Education


Sponsored By Samsung

ကျောင်းသူကျောင်းသားတွေ အသုံးပြုသင့်တဲ့ စမတ်ဖုန်း App များ

Tue 21 Nov 2017 - 18:05

နည်းပညာတွေ မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲလာတဲ့ ခေတ်မှာ မိုဘိုင်းဖုန်းဆိုတာက လူတိုင်းလက်ထဲမှာ ရှိနေတဲ့ အသုံးအဆောင် ပစ္စည်းမျိုး ဖြစ်လာပါပြီ။ ကျောင်းသူကျောင်းသားတွေ ကိုယ်စီကိုယ်စီမှာလည်း ခေတ်နဲ့အညီ စမတ်ဖုန်းတွေ ကိုင်ဆောင်နေကြပါတယ်။ စမတ်ဖုန်းတွေနဲ့ တွဲဖက် အသုံးပြုဖို့ App တွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးဆွဲဖန်တီးနေကြရာမှာ ပညာရေးအတွက် ဘက်ပေါင်းစုံက စဉ်းစားပြီး အထောက်အပံ့ ပေးနိုင်တဲ့ App မျိုးတွေလည်း ရှိပါတယ်။


  • Sat 08 Nov 2014 - 18:40
    ရန်ကုန်မြို့အပါအ၀င် နယ်မြို့ များရှိ ဆရာ၊ ဆရာမများ သွား လာရေးလွယ်ကူစေရန် မော် တော်ယာဉ်များ၊ နေအိမ်များကို ငါးနှစ်အတွင်း ပေးအပ်နိုင်ရန် ဘတ်ဂျက်တွင် လျာထားကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီကပြောကြားသည်။
  • Sat 08 Nov 2014 - 18:29
    ရန်ကုန်တက္ကသိုလ်အတွင်းရှိ ပြန် လည်လွှဲပြောင်းပေးသည့် မာလာ ဆောင်နှင့် သီရိဆောင်ကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်မည့်အ ပြင် ကျောင်းသူ၊ ကျောင်းသား ၄၀၀ဦး နေထိုင်နိုင်မည့် အဆောင်သစ်နှစ်ခုကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 08 Nov 2014 - 18:23
    ရန်ကုန်တက္ကသိုလ်တွင်သင်ကြား ပေးလျက်ရှိသည့် လူ့စွမ်းအားအ ရင်းအမြစ် ဘွဲ့လွန်ဒီပလိုမာ(HRD)သင်တန်းများကို ပုံမှန်ဆက်လက်ဖွင့်လှစ်ရန် စီစဉ်ထားပြီးတက္ကသိုလ်များ၌ လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရရှိပါက သင်တန်းကြေးအပြောင်းအလဲ ရှိနိုင်ကြောင်းရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ အောင်သူကပြောသည်။
  • Mon 03 Nov 2014 - 23:07
    အဝေးသင်တက္ကသိုလ် များတွင် မသမာသောနည်းဖြင့် စာမေးပွဲဖြေဆိုသော အထောက်အ ထားတွေ့ရှိပါက ဖြေဆိုသူမသိစေဘဲ သိမ်မွေ့စွာဖြင့် အစီရင်ခံစာနေ့ချင်းပေးပို့ရန်  စာမေးပွဲကြီးကြပ်သူများကို  ညွှန်ကြားထား ကြောင်း သိရသည်။  အဝေးသင်တက္ကသိုလ်စာ မေးပွဲဖြေဆိုသော ကျောင်းသား များတွင် မသမာသောနည်းဖြင့် ဖြေဆိုသူများကို ၎င်းတို့၏ အဖြေ လွှာစာအုပ်၊ ပေတံ၊ မှတ်စုစာရွက်စာတမ်းစသည့် အထောက်အ ထားများ သက်သေများနှင့်တကွ အစီရင်ခံစာကို မော်ကွန်းထိန်းရုံး သို့ စာမေးပွဲကြီးကြပ်သူများက နေ့ချင်းပေးပို့အကြောင်းကြားရမည် ဖြစ်သည်။  ‘‘သိမ်မွေ့စွာဆောင်ရွက်ဖို့ ညွှန်ကြားထားတာပါ။ မသမာတဲ့ နည်းနဲ့ ဖြေဆိုတဲ့ ကျောင်းသား တွေလည်း ရှိနေပါသေးတယ်’’ဟု အဝေးသင်တက္ကသိုလ်စာမေးပွဲ ကြီးကြပ်ရသော ဆရာတစ်ဦးက ပြောသည်။
  • Sun 02 Nov 2014 - 13:04
    ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လျှောက်လွှာခြောက်သိန်းခန့် ရောင်းချထားပြီဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သတင်းရရှိသည်။
  • Sat 01 Nov 2014 - 23:46
    ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုဌာန၏ ညနေပိုင်း နိုင်ငံခြားဘာသာစကားသင်တန်း များကို ဒီဇင်ဘာတွင် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ညနေပိုင်း သင်တန်းပို့ချပေး သော ဆရာ၊ ဆရာမများအား ဉာဏ်ပူဇော်ခပေးရန် အခက်အခဲ ကြောင့် အောက်တိုဘာ ၆ ရက် တွင် ဖွင့်လှစ်ရမည့်သင်တန်းများ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်း ထားခဲ့ရပြီး ယခုအခါ ပြန်လည် ဖွင့်လှစ်ရန်စီစဉ်နေခြင်းဖြစ်သည်။  ‘‘ဆရာ၊ ဆရာမတွေရဲ့ ဉာဏ်ပူဇော်ခလည်း အဆင်ပြေ သွားပါပြီ။ ဒီဇင်ဘာအတွင်း ပြန် ဖွင့်မှာပါ’’ဟု ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • Thu 30 Oct 2014 - 15:55
    အနှစ် ၂၀ နီးပါး ပိတ်ထားခဲ့သည့် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ကို CoE (Center of  Excellence)အဖြစ် အဆင့်မြှင့်တင်၍ ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဘွဲ့ကြို ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် အထူးပြုကျောင်းသား၊ ကျောင်းသူများကို၂၀၁၃-၁၄ ပညာသင်နှစ်တွင် ပြန်လည်သင်ကြားပေးခဲ့ရာ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများ များပြားခဲ့သည်။
  • Wed 29 Oct 2014 - 22:05
    ယခုပညာသင်နှစ်တွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်၏ ဝင်ခွင့်အမှတ် သတ်မှတ်ချက်မှာ ယခင်နှစ်ထက် မြင့်တက်သွားကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းမှ သတင်းရရှိ သည်။ ဆေးတက္ကသိုလ်များ၏ ဝင်ခွင့်အမှတ် သတ်မှတ်ချက်မှာ ယခင်နှစ်နှင့် တူညီနေပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များနှင့် သူနာပြု တက္ကသိုလ်တို့၏ တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက်များမှာ ယခင်နှစ်ထက် လျော့ကျသွားသည်။
  • Thu 23 Oct 2014 - 18:34
    မြန်မာရွေ့လျားပညာရေးစီမံကိန်း(myME) က ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်များရှိ စားပွဲထိုးကလေးငယ်များအား ပညာသင်ကြားပေးခြင်း တတိယစီမံချက်အဖြစ် သုံးလကြာ ပညာသင်ကြားပေးမည့်အစီအစဉ် အောက်တိုဘာလလယ်တွင် စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Thu 23 Oct 2014 - 17:13
    နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ၂၅ ခုဖြင့် ပြန်လည်ပေးပို့လိုက်သည့် အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေးပြီးနောက် အချက် ၁၉ ချက်ကို ပြန်လည်ပြင်ဆင်ရန်  သဘောတူခဲ့ပြီး ကျန်ခြောက်ချက်ကို လွှတ်တော်၏ မူလဖော်ပြချက်အတိုင်း အတည်ပြု၍ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် ပြန်လည်ပေးပို့ခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသားပညာရေးဥပဒေကို အတည်ပြုပြဌာန်းခဲ့သည်။
  • Thu 16 Oct 2014 - 16:22
    မကြာမီက အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ်အစည်းအဝေးကို နိုဝင်ဘာ ၁၂၊ ၁၃ ရက်များတွင် ကျင်းပပြီး အစည်းအဝေးမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို အမျိုးသားနေ့တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Wed 08 Oct 2014 - 15:15
    အမေရိကန်နိုင်ငံ University of Southern California၊ Marshall School of Business မှ နိုင်ငံတကာစီးပွားရေးပညာသုတေသနဆိုင်ရာ (IBEAR) MBA ပရိုပရမ်အတွက် အမေရိကန်ဒေါ်လာ ငါးသောင်းတန်ဖိုးရှိ ပညာသင်ဆုသုံးဆုကို မြန်မာနိုင်ငံမှ စီးပွားရေးနယ်ပယ်တွင် လုပ်ကိုင်နေသူများအား ပထမဆုံးအကြိမ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
  • Wed 08 Oct 2014 - 15:08
    စဉ်းစားတွေးခေါ်သော စာသင်ခန်းများဖောင်ဒေးရှင်း (Thinking Classroom Foundation)က လက်ရှိ ပညာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအတွက် Reading and Writing for Critical Thinking (RWCT) အခြေခံသင်တန်းကို အောက်တိုဘာ ၁၁ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Wed 08 Oct 2014 - 15:06
    ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ယခုနှစ် ပညာသင်နှစ် ပညာရေးဘွဲ့ရ(B.Ed) ရရှိခဲ့သူ ငါးရာကျော်အား အလယ်တန်းပြ (သို့) ဒေသလိုအပ်ချက်အရ ဘာသာရပ်ကိုက်ညီသူကို အထက်တန်းပြရာထူး ကျောထောက်နောက်ခံပြု၍ အလယ်တန်းပြဆရာအဖြစ် ယခုလအတွင်း ခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
  • Mon 06 Oct 2014 - 21:31
    ရန်ကုန်နိုင်ငံခြားဘာ သာတက္ကသိုလ်၊ လူ့စွမ်းအားအ ရင်းအမြစ်ဖွံ့ဖြိုးမှုဌာနက ဖွင့်လှစ် သော ညနေပိုင်းနိုင်ငံခြားဘာသာ စကားသင်တန်းများကို ငွေကြေး အခက်အခဲကြောင့် ရပ်ဆိုင်းထား ရကြောင်းသတင်းရရှိသည်။ ညနေပိုင်းသင်တန်းမှ ရရှိ သော သင်တန်းကြေးများကို နိုင်ငံ တော်ဘဏ္ဍာတော်သို့ပေးသွင်း လိုက်ရခြင်းကြောင့် သင်တန်းဖွင့် လှစ်ရန်ဆရာ၊  ဆရာမများအ တွက် ဉာဏ်ပူဇော်ခပေးရာတွင် ငွေကြေးအခက်အခဲဖြစ်ပေါ်နေ ခြင်းဖြစ်သည်။ ‘‘အရင်တုန်းက နိုင်ငံတော် ကို ၃၅ရာခိုင်နှုန်းသွင်းရတယ်။ အခုအကုန်လုံးသွင်းလိုက်ရတယ် ။ ပွင့်ပွင့်လင်းလင်းပြောရရင် သင် တန်းကြော်ငြာကို သတင်းစာထဲ ထည့်ဖို့တောင် သုံးစရာမရှိတော့ ဘူးဖြစ်သွားတယ်။ ဆရာမတွေကို တစ်နာရီ ကျပ်ငါးရာပေးမယ် ပြောတယ်။ တစ်နေ့ နှစ်နာရီသင် တော့ ကျပ်တစ်ထောင်နဲ့ဆရာ တွေဘယ်လိုလုပ်မလဲ။ကားငှား ပြန်လို့တောင်မရတော့ဘူး’’ဟု ရန် ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မှ တာဝန်ရှိသူတစ်ဦးကပြော သည်။
  • Sat 04 Oct 2014 - 19:59
     နှုတ်ဆက်ပွဲ၌ တပည့်များနှင့်အတူ ငိုကြွေးနေသည့် ဓာတ်ပုံများ အင်တာနက်လူမှုကွန် ရက်များပေါ်တွင် ဖော်ပြခံရပြီး လူသိများလာခဲ့သည့် လက်ထောက်ကျောင်းအုပ်ဆရာ  ဦးသန်းလှိုင်အပါအ၀င် ဆရာသုံးဦးအား နိုင်ငံတော်အဆင့် ‘‘လူမှုထူးချွန်ဆရာဆု’’ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနသည် နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံတော် အဆင့်ကျင်းပမည့် ကမ္ဘာ့ဆရာ များနေ့အခမ်းအနား၌ ပေးအပ်ချီးမြှင့်မည့် လူမှုထူးချွန်ဆရာဆုအဖြစ်ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရွှေဘနှင့်ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊မုန်းဒိန်းပါကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာ ဦးလှနူးတို့အား ရွေးချယ်စီစဉ်ထားရာမှ ယခုအခါတွင်ချောင်းဦးမြို့နယ်မှ လက်ထောက်ကျောင်းအုပ်ဆရာဦးသန်းလှိုင်ပါတိုးမြှင့်ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
  • Fri 03 Oct 2014 - 20:26
    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်နေသည့် အလယ်တန်းပြဆရာရာထူး လျှောက်ထားလိုသော မူလတန်းပြဆရာများ အောက်တိုဘာ ၄ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ လျှောက်ထားရန် အမှတ်(၃)အခြေခံပညာဦးစီးဌာနသို့ ညွှန်ကြားချက်ထုတ်ပြန်သည်။
  • Fri 03 Oct 2014 - 19:45
    ‘‘ကျူရှင်ရော၊ ဂိုက်ရော ကောင်းကောင်းထားပေးထားတယ်။ အဲဒါမှ ဘာမှဖြစ်မလာရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ပဲ ရှိတော့တယ်’’ဟု လိုင်းကားတစ်စီးပေါ်တွင် မိခင်တစ်ဦးက ကျူရှင်မှပြန်လာသည့် ၎င်း၏သမီးဖြစ်သူအား ပြောဆိုနေသည်။
  • Sat 27 Sep 2014 - 20:04
    အထက်တန်းပြဆရာများ ရာထူးတိုးမြှင့်ခန့်ထားမှုကြောင့် လစ်လပ်သွားသည့် အလယ်တန်းပြဆရာရာထူးနေရာများကို ရာထူးတန်းပြဆရာများအား တိုးမြှင့်ခန့်အပ်သွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
  • Thu 25 Sep 2014 - 16:40
    မြန်မာနိုင်ငံတွင် အလုပ်အကိုင်အမျိုးအစား ၁၄၀၀ ကျော်ရှိနေသော်လည်း သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင် သင်ယူတတ်မြောက်ပြီးစီး၍ ဘွဲ့ရရှိပြီးသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေဆဲဖြစ်သည်။

Pages

Top News

Subscribe to Education