Election 2015

  • Wed 04 Nov 2015 - 16:42
    ၂၀၁၂ ဧပြီ ၁ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် သမိုင်းဝင်ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့သည်။      လစ်လပ်သွားသော ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၆ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၅ နေရာအတွက် ဤကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်သည်။
  • Wed 04 Nov 2015 - 16:34
    အလင်းရောင်ခပ်ဖျော့ဖျော့တိုးဝင်စတိတ်တိတ်ဆိတ်ဆိတ်ရှိသော နိုဝင်ဘာ ၇ရက်နံနက်ခင်း။ လျှပ်စစ်မီးတွေ လင်းထိန်နေသည့် အဆောက်အအုံကြီးက ဝေလီဝေလင်း နံနက်ခင်းဝန်းကျင်တစ်ခုလုံးကို အလင်းရောင်ပေးနေ၏။ ထိုအဆောက်အအုံက တောင်ဥက္ကလာပမြို့နယ်အတွင်းက မဲရုံ အမှတ်-၁ တည်ရှိရာဓမ္မာရုံကြီးဖြစ်သည်။      တိတ်ဆိတ်နေသည့် ၅ နာရီ ခွဲဝန်းကျင် နံနက်ခင်းကို ထိုအဆောက်အအုံဆီမှလော်စပီကာသံက ဖောက်ထွင်းသွားသည်။ မဲရုံများတွင် မဲလာပေးနိုင် ကြောင်းနှင့် မဲရုံနေရာများကို လော်စပီကာမှတစ်ဆင့် မဲဆနရှင်များသို့ အော်ဟစ်အသိပေးနေခြင်းပင်။
  • Wed 04 Nov 2015 - 16:25
    ဘဝတွင် ပထမဆုံးအကြိမ် မဲပေးရန် အသက် (၇၁) နှစ်အရွယ် အဘွား ဒေါ်သင်းအုပ် ဧပြီ ၁ ရက် မတိုင်ခင်ကတည်းက စိတ်လှုပ်ရှားနေခဲ့သည်။      ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် သူမနေထိုင်ရာ လယ်တောမှ နှစ်မိုင်ကျော်ဝေးသော ကော့မှူးမြို့သို့ နံနက်စောစောခြေကျင်သွားရန် စီစဉ်ထားသည်။ အဘွားဒေါ်သင်းအုပ်တစ်ယောက် ၁၉၉၀ ရွေးကောက်ပွဲကို မသိလိုက်၍ မဲမပေးလိုက်ရ။ ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ခေါင်းမူး၍ မဲမပေးနိုင်ခဲ့။ ထို့ကြောင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အသက် (၇၁) နှစ်အရွယ် အဘွားအတွက် ပထမဆုံးအကြိမ် မဲပေးခွင့်ရမည့် အတွေ့အကြုံဖြစ်သည်။
  • Wed 04 Nov 2015 - 12:20
    ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများတွင် မည်သည့်ပါတီဘက်ကမှ မပါဝင်ပေးဖြစ်ဘဲ ပါတီအားလုံးကို အားပေးသည်ဟု မော်ဒယ်သရုပ်ဆောင် ဘေဘီမောင်က ပြောသည်။
  • Wed 04 Nov 2015 - 12:16
    လွန်ခဲ့သည့် ဆယ်စုနှစ်ကျော် ကတည်းက ဟစ်ဟော့ပ် ဂီတလမ်းကြောင်းသစ်ကို စတင်ဖောက်ခဲ့သူများထဲမှ တစ်ဦးဖြစ်ပြီး ပရိသတ်များ၏ ခြိမ့်ခြိမ့်သဲသဲ အားပေးမှုကို ရရှိထားသော Acid အဖွဲ့ဝင်တစ် ဦးလည်းဖြစ်၊ လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး အဖြစ် ထမ်းဆောင်နေသည့် လွှတ်တော်အမတ် ဇေယျာသော်နှင့် ယခုတစ်ပတ်တွင် အီးမေးလ်မှ တစ်ဆင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
  • Tue 03 Nov 2015 - 20:22
    ကိုကိုးကျွန်းရှိ ပြည်သူ များအကြောက်တရားကင်းစင်ပြီး လွတ်လပ်စွာ မဲပေးနိုင်ရေးအ တွက် ဒေါ်အောင်ဆန်းစုကြည်၏ တယ်လီဖုန်းမှတစ်ဆင့် ဟောပြောမှုအစီအစဉ်ကို ကျွန်းပေါ်ရှိ တယ် လီဖုန်းများ ဆက်သွယ်၍မရသ ဖြင့် ရွှေ့ဆိုင်းလိုက်ရကြောင်း သ တင်းရရှိသည်။
  • Tue 03 Nov 2015 - 19:53
     လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ထွက်ပေါ်လာ မည့် ရလဒ်များသည် ပြည်သူများ ၏ ဆန္ဒအစစ်အမှန်ထင်ဟပ်မည် ဟု အခိုင်အမာယုံကြည်ထားကာ နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ် အသီးသီးကလည်း ယင်းရလဒ်အ ပေါ် အလေးထားကြိုဆိုကြရန် ရွေးကောက်ပွဲကျင်းပရန် ၅ ရက် အလိုတွင် နိုင်ငံတော်သမ္မတကတိုက်တွန်းပြောကြားသည်။
  • Tue 03 Nov 2015 - 19:23
    လာမည့် နိုဝင်ဘာ ၈ ရက်သည် မြန်မာနိုင်ငံသားများအတွက် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာပါ လိမ့်မည်။ မဲဆန္ဒရှင်များသည် ၂၅ နှစ်အတွင်း ပထမဆုံး လွတ်လပ်စွာကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီး၌ မဲပေးခွင့်ရ ကြမည် ဖြစ်သည်။ သို့သော်လည်း မဲစာရင်းတွင် ပါသူများသာ မဲပေးခွင့်ရကြမည်ဖြစ်၏။
  • Tue 03 Nov 2015 - 19:16
     နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲနေ့တွင် ပြည်ခရိုင်အ တွင်း မဲဆန္ဒရှင်ဦးရေ သုံးထောင် ကျော်အတွက် မဲပေးရမည့် မဲရုံ ငါးရုံရှိကြောင်း ပြည်ခရိုင် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။
  • Tue 03 Nov 2015 - 16:31
    ယခုတစ်ပတ်အတွင်း အဖြေပေါ်မည့် ရွေးကောက်ပွဲ မဲရလဒ်များကြောင့် လက်ရှိဘ၀လေးအား တစ်စုံတစ်ရာ ရိုက်ခတ်မည်ကို အစိုးရဘဏ်တစ်ခုမှ ၀န်ထမ်း မမိုးမိုး(အမည်လွှဲ) တစ်ယောက် စိုးရွံ့နေပါသည်။
  • Tue 03 Nov 2015 - 15:18
    မြန်မာနိုင်ငံရွေးကောက်ပွဲ သမိုင်း၌ အများဆုံးစံချိန်အဖြစ် ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ၀င်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၅ ရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှုပြင်းထန်မည်မှာ သံသယဖြစ်စရာမလိုပေ။
  • Tue 03 Nov 2015 - 12:25
    ၁။ ဥက္ကဋ္ဌ - ဦးအောင်ကျော်ဇော။ ၂။ ပါတီဝင်အရေအတွက် - ခုနစ်ရာ။ ၃။ မဲဆန္ဒနယ်- မောင်တောမြောက်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်နေရာနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်နေရာ စုစုပေါင်း သုံးနေရာဝင်ရောက်ယှဉ်ပြိုင်မည်။
  • Tue 03 Nov 2015 - 00:28
    ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန် ကီမွန်းက မြန်မာနိုင်ငံတွင် ရွေး ကောက်ပွဲကျင်းပရန် ရက်အ နည်းငယ်အလို၌ အမုန်းတရား များဖြစ်အောင် လုပ်ဆောင်နေပြီး  ဘာသာရေးအရ လူနည်းစုများ အပေါ် အယူသီးဖိနှိပ်မှုများ  ပြုလုပ် နေသည့် အစွန်းရောက်အင်အား စုများရှိနေ၍ အထူးစိုးရိမ်မိ ကြောင်း ကြေညာချက်ထုတ်ပြန် သည်။
  • Tue 03 Nov 2015 - 00:11
    နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် လွှတ်တော်သုံးရပ်အတွက် နိုင်ငံရေးပါတီ ၉၀ကျော်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၀၀ ခန့် စုစုပေါင်း အမတ်လောင်း ၆,၀၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အမတ်လောင်းအားလုံးကို မိတ်ဆက်ပေးရန် အချိန်နှင့်စာမျက်နှာအခက်အခဲကြောင့်မဖြစ်နိုင်၍ အလားအလာရှိပြီး စိတ်ဝင်စားဖွယ်ရာကောင်းသော အမတ်လောင်းအချို့ကို ရွေးချယ်မိတ်ဆက်ပေးလိုက်ပါသည်။
  • Tue 03 Nov 2015 - 00:10
     မန္တလေးတိုင်းဒေသကြီး အတွင်း မဲပေးခွင့်ရှိသည့် မဲဆန္ဒ ရှင်စာရင်းများကို နိုဝင်ဘာ ၂ ရက်မှစတင်ကာ နောက်ဆုံးအ ကြိမ်အဖြစ် ထုတ်ပြန်ကြေညာ ထားကြောင်း    တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။
  • Tue 03 Nov 2015 - 00:07
    ယုံကြည်ရသောရွေး ကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှု အဖွဲ့ (PACE)က ရွေးကောက်ပွဲ တွင်အကြောင်းအရာအချက် အလက် ၄၀ ခန့်ကိုစောင့်ကြည့် သွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။
  • Mon 02 Nov 2015 - 01:02
     ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာနှုန်းပြည့် အနိုင်ရလျှင်ပင် မည် သူ့အပေါ်မျှ အာဃာတမထားဘဲ အတူ လက်တွဲလုပ်ဆောင်ရန် လက်ကမ်းကြိုဆိုမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
  • Mon 02 Nov 2015 - 00:31
    ၂၀၁၅ရွေးကောက်ပွဲ၏ ဇာတ်ရှိန်အမြင့်ဆုံးကာလသို့ ရောက်ရှိလာချိန်တွင် နိုင်ငံ၏ဒေသအချို့၌ မဲဆွယ်မှုများတွင် ပွတ်တိုက်မှုများ၊ ပဋိပက္ခများ ဖြစ်ပွားလာသည်ကို ခပ်စိပ်စိပ်တွေ့လာရသည်။ သာကေတမြို့နယ်တွင် အလှပြ ယာဉ်ဖြင့် မဲဆွယ်စည်းရုံးသော ဒီချုပ်လက်ရှိလွှတ်တော်ကိုယ်စားလှယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ တိုင်းဒေသကြီးအမတ်လေ
  • Mon 02 Nov 2015 - 00:28
     လာမည့်ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့ပါက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သမ္မတ လောင်းအဖြစ် ရွေးချယ်တင် မြှောက်မည့် ပုဂ္ဂိုလ်မှာ နိုင်ငံတ ကာသံတမန်အသိုင်းအ၀ိုင်းနှင့် ရင်းနှီးမှုရှိသည့် ဗဟန်းမြို့နယ်မှ ပါတီဝင်အမျိုးသားတစ်ဦးဖြစ် ဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူ နိုင်ငံရေးပညာရှင် လယ်ရီဂျေဂင်က ခန
  • Mon 02 Nov 2015 - 00:28
    မန္တလေးတိုင်းဒေသကြီး အတွင်း မဲဆန္ဒရှင်ဦးရေ ၂,၅၀၀ခန့် အထိ မဲပေးရမည့်မဲရုံ ၅၀ကျော်ရှိ ကြောင်း တိုင်းဒေသကြီးရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သ တင်းရရှိသည်။

Pages