Election 2015

  • Sun 01 Nov 2015 - 23:23
    ဒီချုပ်အမတ်အား ဓားဖြင့်ခုတ်သူများကို ရွေးကောက်ပွဲပြီးမှ စတင်စစ်ဆေးမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်နှစ်ဦးအား ဓားဖြင့်ခုတ်သူသုံးဦးကို ရွေးကောက်ပွဲပြီးမှသာ စတင်စစ်ဆေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်ရုံးချိန်း၌ သာကေတမြို့နယ် တရားရုံးက ပြောသည်။ အောက်တိုဘာ ၂၉ ရက်ညပိုင်းက သာကေတမြို့နယ်တွင် ဦးနိုင်ငံလင်းအပါအဝင် ဒီချုပ်အမတ်လောင်းများ မဲဆွယ်စည်းရုံးစဉ် ဒီချုပ်မြို့နယ်အတွင်းရေးမှူး ကွမ်းယာဆိုင်တွင် ရေဝင်သောက်ရာမှ ဇော်လတ်ဆိုသူနှင့် စကားများရန်ဖြစ်ကာ ဒီချုပ်အမတ်လောင်းများ ဓားဖြင့် ခုတ်ခံရခြင်းဖြစ်သည်။ အဆိုပါ ဓားခုတ်မှုကို မတုံ့ပြန်ရန် ဒီချုပ်က အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားသည်။ ရွေးကောက်ပွဲရလဒ်ကို တည်တည်ငြိမ်ငြိမ်လက်ခံရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မည်သည့်ရလဒ်ရရှိသည်ဖြစ်စေ တည်တည်ငြိမ်ငြိမ်ဖြင့် လက်ခံကြရန် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ  ၃၀ ရက်တွင် ဗီဒီယိုဖိုင်မှတစ် ဆင့် တိုက်တွန်းပြောကြားသည်။ ထို့ပြင် ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းစွာ ပြီးဆုံးနိုင်ရေးအတွက် ယင်းနေ့တွင် ရုန်းရင်းဆန်ခတ်မှုများမဖြစ်ပွားစေရေး အချင်းချင်းထိန်းသိမ်းကြရန်နှင့် မဲစာရင်းတွင် အမည်မပါသဖြင့် မဲပေးခွင့်မရခဲ့ပါကလည်း ပြဿနာမရှာဘဲ ညှိနှိုင်းကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
  • Sat 31 Oct 2015 - 23:50
    သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းသူတစ်ဦးဖြစ်ပြီး စိမ်းလန်း အမိမြေဖွံ့ဖြိုးရေးအသင်းကို တည်ထောင်၍ ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများကို တက် ကြွစွာ လုပ်ကိုင်နေသော  ဦးဝင်း မျိုးသူအား ရွေးကောက်ပွဲနှင့်ပတ် သက်၍ တွေ့ဆုံမေးမြန်းထား သည်များမှ ကောက်နုတ်ဖော်ပြ လိုက်ပါသည်။
  • Sat 31 Oct 2015 - 23:49
     ပါတီမှ လွှတ်တော်ကိုယ် စားလှယ်လောင်းများ လွှတ် တော်တွင်းရောက်ရှိပြီး အလုပ် မလုပ်လျှင်  ပါတီကိုယ်တိုင်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ နုတ်ပယ်မည်ဖြစ်ကြောင်း လူ့ ဘောင်သစ်ပါတီဒုတိယဥက္ကဋ္ဌ က အောက်တိုဘာ ၃၁ ရက် မဲ ဆွယ်ပွဲတွင် ပြောကြား၍ မဲဆွယ် ခဲ့သည်။
  • Sat 31 Oct 2015 - 23:31
    ရွေးကောက်ပွဲ မဲပေးရာ တွင် အမှန်ခြစ် မဲတံဆိပ်တုံး နှိပ်ရာ၌ မဲလက်မှတ်တွင် မင် ယိုစိမ့်မှုရှိသွားလျှင်လည်း ပယ်မဲ မဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဒေါက် တာ ဒေါ်မြင့်ကြည်က ပြောသည်။
  • Sat 31 Oct 2015 - 01:51
    ၁။ ဥက္ကဋ္ဌ- ဦးစိုင်းဟောင်ခမ်း။ ၂။ ပါတီဝင်အရေအတွက်- နှစ်ထောင်ကျော်။ ၃။ မဲဆန္ဒနယ်- ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံနှင့်မိုင်းယန်းမြို့နယ်များတွင် လွှတ်တော်သုံးရပ်စလုံးအတွက် ကိုယ်စားလှယ် ခုနစ်ဦးဝင်ရောက်ယှဉ်ပြိုင်မည်
  • Thu 29 Oct 2015 - 00:24
     ရွေးကောက်ပွဲကျင်းပ ရန် ၁၁ ရက်သာ လိုတော့သည့်အ ချိန်တွင် ကျရောက်သော သီတင်း ကျွတ်လပြည့်နေ့၌ ရန်ကုန်မြို့ရှိ တန်ခိုးကြီး ရွှေတိဂုံစေတီသို့ လာ ရောက်ဖူးမြော်သူများထဲတွင် ရွေး ကောက်ပွဲအေးချမ်းစွာပြီးဆုံးရန် ဆုတောင်းသူများ ရှိခဲ့သည်။
  • Thu 29 Oct 2015 - 00:17
    ရွေးကောက်ပွဲကို ကြိုဆို သောအားဖြင့် အကျဉ်းထောင် များရှိ နိုင်ငံရေးအကျဉ်းသားများ ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြထား ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်သည်။
  • Tue 27 Oct 2015 - 18:52
     ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် မုံရွာကုန်စည်ဒိုင် အသင်းသားများ မဲပေးနိုင်ရန်  ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်၌ ကုန်စည်ဒိုင်ပိတ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
  • Tue 27 Oct 2015 - 14:52
    ရာသီဥတုသာယာသော အောက်တိုဘာလ၏ နံနက်ခင်းတစ်ခုတွင် ရန်ကုန်မြို့မှ မိုင်ပေါင်း ၂၆၀ ကွာဝေးသည့် မြန်မာ့ရေပိုင်နက်အ တွင်းရှိ ကိုကိုးကျွန်းပေါ်သို့ ဦးဝင်းမင်းဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အမတ်လောင်းများခြေချလိုက်သည်။ အနီရောင် NLD အလံကိုင် ဆောင်ပြီး ကိုကိုးကျွန်းပေါ်သို့ ခြေချနိုင်ရေး ရန်ကုန်မြို့မှ လေကြောင်းဖြင့်သွားပါက မိနစ် ၇၀ ခန့်သာ ကြာမြင့်သော ခရီးစဉ်ကို ဦးဝင်းမင်းတို့အဖွဲ့သည် ရန်ကုန်မြို့မှနေ၍ ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကိုနာရီပေါင်း ၃၃ နာရီကြာ သဘောင်္ဖြင့် ဖြတ်သန်းလာခဲ့ရခြင်း ဖြစ်သည်။
  • Tue 27 Oct 2015 - 12:35
    ၁။ ဥက္ကဋ္ဌ - ဦးထွန်းနိုင်။ ၂။ ပါတီဝင်အရေအတွက် - နှစ်သောင်းခန့်။ ၃။ မဲဆန္ဒနယ်- ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး၊ ကွမ်းလုံ၊ သိန်းနီ စသည့်မြို့နယ်များတွင် ကိုယ်စားလှယ်ခြောက်ဦး။
  • Tue 27 Oct 2015 - 00:45
    ပခုံးဒေါက်အနီရောင် ဖြစ်တာကလွဲလို့ မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ဝတ်စုံနဲ့တစ်ပုံစံတည်း၊မီးခိုးရောင်အင်္ကျီ၊နက်ပြာရောင် ဘောင်း ဘီတို့ကို ဝတ်ဆင်ထားတဲ့  အသက်(၂ဝ) အရွယ် ကိုကျော်ရဲလင်းတစ်ယောက် နေပူရှိန်ကြောင့် ချွေးတစို့စို့ဖြစ်နေပေမယ့်လည်း မျက်နှာကတော့ တည်ကြည်ရဲရင့်လို့နေပါတယ်။
  • Mon 26 Oct 2015 - 23:57
     ရွေးကောက်ပွဲတွင် မဲ ပေးရမည့် နိုင်ငံ့ဝန်ထမ်းအချို့ ကိုသက်ဆိုင်ရာဌာနများက မဲစာ ရင်းအမှတ်များ၊ သွားရောက်မဲ ပေးရမည့် မဲရုံအမှတ်များကို ကောက်ယူနေကြောင်း နိုင်ငံ့ဝန် ထမ်းအချို့က ပြောသည်။
  • Mon 26 Oct 2015 - 23:56
    တိုက်ပွဲဖြစ်ပွားနေသည့် ဒေသအချို့တွင် လုံခြုံရေးအခြေ အနေကြောင့် ရွေးကောက်ပွဲကျင်း ပနိုင်တော့မည် မဟုတ်ကြောင်း ကြေညာချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မ ကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Mon 26 Oct 2015 - 23:54
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး ပျော်ဘွယ်မြို့နှင့် ရမည်းသင်းမြို့နယ်တို့တွင် သွားရောက်ဖျော်ဖြေခဲ့သည့် အဆိုတော်ထွန်းအိန္ဒြာဗိုနှင့်အနုပညာရှင်များသည် တပ်ကုန်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ နှစ်နာရီကြာ တားမြစ်ခြင်းခံခဲ့ရသည်။
  • Mon 26 Oct 2015 - 23:54
    စင်ကာပူရောက်မြန်မာ များ မဲပေးသည့် ရှစ်ရက်အတွင်း မဲရုံပြင်ပ စစ်တမ်းကောက်ယူမှု (Exit Poll)အရ လွှတ်တော်သုံး ရပ်ပေါင်း မဲအရေအတွက်တွင် NLD ပါတီက ၉၀ ရာခိုင်နှုန်း ကျော်ဖြင့် မဲအပြတ်အသတ်ရရှိထား သည်ဟု ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအထောက်အကူ ပြုအဖွဲ့(စင်ကာပူ)က အောက်တို ဘာ ၂၆ရက်၌ သတင်းထုတ်ပြန်သည်။
  • Sun 25 Oct 2015 - 23:17
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲနိုင်၍ အစိုး ရဖွဲ့သည့်အခါ အမျိုးသားရင်ကြား စေ့ရေးအစိုးရ ဖွဲ့စည်းမည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၅ ရက်တွင် ကော့မှူး မြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်၌ ပြောကြားခဲ့သည်။အမျိုးသားရင်ကြားစေ့ရေး ကို အခြေခံ၍ ပူးပေါင်းမည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ကြိုဆို မည်ဖြစ်ပြီး အားလုံးညီညီညွတ် ညွတ်နှင့် လုပ်ကိုင်မှသာ မြန်မာနိုင်ငံငြိမ်းချမ်းမည်ဟု နိုဗယ်ငြိမ်းချမ်းရေးဆုရှင်က ပြောသည်။
  • Sun 25 Oct 2015 - 22:37
     ဒီမိုကရေစီကိုသာ ရှေ့ တန်းတင်နေ၍မရဘဲ ဖွံ့ဖြိုးတိုး တက်မှုကိုပါ ဆောင်ရွက်ပေးနိုင်မှ နိုင်ငံနှင့်လူထုအတွက် အကျိုးရှိ မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ၏ မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲ မြင့်က အောက်တိုဘာ ၂၅ ရက် နံနက်တွင် ပြင်ဦးလွင်မြို့ မြို့ တော်ခန်းမကွင်းပြင်၌ ပြုလုပ် သည့် လူထုတွေ့ဆုံပွဲတွင်ပြော သည်။
  • Sun 25 Oct 2015 - 21:30
    ပါတီများနှင့် ကိုယ် စားလှယ်လောင်းများ၏ အပြိုင်အ ဆိုင်မဲဆွယ်မှုများကြောင့် ယှဉ် ပြိုင်မှုပြင်းထန်နေသည့် ကယား ပြည်နယ်ရှိ မဲဆန္ဒရှင်ပြည်သူများမှာ မည်သည့်ပါတီနှင့် ကိုယ်စားလှယ်ကို မဲပေးရမည်ဆိုသည့်အပေါ် ဝေခွဲမရဖြစ်နေကြောင်း နိုင်ငံရေးပါတီများနှင့် ကယားအခြေစိုက်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ပြောသည်။
  • Sun 25 Oct 2015 - 21:16
    ၁။ ဥက္ကဋ္ဌ - ဦးဇိုဇမ်(ခ) ဇမ်ကျင်ပေါင်။ ၂။ ပါတီဝင်အရေအတွက် - တစ်သိန်းခန့်။ ၃။ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ချင်းပြည်နယ်၊ ရခိုင်၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတွင် မြို့နယ် ၃၀၌ ကိုယ်စားလှယ်ပေါင်း ၅၅ နေရာ ၀င်ရောက်ယှဉ် ပြိုင်မည်။
  • Sun 25 Oct 2015 - 21:10
    အောက်တိုဘာ ၂၅ ရက်က ထားဝယ်ခရိုင်အတွင်း မြို့နယ်လေးမြို့နယ်မှ တက်ကြွ လူငယ်များဦးဆောင်၍ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဒေသခံသောင်းချီကာ ထားဝယ် မြို့တွင်း လှည့်လည်နှိုးဆော်ခဲ့ သည်။

Pages