Entertainment

  • Sat 13 Sep 2014 - 23:55
     ရုပ်ရှင်ထူးချွန်ဆုနှင့် ပတ်သက်၍ ကံမကောင်းသော် လည်း အားပေးနေသည့် ပရိသတ်များအတွက် ထူးချွန်ဆု လိုချင်ကြောင်း ခိုင်သင်းကြည်ကပြောသည်။
  • Sat 13 Sep 2014 - 23:54
    တောင်ကိုရီးယား KBS ရုပ်သံလိုင်း Open Concert အစီ အစဉ်သည် ယာဉ်မတော်တဆမှု ဖြင့် ကွယ်လွန်သွားခဲ့သော Ladies' Code အဖွဲ့ဝင်နှစ်ဦးကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့နှစ်ဦး နောက်ဆုံးပါဝင်ခဲ့သည့် ဖျော်ဖြေတင်ဆက်မှုကို စက်တင်ဘာ ၁၄ ရက်တွင် ထုတ်လွှင့်ပေးမည်ဟု ကြေညာသည်။
  • Sat 13 Sep 2014 - 23:53
    အမေရိကန် သရုပ်ဆောင်မင်းသမီး ပဲရစ်ဟီလ် တန်သည် ကမ္ဘာ့အသေးငယ်ဆုံး ပါမာရိန်းနီးယန်း    (Pomera nian) ခွေးကို အမေရိကန် ဒေါ် လာ ၁၃,၀၀၀ ပေး၍ ၀ယ်ယူခဲ့ သည်။
  • Sat 13 Sep 2014 - 23:52
    ပန်းကြာဝတ်မှုန်ရုပ်ရှင် ဇာတ်ကားကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းရုပ်ရှင်ပွဲတော်တွင် ပြသမည်ဖြစ်သောကြောင့် စက်တင်ဘာ ၁၄ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း ဒါရိုက်တာစင်ရော်မောင်မောင်ကပြောသည်။
  • Sat 13 Sep 2014 - 15:19
    ကိုင်း... ဒီတစ်ပတ်မှာလည်း ပရိသတ်ရဲ့ အချစ်တော်အနုပညာရှင်တွေ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေတစ်ဆင့် ပရိသတ်ကို ဘယ်လိုဓာတ်ပုံတွေ ဝေမျှထားလဲ။ ဘာတွေပြောပြရင်ဖွင့်ထားလဲဆိုတာ အတူသွားကြည့်ရအောင်ပါ။ တချို့အနုပညာရှင်တွေက သူတို့ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ သူတို့ရဲ့ပြောစကား ရင်ဖွင့်စကားလေးတွေကို ပရိသတ်ကို တိုက်ရိုက်သိစေချင်သူတွေရှိသလို တချို့ကတော့ သိုသိုသိပ်သိပ်နဲ့ မိတ်ဆွေရင်းချာတွေနဲ့ ထိတွေ့ဆက်သွယ်ဖို့ သီးသန့်သုံးလိုသူတွေလည်း ရှိပါတယ်။ တစ်ခုကြိုတင်သတိပေးလိုတာက အခုလိုကူးယူပြီး ပြန်လည်ဖော်ပြခြင်းက အနုပညာရှင်များရဲ့ ကြည်နူးစရာ၊ ပီတိဖြစ်စရာ နောက်ပြီး သူတို့ရဲ့ နောက်ဆုံးအနုပညာလှုပ်ရှားမှုကို ပရိသတ်တွေ သိရှိဝေမျှခံစားနိုင်အောင် တစ်ဆင့်ပြန်လည်မျှဝေပေးတဲ့ သဘောပါပဲ။ ကဲ...သူတို့ရဲ့ လူမှုကွန်ရက်ထဲကို အတူဝင်ကြည့်ရအောင်လား။
  • Fri 12 Sep 2014 - 23:26
    အမေရိကန် သရုပ်ဆောင်မင်းသမီး ကေတီ ဟုမ်းသည် စာရေးဆရာမ အန် နီဝယ်သာဝက်စ်ရေးသားသော All We had ၀တ္ထုကို အခြေခံရိုက်ကူးမည့်   ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်မည်ဟု ရုပ်ရှင်ထုတ်လုပ်သူများက အတည်ပြုပြောကြားသည်။  ကေတီဟုမ်းသည် ရုပ်ရှင် ဇာတ်ကားတစ်ကားကို ဒါရိုက် တာတစ်ဦးအဖြစ် ပထမဆုံးအ ကြိမ် တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်သည်။
  • Fri 12 Sep 2014 - 23:24
    ပြည်တွင်းရှိ ဖေ့စ်ဘွတ်ခ် အသုံးပြုသူများ like လုပ်သူအရေ အတွက်အများဆုံးအနုပညာရှင် များစာရင်းတွင် ပထမနေရာရရှိနေသောကြောင့် ကြည်နူးဝမ်းသာ သလို ပရိသတ်များကိုလည်းကျေး ဇူးတင်ကြောင်း စိုင်းစိုင်းခမ်းလှိုင် က ၎င်း၏တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်  ရေးသားထားသည်။ ယင်းစာရင်းမှာ မြန်မာနိုင်ငံ တွင်းမှ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ ၏ like ပြုလုပ်ထားသည့်အရေ အတွက်စာရင်းကို ညွှန်ပြသည့်စာရင်းဖြစ်သည်။ ပြည်တွင်းမှအနုပညာရှင်များသာမက ကမ္ဘာ ကျော်အနုပညာရှင်များဖြစ်သည့် ဂျနီဖာလိုပက်ဇ်၊ တေလာဆွဇ်၊ ဂျက်ကီချန်း၊ ဂျပ်စတင်ဘီဘာတို့ ပါဝင်သလို နာမည်ကျော်ကေပေါ့ပ်အဖွဲ့များဖြစ်သည့် OneDirection, 2NE1 အဖွဲ့တို့လည်းပါဝင်ကာ ကိုရီးယားသရုပ်ဆောင်လီမင်ဟိုလည်းပါဝင်သည်။
  • Fri 12 Sep 2014 - 23:21
    စင်ကာပူနိုင်ငံတွင် ပြု လုပ်မည့် ကေပေါ့ပ်ရှိုးကြည့်သည့် အစီအစဉ်အပါအ၀င် Let's Go  ပရိုဂရမ်ရိုက်ကူးရန် စက်တင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နန်း မြတ်ဖြိုးသင်းက ပြောသည်။  ‘‘နန်းမြတ်တို့ရဲ့ ခရီးစဉ်မှာ ကေပေါ့ပ်ရှိုးပါမယ်။ ပြီးတော့ စင်ကာပူနိုင်ငံထဲက  အထင်ကရ နေရာတွေမှာလည်း  ရိုက်မယ်။ အင်ဒိုနီးရှား ဘာလီကျွန်းလည်း ပါမယ်’’ ဟု ၎င်းကပြောသည်။
  • Fri 12 Sep 2014 - 23:20
    တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီဂျောင်ဆော့ သည် SBS ရုပ်သံလိုင်း၏ ဒရာမာ ဇာတ်လမ်းတွဲသစ် Pinocchio ၌ ပါဝင်သရုပ်ဆောင်မည်ဟု  အ တည်ပြုလိုက်သည်။ လီဂျောင်ဆော့သည် ယခု နှစ် နိုဝင်ဘာတွင် ထုတ်လွှင့်ပြသ မည့် Pinocchio ဇာတ်လမ်းတွဲ၌ ချွဲဒယ်ပိုအမည်ရ လူငယ်သတင်း ထောက်တစ်ဦးအဖြစ် သရုပ် ဆောင်မည်ဖြစ်သည်။ လူငယ်သ တင်းထောက်များ၏ ဇာတ်လမ်း ကို ရိုက်ကူးတင်ဆက်မည့် Pin-occhio ဇာတ်လမ်းတွဲ၌ သရုပ်ဆောင်မင်းသမီးပတ်ရှင်ဟီးလည်းပါဝင်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အတည်ပြုထားသည်။
  • Thu 11 Sep 2014 - 23:31
    သရုပ်ဆောင်သက် ၂၀ကျော်လာသောကြောင့်    လူ ကြီးခန်းများကိုသာ ရိုက်ကူးရ သော်လည်း လုပ်ကွက်ရသည့် ဇာတ်ကောင်စရိုက်ကို ရွေးချယ်ရိုက်ကူးဖြစ်ကြောင်း ခင်ဇာခြည်ကျော်ကပြောသည်။
  • Thu 11 Sep 2014 - 23:26
    တောင်ကိုရီးယား SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသ လျက်ရှိသော It's Okay, It's Love ဒရာမာဇာတ်လမ်းတွဲမှ သရုပ်ဆောင်များနှင့် ရိုက်ကူးရေး အဖွဲ့သားများအားလုံးသည် လာ မည့် သီတင်းပတ်တွင် ထိုင်းနိုင်ငံ သို့ အပန်းဖြေခရီး ထွက်ကြမည် ဖြစ်သည်။
  • Thu 11 Sep 2014 - 23:26
    ‘ကွမ်းလုံ ရက် ၄၀ ’ ဇာတ်ကားသည် ယခင်ရိုက်ကူးဖူး သည့် တပ်မတော်ကားများနှင့် မတူဘဲ သမိုင်းအမှန်ကို ရိုက်ကူး ခြင်းဖြစ်သောကြောင့် တာဝန်ကြီး ကြောင်း မင်းမော်ကွန်းက ပြော သည်။
  • Wed 10 Sep 2014 - 22:56
    ကိုရီးယားလူငယ်ဂီတအဖွဲ့2PMသည် ၎င်းတို့ နောက်ဆုံးထုတ်ခဲ့သည့် သီချင်းခွေတွင် လေးနက်သောစိတ်ကူးများတင်ပြခဲ့သော်လည်း ယခုထပ်မံထွက် ရှိမည့် စတုတ္ထမြောက်အယ်လ်ဘမ်၌ မြူးကြွမြန်ဆန်သောတေး သီချင်းများကိုစီစဉ်ထားသည်။
  • Wed 10 Sep 2014 - 22:55
     iTune သုံး စွဲသူသန်း ၅၀၀ အတွက် အက်ပ် ပဲလ်ကုမ္ပဏီ၏ iTune အွန်လိုင်း စတိုးတွင် အိုင်ယာလန်ရော့ခ်အ ဆိုတော်U2 အဖွဲ့က ၎င်းတို့၏နောက်ဆုံးထွက်ရှိထားသော တေး အယ်လ်ဘမ်ကို လွှင့်တင် လိုက်ပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့သော  အက်ပ်ပဲလ် ကုမ္ပဏီ၏   ထုတ်ကုန်သစ်မိတ် ဆက်ပွဲ၌ ယင်းအဖွဲ့၏အယ်လ် ဘမ်ကို iTune သီချင်း ဝက
  • Wed 10 Sep 2014 - 22:55
    မယ်ကမ္ဘာမြန်မာအလှ မယ်ပြိုင်ပွဲ ဆန်ခါတင်စာရင်းဝင် စူပါမော်ဒယ် ပက်ထရစ်ရှာသည် လေ့ကျင့်ရေးရက်များတွင် ပုံမှန်လာရောက်ခြင်းမရှိသောကြောင့် ပြိုင်ပွဲမှထုတ်ပယ်လိုက်ကြောင်း  မယ်ကမ္ဘာမြန်မာ၏  တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စက်တင်ဘာ ၁၀ ရက်က    ထုတ်ပြန် ထားသည်။
  • Wed 10 Sep 2014 - 16:22
    အဆိုတော်ထူးအယ်လင်း ညီအစ်ကိုသုံးဦးပေါင်း၍ ရော့ခ်ဂီတအသားပေး ‘‘Three Brother’’ အယ်လ်ဘမ်တစ်ခု စီစဉ်နေကြောင်း သတင်းရရှိသည်။
  • Mon 08 Sep 2014 - 23:59
    မကြာခဏ အ ငြင်းပွားဖွယ် အပြုအမူများ လုပ် လေ့ရှိသော အမေရိကန်အဆို တော် မိုင်လေဆိုင်းရပ်စ်သည်  ဖက်ရှင်ဒီဇိုင်နာ အလက်ဇန်းဒါး ၀မ်၏ နယူးယောက်ဖက်ရှင်ပြပွဲ အပြီး စက်တင်ဘာ ၆ ရက် ည ပါတီပွဲသို့ အပေါ်ပိုင်း ဗလာကျင်း အနေအထားဖြင့် တက်ရောက်ခဲ့ သည်။
  • Mon 08 Sep 2014 - 23:58
    တောင်ကိုရီးယားထိပ်တန်းအဆိုတော်များဖြစ်သော PSY နှင့် Big Bang အဖွဲ့တို့ သည် ၂၀၁၄ အာရှအားကစားပွဲ ၌ ပါဝင်ဖျော်ဖြေကြမည်ဟု ၎င်းတို့၏ အေဂျင်စီ YG Entertain-ment က အတည်ပြုပြောကြား သည်။ ၂၀၁၄ အာရှ အားကစားပွဲကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
  • Mon 08 Sep 2014 - 23:58
    အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော် တွင် ၎င်းရိုက်ကူးထားသည့် မှတ် တမ်းရုပ်ရှင်တစ်ကား ပြသရန် ရွေးချယ်ခံခဲ့ရသောကြောင့် ရုပ် ရှင်ပွဲတော်သို့ တက်ရောက်ရန် စက်တင်ဘာ ၁၁ ရက်တွင် အမေ ရိကန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ၀ီရက ပြောသည်။
  • Mon 08 Sep 2014 - 23:57
    အိုင်းရင်းခရော့စ်အဖွဲ့ ၏ ဖျော်ဖြေပွဲကို မုံရွာမြို့တွင် နှစ် ရက်တိုင်တိုင် ပြုလုပ်သွားရန် အ စီအစဉ်ရှိကြောင်း ပုဂံအင်တာ တိန်းမန့်မှ ဈေးကွက်မန်နေဂျာ ကိုညီက ပြောသည်။

Pages

Subscribe to Entertainment