Crime

  • Sun 27 Jul 2014 - 22:26
    အောင်ပန်းမြို့၊ ပြည် သာယာဈေးအနီးတွင် ချိန်ကိုက် ဗုံးတစ်လုံး ထောင်ထားသည်ကို တွေ့ရသောကြောင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ရကြောင်း ရှမ်းပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ရှိ ပြည်သာယာ ဈေးအနီး ဈေးဆိုင်တစ်ဆိုင်၏ ခုံတန်းပေါ်တွင် ပလတ်စတစ်အိတ်နှင့်ထုပ်လျက် ချိန်ကိုက်ဗုံးတစ်လုံး ဇူလိုင် ၂၆ ရက် နံနက်၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး  ဖောက်ခွဲဖျက်ဆီးလိုက်ရကြောင်း  ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကျော်နိုင် က ပြောသည်။
  • Sun 27 Jul 2014 - 22:24
    ရခိုင်ပြည်နယ်ကျောက်တော်မြို့တင်းမရွာစေတီတော်ရှိ ဘုရားဆင်းတုတော်ရှစ် ဆူထပ်မံဖျက်ဆီးခံရခြင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ကျောက်တော်မြို့မရဲစခန်းမှ သတင်းရရှိသည်။ တင်းမရွာစေတီတော်ရှိ မွေး နံဘုရားဆင်းတုတော်ရှစ်ဆူဖျက် ဆီးခံခဲ့ရခြင်းဖြစ်ပြီး ရွာသားများ က ဇူလိုင် ၂၄ရက်တွင် စတင်တွေ့ ရှိခဲ့ကာ ရဲတပ်ဖွဲ့သို့အကြောင်း ကြားခဲ့ခြင်းဖြစ်ကြောင်းကျောက် တော်မြို့မရဲစခန်းအမှုစစ်ရဲအရာ ရှိကပြောသည်။
  • Sat 26 Jul 2014 - 22:35
     ရန်ကုန်မြို့၊ သာကေတ မြို့နယ် (၁) အနော်မာရပ်ကွက်ရှိ အမှတ် (၁) ဈေး မီးလောင်မှုဖြစ်ပွားရာ ဈေးဆိုင်၃၉ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း   သတင်းရရှိသည်။ ဇူလိုင် ၂၆ ရက် ညနေပိုင်း က အမှတ် (၁) ဈေးရှိဈေးဆိုင် ခန်း သုံးခန်းမှ ၀ိုင်ယာရှော့ခ်ဖြစ် ပွားကာ မီးစတင်လောင်ကျွမ်း ခြင်းဖြစ်ကြောင်း သာကေတမြို့ နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
  • Sat 26 Jul 2014 - 22:32
    မိတ္ထီလာမြို့မှ မိန်းက လေးငယ်နှစ်ဦးကို တရုတ်နိုင်ငံသို့  ပို့ခဲ့သည့် အမျိုးသမီးနှစ်ဦးအားမိတ္ထီလာခရိုင်တရားရုံးက ထောင် ဒဏ် ဆယ်နှစ်စီပြစ်ဒဏ်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။ ဇွန်၁၃ရက်က မိတ္ထီလာမြို့ နယ်၊ ရေငံအနောက်ကျေးရွာမှ မိန်းကလေးငယ်နှစ်ဦးကို မူဆယ် မြို့ရှိ စတိုးဆိုင်တွင်အလုပ်လုပ်လို ပါက တစ်လကျပ်တစ်သိန်းရမည် ဟုပြော၍ ခေါ်လာပြီးနောက် ဒုတိ ယအမျိုးသမီးတစ်ဦးထံလွှဲပေးခဲ့သည်။
  • Fri 25 Jul 2014 - 22:23
    ရန်ကုန်မြို့ရှိ ကန်ထရိုက် တိုက်အချို့တွင် နေ့ခင်းဘက်လူခြေပြတ်ချိန်၌  ကန်ထရိုက် တိုက် လှေခါးဝင်ပေါက်မှတစ် ဆင့်တက်၍ ဆယ်ကျော်သက်လူ ငယ်အချို့ မူးယစ်ဆေးဝါး လာ သုံးလေ့ရှိကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။
  • Fri 25 Jul 2014 - 22:01
    တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့က မြ၀ တီ-ရန်ကုန်လမ်းကြောင်းတွင် ဇူလိုင် ၁၅ ရက်အတွင်း ဒူးရင်းသီး အများဆုံးဖမ်းမိခဲ့ကြောင်း  သတင်းရရှိသည်။
  • Fri 25 Jul 2014 - 21:59
     ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်ခမ်းမြို့တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးက လူငယ်တစ် ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့မှု ဇူလိုင် ၂၂ ရက်ညက ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ သေနတ်ဖြင့်ပစ်သတ်ခံရသူ မှာ ပေါက်လုံရပ်ကွက်နေ အသက်(၂၄)နှစ်အရွယ်ရှိ စိုင်းနွံခေးဆိုသူဖြစ်ပြီး ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် နမ့်ခမ်းမြို့အထွက် အနီးတွင် ပြည်သူ့စစ်တပ်ဖွဲ့နှင့် တွေ့၍ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
  • Fri 25 Jul 2014 - 21:58
    တရားခံပြေးလိုက်ဖမ်း စဉ် မိသားစုဝင်များက ၀ိုင်းရိုက် ၍  ရဲတပ်ကြပ်သေဆုံးခဲ့သည် အမှုမှ တရားလိုသက်သေ လေးဦးကို သြဂုတ် ၁ ရက်တွင် စစ်ဆေးမည်ဖြစ်ကြောင်း တောင်ပိုင်း ခရိုင်တရားရုံးမှ သတင်းရရှိသည်။
  • Thu 24 Jul 2014 - 23:02
    သဲကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဲကုန်းကြီးချောင်းရေကြီးရေလျှံပြီး လူတစ်ဦးမျောပါ သေဆုံးကာ တံတားနှစ်စင်းလည်း ကျိုးပျက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
  • Thu 24 Jul 2014 - 22:59
    ရှမ်းပြည်နယ် (မြောက် ပိုင်း) ကွမ်းလုံမြို့တွင် ဇူလိုင် ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်း ပြီး ချောင်းရေလျှံသောကြောင့် ကြိုးတံတားတစ်စင်းပြတ်ကျရာ လူ ၂၀ ခန့် ချောင်းအတွင်းပါ သွားပြီး လေးဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ ကွမ်းလုံမြို့ရှိ ဟိုလီကျေးရွာ နှင့် ရှင်လုံကျိုင်းကျေးရွာကို ဆက် သွယ်ထားသည့် သံလွင်မြစ်နှင့် ဆက်စပ်နေသော  နမ့်လင်း ချောင်းကူးကြိုးတံတားသည် ဇူလိုင် ၂၂ ရက်က ပြတ်ကျခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးနေသူများကို ဇူလိုင် ၂၄ ရက်အထိ ပြန်မတွေ့သေးကြောင်း ကွမ်းလုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
  • Thu 24 Jul 2014 - 22:57
    ကုန်သည်ကြီးများဟိုတယ်(ယခုရှန်ဂရီလာဟိုတယ်)ဗုံးပေါက်ကွဲခဲ့မှုဖြစ်စဉ်တွင် ကျူးလွန်သူဟု  သံသယရှိသူများအပေါ် စွဲချက်တင်ထားသည့်ပုဒ်မမှာ ပြင်းထန်၍ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးသို့   ပြင်ဆင်ချက် တင်သွင်းခဲ့ရာ ဇူလိုင် ၂၄ရက်က လက်ခံခဲ့ကြောင်း  ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှ သိရှိသည်။
  • Thu 24 Jul 2014 - 21:55
     ရန်ကုန်မြို့၊ အောင် မင်္ဂလာ   အဝေးပြေးကားဝင်း အတွင်းရှိ    ကားဂိတ်တစ်ခုနှင့် ကုမ္ပဏီတစ်ခုတို့ ဇူလိုင် ၂၃ ရက် က ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။
  • Wed 23 Jul 2014 - 22:42
    မိုးသည်းထန်စွာရွာပြီး တောင်ကျရေလျှံကာ မူဆယ်မြို့ အထွက် နမ့်ပေါချောင်းအတွင်း လူတစ်ဦးရေစီးနှင့်မျောပါသေဆုံး ခဲ့ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။ ဇူလိုင် ၁၉ရက်ခန့်မှစတင် ကာ နေ့စဉ်ရွာနေသောမိုးကြောင့် တောင်ကျရေအရှိန်ပြင်းစွာစီးကာ ဇူလိုင် ၂၃ရက်နံနက်တွင် အမျိုး သားတစ်ဦးချောင်းအတွင်းမျော ပါသေဆုံးခြင်းဖြစ်ကြောင်း မူ ဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ထွန်းအေးကပြောသည်။
  • Wed 23 Jul 2014 - 22:40
    မြောက်ဥက္ကလာပမြို့ နယ်အတွင်းဖြစ်ပွားခဲ့သည့် အုပ်စု ဖွဲ့မျက်နှာဖုံးစွပ်လူသတ်မှု ဖြစ်စဉ် တွင် ကျူးလွန်သူ ရှစ်ဦးက သေ ဒဏ်ချမှတ်နိုင်သည့်စွဲချက်တင် ပုဒ်မပြင်ဆင်မှုကို ဇူလိုင် ၂၃ရက် ၌  နေပြည်တော်တရားလွှတ် တော်ချုပ်ရုံးဥပဒေအရာရှိက ပယ် ချခဲ့ကြောင်း  စွပ်စွဲခံရသူများ၏ တရားလွှတ်တော်ရှေ့နေများထံမှ သတင်းရရှိသည်။
  • Wed 23 Jul 2014 - 22:38
    ဘုရင့်နောင်လမ်းမအတိုင်း မောင်းနှင်လာသော တက္ကစီတစ်စီးသည် လမ်းဘေးသစ်ငုတ်တိုကိုတိုက်မိပြီး သစ်ပင်နှစ်ပင်ကြားတွင် ဇောက်ထိုးထောင်လျက်ဖြစ်သွားကာ ယာဉ်မောင်းသူထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
  • Tue 22 Jul 2014 - 19:25
    ရန်ကင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူကို အရှေ့ပိုင်းခရိုင်တရားရုံးမှ ဇူလိုင် လ ၂၂ ရက်က သေဒဏ် အမိန့်ချ မှတ်ခဲ့သည်။
  • Mon 21 Jul 2014 - 22:42
    ရန်ကုန်မြို့လမ်းမပေါ်တွင် ယာဉ်များရှုပ်ထွေးနေချိန်မီးပွိုင့်မိနေစဉ် အရှိန်ပြင်းစွာ မောင်းနှင်သည့် ယာဉ်များကြောင့် ယာဉ်ဆင့်ကဲတိုက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း  သတင်းရရှိသည်။
  • Mon 21 Jul 2014 - 22:41
    ဘင်္ဂါလီ ၁၉ ဦးကို ရန်ကုန်မြို့သို့ ခိုးပို့ရန်ကြိုးစားသည့် လူကုန်ကူးဂိုဏ်းမှ လွတ်မြောက်နေသော ပွဲစားတစ်ဦးကို ဇူလိုင် ၂၀ ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း  သတင်းရရှိသည်။
  • Mon 21 Jul 2014 - 22:39
    ထိုင်းနိုင်ငံဘန်ကောက် မြို့တွင်အလုပ်လုပ်ရန် တရားမ ၀င်သွားရောက်သည့် မြန်မာနိုင်ငံ သား၂၀ဦးကို ထိုင်းနိုင်ငံလူဝင် မှုကြီးကြပ်ရေးက ဖမ်းဆီးလိုက် ကြောင်း ဘန်ကောက်ပို့စ်သတင်း စာတွင်ဖော်ပြထားသည်။
  • Sun 20 Jul 2014 - 23:46
    တွံတေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူ သတ်မှုတွင် ပြစ်မှုကျူးလွန်သူသုံး ဦးကို တောင်ပိုင်းခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့၍ နေပြည်တော် တရားလွှတ်တော်ချုပ်ရုံးသို့ အယူခံဝင်ထားကြောင်းတောင်ပိုင်းခရိုင်တရားရုံးမှ ဒုခရိုင်တရားသူကြီးတစ်ဦးက ပြောသည်။

Pages

Subscribe to Crime