Education


Sponsored By Samsung

ကျောင်းသူကျောင်းသားတွေ အသုံးပြုသင့်တဲ့ စမတ်ဖုန်း App များ

Tue 21 Nov 2017 - 18:05

နည်းပညာတွေ မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲလာတဲ့ ခေတ်မှာ မိုဘိုင်းဖုန်းဆိုတာက လူတိုင်းလက်ထဲမှာ ရှိနေတဲ့ အသုံးအဆောင် ပစ္စည်းမျိုး ဖြစ်လာပါပြီ။ ကျောင်းသူကျောင်းသားတွေ ကိုယ်စီကိုယ်စီမှာလည်း ခေတ်နဲ့အညီ စမတ်ဖုန်းတွေ ကိုင်ဆောင်နေကြပါတယ်။ စမတ်ဖုန်းတွေနဲ့ တွဲဖက် အသုံးပြုဖို့ App တွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးဆွဲဖန်တီးနေကြရာမှာ ပညာရေးအတွက် ဘက်ပေါင်းစုံက စဉ်းစားပြီး အထောက်အပံ့ ပေးနိုင်တဲ့ App မျိုးတွေလည်း ရှိပါတယ်။


  • Wed 09 Aug 2017 - 13:00
    အခြေခံပညာအလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကလေးအခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ရန်ကုန် တိုင်းဒေသကြီးရှိ အခြေခံပညာ ကျောင်း ၂၀ တွင် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦးကပြောကြားသည်။
  • Wed 02 Aug 2017 - 21:39
    ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ အမှတ်အများဆုံးရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၎င်း၏နေအိမ်၌ သီးသန့်တွေ့ဆုံမည်ဟု ပြောကြားသည်။ သြဂုတ် ၂ ရက်က အထက (၄)အလုံတွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင် ထူး ချွန်ကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းကျောင်းများအား ဆုချီးမြှင့်ပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
  • Wed 02 Aug 2017 - 16:27
    ‘‘ဆရာ၊ ဆရာမ ခန့်ထားရေး မူ ဘောင်က ဘယ်မှာလဲ၊ ရာထူးတိုးကိစ္စတွေကို ဘယ်လိုမူဘောင်နဲ့ ဆောင်ရွက်နေလဲဆိုတာ ဝန်ကြီးဌာနကို မေးခွန်းထုတ်ချင်တယ်။ ပွင့်လင်းမြင်သာစွာ ချပြမှုမရှိတာ ကို ဘယ်လိုဖြေရှင်းပေးမလဲ တောင်းဆိုတယ်’’ ဟု ရန်ကုန်ပညာ ရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုစိုးသူရကျော်က ဆိုသည်။
  • Tue 01 Aug 2017 - 01:04
    ၂၀၁၇ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့်ကို ဩဂုတ် ၉ ရက်မှ ၂၅ ရက်အတွင်း ပိတ် ရက်မရှိ လျှောက်ထားနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်တွင် ကြေညာချက်ထုတ် ပြန်သည်။ တက္ကသိုလ်ဝင်ခွင့်လျှောက် ထားနိုင်ရန် စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အ မှတ်စာရင်း၊ အရည်အချင်းမှတ် တမ်းချုပ်ရမှတ်အဆင့်၊ တက္က သိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရ မည့် ပုံစံစာအိတ်ကို ဩဂုတ် ၈ ရက်ကစ၍ ကိုယ်တိုင်ထုတ်ယူရ မည်ဖြစ်ပြီး စာအိတ်ပါ ၀င်ခွင့် လျှောက်လွှာဖြင့်သာ လျှောက်ထားရမည်ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာအိတ်ကို ဩဂုတ် ၉ ရက်မှ ၂၅ ရက်အထိ (သတ်မှတ်ရက်အ တွင်း) စနေ၊ တနင်္ဂနွေနေ့ ရုံး ပိတ်ရက်များအပါအ၀င် မြစ်ကြီး နား၊ လွိုင်ကော်၊ ဘားအံ၊ ဟား ခါး၊ မုံရွာ၊ ထားဝယ်၊ တောင်ငူ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မော်လ မြိုင်၊ စစ်တွေ၊ ရန်ကုန်၊ တောင် ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် ပုသိမ် တက္ကသိုလ်တို့တွင်လျှောက်ထား ရမည်ဟု ကြေညာထားသည်။
  • Sun 30 Jul 2017 - 23:57
    ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များရှိ ဆရာ အတတ်ပညာ သင်တန်းပြီးဆုံး ထားသူများကို ပညာရေးဝန်ကြီး ဌာနက အလုပ်ခန့်ထားခြင်းမရှိ သေး၍ ဇူလိုင် ၃၁ ရက်တွင်ပညာ ရေးဝန်ကြီးဌာန ၀န်ကြီးရုံး၊ အခြေ ခံပညာဦးစီးဌာန၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင်နှင့် ပြည်သူ့လွှတ်တော်ပညာရေးမြှင့် တင်မှုကော်မတီတို့ထံ စာတင် တောင်းဆိုမည်ဟု သတင်းရရှိ သည်။
  • Wed 26 Jul 2017 - 10:53
    ‘‘စိတ်ဆန္ဒက တစ်ခုတည်းပါ။ အမြန်ဆုံးလွတ်မြောက်ဖို့၊ အမြန်ဆုံးအိမ်ပြန်ဖို့ပဲ ဖြစ်ပါတယ်’’ဟု မောင်ရဲထွဋ်အောင်က မျှော်လင့်ချက်အရောင်တောက်နေသော မျက်ဝန်းအစုံဖြင့် ပြောလိုက်သည်။ အသက် (၂၀ ) အရွယ်မောင်ရဲထွဋ်အောင် ရောက်နေသည့်နေရာက အင်းစိန်ထောင်ထဲတွင် ဖြစ်သည်။ အင်းစိန်အကျဉ်းထောင်သို့ သူ့အသက် (၁၈)နှစ်ကတည်းက ရောက်ရှိခဲ့ပြီးနောက် သည်အကျဉ်းထောင်ထဲမှာပင် ပညာဆက်လက်သင်ယူခဲ့ပြီး ၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ရာ ဘောဂဗေဒဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ကာ အမှတ်ပေါင်း ၃၉၆ မှတ်ရရှိသည့် အကျဉ်းစံကျောင်းသားဖြစ်သည်။ ကွန်ပျူတာတက္ကသိုလ်တက်ရောက်ရန် စိတ်အားထက်သန်နေသော်လည်း သူ့လက်ရှိအခြေအနေက သူ့ကို အခွင့်အရေးမပေး။ ထောင်ကျနေသည့် အကျဉ်းသားတစ်ဦးအနေဖြင့် အဝေးသင်တက္ကသိုလ်မှ ဝိဇ္ဇာအထူးပြုဘာသာရပ် တစ်ခုခုသာ သင်ယူခွင့်ရမည်ဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်က သူ၏ မိုက်မဲမှုတစ်ခုက သူ့အတွက် အရိပ်ဆိုးပမာဖြစ်နေသည်ဟု သူက ဆိုသည်။
  • Sun 23 Jul 2017 - 22:42
    တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံများကို ယခုပညာသင် နှစ်ကစ၍ ပြောင်းလဲရန် စီစဉ်နေ ပြီး မကြာမီ တရားဝင်ထုတ်ပြန်ပေးမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဘာ သာရပ်အလိုက် မေးခွန်းပုံစံအ သစ်များနှင့် အမှတ်ပေးစည်းမျဉ်း များကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများသိရှိနိုင်ရန် မကြာမီ နိုင်ငံ ပိုင်သတင်းမီဒီယာများမှတစ်ဆင့် ထုတ်ပြန်အသိပေးမည်ဟု ဆို သည်။ ‘‘မေးခွန်းပုံစံအသစ်တွေကို ဝန်ကြီးရုံးနဲ့ အမျိုးသားပညာရေး မူဝါဒကော်မရှင်တွေကိုတင်ပြီး အ ကုန်လုံးသဘောထားတောင်းခံ ထားပါတယ်။ ပြောင်းမယ့် မေး ခွန်းပုံစံတွေကို တရားဝင်ကြိုအ ကြောင်းကြားမှာပါ။ အခုပဲ ကျောင်းဖွင့်တာ နှစ်လပြည့်တော့ မယ်ဆိုတော့ ကလေးတွေအ တွက် အခက်အခဲမရှိအောင်တော့ အချိန်မီလုပ်ပေးမှာပါ’’ဟု ဒေါက် တာသိန်းဝင်းက ပြောသည်။
  • Fri 21 Jul 2017 - 23:52
    လာမည့် ဒီဇင်ဘာတွင် ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ် ဘွဲ့ကြိုပထမနှစ်သင်တန်းသား များကို ရန်ကုန်တက္ကသိုလ်ပင်မ ၌ တက်ရောက်ခွင့်မပြုဘဲ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) ရှိစာ သင်ကျောင်းများတွင်သာ တက် ရောက်ခွင့်ပြုမည်ဟု ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက် တာဖိုးကောင်းကပြောသည်။
  • Wed 19 Jul 2017 - 13:16
    ‘‘ကလေးတွေ တစ်ယောက်နဲ့ တစ် ယောက်  ပူးပေါင်းဆောင်ရွက် တတ်အောင်က တစ်ချက်၊ နောက် တစ်ချက်ကတော့ ကလေးတွေမှာ ဉာဏ်ရည်မြင့်တဲ့သူရှိတယ်။ ဉာဏ် ရည်နိမ့်တဲ့သူရှိတယ်။ ဉာဏ်ရည် မြင့်တဲ့သူနဲ့ ဉာဏ်ရည်နိမ့်တဲ့သူ ကြားမှာ ကွာဟချက် နည်းသွား အောင်၊ ဉာဏ်ရည်မြင့်တဲ့သူက ဉာဏ်ရည်နိမ့်တဲ့သူကို တွေးခေါ် မြော်မြင်တတ်မှုရှိလာဖို့တွဲခေါ်နိုင် အောင် ဒီလိုရည်ရွယ်ချက်မျိုးတွေ နဲ့ Group Work စစ်ဆေးနည်းလုပ်တာပါ’’ဟု ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၊ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောသည်။ အခြေခံပညာ ကျောင်းများတွင် အခန်းဆုံးစာမေးပွဲ စစ်ဆေး ခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများသို့ ဇွန်လ ၂၂ ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန် ခဲ့သည်။ ယခင်က အခန်းဆုံးစာမေး ပွဲများကို လစဉ်ကျင်းပကာ အဖြေ လွှာပေါ်တွင် တစ်ဦးချင်း ရေးဖြေ ဖြေဆိုစေပြီး အဆင့်သတ်မှတ် ချက်များကိုလည်း တစ်ဦးချင်း အ ရည်အသွေးအလိုက် Report Card ဖြင့် Grade A၊ B၊ C၊ D ထုတ်ပြန်ပေးခဲ့ရာမှ အခန်းဆုံးစာ မေးပွဲ စစ်ဆေးမှုပုံစံများကို ပြောင်း လဲရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
  • Thu 13 Jul 2017 - 20:44
    ၂၀၁၇ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းထွက်ပြီး တစ်လအတွင်း အဖြေလွှာ ပြန် လည်စစ်ဆေးပေးရန် လျှောက် လွှာတင်ထားသူ ၂၀၀ ကျော်ရှိ သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက ပြောကြား သည်။  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူဖြစ်စေ၊ ကျရှုံးသူ ဖြစ်စေ ရလဒ်ကို သံသယရှိပါက အဖြေလွှာပြန်စစ်ပေးရန် မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာန(လှိုင်တက္က သိုလ်နယ်မြေ)တွင် ဖြေဆိုသူ ကိုယ်တိုင် (သို့မဟုတ်)မိဘက တင်ပြနိုင်သည်ဟု ကြေညာထား ရာ ပြန်စစ်ပေးရန် လျှောက်ထား သူမြင့်တက်နေခြင်းဖြစ်သည်။
  • Wed 12 Jul 2017 - 11:37
    တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသော ကျောင်းသားများအနေ ဖြင့် အဆင့်မြင့်ပညာ သင်ယူရ တော့မည့်အချိန်တွင် ပြည်တွင်း တက္ကသိုလ်၊ ကောလိပ်များသာ မက ပြည်ပ၌ သွားရောက်ပညာ သင်ယူလိုသူများလည်း ရှိသည်။
  • Tue 11 Jul 2017 - 20:11
    ၂၀၁၇ တက္ကသိုလ်ဝင် စာမေးပွဲ အောင်လက်မှတ်များကို ဇူလိုင် ၁၀ ရက်မှစတင်၍ မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန (လှိုင်တက္က သိုလ်နယ်မြေ)ရှိ ဇွဲကပင်ဆောင် နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (နေပြည်တော်၊ ရုံးအမှတ်- ၅၂) တွင် ထုတ်ပေးနေကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာသိန်းဇံက ပြောသည်။
  • Wed 05 Jul 2017 - 15:11
    ‘‘စီမံချက်နဲ့ ဖမ်းဆီးမှုတွေထဲမှာကျောင်းဆရာတစ်ဦးပါတယ်။ လိုက်ဖြေရှင်းပေးတဲ့ ကျောင်းအုပ်တစ်ဦးကိုပါဖမ်းပြီး မြဝတီဘက်မှာ ပြန်သွန် (ပို့)ခံလိုက်ရတယ်’’ဟုရွှေ့ပြောင်းဒေသ ဆရာ၊ ဆရာမများအစည်းအရုံး အတွင်းရေးမှူး ဦးနိုင်နိုင်ထွန်းက ပြောသည်။ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်ရှိ မဲဆောက်အပါအ၀င် ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားများ ဖမ်းဆီးလျက်ရှိရာ ရွှေ့ပြောင်း မြန်မာစာသင်ကျောင်းများမှ ဆရာ၊ ဆရာမများပါ ဖမ်းဆီးခံရမှုများ ရှိနေသည်။ ဇွန်လ ၂၈ ရက် နံနက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းကလေးများအတွက် ဖွင့်လှစ်ထားသည့် လှိုင်းသစ်ကျောင်းတွင် ပညာသင်ကြားနေသော ဆရာတစ်ဦး ဖမ်းဆီးခံရသည်။ ဖမ်းဆီးခံရမှုကြောင့် ကျောင်းအုပ်ဖြစ်သူ ဆရာဦးဇော်ထက်က ရဲစခန်းသို့သွားရောက်မေးမြန်းရာ ၎င်းပါဖမ်းဆီးခံရပြီး နှစ်ဦးစလုံး မြ၀တီမြို့သို့  ပြန်ပို့(သွန်)ခံလိုက်ရသည်။
  • Mon 03 Jul 2017 - 23:42
    တက္ကသိုလ်ပညာသင်ယူ ရန် အခက်အခဲရှိသူများကို ပညာ ရေးဝန်ကြီးဌာနက ပညာသင် ထောက်ပံ့ကြေးပေးမည်ဟု အ ဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောသည်။
  • Mon 03 Jul 2017 - 22:00
     ပညာရေးကောလိပ် တက်ရောက်ရန် နှုတ်ဖြေ၊လူတွေ့ စစ်ဆေးရာတွင် မသန်စွမ်းမှုကို အကြောင်းပြု၍ ငြင်းပယ်ခံရခြင်း အပေါ် ပြန်လည်စိစစ်ပေးရန် မြန် မာနိုင်ငံမသန်စွမ်းသူများ အသင်း ချုပ်က ဇွန်လ ၃၀ ရက်၌ ပညာရေးဝန်ကြီးဌာနသို့ စာပေးပို့တောင်းဆိုခဲ့သည်။ မကွေးတိုင်းဒေသကြီး မြို့ သစ်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေ သကြီး ကနီမြို့နယ်မှ မသန်စွမ်းသူနှစ်ဦးသည် ပညာရေးကောလိပ် ကဖွင့်လှစ်သော လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာ သင်တန်း (PPTT) ဝင်ခွင့် ရေးဖြေ စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ သော်လည်း လူတွေ့နှုတ်ဖြေတွင် ပယ်ချခံခဲ့ရခြင်းကြောင့် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပြန်လည်စိ စစ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ် သည်။
  • Fri 30 Jun 2017 - 22:34
     နေ့စားလပေးမူလတန်း ပြဆရာ၊ ဆရာမအဖြစ်အလုပ်ဝင် ရောက်ခဲ့သော မဟာဘွဲ့ရမူလ တန်းပြနှင့် အလယ်တန်းပြများ အားအလယ်တန်းပြနှင့် အထက် တန်းပြအဖြစ် ရာထူးတိုးခန့်ထား မည်ဟု အခြေခံပညာဦးစီးဌာနက ထုတ်ပြန်သည်။ ၂၀၁၇-၁၈ ပညာသင်နှစ် တွင် အခြေခံပညာကျောင်းများ အဆင့်တိုးဖွင့်လှစ်ခြင်း၊ ကျောင်း သစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ ကြောင့်ဆရာ၊ဆရာမများ ထပ်မံ လိုအပ်မည်ဖြစ်၍ ရာထူးတိုးခန့် ထားခြင်းဖြစ်ကြောင်း ညွှန်ကြား ချက်တွင် ဖော်ပြထားသည်။
  • Fri 30 Jun 2017 - 22:33
    ရန်ကုန်မြို့ ဗဟန်းမြို့ နယ်ရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာ မေးပွဲတွင် ရမှတ်ပေါင်း ၄၅၀ နှင့် အထက်ရရှိပါက လျှောက်ထား နိုင်ကာ ကျောင်းသား ၂၀၀ လက်ခံမည်ဟု ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက ပြောသည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ မည်သည့် စာစစ်ဌာနမှမဆို သင်္ချာ၊ ဓာတု ဗေဒ၊ ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲတစ်ခုခု ဖြင့် အောင်မြင်သူများ လျှောက် ထားနိုင်သည်ဟု သိရသည်။
  • Wed 28 Jun 2017 - 12:32
    လျှောက်ထားသူ အဆမတန်များနေ၍ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များ တိုးချဲ့ရန်စီစဉ်နေကြောင်း ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်းကပြောသည်။ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမင်းဆွေနိုင်က နေ့စားလပေးမူလတန်းပြ ဆရာ၊ ဆရာမများအနေဖြင့် ဝင်ခွင့်ဖြေ ဆိုစရာမလိုဘဲ ပညာရေးဘွဲ့ (B.Ed) နှင့် မူလတန်းကြို ဆရာ၊ ဆရာမသင်တန်း တက်ရောက်ခွင့် ပေးနိုင်ခြင်း ရှိ၊မရှိနှင့် ပတ်သက်၍ ဇွန်လ ၂၁ ရက်က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် မေးမြန်းစဉ် ဒုဝန်ကြီးက ထည့် သွင်းဖြေကြားခြင်းဖြစ်သည်။
  • Wed 28 Jun 2017 - 12:31
    နှစ်ပေါင်းများစွာ ပညာရေးခေတ် နောက်ကျနေခဲ့သည့်အတွက် လို အပ်ချက်များ၊ အခက်အခဲများ၊ စိန် ခေါ်မှုများနှင့် ကြုံတွေ့နေရပြီး ပ ညာရေး ပြုပြင်ပြောင်းလဲမှုများကို ပင်ပန်းခက်ခဲစွာ ဆောင်ရွက်နေရ ကြောင်း ပညာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးကပြောသည်။
  • Wed 28 Jun 2017 - 12:29
    တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။ ယခုနှစ်တွင် ၇၁၆,၁၈၈ ဦး ဝင်ရောက်ဖြေ ဆိုခဲ့ရာ  ၂၄၂,၇၃၆ ဦးအောင်မြင်ခဲ့ပြီး အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲ အောင်မြင်သူများအနေဖြင့် မိမိဝါသနာပါရာ တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရန် လာမည့် ဩဂုတ် ၁ ရက်တွင် တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများကို စတင် လျှောက်ထားရတော့မည် ဖြစ် သည်။ ‘‘ဝင်ခွင့် ရွေးချယ်မှုကတော့  တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးအဖွဲ့ကလုပ်မှာပါ။ ဩဂုတ် ၁ ရက်မှာ ၀င်ခွင့်လမ်းညွှန်တွေစပေး မယ်။ လကုန်လောက်ထိ လျှောက် လွှာတွေကို သက်ဆိုင်ရာတိုင်းအ လိုက် သတ်မှတ်ထားတဲ့တက္ကသိုလ်တွေမှာ လက်ခံပေးမယ်။  ပြီးရင် နိုဝင်ဘာလလောက် နောက်ဆုံး ထားပြီး ဝင်ခွင့်ပြန်ချပေးဖို့တော့ လျာထားတယ်’’လို့ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးစောခိုင်ကပြောသည်။

Pages

Top News

Subscribe to Education