Environment

  • Thu 08 Jun 2017 - 23:49
    ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းဖြစ် ပေါ်နေပြီး ဇွန်လ ၈ ရက်ကစ၍ တစ် ပတ်အတွင်း မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။
  • Wed 07 Jun 2017 - 12:53
    ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်နှင့် ထမံသီဘေးမဲ့တောများတွင် သစ်ပင်၊ ပန်းမန် သုတေသန လုပ်ငန်းများကို ငါးနှစ်တာဆောင်ရွက်ရန် အမေရိကန်အခြေစိုက် နယူးယောက် အမျိုးသားဥယျာဉ်နှင့် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ မေလ ၂၃ ရက်ကနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ နယူးယောက် အမျိုးသား ဥယျာဉ်မှ ပညာရှင်များ၊ မြန်မာပညာရှင်များနှင့် ဌာနမှ ကျွမ်းကျင်သူများ ပူးပေါင်းကာ သစ်ခွနှင့် ပန်းမန်များကို မှတ်တမ်းတင်ခြင်း၊ အရွက်၊ အသီးများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခြင်း စသည့်သုတေသနလုပ်ငန်းများ ပြုလုပ်မည်ဖြစ်သည်။ သုတေသနပြုလုပ်ရာတွင် သစ်တောသုတေသနဌာနမှ သုတေသနတာဝန်ခံ ဒေါက်တာ မူမူအောင်နှင့် မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်းမှ ဒေါက်တာစော လွင်၊ ဒေါက်တာသက်ယုနွယ်၊ ဒေါ်ပန်းခက်ခက်တို့ ပါဝင်မည် ဖြစ်ရာ မြန်မာနိုင်ငံ ပန်းဝါသနာရှင် အသင်းဥက္ကဋ္ဌလည်းဖြစ်သူ အဆို ပါစီမံကိန်းတွင် ပညာရှင်အဖြစ်လိုက်ပါမည့် သစ်ခွနှင့် ပန်းမန် ပညာရှင် ဒေါက်တာစောလွင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
  • Mon 05 Jun 2017 - 21:20
     နှစ်နိုင်ငံအစိုးရအကြား မြေပြင်နယ်နိမိတ်တိုင်းတာမှုများ မပြုလုပ်ရသေးသောကြောင့် ယခုနှစ် ကန့်ကရာချန်သဘာဝနယ်မြေ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရောက်မှုကို ထိုင်းအစိုးရဘက်ကရပ်ဆိုင်းခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။ ကန့်ကရာချန် သဘာဝနယ် မြေရှိရာဒေသသည် မြန်မာ-ထိုင်းအစိုးရအကြား အငြင်းပွားနေဆဲ ဒေသဖြစ်ပြီး ထိုင်းအစိုးရဘက်က ယူနက်စကိုစာရင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့သော ဒေသဖြစ်သည်။
  • Mon 05 Jun 2017 - 21:17
     ဇွန်လ ၅ ရက်တွင် ကျ ရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် သို့ ၀င်ကြေးအခမဲ့ဖြင့် ၀င်ရောက်လည်ပတ်ခွင့်ပြုခဲ့သည်ဟု သတင်းရရှိသည်။  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ အထိမ်းအမှတ်အ ဖြစ် တိရစ္ဆာန်ဥယျာဉ်သို့ လာ ရောက်သူများကို ယင်းနေ့တစ်နေ့ တာဝင်ကြေးအခမဲ့ဖြင့် လည်ပတ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။
  • Sat 03 Jun 2017 - 22:48
     မြန်မာ့ဌာနေရင်းဖွားမျိုးစိတ်ဖြစ်သည့် မြန်မာမျက်လုံးလိပ် (ခ) ဆောက်လိပ်ကို ပထမဆုံးအ ကြိမ်အဖြစ် ကောင်ရေနှစ်ရာ ကျော်မျိုးပွားနိုင်ခဲ့ကြောင်း TSA နှင့် WCS မှ ဌာနေကိုယ်စားလှယ် ဒေါက်တာ ကလျာက ပြောသည်။
  • Wed 31 May 2017 - 12:07
    လူနှင့် တိရစ္ဆာန်တို့ကို အန္တရာယ် ဖြစ်စေသည့် ဓာတုဓာတ်ကြွင်းပါ ဝင်သော လူသုံးကုန်ပစ္စည်းများ ကို တစ်နှစ်ခန့် အချိန်ယူစစ်တမ်း ကောက်ယူမည်ဟု ပတ်ဝန်းကျင် ညစ်ညမ်းမှုကာကွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းမော်က ပြောသည်။ 
  • Wed 31 May 2017 - 12:05
    ပိုးသတ်ဆေးသုံးရေပေါ် ခရမ်းသီးစိုက်ခင်းများရှိသည့် အင်းလေးကန်ရေအရည်အသွေး လေ့လာဆန်းစစ်မှုကိုတစ်နှစ်ခန့်လုပ်ဆောင်မည်ဟု သစ်တောသုတေသနမှ ညွှန်ကြားရေးမှူး ဒေါက်တာသောင်းနိုင်ဦးက ပြောသည်။
  • Wed 31 May 2017 - 12:03
    သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှု အောက်တွင် ပတ်ဝန်းကျင်စံချိန် စံညွှန်း ကာကွယ်ရေးဌာနသစ်တစ် ခုကို ယခုနှစ်အတွင်း ဖွဲ့စည်းမည် ဟု ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာ ကွယ်ရေးဌာန ညွှန်ကြားရေးမှူး ဦးမင်းမော်က ပြောသည်။
  • Wed 24 May 2017 - 11:54
    မေလ ၂၃ ရက်ကို ကမ္ဘာ့လိပ်ထိန်း သိမ်းရေးနေ့အဖြစ် သတ်မှတ်ထား ပြီး မြန်မာနိုင်ငံသည်လည်း လိပ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ စီ မံချက်များဖြင့် ဆောင်ရွက်နေသည်။ ကုန်းလိပ်နှင့် ရေချိုလိပ်မျိုး စိတ်ပေါင်း ၂၆ မျိုးရှိပြီး အာရှ တိုက်အတွင်း အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ် နိုင်ငံပြီးလျှင် မြန်မာသည် စတုတ္ထမြောက် လိပ်ကောင်ရေ အများဆုံးရှိရာနိုင်ငံ ဖြစ်သည်။ လိပ်မျိုးစိတ်ပေါင်းများစွာ ရှိ သလို အိမ်နီးချင်းနိုင်ငံများသို့ တရားမ၀င်ကုန်သွယ်မှုနှင့် ပြည် တွင်း စားသုံးမှုစသည့်ခြိမ်းခြောက် မှုများရှိနေသေးသည်။ တရုတ်သို့ ရောင်းဝယ်မှုအများဆုံးခံရသည့် တရားမ၀င်တောရိုင်းတိရစ္ဆာန်စာ ရင်းတွင် လိပ်ကြက်တူရွေး၊ ကြယ် လိပ်အစရှိသည့် လိပ်မျိုးစိတ်များ က ထိပ်ဆုံး၌ ရှိနေရာ မြန်မာ နိုင်ငံ၏ လိပ်ထိန်းသိမ်းရေးအခြေ အနေနှင့် ပတ်သက်၍ သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) နှင့် လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ (TS A) ဌာနေကိုယ်စားလှယ်ဒေါက်တာကလျာနှင့် မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
  • Wed 17 May 2017 - 12:05
    စက်ရုံလုပ်ငန်းများ မဖြစ်မနေ ကျင့်သုံးလိုက်နာရမည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စံနှုန်းသတ်မှတ်ချက်များ မူကြမ်းရေးဆွဲပြီးစီးပြီဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမော်က ပြောသည်။
  • Wed 17 May 2017 - 11:45
    ဂျပန်အစိုးရက  မြို့ကြီးငါးမြို့နှင့် နေပြည်တော်တို့၌ လုပ်ဆောင်နေသော လေထုအရည်အသွေးတိုင်းတာမှုတွင် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း  သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ဦးမင်းမော်က ပြောကြား သည်။
  • Wed 17 May 2017 - 11:43
    ခါကာဘိုရာဇီအမျိုးသားဥယျာဉ် ၏ သဘာဝအမွေအနှစ်များ မှတ် တမ်းပြုစုခြင်းနှင့် လေ့လာသုတေ သနပြုခြင်း လုပ်ငန်းများကို ၂ နှစ်ကြာ ပြင်ဆင်ခဲ့ပြီးနောက် ကမ္ဘာ့သဘာဝအမွေအနှစ်အဖြစ် အကဲဖြတ်ရန် ၂၀၁၈ ဖေဖော်ဝါရီတွင် ယူနက်စကိုသို့ အဆိုပြုလွှာတင်သွင်းမည်ဟု ၀န်းကျင်သားငှက်ထိန်းသိမ်းရေးဌာနက ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောသည်။
  • Wed 10 May 2017 - 22:12
     မုတ္တမပင်လယ်ကွေ့ မြောက်ပိုင်းဧရိယာကို ထိန်းသိမ်း ကာကွယ်သင့်သည့် မြန်မာနိုင်ငံ ၏ စတုတ္ထမြောက် ရမ်ဆာရေ၀ပ်ဒေသအဖြစ် နိုင်ငံတကာ ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့က မေလ ၁၀ ရက်တွင် သတ်မှတ်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ‘‘စတုတ္ထမြောက် ရမ်ဆာ ဆိုက်အဖြစ် ဒီနေ့မှာ သတ်မှတ် လိုက်တာပါ။ အထိမ်းအမှတ်အ ခမ်းအနားကိုတော့ ဒီလအတွင်း မွန်ပြည်နယ်မှာ လုပ်ဖို့ရှိပါတယ်’’ ဟု သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဇော်မင်း က ပြောသည်။ အဆိုပါဒေသကို မွန်ပြည် နယ်အစိုးရအဖွဲ့၊ Swiss Agency for Development and Coo-peration အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အစီရင်ခံစာတင်သွင်းခဲ့သည်။
  • Wed 10 May 2017 - 13:31
    တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ကုန်သွယ်ရာ ဗဟိုချက်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတားဆီး တိုက်ဖျက်ရေး ခြေလှမ်းတစ်ခုစ တင်လိုက်ပြီဖြစ်သည်။ မှောင်ခိုဈေးကွက်တို့၏ဘု ရင်ဟုပင် ကမ္ဘာက တင်စားသည့် မြန်မာနိုင်ငံ၏အိမ်နီးချင်း တရုတ် နိုင်ငံသို့ တရားမဝင် ကုန်သွယ်ရာလမ်းကြောင်းများအနက် အဓိကကျသည့် မန္တလေး-လားရှိုး-မူဆယ်လမ်းကြောင်းတစ်လျှောက် တွင် တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတား ဆီးရေးစီမံကိန်းတစ်ခုကို ဗြိတိန်နိုင်ငံ Darwin Initiative ၏ပံ့ပိုးမှု ဖြင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ၂၀၁၆ ဇူလိုင်က စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။
  • Wed 03 May 2017 - 11:51
    မြန်မာနိုင်ငံတွင်စီးပွားရေးရင်းနှီး မြှုပ်နှံလိုသူများ ရှိသော်လည်း အဓိကလိုအပ်ချက်ဖြစ်သည့်လျှပ်စစ်ဓာတ်အားပြဿနာကို ဖြေရှင်းနိုင် ခြင်းမရှိသဖြင့် အခွင့်ရေးကောင်း များ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သမ္မတဟောင်းဦးသိန်းစိန်လက် ထက်တွင် နိုင်ငံအတွင်းလျှပ်စစ် ပြဿနာအဖြေရှာရေးအတွက် နိုင်ငံတကာ၏ထောက်ပံ့ကူညီမှု များရယူခဲ့၍ ချေးငွေများထုတ်ချေးကာ ရင်းနှီးမြှုပ်နှံမှုများဖိတ် ခေါ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင်လျှပ် စစ်ဓာတ်အားသည် အဓိကဖြစ် လာ၍ လျှပ်စစ်ဓာတ်အား ထုတ် လုပ်ရေးစီမံကိန်းသည် ကျောက်မီး သွေးစီမံကိန်းများဖြစ်လာခြင်းနှင့် နွေရာသီလျှပ်စစ်ဓာတ်အားပြတ် တောက်လာခြင်းတို့ကြောင့် လျှပ် စစ်ဓာတ်အားပြဿနာသည်လူ စိတ်ဝင်စားမှု အများဆုံးဖြစ်လာခဲ့ သည်။ မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ် အားပြဿနာဖြေရှင်းရေးအတွက် မြန်မာနိုင်ငံတွင်ရှိနေသော ပြန် ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ နှင့် ပတ်သက်၍ လေ့လာသုတေသ နပြုလုပ်နေသူကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအ ဖွဲ့ (WWF) မှစွမ်းအင်မန်နေဂျာ ကိုရွှန်းစိုဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
  • Wed 26 Apr 2017 - 11:55
    ချောင်းရေထဲတွင် ကြီးမားသည့် ခန္ဓာကိုယ်ကြီးလဲလျောင်းရင်း ဆင်ဦးစီး၏ ရေချပေး (ရေ ချိုးပေးခြင်း) နေမှုကို ခံယူနေသော သစ်ဆွဲဆင်ကြီး တစ်ကောင် နှာမောင်းဖြင့် ရေဆော့ကစားနေသည့် မြင်ကွင်းကို ရန်ကုန်မြို့နှင့် အနီးဆုံး ဝင်္ဂဘော်ဆင်စခန်း၌ မြင် တွေ့နိုင်ပါသည်။ သစ်တောထဲတွင်သာ ပင်ပန်းကြီးစွာ သစ်ဆွဲနေရာမှ လူအများနှင့် တရင်းတနှီးထိတွေ့ခွင့်ရသည့် ဆင်စခန်းများက အလုပ်လက်မဲ့ဆင်များအတွက် လုပ်ငန်းခွင်တစ်ခုဖြစ်လာသည်။ ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှု တတိယအဆိုးဆုံးနိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ၌ သစ်ထုတ်လုပ်မှုကို တစ်နိုင်ငံလုံးတွင် တစ်နှစ်ရပ်နားခဲ့ပြီး ပဲခူးရိုးမ၌ ဆယ်နှစ်ရပ်ဆိုင်းခဲ့ခြင်းကြောင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများရှိ သစ်ဆွဲဆင်များ အလုပ်နားခဲ့ရသည်။
  • Tue 11 Apr 2017 - 12:18
    သင်္ကြန်ပွဲတော်ဆင်နွှဲအပြီး မြန်မာနှစ်သစ်ကူး အခါသမယနှစ်ဆန်းတစ်ရက်ရောက်သည်နှင့် အလေးအနက်ထားပြုလေ့ရှိသည်မှာ ဇီဝတဒါန ကုသိုလ်ပြုခြင်းပင် ဖြစ်သည်။ နှစ်ဦးဇီဝိတဒါနအဖြစ် ငါး၊ လိပ်များလွှတ်ခြင်း၊ နွားများဘေးမဲ့ ပေးခြင်းနှင့်အတူ ငှက်များကို ဘေးမဲ့လွှတ်ခြင်းကလည်း အစဉ်အလာ သဖွယ်ပါဝင်နေသည်။ ယင်းအနက် ငှက်လွှတ်သည် ဆိုရာ၌ သတိပြုရမည့်အချက်မှာ ငှက်များသည် ငါးများ၊ နွားများကဲ့သို့ မွေးမြူထားသည့် သတ္တ၀ါများ မဟုတ်ဘဲ တောထဲ၊ လယ်ကွင်း များထဲတွင် သဘာဝအတိုင်း နေ ထိုင်ကျက်စားနေသည်ကို ဖမ်းဆီး ရောင်းချခြင်းဖြစ်၍ ယင်းနေ့အ တွက် ကြိုတင်ကာ ငှက်များပိုမို ဖမ်းဆီးခံနေရပြီ ဖြစ်သည်။
  • Wed 05 Apr 2017 - 12:42
    ၂၀၁၀ တွင် ပြဋ္ဌာန်းထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး  ဥပဒေအရ မည်သည့်စီမံကိန်းမဆို မစတင်ခင်ကတည်းက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှုများပြု လုပ်ရပြီး အဆိုပါစစ်တမ်းများအား စိစစ်ကာ စီမံကိန်းများခွင့်ပြုပေး ခြင်းဖြစ်သည်။ လူထုအကြား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းစစ်တမ်းများ ပြုလုပ်ရမည်၊ တောင်းဆိုရမည်ဆိုသည့် အသိပျံ့နှံ့နေသော်လည်း စီမံကိန်းများကို ထိန်း ကျောင်းမည့် သဘာဝပတ်ဝန်း ကျင်စီမံခန့်ခွဲအစီအစဉ်များအား လူထုအကြား ကျယ်ပြန့်မှုမရှိသေးသဖြင့် Environment Manage-ment Plan(EMP) နှင့်ပတ်သက် ပြီး သဘာဝပတ်ဝန်းကျင်အကြံပေးလုပ်ကိုင်နေသူ ကိုဘိုဘိုဟန် နှင့်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
  • Wed 29 Mar 2017 - 11:44
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ၎င်းတို့အာဏာရချိန်တွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန နှစ်ခုကိုတစ်ခုပေါင်းစည်းခဲ့သည်။ ဌာနနှစ်ခုပေါင်းစည်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟု အမည်ပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ သစ်တောတက္ကသိုလ်မှ ပါမောက္ခအဖြစ် အငြိမ်းစားယူခဲ့သူ ဦးအုန်းဝင်းအား ခန့်အပ်ခဲ့သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးဆောင်မည့်သူအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်ပယ်မှ အတွေ့အကြုံရှိသူကို တာဝန်ပေးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရချိန်တွင် မြန်မာ နိုင်ငံ၏ သစ်တောပြုန်းတီးမှုသည် အဆိုးဆုံးနိုင်ငံများ၌ ကမ္ဘာတွင် နံပါတ် (၄) မှ (၃) သို့ ခုန်တက်ခဲ့သည်။
  • Tue 21 Mar 2017 - 17:12
    ‘မြန်မာနိုင်ငံရှိ မြစ်ကြီးများ အား ကာကွယ်ပါ’ဟူသော ဆိုင်း ဘုတ်များက နိုင်ငံတကာမြစ်ချောင်းများနေ့ဖြစ်သော မတ်လ ၁၄ ရက်ကို ကြိုဆိုလိုက်သည်။

Pages

Subscribe to Environment