Education


Sponsored By Samsung

နည်းပညာ အသုံးချ ပညာသင်ကြားခြင်းရဲ့ ကောင်းကျိုးများ

Thurs 11 Jan 2018 - 18:05

နည်းပညာ ခေတ်မှာတော့ လူနေမှုကဏ္ဍဍ အသီးသီးမှာ နည်းပညာ ဖြည့်တင်း သုံးစွဲမှုတွေ သိသိသာသာ မြင့်တက်လာပါတယ်။ ကျန်းမာရေး၊ လူမှုရေး၊ လူမှုရေး နယ်ပယ်တွေနည်းတူ ပညာရေး ကဏ္ဍဍမှာလည်း နည်းပညာ အသုံးပြုပြီး မြှင့်တင် ဖြည့်ဆည်းပေးဖို့ ပညာရှင်တွေက ဘက်ပေါင်းစုံ စဉ်းစား ကြံဆလာပါတယ်။ ဒါပေမဲ့ ဝိဝါဒ ကွဲပြားမှုတွေလည်း ရှိနေဆဲပါ။


  • Sat 10 Jan 2015 - 16:23
    ရန်ကုန်တက္ကသိုလ်တွင် သင်ကြားပေးနေသည့် နိုင်ငံရေးသိပ္ပံဘာသာရပ်ဘွဲ့ကြိုကျောင်းသားများအား နိုင်ငံရေးမပြုလုပ်ရဟု လာရောက်တားမြစ်မှုများရှိနေကြောင်း  သတင်းများထွက်ပေါ် နေသည့်အပေါ်ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်သူက မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။
  • Fri 09 Jan 2015 - 22:31
    လာမည့် ၂၀၁၅-၁၆ ပညာသင်နှစ်အတွက် ကိုယ်ပိုင် ကျောင်းတည်ထောင်လိုသူများ ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နောက်ဆုံးထား၍ မှတ်ပုံတင်လျှောက်ထားရန် အမှတ် (၃) အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။ ပညာရေးဝန်ကြီးဌာနသည် ၂၀၁၂-၁၃  ပညာသင်နှစ်က ကိုယ်ပိုင်ကျောင်းများ  စတင်ဖွင့် လှစ်ခွင့်ပြုခဲ့ပြီး    ယခုစတုတ္ထမြောက်နှစ်အဖြစ်  ကိုယ်ပိုင်ကျောင်းတည်ထောင်လိုသူများကိုလျှောက်လွှာခေါ်ယူခြင်းဖြစ်သည်။  ‘‘ကိုယ်ပိုင်ကျောင်းအရေ အတွက်ကတော့ နောက်နှစ်ပိုများ လာမယ့် သဘောရှိတယ်ဗျ။ အကောင်းအဆိုးတော့ ပြောရခက် ပါတယ်’’ဟု မန္တလေးမြို့တွင် ငါးနှစ်သက်တမ်းရှိ ကိုယ်ပိုင်ကျောင်းတည်ထောင်ထားသူတစ်ဦးက ပြောသည်။ ကိုယ်ပိုင်ကျောင်းများ တည် ထောင်ခွင့်ပြုရာတွင် တစ်နှစ်၊ ၂ နှစ်နှင့် ငါးနှစ်ဟူ၍ သုံးမျိုးခွဲခြား သတ်မှတ်၍ ဖွင့်လှစ်ခွင့်ပြုထား ပြီး မန္တလေးနှင့် ပြင်ဦးလွင်မြို့များ၌ ကိုယ်ပိုင်ကျောင်းအများအပြားတည်ထောင်ထားသည်။
  • Tue 06 Jan 2015 - 13:52
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က  လာမည့်ပ ညာသင်နှစ်တွင် စာသင်ကျောင်း များထပ်မံတည်ဆောက်နိုင်ရန် ပြည်နယ်နှင့်တိုင်းတစ်ခုလျှင် ရန်ပုံငွေကျပ်သိန်းငါးဆယ်စီထောက်ပံ့ ပေးသွားရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။
  • Mon 05 Jan 2015 - 11:19
    ၂၀၁၄  ခုနှစ်အတွင်း ပညာရေးကဏ္ဍတွင် အမျိုးသားပညာရေးဥပဒေကို ပထမဆုံးအကြိမ် အတည်ပြုနိုင်ခဲ့ခြင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပထမဆုံးအကြိမ် နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုပေးအပ်ရန် စီစဉ်ခြင်း၊ ပညာရေးကဏ္ဍအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာသန်း ၈၀ နှင့် သြစတြေးလျအစိုးရက ကန်ဒေါ်လာသန်း ၂၀ နှစ်ရှည်ထုတ်ချေးခြင်း၊ ဒသမတန်း(သို့) တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းကို ပြည်တွင်းနှင့် ပြည်ပစာစစ်ဌာနအတွက် နှစ်စုံသာထုတ်ပြန်ရန်စီစဉ်ခြင်း၊ စတုတ္ထတန်းနှင့်အဋ္ဌမတန်းကို ကျောင်းပြင်ပစစ် (သို့) အစိုးရစစ်စာမေးပွဲစနစ်သို့ ပြောင်းလဲခြင်း၊ နိုင်ငံတကာကျောင်းများမှ အခြေခံပညာကျောင်းများသို့ ပြောင်းရွှေ့သင်ကြားနိုင်မည့် အရည်အချင်းစစ်စာမေးပွဲ (Placement Tests) များ ကျင်းပပြုလုပ်ပေးခြင်း၊ အခြေခံပညာအလယ်တန်းအဆင့်အထိ အခမဲ့အလယ်တန်းပညာရေးစနစ်ကို တိုးမြှင့်ခြင်း၊ လစ်လပ်နေသည့် အထက်တန်းပြဆရာများကို ကြားဖြတ်အစီအစဉ်အနေဖြင့် အထူးလိုအပ်ချက်အရ အောက်တိုဘာအတွင်း ခန့်အပ်ပေးခြင်း၊ နာမည်ကျော်မာလာနှင့် သီရိအဆောင်များကို ပြန်လည်ဖွင့်လှစ်၍ အဆောင်သူများကို လက်ခံခြင်းစသော အပြောင်းအလဲများစွာ ဖြစ်ပွားခဲ့သည်။
  • Thu 01 Jan 2015 - 12:10
    "မေးခွန်းတွေက လွယ်တော့လွယ်တယ်။ ဒါပေမဲ့ မေးထားတာအားလုံးတော့ မဖြေနိုင်လိုက်ဘူး။ မေးခွန်းက ဘယ်လိုမေးမလဲဆိုတာကို စိုးရိမ်နေတော့ ကျက်သွားတဲ့စာတွေ အကုန်လုံးကိုမမှတ်မိဘူး ဖြစ်သွားတာ။ အတန်းတင်ကျရင်တော့ ဖြေနိုင်မယ်’’ဟု ကြည့်မြင်တိုင်မြို့နယ်ရှိ အဋ္ဌမတန်းကျောင်းသူ မရွှေရည်က ၎င်းဖြေဆိုခဲ့သည့် အကြိုစာမေးပွဲ၏အခြေအနေကို ပြောပြသည်။
  • Mon 29 Dec 2014 - 00:53
    လာမည့် ၂၀၁၅-၁၆ ပညာသင်နှစ်မှစတင်၍ အထက်တန်းအဆင့်ကို အခမဲ့ပညာရေးအဖြစ် အကောင်အထည်ဖော်ရန်ရှိကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကပြောသည်။ အခြေခံအထက်တန်းအဆင့်အခမဲ့ပညာရေးအတွက် လက်ရှိတွင် ဘတ်ဂျက်ရေးဆွဲထားပြီးဖြစ်ရာ အဆိုပါဘတ်ဂျက်ပမာဏကို ရသုံးမှန်းခြေငွေစာရင်းဌာနသို့ တင်ပြရမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် လွှတ်တော်တွင် အတည်ပြုပြီးပါက လာမည့်နှစ်တွင် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။
  • Sat 27 Dec 2014 - 17:36
    ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုတွင် ဆရာများ၏အခန်းကဏ္ဍ အရေးပါမှုနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ ပညာရှင်များ ပါဝင်ဆွေးနွေးမည့် ‘‘ဒီမိုကရေစီ ပညာရေးပြုပြင်ပြောင်းလဲမှုကြီး၌ ဆရာ၏အခန်းကဏ္ဍ’’ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 27 Dec 2014 - 17:33
    နော်ဝေးနိုင်ငံရှိ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ  ပါမောက္ခများ လာရောက်သင်ကြားပေးမည့် စီမံခန့်ခွဲမှုပညာ(Master of Management) မဟာဘွဲ့သင်တန်းကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ လာမည့်မတ်လတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 27 Dec 2014 - 17:31
    အခြေခံပညာကျောင်းများတွင် ပြင်ပစစ်စနစ်ဖြင့် ကျင်းပနေသည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းအကြိုစာမေးပွဲမှ ရလဒ်များကို သုံးသပ်၍ အတန်းတင်စာမေးပွဲအတွက် မေးခွန်းလွှာများကို ဇန်န၀ါရီအတွင်း ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
  • Tue 23 Dec 2014 - 18:15
    အမျိုးသားပညာရေး ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးနောက် ဆက်စပ်ဥပဒေတစ်ခုဖြစ်သည့် အခြေခံပညာရေးဥပဒေမူကြမ်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ သွားရောက်၍ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားသည့် အမျိုးသားပညာရေးနည်းဥပဒေနှင့် ဆက်စပ်ဥပဒေကြမ်းများကို ဥပဒေပိုင်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ နှင့် ဆွေးနွေးပွဲအား ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ်  စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ‘‘ဒီဇင်ဘာ ၁၆ ရက်က ဥပ ဒေမူကြမ်းတွေကို သုံးရက်ကြာ ဆွေးနွေးခဲ့ကြတယ်။ အဲဒီမူကြမ်း တွေကို ပြင်ဆင်ပြီးတော့ ဥပဒေ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့ကို တင်ပြမယ်။ ပြီးရင် အဲဒီမူကြမ်းတွေကို ပြည်နယ်နဲ့ တိုင်းကိုဆင်းပြီးတော့မှ ထပ်ပြီး ပြင်ဆင်တဲ့ကိစ္စကို လုပ်ဦးမယ်’’ ဟု အမှတ်(၁)အခြေခံပညာဦးစီး ဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။   ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတုခန်းမတွင် ဒီဇင်ဘာ ၁၆ မှ ၁၈ ရက်အထိသုံးရက်ကြာ ကျင်းပခဲ့သည့် ပညာ ရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌  အမျိုးသားပညာ ရေးနည်းဥပဒေနှင့် ဆက်စပ်ဥပဒေကြမ်းရေးဆွဲခြင်းများကို ပညာရေးဝန်ကြီးဌာနအပါအ၀င် ပညာရှင်ပေါင်း လေးရာနီးပါးက ဆွေး နွေးခဲ့ကြသည်။ အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲတွင် နည်းဥပဒေ၊ အဆင့်မြင့် ပညာဥပဒေ၊ အခြေခံပညာဥပ ဒေ၊ ဆရာအတတ်သင်ဥပဒေ၊ ပုဂ္ဂလိကတက္ကသိုလ်များ ဥပဒေ များကို ပညာရှင်များက ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။
  • Sun 21 Dec 2014 - 17:19
    လာမည့် ၂၀၁၅-၁၆ ၀င်ခွင့် ပညာသင်နှစ်ပညာရေးဘွဲ့ (B.Ed) ဘွဲ့ စာပေးစာယူသင်တန်း ၀င်ခွင့်စာမေးပွဲဖြေဆိုရန် ၀င်ခွင့် လျှောက်လွှာများကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ပညာရေးဝန် ကြီးဌာနမှ သတင်းရရှိသည်။
  • Sun 21 Dec 2014 - 16:59
    သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (သပန)လက်အောက်ရှိ  COE (Center of Excellence) တက္ကသိုလ်ခြောက်ခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုနှင့် နိုင်ငံတော်က ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် လူမှုရေးခက်ခဲသော မြို့နယ်များမှ တိုင်းရင်းသားကျောင်းသားများအား ပထမဆုံးအကြိမ်ဝင်ခွင့်ပြုမည့် အမှတ်ဖြင့် ကန့်သတ်ခြင်းမရှိဘဲ ၀င်ခွင့်လျှောက်လွှာများကို ဒီဇင်ဘာ ၂၁ ရက် နောက်ဆုံးထားခေါ်ယူနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 20 Dec 2014 - 21:23
     မြောက်အမေရိကတိုက်ဘက်ရှိ အအေးလှိုင်းသည် အာရှတိုက်ဘက်သို့ ရောက်ရှိလာနိုင်ကာ ခရစ္စမတ်ကာလတွင် မြန်မာနိုင်ငံဒေသအနှံ့ အအေးပိုလာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးသည်။
  • Fri 19 Dec 2014 - 22:51
     နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများအတွက် နိုင်ငံရေးနှင့် ပြည်သူ့ရေးရာသင်တန်း (iPEAC)ကို ဇန်န၀ါရီ ၄ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း အမေရိကန်သံရုံးကကြေညာသည်။ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ သင်တန်းကို ၂၀၁၄ ဇန်န၀ါရီတွင် အမေရိကန်စင်တာ၌  စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သုံးနှစ် ဆက်တိုက်ဆောင်ရွက်သွားရန် အမေရိကန်အစိုးရက ဘဏ္ဍာငွေ ပံ့ပိုးထားခြင်းဖြစ်သည်။ အဆိုပါ သင်တန်းကာလ သည် ဇန်န၀ါရီ ၂၆ရက်မှ မတ်လ ၇ရက်အထိ ခြောက်ပတ်ကြာမြင့် မည်ဖြစ်ပြီး Peace Advocacy၊ Research Methods and Analy-sis For Advocates၊ Civic &Voter Education၊ Political Engagem-entနှင့် TOT For Civic Educa-tors ဘာသာရပ်များ ပို့ချမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အခြေခံသဘောတရားများနှင့် ဆိုင်သော  အသိပညာများနှင့် လက်တွေ့လုပ်ဆောင်မှုများတိုး တက်စေရန်နှင့် ပြည်သူများကို ကိုယ်စားပြုပြီး ပိုမိုတာဝန်ခံသော အစိုးရဖြစ်ပေါ်လာစေရေးအ တွက် ပြည်သူများ၏ ပါဝင်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်ကြောင်း သိရသည်။
  • Fri 19 Dec 2014 - 22:45
    ဇွန်လအတွင်းဖြေဆိုရမည့် B.Eပေါင်းကူးဝင်ခွင့်စာမေးပွဲတွင် ကျင့်သုံးမည့် အောင်စာရင်းမူ ၀ါဒများ ကြိုတင်၍ တရားဝင် ထုတ်ပြန်ပေးရန်နှင့် ဖြေဆိုရမည့် ဘာသာရပ်အလိုက် ကြည့်ရှုရမည့် စာသင်နှစ်များ(Scope)ကို မျှတအောင်သတ်မှတ်ပေးရန် နည်းပညာတက္ကသိုလ်ကျောင်းသားများက တောင်းဆိုသွားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။
  • Sun 14 Dec 2014 - 15:31
    ယခုပညာသင်နှစ်တွင် ပြင်ပစစ်မေးခွန်းများနှင့် ဖြေဆိုရမည့် အခြေခံပညာစတုတ္ထတန်းနှင့် အဋ္ဌမတန်းအောင်စာရင်းများကို Grade A,B,C,D ဖြင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး အတန်းတင်စာမေးပွဲများကို ဖေဖော်ဝါရီ ၁၉ မှ ၂၆ ရက်အထိ ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
  • Sun 14 Dec 2014 - 15:04
    ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက စီစဉ်ကျင်းပသည့် ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသားပညာရေးဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲမှ စာတမ်းများကို တက္ကသိုလ်ကျောင်းသားများ၊ ပညာရှင်များနှင့် ပြည်သူများထံ ဖြန့်ဝေသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
  • Sun 07 Dec 2014 - 17:01
    စက်မှုလက်မှုသိပ္ပံ(GTI)ကျောင်းများမှ နည်းပညာတက္ကသိုလ်(TU) ကျောင်းများသို့ ပေါင်းကူးဝင်ခွင့်စာမေးပွဲများကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က ပြောကြားသည်။
  • Fri 05 Dec 2014 - 16:54
    ကျောင်းသားယူနီယံပေါ်ပေါက်ရေးနဲ့ ပညာရေးလွတ်လပ်ခွင့်က မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့အချက်ကို အသိအမှတ်ပြုပါတယ်။ ကျောင်းသားယူနီယံဖွဲ့စည်းဖို့ကို ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်’’ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၂၆ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
  • Mon 01 Dec 2014 - 21:38
    အမျိုးသားပညာရေး ဥပဒေတွင်ပါဝင်သည့် တက္ကသိုလ် များလွတ်လပ်စွာ အုပ်ချုပ်ခွင့်ရရှိရေးအပေါ် သေချာရှင်းပြခြင်းမရှိ သောကြောင့် ဆန္ဒပြမှုများဖြစ်ပွား နေခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏  ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာရင်ရင်နွယ်က ပြောကြားလိုက်သည်။ နိုဝင်ဘာ ၃၀ ရက်က ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMF-CCI)၌ပြုလုပ်သော ‘‘မြန်မာနိုင်ငံ စီးပွားရေးအကူးအပြောင်းဆွေး နွေးစရာနှင့်  ရွေးချယ်စရာ  အကြောင်းအရာဆိုင်ရာ ဟောပြောပွဲ’’တွင် ဒေါက်တာရင်ရင်နွယ်က ပြောကြားခဲ့ခြင်းဖြစ်သည်။  ‘‘တက္ကသိုလ်အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး  လွတ်လပ်စွာအုပ် ချုပ်မှုဆိုတာ ရှင်းပြတဲ့လူတွေက သေချာရှင်းမပြတော့ ဆန္ဒပြတဲ့လူ တွေကလည်း မကျေနပ်နိုင်ဘူး။ အရင်ကလို အဆင့်မြင့်ပညာဦးစီး ဌာန (အဆည)ဆိုတာ နောက်ဆို ရင်မရှိတော့ဘူး။ ကိုယ့်ကျောင်း နဲ့ကိုယ်လုပ်မယ်။ အဆင့်မြင့် ပညာရေးညှိနှိုင်းမှုကော်မတီက အစမှာတော့ အားနည်းနေလိမ့် မယ်။ ဘယ်လိုပဲမဆို တစ်ခုချင်း ကိုသူတို့ကဝင်ပြီး ကြားဝင်မှာ မဟုတ်ဘူး။ အားလုံးနဲ့ပတ်သက်တဲ့မူတွေ၊ ဘတ်ဂျက်တွေက တော့ လုပ်ရလိမ့်မယ်’’ဟု ဒေါက်တာရင်ရင်နွယ်က ပြောကြားခဲ့သည်။

Pages

Subscribe to Education