Crime

  • Mon 25 Aug 2014 - 22:01
    ခွင့်ပြုချက်မရှိဘဲ ရန် ကုန်မြို့လယ်တွင် ဆန္ဒထုတ်ဖော် ခဲ့သည့် တက်ကြွလှုပ်ရှားသူနှစ်ဦး ကို ဆန္ဒထုတ်ဖော်ပြီးငါးလအကြာတွင် ကျောက်တံတားမြို့နယ် တရားရုံးက သြဂုတ် ၂၅ ရက်၌ ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။ ထင်ရှားသည့်တက်ကြွလှုပ် ရှားသူနှစ်ဦးဖြစ်သည့် ဦးဝင်းချိုနှင့် ဦးဝေဠုတို့နှစ်ဦးသည် လျှပ်စစ်ဓာတ်အားသုံးစွဲခတိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့်အနေဖြင့်၂၀၁၄ မတ်လအတွင်းက  ရန်ကုန်မြို့ လယ်၌  ပြုလုပ်ခဲ့သည့် ခွင့်ပြုချက်မရှိသည့်ဆန္ဒထုတ်ဖော်ပွဲတွင် ခွင့်ပြုချက်မရှိဘဲ  ဦးဆောင်ခဲ့မှုဖြင့်ကျောက်တံတား မြို့နယ်တရားရုံး၌ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
  • Mon 25 Aug 2014 - 22:00
    မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလဲ့ဘုရားအနီး ပြည်လမ်းပေါ်၌ အရှိန်မထိန်းနိုင်သော ဆိုင်ကယ် တစ်စီးက တစ်ဖက်ယာဉ်ကြော သို့ ရောက်ပြီး မျက်နှာချင်းဆိုင်မှ မောင်းလာသော ကားနှင့် တိုက်မိ သဖြင့် မိသားစု သုံးဦးသေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။ သြဂုတ် ၂၅ ရက်နံနက်က မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအ တိုင်း၊ ကျိုက္ကလို့ဘုရားဘက်မှ ဗဟိုနိုင်ငံရေးတက္ကသိုလ်ဘက်သို့ အသက် (၂) နှစ်အရွယ် သမီးနှင့် မိဘနှစ်ဦးမောင်းနှင်လာသော နန်ဘိုဆိုင်ကယ်သည်  အမှတ် (၃၂၃) ထောက်ပံ့နှင့် ပို့ဆောင် ရေးတပ်ရင်းရှေ့တွင် အရှိန်လွန် ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ကာ မျက်နှာချင်းဆိုင်မှ မောင်းလာသော လိုက်ထရပ်ပစ် ကပ်ကားနှင့် တိုက်မိခဲ့သည်။
  • Sat 23 Aug 2014 - 22:44
    အင်းလေးကန်အတွင်း နန်းကပ်ချောင်းတွင် စက်လှေနှစ် စီးမျက်နှာချင်းဆိုင်တိုက်မိရာမှ စပိန်နိုင်ငံသား ကမ္ဘာလှည့်ခရီး သည်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ နန်သဲကျေး ရွာ၊ နန်းကပ်ချောင်းအတွင်းရှိ ဘုန်းကြီးကျောင်းအနီးတွင် သြ ဂုတ် ၂၀ ရက်နံနက်က စက်လှေနှစ်စင်းတိုက်မိခြင်းဖြစ်သည်။
  • Sat 23 Aug 2014 - 22:42
    ရေးမြို့နယ်ပိုင် ဇီးဖြူသီး နယ်မြေရဲစခန်းတွင် စာရွက်တစ် ရွက်ပေါ် ‘ဝဋ်ကြွေးရှိရင်ကျေပါစေ’ဟူသောစာရေးထားကာ ရဲတပ် သားတစ်ဦး ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်းသတင်းရရှိသည်။
  • Sat 23 Aug 2014 - 22:40
    မန္တလေးပဋိပက္ခ တွင် စွပ်စွဲခံထားရသူများ၏ အမှု နှင့် ပတ်သက်၍ တရားလိုပြသက် သေစစ်ဆေးမှုကို လာမည့်သီတင်းပတ်အတွင်း ပြီးပြတ်နိုင်မည်ဟု စွပ်စွဲခံရသူများ၏  ရှေ့နေထံမှ သတင်းရရှိသည်။ မန္တလေးပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ စွပ်စွဲခြင်းခံထားရ သော မဖြူဖြူမင်း(ခ) ကတုံးမ၊ နုနုမြတ်၊ ရဲထွဋ်နှင့် ဟာဂျီထွန်း ထွန်းတို့လေးဦးတို့အား ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှုအက်ဥပ ဒေပုဒ်မ ၅(ဃ)၊ (င)၊ (ည) နှင့် ပြစ်မှုဆိုင်ရာပုဒ်မ ၂၁၁ (လီဆယ် တိုင်ကြားမှု) ပုဒ်မများဖြင့် တရား လိုပြသက်သေများကို နေပြည် တော်ပျဉ်းမနားတရားရုံးတွင် သြ ဂုတ် ၄ ရက်က စတင်စစ်ဆေးခဲ့ ခြင်းဖြစ်သည်။
  • Fri 22 Aug 2014 - 22:51
    ဖားကန့် ရွှေမှော်တစ်ခုတွင် သြဂုတ် ၂၂ ရက် ညနေက မြေပြိုပြီး အမျိုးသားလေးဦး သေဆုံးသွားကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ ယခုသေဆုံးသွားသူလေးဦး အပါအ၀င် ငါးရက်အတွင်း မြေပြို၍ သေဆုံးသူ ၆ ဦးရှိသွားပြီဖြစ်သည်။ ဖားကန့်မြို့ ဆည်ဆင်ကျေးရွာအနီးရှိ ပင်းယံခရွှေမှော်တွင် သြဂုတ် ၂၂ ရက် ညနေ ၅ နာရီခန့်က ရွှေတူးနေစဉ် မြေပြိုကျခြင်းဖြစ်ပြီး အမျိုးသားလေးဦး သေဆုံးခဲ့ကြောင်း ဆည်ဆင် နယ်မြေရဲစခန်းမှ တာဝန်မှူးရဲအရာရှိကပြောသည်။
  • Thu 21 Aug 2014 - 22:51
    ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၌ သြဂုတ် ၂၁ရက် ညနေ ပိုင်းက မီးပူအပူလွန်ကဲကာ မီး လောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။ သြဂုတ်လ ၂၁ရက် ညနေ က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်၊ ၄၂ ရပ်ကွက်၊ဦးဖိုးလတ် လမ်းရှိ  အိမ်အမှတ်(၁၂၂)၊ AJKဇာပန်းထိုးလုပ်ငန်းလုပ်ကိုင် လျက်ရှိသည့်အိမ်တွင် မီးပူတိုက် ရာမှ အပူလွန်ကဲပြီးရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
  • Thu 21 Aug 2014 - 22:49
    ရန်ကုန်မှ ပြည်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်တစ်စီးသည် အုတ်ဖိုမြို့နယ်အတွင်း၌ အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။  ‘‘ကားကရှေ့က ခရီးသည် တင်ယာဉ်ကို ကျော်တက်ပြီး အရှိန်မထိန်းနိုင်ဘဲမှောက်သွားတာ။ အဲဒီကားမှာပါတဲ့ ခရီးသည်တွေကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရတယ်။  ဒရိုင်ဘာကတော့ညာဘက်ခြေထောက်ကျိုးသွားတယ်’’ ဟုအုတ်ဖိုမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
  • Thu 21 Aug 2014 - 22:48
    ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးကို ဆိုက်ကားတစ်စီးနှင့်အတူ ဖမ်းမိ၍ ဆက်လက်စစ်ဆေးရာမှ ၎င်း၏ယောက်ဖနှင့်အတူဆိုက်ကား (၁၀)စီးခိုးယူခဲ့မှုကိုပါ ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။   ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်အရှေ့ရပ် ကွက်၊ ဗိုလ်သူရလမ်းနှင့် ဈေးကြီး လမ်းထောင့်၌ ဩဂုတ် ၁၅ ရက် နံနက်  မိုးမလင်းမီအချိန်က ဆိုက်ကားတစ်စီးနှင့်တွေ့ရသော ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။
  • Thu 21 Aug 2014 - 22:47
     နှမ်းခင်းစောင့်ရန် လယ် ကွင်းထဲသွားသော အမျိုးသားတစ်ဦး လျှိုထဲတွင် ဦးခေါင်းဆင်နင်းခံ ရ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။   မကွေးတိုင်းဒေသကြီး၊ အရှေ့ရိုးမသစ်တောကြိုးဝိုင်းအ တွင်းရှိ ၀ါးကြီးမြောင်စခန်းအနီး တွင် သြဂုတ် ၁၈ ရက်ညနေပိုင်း က အမျိုးသားတစ်ဦး ဆင်နင်းခံရ ၍ သေဆုံးခဲ့ကြောင်း ရွှေပန်းတောနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
  • Wed 20 Aug 2014 - 21:55
    အင်းစိန်ပန်းခြံမီးပွိုင့်တွင် မီးပွိုင့်မိ၍ရပ်ထားသော ကားသုံး စီးကို ကွန်တိန်နာတစ်စီးက ဆက် တိုက် တိုက်မိခဲ့ကြောင်း သတင်း ရရှိသည်။ အင်းစိန်မြို့နယ် မီးရထား ဘောလုံးကွင်းဘက်မှ ပန်းခြံမီး ပွိုင့်သို့ မောင်းဝင်လာသော ဖူဆိုအမျိုးအစားကွန်တိန်နာယာဉ်တစ်စီးသည် ဩဂုတ် ၁၉ ရက် ညအချိန်က ဘရိတ်ပေါက်ကာ ယင်းရှေ့မှ မီးပွိုင့်တွင်ရပ်ထားသောလိုင်ထရပ်အမျိုးအစား ကားတစ်စီးကို ဘယ်ဘက်ဘေး အခြမ်းမှ ပွတ်တိုက်မိခဲ့သည်။
  • Wed 20 Aug 2014 - 21:53
    မဟာဗန္ဓုလတံတားဒေါ ပုံမြို့နယ်သို့ ဆင်းသည့် ဘက်တွင် ကွန်တိန်နာကားတစ်စီးအရှိန်လွန်၍ တံဘားဘောင်ကို ၀င်တိုက်ခဲ့ပြီး ကားမှာတံတားပေါ်တွင် တစ်ခြမ်းတင်နေကြောင်း ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်မှာ သြဂုတ် ၂၀ရက် ညနေ ၆နာရီတွင်ဖြစ်ပွား ခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်းသ တင်းရရှိသည်။
  • Wed 20 Aug 2014 - 21:47
    ထိုင်းနိုင်ငံ စမွန်ပါကန် မြို့နယ်ရှိ ဆေးဆိုးပန်းရိုက်စက်ရုံ ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူမြန်မာအလုပ်သမား ၁၈ ဦးအနက် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ပေါက်ကွဲမှုစတင်ဖြစ်သည့် အချိန်ကပင် စိုးရိမ်ရသည့် အသက်၃၄ နှစ်အရွယ်ခန့် လူနာဖြစ်ပြီး ဘန်ကောက်ဆေးရုံတွင်  သြဂုတ်၁၉  ရက် ညက ဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းစက်ရုံအနီးတွင် နေ ထိုင်သူ ကိုဇော်ဝင်းက ပြောသည်။ ‘‘အခြေအနေမကောင်းတဲ့ အမျိုးသမီးတစ်ယောက် မနေ့ည က ဆုံးသွားပြီ၊ သေဆုံးသွားတဲ့ လူအတွက်ရော ဒဏ်ရာရတဲ့လူတွေ အတွက်ပါ စက်ရုံက လျော်ကြေး ပေးမယ်ကြားတယ်။ အခုထိတော့မရသေးပါဘူး’’ဟု ကိုဇော်ဝင်းက ဆိုသည်။
  • Wed 20 Aug 2014 - 21:45
    ငြိမ်းချမ်း ရန်ကုန်− သိမ်းဆည်းခံမြေယာပြန် ရရေး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ဆန္ဒပြတောင်းဆိုခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် အရေးယူခံထားရသော မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင်ဦးစိန်သန်းအား ဗဟန်းမြို့နယ်တရားရုံးက ထောင်ဒဏ်လေးလချမှတ်လိုက်သည်။ ဧပြီ ၅ ရက်က သိမ်းဆည်း ခံမြေယာပြန်ရရေးအတွက် လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်၏  နေအိမ်ရှေ့ဆန္ဒပြ တောင်းဆိုခဲ့မှုကြောင့် ပုဒ်မ ၁၈ ဖြင့် အရေးယူခံထားရသော မိကျောင်းကန်သပိတ်စခန်းခေါင်း ဆောင် ဦးစိန်သန်းအား ဗဟန်းမြို့ နယ် တရားရုံးက ဩဂုတ် ၂၀ ရက်တွင် အမိန့်ချလိုက်ခြင်းဖြစ် သည်။
  • Tue 19 Aug 2014 - 16:58
    လှည်းတန်းဈေးအနီးရှိ အိုတူး (O2) ဖုန်းအရောင်းဆိုင် တွင်ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့ရာဟန်းဆက်အလုံးရေ ၃၀ ကျော်ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ သြဂုတ် ၁၈ ရက် ညတွင် ဖောက်ထွင်းခံရခြင်းဖြစ်ပြီး ဆိုင် ဖောက်ထွင်းသူသည် ဆမ်ဆောင်း၊ ဆိုနီ၊ ဟွာဝေးစသည့် ဖုန်းအမျိုး အစားစုစုပေါင်း ၃၇ လုံးကို ယူ ဆောင်သွားခြင်းဖြစ်သည်။
  • Mon 18 Aug 2014 - 21:17
    ရန်ကုန်မြို့လယ်ကောင် ၌ ညအချိန်လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး၏ ရွှေဆွဲကြိုး ဖြတ်ပြေးသူကို အနီးရှိ လူငယ်များက ၀ိုင်းဖမ်းကာ ရဲစခန်းသို့ အပ်ခဲ့ကြောင်း သတင်းရရှိသည်။ လမ်းမတော်မြို့နယ်၊ မဟာဖန္ဓုလလမ်းနှင့် ရွှေတောင်တန်းလမ်း ထိပ်တွင် သြဂုတ် ၁၇ ရက် ည ၇ နာရီအချိန်က မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျှောက်နေသော အမျိုးသမီး သုံးဦးအနက်တစ်ဦး၏ လည်ပင်းတွင်ဝတ်ထားသောရွှေဆွဲကြိုးတစ်ကုံးကို မျက်နှာချင်း ဆိုင်မှ လမ်းလျှောက်လာသော အမျိုးသားတစ်ဦးက ဖြတ်ပြေးခဲ့ ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
  • Mon 18 Aug 2014 - 21:16
    မလေးရှားနိုင်ငံသို့ ဗီဇာအတုများဖြင့် လာရောက်မှုကြောင့် ထောင်ကျနေသော မြန်မာနိုင်ငံသား ၅၂ ဦးကို ခေါ်ဆောင်လာသူသုံးဦးအား မလေးရှားနိုင်ငံဆီဗန်းတရားရုံးက ယနေ့ အမိန့်ချမှတ်မည်ဖြစ်သည်။ ဇူလိုင် ၈ ရက်က မလေးရှား နိုင်ငံသို့ မြန်မာ ၇၂ ဦးကို ဗီဇာအတုဖြင့် ခေါ်ဆောင်သွားမှုကြောင့် မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ဗီဇာအတုများဖြင့် လာရောက်သည့် မြန်မာ ၇၂ ဦးနှင့် ခေါ် ဆောင်လာသူမြန်မာသုံးဦးကို ဖမ်းဆီးခဲ့သည်။
  • Mon 18 Aug 2014 - 21:12
    မြွေမျိုးစုံကို အိတ်များ ဖြင့်ထည့်ကာ အိမ်စီးကားတစ်စီး ဖြင့် သယ်လာသူများကို အမြန် လမ်းရှိ  နေပြည်တော်တိုးဂိတ်တွင် ဖမ်းမိပြီး  ယာဉ်မောင်းမှာမူ ထွက်ပြေး သွားကြောင်း သတင်းရရှိသည်။ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန် လမ်းရှိ နေပြည်တော်တိုးဂိတ်တွင် သြဂုတ် ၁၇ ရက် နံနက်အချိန်က ရန်ကုန်မှ မန္တလေးသို့ မောင်းလာ သည့် မတ်တူးအမျိုးအစား ယာဉ် ကို စစ်ဆေးခဲ့ရာ ယင်းကားကို မောင်းလာသော ရှမ်းပြည်နယ်၊ မူ ဆယ်မြို့မှ ယာဉ်မောင်းမှာ ထွက် ပြေးသွားသည်။
  • Sat 16 Aug 2014 - 22:00
    မွန်ပြည်နယ်တွင် မြတ် ရတနာမင်းခရီးသည်တင်မှန်လုံ ယာဉ်တစ်စီးက ရှေ့မှ မောင်းနေ သော ယာဉ်ကို  ကျော်တက်စဉ် ပွတ်တိုက်မိပြီး မျက်နှာချင်းဆိုင်မှ မောင်းလာသော ယာဉ်နှင့် တိုက်မိ၍ လူ ၃ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ မော်လမြိုင်-ဘားအံ ကားလမ်းပေါ် ခရုံလမ်းအ၀င်၌ သြဂုတ် ၁၅ ရက် နံနက်အချိန်က မော်လမြိုင်မှ ဘားအံသို့ မောင်း လာသော မြတ်ရတနာမင်းခရီး သည်တင်ယာဉ်တစ်စီးသည် ရှေ့ က မောင်းနေသော ခရီးသည်တင် ဟိုင်းလပ်ယာဉ်ကို  ကျော်တက် စဉ်ဟိုင်းလပ်ယာဉ်၏ ဘယ်ဘက် ခြမ်းကို ပွတ်တိုက်မိခဲ့သည်။
  • Fri 15 Aug 2014 - 22:46
    မဟာသန္တိသုခကျောင်း တိုက်မှ သံဃာငါးပါး တရားရင် ဆိုင်နေရသော အမှုနှစ်မှု၏ အမှု တွဲများသည် ၎င်းတို့ရင်ဆိုင်နေရ သော တာမွေမြို့နယ်တရားရုံး တွင် မရှိသောကြောင့် ဩဂုတ် ၁၅ ရက်တွင် ခုနစ်ကြိမ်မြောက်ရုံး ချိန်းကို စစ်ဆေးနိုင်ခြင်းမရှိခဲ့ပေ။   မဟာသန္တိသုခကျောင်း တိုက်နှင့်ပတ်သက်၍ ဖမ်းဆီး အရေးယူခံခဲ့ရသော သံဃာတော် ငါးပါးကို ဩဂုတ် ၁၅ ရက်က ခုနစ်ကြိမ်မြောက် ရုံးချိန်းထုတ်ခဲ့ ရာ အမှုတွဲမရှိသောကြောင့် စစ်ဆေးခဲ့ခြင်းမရှိဘဲ လာမည့် ဩဂုတ် ၂၉ ရက်တွင် ထပ်မံရုံးချိန်းဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။

Pages

Subscribe to Crime