးသတ်တပ် ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
  • Sat 27 Sep 2014 - 23:18
    ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် RSO (ရိုဟင်ဂျာသွေးစည်းညီ ညွတ်ရေးအဖွဲ့) ၌ သင်တန်းတက်ပြီးပြန်လာသည်ဆိုသော RSO တစ်ဦးကို စက်တင်ဘာ ၂၅ ရက်က  အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးရှေ့ရှိ ကျီးကန်းပြင်  စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။   စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခန့်က မောင်တော မြို့နယ်မြောက်ပိုင်းခမောင်းဆိပ် မှ မောင်တောမြို့ပေါ်သို့ပြေးဆွဲ နေသည့် ခရီးသည်တင်ယာဉ်တစ် စီးကို အမှတ်(၁)နယ်ခြားစောင့်ရဲ ကျီးကန်းပြင်စစ်ဆေးရေးစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ပေါ်တွင်ပါလာသော အသက်(၃၀)နှစ်အရွယ် အမျိုးသားအား မသင်္ကာ၍စစ်ဆေးရာ တစ်ဖက် နိုင်ငံတွင် RSO ယူနီဖောင်းဝတ် ဆင်ထားသူများနှင့် တွဲဖက်ရိုက် ထားသည့်ဓာတ်ပုံနှင့် အခြား အထောက်အထားများရရှိခဲ့၍ ဖမ်းဆီး စစ်ဆေးခဲ့သည်။ ဖမ်းဆီးခံ ရသူမှာ ဘင်္ဂလားဒေ့ရှ်ဘက်ရှိ RSO အဖွဲ့တွင် သုံးလခန့်သင် တန်းတက်ရောက်ခဲ့ပြီး ပြန်လာ ခဲ့ကြောင်း  ထွက်ဆိုခဲ့သည်ဟု မောင်တောမြို့မရဲစခန်းမှ ရဲအုပ်တိုးတိုးက ပြောကြားသည်။
  • Fri 26 Sep 2014 - 22:55
     ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံရကာ စစ်တပ်၏ ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည့် ရွာသားအချို့ အိန္ဒိယနိုင်ငံနယ်စပ်သို့ တိမ်းရှောင်နေရပြီး ယင်းဖြစ်စဉ်ကို စစ်ဆေးပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ တိုင်ကြားလိုက်ကြောင်း သတင်းရရှိသည်။ ပလက်ဝမြို့နယ်၊ ကုန်ပြင် ကျေးရွာမှ ဒေသခံရွာသားခြောက် ဦးကို ခလရ (၃၄၄)မှ တပ်ရင်းမှူး နှင့် တပ်မတော်သားအချို့က ဩဂုတ် ၂၄ ရက်တွင် ရိုက်နှက် သည်ဟုဆိုကာ ကာယကံရှင် ရွာ သားများက ပြည်နယ်ဝန်ကြီးချုပ် ထံ တိုင်ကြားခဲ့ပြီး ရွာသို့မပြန်ရဲသောကြောင့် အိန္ဒိယနိုင်ငံဘက်သို့ တိမ်းရှောင်နေကြရကြောင်း ချင်းပြည်နယ် အပစ်အခတ်ရပ်စဲ ရေးစောင့်ကြည့်ရေးကော်မတီဝင် ဦးစိန်အောင်က ပြောသည်။
  • Fri 26 Sep 2014 - 22:54
    သာသနာရေးဝန်ကြီး  ဟောင်း ဦးဆန်းဆင့်၏ ၂၀ ကြိမ် မြောက် ရုံးချိန်းတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နှင့် ပုဒ်မ ၄၀၉ ယုံကြည်အပ် နှံအလွဲသုံးစားမှု အမှုနှစ်ခုအတွက် တရားခံပြသက်သေ ရှစ်ဦးအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။  ‘‘အမှုနှစ်ခုစလုံးအတွက် တရားခံပြသက်သေ ရှစ်ယောက် ကို စစ်ဆေးတယ်။ ပုဒ်မ (၄၀၉) အတွက် လေးယောက်၊ ပုဒ်မ (၁၂၄-က)အတွက် လေးယောက်ကို စစ်တယ်’’ဟု ရှေ့နေ ဦးတင် ထွန်းက ပြောသည်။  အမှုနှစ်ခုစလုံးအတွက် တရားခံပြသက်သေများအား စက်တင်ဘာလ ၂၉ ရက် ရုံးချိန်းတွင် ဆက်လက်စစ်ဆေးသွားမည် ဖြစ်သည်။
  • Fri 26 Sep 2014 - 22:53
    ဆန်အိတ်များ တင် ဆောင်လာသော ကားတစ်စီးက ရန်ကုန်မြို့၊ ကမ်းနားလမ်းဘေးရှိ အုတ်နံရံကို ဝင်တိုက်မိပြီး ယာဉ် မောင်းသူ ခြေကျိုးသွားကြောင်း သတင်းရရှိသည်။ ပန်းဆိုးတန်းလမ်းအောက် ထိပ်အနီး ရန်ကုန်-ဒလ ဆိပ်ကမ်းနားရှိ ကမ်းနားလမ်းမပေါ်၌ ကုန်တင်ယာဉ်များ မောင်းနိုင်ရန်ခင်း ထားသော လမ်းသစ်ပေါ်တွင် စက် တင်ဘာ ၂၆ ရက် နံနက်က ဆူး လေဆိပ်ကမ်းဘက်မှ မောင်းလာ သော ဆန်အိတ်များသယ်ဆောင် လာသည့် ကုန်တင်ကားတစ်စီး သည် လမ်းညာဘက်အခြမ်းရှိ အုတ်နံရံကို ဝင်တိုက်မိခြင်းဖြစ် သည်။
  • Thu 25 Sep 2014 - 22:53
    ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးပြီး အရှေ့တောင်အာရှဒေသအတွင်း စိတ်ကြွဆေးအန္တရာယ် အမြင့်ဆုံးဖြစ်နေသော မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်  ပူးပေါင်းလုပ်ဆောင်ရန် အမေရိကန်အစိုးရက ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။    ‘‘အမေရိကန်အစိုးရက မူးယစ်ဆေး  တိုက်ဖျက်ရေးအတွက် ကမ်းလှမ်းထားတယ်။  အသေးစိတ်  အချက်အလက်တွေ ဆွေးနွေးဖို့တော့ ကျန်နေသေး တယ်။ ဘယ်တော့စလုပ်မလဲဆိုတာကို သတင်းထုတ်ပြန်ပါလိမ့်မယ်’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိတစ်ဦးက ပြောသည်။
  • Thu 25 Sep 2014 - 22:48
    ပြီးခဲ့သည့် နှစ်လက ရှမ်း ပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ တွင် အရပ်သားလူငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ပြီး တရားခံဟု သက်ဆိုင်ရာက ယူဆထားသူ မြို့မပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို မူဆယ်ခရိုင်ရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း  သတင်းရရှိသည်။ ‘‘အဲဒီလူက ကိုယ်တိုင်ဝန်ခံ တယ်။ နမ့်ခမ်းမြို့နယ်မှာ ဖြစ်ပေ မယ့် လူသတ်မှု အမှုကြီးဖြစ်တဲ့ အတွက် ခရိုင်ကို လာစွဲရတာ (တရားစွဲခြင်း)ပါ။ တရားရုံးတင် ပြီးရင် ကျူးလွန်တာမှန်ရင် ထိုက် သင့်တဲ့  ပြစ်ဒဏ်ချမှာပါ’’ဟု မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ထွန်းအေးက ပြောသည်။
  • Wed 24 Sep 2014 - 20:52
    စမတ်ကတ်အတုဖြင့် ပြည်ပသို့ တရားမ၀င်အလုပ်သမားစေလွှတ်ခဲ့သော လိုင်စင်ရ အေဂျင်စီငါးခုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။
  • Wed 24 Sep 2014 - 20:48
     အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုသုတေသနလမ်း ညွှန်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးမျိုးရန်နောင်သိန်းအား မဲဆန္ဒ ရှင်စာရင်းပြုစုခြင်း ရှေ့ပြေးစီမံ ချက်ပါ မဲစာရင်းကို ခွင့်ပြုချက်မရှိ ဘဲ ဖြုတ်ယူခြင်းအတွက် ချင်းပြည်နယ်တီးတိန်မြို့နယ် တရားရုံးက စက်တင်ဘာ ၂၃ ရက်တွင် ငွေဒဏ်ကျပ်တစ်သိန်းပေးဆောင်ရန် အ မိန့်ချမှတ်လိုက်သည်။ တီးတိန်တရားရုံးက ၎င်းအားထောင်ဒဏ်သုံးလ (သို့မဟုတ်) ငွေဒဏ်ကျပ်တစ်သိန်းပေးဆောင် ရန် အမိန့်ချမှတ်ခြင်းဖြစ်ပြီး ဒဏ် ငွေကျပ်တစ်သိန်းပေးဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးမျိုး ရန်နောင်သိန်းက ပြောသည်။

Pages

Subscribe to Crime