Crime

  • Wed 20 Aug 2014 - 21:55
    အင်းစိန်ပန်းခြံမီးပွိုင့်တွင် မီးပွိုင့်မိ၍ရပ်ထားသော ကားသုံး စီးကို ကွန်တိန်နာတစ်စီးက ဆက် တိုက် တိုက်မိခဲ့ကြောင်း သတင်း ရရှိသည်။ အင်းစိန်မြို့နယ် မီးရထား ဘောလုံးကွင်းဘက်မှ ပန်းခြံမီး ပွိုင့်သို့ မောင်းဝင်လာသော ဖူဆိုအမျိုးအစားကွန်တိန်နာယာဉ်တစ်စီးသည် ဩဂုတ် ၁၉ ရက် ညအချိန်က ဘရိတ်ပေါက်ကာ ယင်းရှေ့မှ မီးပွိုင့်တွင်ရပ်ထားသောလိုင်ထရပ်အမျိုးအစား ကားတစ်စီးကို ဘယ်ဘက်ဘေး အခြမ်းမှ ပွတ်တိုက်မိခဲ့သည်။
  • Wed 20 Aug 2014 - 21:53
    မဟာဗန္ဓုလတံတားဒေါ ပုံမြို့နယ်သို့ ဆင်းသည့် ဘက်တွင် ကွန်တိန်နာကားတစ်စီးအရှိန်လွန်၍ တံဘားဘောင်ကို ၀င်တိုက်ခဲ့ပြီး ကားမှာတံတားပေါ်တွင် တစ်ခြမ်းတင်နေကြောင်း ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်မှာ သြဂုတ် ၂၀ရက် ညနေ ၆နာရီတွင်ဖြစ်ပွား ခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်းသ တင်းရရှိသည်။
  • Wed 20 Aug 2014 - 21:47
    ထိုင်းနိုင်ငံ စမွန်ပါကန် မြို့နယ်ရှိ ဆေးဆိုးပန်းရိုက်စက်ရုံ ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူမြန်မာအလုပ်သမား ၁၈ ဦးအနက် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ပေါက်ကွဲမှုစတင်ဖြစ်သည့် အချိန်ကပင် စိုးရိမ်ရသည့် အသက်၃၄ နှစ်အရွယ်ခန့် လူနာဖြစ်ပြီး ဘန်ကောက်ဆေးရုံတွင်  သြဂုတ်၁၉  ရက် ညက ဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းစက်ရုံအနီးတွင် နေ ထိုင်သူ ကိုဇော်ဝင်းက ပြောသည်။ ‘‘အခြေအနေမကောင်းတဲ့ အမျိုးသမီးတစ်ယောက် မနေ့ည က ဆုံးသွားပြီ၊ သေဆုံးသွားတဲ့ လူအတွက်ရော ဒဏ်ရာရတဲ့လူတွေ အတွက်ပါ စက်ရုံက လျော်ကြေး ပေးမယ်ကြားတယ်။ အခုထိတော့မရသေးပါဘူး’’ဟု ကိုဇော်ဝင်းက ဆိုသည်။
  • Wed 20 Aug 2014 - 21:45
    ငြိမ်းချမ်း ရန်ကုန်− သိမ်းဆည်းခံမြေယာပြန် ရရေး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ဆန္ဒပြတောင်းဆိုခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် အရေးယူခံထားရသော မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင်ဦးစိန်သန်းအား ဗဟန်းမြို့နယ်တရားရုံးက ထောင်ဒဏ်လေးလချမှတ်လိုက်သည်။ ဧပြီ ၅ ရက်က သိမ်းဆည်း ခံမြေယာပြန်ရရေးအတွက် လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်၏  နေအိမ်ရှေ့ဆန္ဒပြ တောင်းဆိုခဲ့မှုကြောင့် ပုဒ်မ ၁၈ ဖြင့် အရေးယူခံထားရသော မိကျောင်းကန်သပိတ်စခန်းခေါင်း ဆောင် ဦးစိန်သန်းအား ဗဟန်းမြို့ နယ် တရားရုံးက ဩဂုတ် ၂၀ ရက်တွင် အမိန့်ချလိုက်ခြင်းဖြစ် သည်။
  • Tue 19 Aug 2014 - 16:58
    လှည်းတန်းဈေးအနီးရှိ အိုတူး (O2) ဖုန်းအရောင်းဆိုင် တွင်ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့ရာဟန်းဆက်အလုံးရေ ၃၀ ကျော်ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ သြဂုတ် ၁၈ ရက် ညတွင် ဖောက်ထွင်းခံရခြင်းဖြစ်ပြီး ဆိုင် ဖောက်ထွင်းသူသည် ဆမ်ဆောင်း၊ ဆိုနီ၊ ဟွာဝေးစသည့် ဖုန်းအမျိုး အစားစုစုပေါင်း ၃၇ လုံးကို ယူ ဆောင်သွားခြင်းဖြစ်သည်။
  • Mon 18 Aug 2014 - 21:17
    ရန်ကုန်မြို့လယ်ကောင် ၌ ညအချိန်လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး၏ ရွှေဆွဲကြိုး ဖြတ်ပြေးသူကို အနီးရှိ လူငယ်များက ၀ိုင်းဖမ်းကာ ရဲစခန်းသို့ အပ်ခဲ့ကြောင်း သတင်းရရှိသည်။ လမ်းမတော်မြို့နယ်၊ မဟာဖန္ဓုလလမ်းနှင့် ရွှေတောင်တန်းလမ်း ထိပ်တွင် သြဂုတ် ၁၇ ရက် ည ၇ နာရီအချိန်က မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျှောက်နေသော အမျိုးသမီး သုံးဦးအနက်တစ်ဦး၏ လည်ပင်းတွင်ဝတ်ထားသောရွှေဆွဲကြိုးတစ်ကုံးကို မျက်နှာချင်း ဆိုင်မှ လမ်းလျှောက်လာသော အမျိုးသားတစ်ဦးက ဖြတ်ပြေးခဲ့ ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
  • Mon 18 Aug 2014 - 21:16
    မလေးရှားနိုင်ငံသို့ ဗီဇာအတုများဖြင့် လာရောက်မှုကြောင့် ထောင်ကျနေသော မြန်မာနိုင်ငံသား ၅၂ ဦးကို ခေါ်ဆောင်လာသူသုံးဦးအား မလေးရှားနိုင်ငံဆီဗန်းတရားရုံးက ယနေ့ အမိန့်ချမှတ်မည်ဖြစ်သည်။ ဇူလိုင် ၈ ရက်က မလေးရှား နိုင်ငံသို့ မြန်မာ ၇၂ ဦးကို ဗီဇာအတုဖြင့် ခေါ်ဆောင်သွားမှုကြောင့် မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ဗီဇာအတုများဖြင့် လာရောက်သည့် မြန်မာ ၇၂ ဦးနှင့် ခေါ် ဆောင်လာသူမြန်မာသုံးဦးကို ဖမ်းဆီးခဲ့သည်။
  • Mon 18 Aug 2014 - 21:12
    မြွေမျိုးစုံကို အိတ်များ ဖြင့်ထည့်ကာ အိမ်စီးကားတစ်စီး ဖြင့် သယ်လာသူများကို အမြန် လမ်းရှိ  နေပြည်တော်တိုးဂိတ်တွင် ဖမ်းမိပြီး  ယာဉ်မောင်းမှာမူ ထွက်ပြေး သွားကြောင်း သတင်းရရှိသည်။ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန် လမ်းရှိ နေပြည်တော်တိုးဂိတ်တွင် သြဂုတ် ၁၇ ရက် နံနက်အချိန်က ရန်ကုန်မှ မန္တလေးသို့ မောင်းလာ သည့် မတ်တူးအမျိုးအစား ယာဉ် ကို စစ်ဆေးခဲ့ရာ ယင်းကားကို မောင်းလာသော ရှမ်းပြည်နယ်၊ မူ ဆယ်မြို့မှ ယာဉ်မောင်းမှာ ထွက် ပြေးသွားသည်။
  • Sat 16 Aug 2014 - 22:00
    မွန်ပြည်နယ်တွင် မြတ် ရတနာမင်းခရီးသည်တင်မှန်လုံ ယာဉ်တစ်စီးက ရှေ့မှ မောင်းနေ သော ယာဉ်ကို  ကျော်တက်စဉ် ပွတ်တိုက်မိပြီး မျက်နှာချင်းဆိုင်မှ မောင်းလာသော ယာဉ်နှင့် တိုက်မိ၍ လူ ၃ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ မော်လမြိုင်-ဘားအံ ကားလမ်းပေါ် ခရုံလမ်းအ၀င်၌ သြဂုတ် ၁၅ ရက် နံနက်အချိန်က မော်လမြိုင်မှ ဘားအံသို့ မောင်း လာသော မြတ်ရတနာမင်းခရီး သည်တင်ယာဉ်တစ်စီးသည် ရှေ့ က မောင်းနေသော ခရီးသည်တင် ဟိုင်းလပ်ယာဉ်ကို  ကျော်တက် စဉ်ဟိုင်းလပ်ယာဉ်၏ ဘယ်ဘက် ခြမ်းကို ပွတ်တိုက်မိခဲ့သည်။
  • Fri 15 Aug 2014 - 22:46
    မဟာသန္တိသုခကျောင်း တိုက်မှ သံဃာငါးပါး တရားရင် ဆိုင်နေရသော အမှုနှစ်မှု၏ အမှု တွဲများသည် ၎င်းတို့ရင်ဆိုင်နေရ သော တာမွေမြို့နယ်တရားရုံး တွင် မရှိသောကြောင့် ဩဂုတ် ၁၅ ရက်တွင် ခုနစ်ကြိမ်မြောက်ရုံး ချိန်းကို စစ်ဆေးနိုင်ခြင်းမရှိခဲ့ပေ။   မဟာသန္တိသုခကျောင်း တိုက်နှင့်ပတ်သက်၍ ဖမ်းဆီး အရေးယူခံခဲ့ရသော သံဃာတော် ငါးပါးကို ဩဂုတ် ၁၅ ရက်က ခုနစ်ကြိမ်မြောက် ရုံးချိန်းထုတ်ခဲ့ ရာ အမှုတွဲမရှိသောကြောင့် စစ်ဆေးခဲ့ခြင်းမရှိဘဲ လာမည့် ဩဂုတ် ၂၉ ရက်တွင် ထပ်မံရုံးချိန်းဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။
  • Fri 15 Aug 2014 - 22:43
    ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည့် လုပ်ငန်းခွင်အနီး၌ သဲတင်သမ္ဗန်နှစ်စီးတိုက်မိ ခဲ့ရာ တိုက်ခံရသည့် သမ္ဗန်တစ် စီးနစ်မြုပ်သွားပြီး လူတစ်ယောက် မှသေဆုံးခြင်းမရှိဘဲ ၀င်တိုက်ခဲ့ သော သမ္ဗန်မှာမောင်းပြေးသွား ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပု ဇွန်တောင်ချောင်းတို့ဆုံရာ ဓမ္မစေ တီခေါင်းလောင်းဆယ်ယူနေ သည့်လုပ်ငန်းခွင်အနီး၌ သြဂုတ်  ၁၃ရက် ညနေက ‘‘အောင်မင်္ဂလာ’’သဲတင်သမ္ဗန်နှင့်အခြား သဲတင်သမ္ဗန်တစ်စီးတို့တိုက်မိခဲ့သဖြင့်အောင်မင်္ဂလာသဲတင်သမ္ဗန်မှာ နစ်မြုပ်သွားခဲ့ပြီး အခြားသဲတင်သမ္ဗန်မှာ မောင်းပြေးသွားခဲ့သည်။ရေယာဉ်နှစ်စီးတိုက်မိမှုကြောင့်လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရဲမှတ်တမ်းတွင်ဖော် ပြထားသည်။
  • Fri 15 Aug 2014 - 22:42
    ပြည်-အောင်လံကားလမ်း တုံးရေးသစ်တောကြိုးဝိုင်း အနီးတွင် လိုက်ထရပ်ကား တစ်စီးအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာမှ  ခုနစ်ဦးဒဏ်ရာရရှိပြီး ကျောင်းဆရာမ နှစ်ဦးသေဆုံး ခဲ့ကြောင်းသတင်းရရှိသည်။ သြဂုတ် ၁၄ ရက် ညနေက အောင်လံမှ မောင်းနှင်လာသော လိုက်ထရပ်ကားသည် အောင်လံ မြို့နယ်အတွင်းရှိ ကျော်စွာဘုန်း တော်ကြီးကျောင်းသို့ သံချောင်း များပို့ပြီး ပြန်လာရာ သံဃာတော် တစ်ပါး ပြန်လည်လိုက်ပါလာပြီး မြောက်န၀င်းရွာသစ်ကြီး အထက ကျောင်းမှ ဆရာမ ရှစ်ဦးက လမ်း ကြုံလိုက်ခဲ့ခြင်း ဖြစ်သည်။
  • Thu 14 Aug 2014 - 22:25
    ရန်ကုန်မြို့ရှိ ကုန်သည် ကြီးများ ဟိုတယ်နှင့်အလုံလမ်းရှိ Western Park စားသောက်ဆိုင် တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက် ကျူးလွန်သူဟု သံသယရှိ သူ သုံးဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးလျက်ရှိသည်။ သြဂုတ် ၁၄ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ Western Park စား သောက်ဆိုင်တွင် ဗုံးရှာဖွေတွေ့ရှိ ခဲ့မှုနှင့် ပတ်သက်၍ တရားသူကြီး က ၎င်းတို့ သုံးဦးအား အပြစ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ၎င်းတို့က မရှိ ကြောင်းပြန်လည်ချေပပြောဆိုခဲ့ သည်။ ယင်းသို့ဖြောင့်ချက်ပေးဖြေ ကြားရာတွင် အဓိကျူးလွန်သူဟု စွပ်စွဲထားသူ စောမြင့်လွင်(ခ) မောထက ‘‘ကျွန်တော်မထောင်ပါ ဘူး။ ကျွန်တော်ထားခဲ့တာပဲရှိတာ ပါ’’ဟု ဖြောင့်ချက်ပေးခဲ့သည်။
  • Wed 13 Aug 2014 - 22:14
    လှိုင်သာယာလက်ဖက် ရည်ဆိုင်ထဲ၌ လူသတ်မှုကျူးလွန် ခဲ့သော လူငယ်သုံးဦးကို မြောက် ပိုင်းခရိုင်တရားရုံး ဩဂုတ် ၁၃ ရက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ ဇွန်လ ၉ ရက်ညတွင် လှိုင် သာယာမြို့နယ်၊ အမှတ်(၁၉)ရပ် ကွက်၊ ဗိုလ်အောင်ကျော်လမ်း ပေါ်ရှိ  လက်ဖက်ရည်ဆိုင်တစ် ဆိုင်၌ စားသုံးသူချင်းခိုက်ရန် ဖြစ်ပွားရာမှ  လူသတ်မှုကျူးလွန်ခဲ့ သော လူငယ်ငါးဦးထဲမှ သုံးဦးကို အင်းစိန်မြို့နယ်၊  မြောက်ပိုင်းခရိုင်တရားရုံးတွင် ဩဂုတ် ၁၃ ရက်ညနေက ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တွေ့ရှိရသည်။
  • Wed 13 Aug 2014 - 22:11
    အလှူမှကျွေးသော ဒံပေါက်နှင့် ရေခဲမုန့်များ စားမိပြီး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ကျောင်းမှ တရားစခန်းဝင်သူများ အပါအဝင် ကျေးရွာသူ ကျေးရွာ သား ၅၈ ဦး အစာအဆိပ်သင့်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း နှလုံးလှလူမှုကူညီရေး အဖွဲ့အစည်းမှ သတင်းရရှိသည်။ ပဲခူးတိုင်း တောင်ကြီးကွဲ ကျေးရွာအတွင်းရှိ မိုးကုတ်ဝိပဿ နာ ဓမ္မရိပ်သာကျောင်းတွင် သြ ဂုတ် ၁၀ ရက် နံနက် ၁၁ နာရီခန့်က အလှူရှင်တစ်ဦးက ဒံပေါက်နှင့် ရေခဲမုန့်များ လာရောက်လှူဒါန်း ခဲ့၍ ကျောင်းရှိ တရားစခန်းဝင်သူ များနှင့် ကျေးရွာအတွင်းရှိ ဥပုသ် သည်များ စားသုံးခဲ့ခြင်းဖြစ်သည်။ စားသုံးမိသူ ၅၈ ဦးအနက် ၂၃ ဦးမှာ ပြင်းထန်စွာ အစာဆိပ်သင့်ကာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ပြီး ၁၆ ဦးကို ဆေးရုံတင်ပို့ခဲ့ရသည်။
  • Wed 13 Aug 2014 - 22:10
     မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာဒေသခံမူးယစ် တိုက်ဖျက်ရေးအဖွဲ့သည် ဩဂုတ် ၁၂ ရက်က မူးယစ်ရောင်းသုံးစွဲသူ များအား  လိုက်လံဖမ်းဆီးရာ အချိန်နှစ်နာရီအတွင်း  မူးယစ် ဆေးဝါးရောင်းဝယ်သူ အသက် (၈)နှစ်အရွယ်ကလေးနှစ်ဦးအပါ အဝင် မူးယစ်ဆေးဝါးသုံးစွဲသူ ရဲဝန်ထမ်းတစ်ဦး၊ ကေအိုင်အေ စစ်သားတစ်ဦးနှင့် အခြားမူးယစ် သုံးစွဲသူခုနစ်ဦးတို့ကို   ဖမ်းမိခဲ့ ကြောင်း သတင်းရရှိသည်။ ကလေးနှစ်ဦးကိုမူ ဘိန်းဖြူ မှုန့်အသေးသုံးထုပ်နှင့်အတူ ဖမ်းဆီးမိခဲ့သည်။ ရဲဝန်ထမ်းတစ်ဦးကမူ ကာမိုင်းရဲစခန်းမှဖြစ်ပြီး ဆေးထိုးအပ်လက်ထိတ်များနှင့် အတူ ဖမ်းမိကြောင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွင် ပါဝင်သူဦးခေါင်ဒေါင်က ပြောသည်။ ယခုဖမ်းမိသည့် ကလေးနှစ် ဦး၏ မိဘများမှာလည်း ထောင်ထဲ တွင်ဖြစ်ကြောင်း သိရသည်။
  • Mon 11 Aug 2014 - 23:26
     မြောက်ဥက္ကလာပမြို့နယ်ရှိ Orange စူပါမားကက်တွင် သြဂုတ် ၁၀ ရက် ညဉ့်သန်းခေါင်ယံ၌ တစ်နာရီကျော်ကြာ မီးလောင်ခဲ့ကြောင်း သတင်းရရှိသည်။ စူပါမားကက်အဆောက်အအုံ မျက်နှာကြက်အတွင်းရှိ ၀ိုင်ယာကြိုးများအပူလွန်ကဲရာမှ မီးစတင် လောင်ခဲ့ခြင်းဖြစ်သည်။
  • Mon 11 Aug 2014 - 23:22
    Galaxy S5 ဖုန်းကိုင်ရန် ကျပ် ၈၇ သိန်းကျော်ခိုးပြီး အမှု လိမ်ဖွင့်ခဲ့သော ဆယ်ကျော်သက် လူငယ်တစ်ဦးကို အရေးယူထား ကြောင်း သတင်းရရှိသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့ နယ်နေ အသက် (၁၅) နှစ်အရွယ် ရှိ လူငယ်တစ်ဦးသည် မိဘများ အိမ်တွင်မရှိခိုက် အိမ်ထဲတွင် သူ ငယ်ချင်းများနှင့် အရက်အတူတူ သောက်ခဲ့ပြီး ၎င်းမိခင်ပိုင်သော ခုနစ်ကျပ်သားကျော် ရွှေတုံးအ ပါအ၀င် ကျပ် ၈၇ သိန်းဖိုးခိုးကာ SAMSUNG GALAXY S5 လက် ကိုင်ဖုန်းတစ်လုံးဝယ်၍ သူငယ် ချင်းထံ ဖုန်းအပ်ထားကြောင်း သိရသည်။
  • Mon 11 Aug 2014 - 23:21
    အသက်ခုနစ်ဆယ် ကျော်အရွယ်အဘိုးကို မြေးက ဓားဖြင့်ခုတ်သတ်မှုဇီးကုန်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ သြဂုတ် ၁၁ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအ သက်နှစ်ဆယ်အရွယ်မြေးဖြစ်သူ က ၎င်း၏အဖေနှင့်အဘိုးမှာအမွေ ကိစ္စနှင့် ပတ်သက်၍မကြာခဏ စကားများသဖြင့် အဘိုးဖြစ်သူကို ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည် ဟု ဇီးကုန်းမြို့နယ်ရဲစခန်းမှသ တင်းရရှိသည်။
  • Sun 10 Aug 2014 - 20:58
     ထောင်ဒဏ်များ ချမှတ် ခံနေရပြီး ဥပဒေအရ အကာအ ကွယ်မဲ့နေသော တောင်သူများအ ရေး အစိုးရ ကိုင်တွယ်ဖြေရှင်း ပေးရန်နှင့် တပ်မတော်က သိမ်း ဆည်းထားသော မြေယာများ ပြန်လည်စွန့်လွှတ်ပေးရန် ကန့်ဘလူမြို့တွင် တောင်သူတစ်သောင်း ကျော် ဆန္ဒထုတ်ဖော်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကန့်ဘလူ၊ ခင်ဦး၊ ရေဦးနှင့် ရွှေဘိုမြို့များမှ တောင်သူလယ်သ မားသမဂ္ဂအဖွဲ့ဝင်များ စုပေါင်း ကာ အင်အားတစ်သောင်းဖြင့် သြဂုတ် ၁၃ ရက်တွင် ကန့်ဘလူ မြို့တွင်း လှည့်လည်ဆန္ဒထုတ် ဖော်ခွင့်ရရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက်တောင်းခံထားကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်မည့် တောင်သူဦးဇော်ဝင်းမောင်က ပြောသည်။

Pages

Subscribe to Crime