Feature

  • Fri 22 Sep 2017 - 23:32
    မည်သူမဆို ငယ်ဘဝကို ဖြတ်သန်းဖူးကြပါလိမ့်မည်။ သို့ သော် သန့်ရှင်းသော၊ ရိုးသား သော၊ ပွင့်လင်းမှန်ကန်သော ကလေးဘဝကို ဖြတ်သန်းခဲ့ရမှ တန်ဖိုးရှိသော ငယ်ဘဝဟု သတ် မှတ်နိုင်လိမ့်မည်ထင်ပါသည်။ ထို့ အပြင် ရိုးသားသော၊ သစ္စာရှိ သော၊ ကိုယ်ချင်းစာတရားရှိ သော၊ အနစ်နာခံဦးဆောင်နိုင် သော လူကြီးတို့နှင့်တွေ့ခဲ့လျှင် ပို
  • Wed 20 Sep 2017 - 12:27
    အပြောကျယ်လှသော ဘင်္ဂလားပင်လယ်အော်အတွင်းမှ ‘ဝုန်း...ဝုန်း’ဆိုသည့် လှိုင်းရိုက်သံက ကိုအောင်ဌေးကို ဖိတ် ခေါ်သလို ဖြစ်နေသည်။ ကိုအောင်ဌေးသည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေဒေသ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် နေထိုင်သည့် ရေလုပ်သားဖြစ်သည်။ ယခင်က ကိုအောင် ဌေးတစ်ယောက် ပင်လယ်ပြင်မှ လှိုင်းရိုက်သံကြားလျှင် မနေနိုင်ဘဲ ငါးဖမ်းထွက်ခဲ့သည်။ သို့သော် ယခုအခါ မည်မျှပင် ရာသီဥတုသာယာပြီး လှိုင်းရိုက်သံ ကြားနေပါစေ ငါးဖမ်းမထွက်ဖြစ်တော့ဟု ဆိုသည်။
  • Wed 20 Sep 2017 - 11:58
    ပရိသတ်စိတ်ဝင်စားမှု နည်းပါးလာသည်ဟု ထင်ကြေးပေးခံရသည့် ဇာတ်သဘင်လောကတွင် ဆယ်စုနှစ်လေးခု ကျော်ကြာ အောင်မြင်မှု ထိန်းသိမ်းထားနိုင်သူတစ်ဦးရှိသည်။ အခြားသူတော့မဟုတ်။ သဘင်တစ်ခေတ် အောင်မြင်ခဲ့သူ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ သားထွေး ရွှေမန်းချမ်းသာ ဖြစ်ပါ သည်။  လောလောလတ်လတ် ကျင်းပထားသော ရွှေမန်းချမ်းသာ သဘင်သက် နှစ်(၄၀)ပြည့် ဖျော် ဖြေပွဲတွင် နောက်ပိုင်းဇာတ်အထိ မိုးအလင်း ပရိသတ်အခိုင်အမာ လာရောက်အားပေးခဲ့မှုက လက်ရှိအချိန်အထိ ဇာတ်သဘင်လောက ၌ အောင်မြင်မှုထိန်းသိမ်းထားနိုင် ဆဲဆိုခြင်းကို မီးမောင်းထိုးပြနေသည်။
  • Wed 20 Sep 2017 - 11:51
    ယခုဆိုလျှင် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြင့် ခရီးသွားများ သွားလိုရာနေရာသို့ ပို့ဆောင်ပေးနေသည့် ကာလရှစ်လကျော်ကြာပြီဖြစ်သည်။ ရှစ်လအတွင်း စနစ်သစ်၊ နာမည်သစ်နှင့် YBS သည် လူရွှင်တော်များနှင့် အရပ်သားတို့၏ နှုတ်ဖျားမှ မချသည်အထိ ကျော်ကြားခဲ့သည်။ ပြည်သူစိတ်ပျက် YBS ဟူ၍ပင် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်မှတ်ချက်ပြုခဲ့သေးသည်။
  • Wed 20 Sep 2017 - 11:05
    ကချင်လူမျိုးတို့ အထွတ်အ မြတ်ထားရာ မြစ်ကြီးနားမြို့ မနောကွင်းရှေ့တွင် တည်ရှိသည့် နှစ်ထပ်အဆောက်အအုံတစ်လုံး သည် တိတ်ဆိတ်ခြောက်ကပ်နေ သည်။ ခြံစည်းရိုးဂိတ်ဝတွင် ကာကီ ရောင်ယူနီဖောင်းဖြင့် စောင့်ကြပ်နေသည့် အရပ်ဘက်လုံခြုံရေး ဝန် ထမ်းတစ်ဦးနှင့် ရံဖန်ရံခါဝင်ထွက်သွားလာနေသူတစ်ဦး၊ နှစ်ဦးစမှအပ ဆက်ဆံရေးရုံးတစ်ခုလုံး ရှင်းလင်းတိတ်ဆိတ်နေ၏။ ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပုံမှန်ရှိ နေစဉ်က ညဥ့်နက်အချိန်ကလွဲ၍ အမြဲဖွင့်လှစ်ထားသည့် အဆောက်အအုံပင်မတံခါးကြီးကိုလည်း နေ့ခင်းပိုင်းတွင်ပင် ပိတ်ထားသည်ကို တွေ့ရသည်။
  • Wed 20 Sep 2017 - 10:51
    ၂၀၀၇ စက်တင်ဘာလလယ် တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာမှု၊ စက်သုံးဆီဈေးနှုန်းများကို နအဖအစိုးရက ရုတ်တရက် တိုး မြှင့်လိုက်မှုကြောင့် ရန်ကုန်မြို့မှ သံဃာတော်များ ဦးဆောင်ကာ ရွှေတိဂုံစေတီမှ ဆူးလေစေတီ အထိ မေတ္တသုတ်ရွတ်ဆို၍ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။ သံဃာတော်များအပါအဝင် လူပုဂ္ဂိုလ်များ၏ ဆန္ဒထုတ်ဖော်မှုသို့ ရန်ကုန်မြို့နယ် အများစုမှ ပြည်သူများလည်း ပူးပေါင်းပါဝင်လာပြီး ဆန္ဒပြမှု ရှစ်ရက်မြောက်နေ့တွင် စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းအကြမ်းဖက်မှု ကြောင့် သံဃာတော်များနှင့် ပြည်သူများ သေဆုံးခဲ့ရသည်။ ယခု ၂၀၁၇ စက်တင်ဘာသည် ရွှေဝါရောင်တော်လှန်ရေး (၁၀) နှစ်ပြည့်နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။ ယင်းရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်စေရန် ဦးဆောင်ကြိုးပမ်းလုပ်ဆောင်မှုတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့ နယ်ရှိ ငွေကြာရံကျောင်းတိုက်မှ ဆရာတော်များလည်း အပါအဝင်ဖြစ်သည်။ ငွေကြာရံကျောင်းတိုက်ကို လုံထိန်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး သံဃာတော်များကို ဖမ်းဆီးရိုက်နှက်ခဲ့သည့်ဖြစ်စဉ်သည် ရွှေဝါရောင်အရေးအခင်းတွင် ထင်ရှားသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ထို့အပြင် ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ပြုလုပ်ရာတွင် ပါဝင်သော ငွေကြာရံကျောင်းတိုက် ဆရာတော်များအနက် ဆရာတော် ဦးအဂ္ဂရာဇာသည်လည်း ထင်ရှားသည့် ဆရာတော်တစ်ပါးဖြစ်သည်။
  • Wed 20 Sep 2017 - 10:36
    စစ်တပ်က အာဏာသိမ်းသည့်အကြောင်း ပြောကြလျှင် ထိုင်းနှင့်မြန်မာကို ချန်ထား၍မရ နိုင်ပါ။ ထိုင်းသည် စစ်တပ်က အာဏာခဏခဏသိမ်းသည့်နိုင်ငံအ ဖြစ် နာမည်ကြီးသည်။ လက်ရှိ အချိန်တွင်လည်း စစ်တပ်က အာဏာသိမ်းထားဆဲပင်ဖြစ်ပြီး စုစု ပေါင်း ၂၁ ကြိမ်အထိ အာဏာသိမ်းခဲ့သည်။ မြန်မာကတော့ ထိုင်းနှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး သမိုင်းတစ်လျှောက်နှစ်ကြိမ်သာ အာဏာသိမ်းခဲ့သည်။ သို့သော် တစ်ခါသိမ်းလျှင် နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့သည်။ ၁၉၆၂ က တစ်ကြိမ်၊ ၁၉၈၈ ကတစ်ကြိမ်ဖြစ်သည်။ ၁၉၈၈ က ကြေညာချက်တစ်စောင်ထုတ်ပြီး အာဏာသိမ်းမှုသည် ၂၀၁၁မှ အဆုံးသတ်ခဲ့သည်။ သို့ဖြစ်ရာ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသော ကြေညာ ချက်တစ်စောင်၏ အသက်ဝင်မှုသည် စုစုပေါင်း ၂၃ နှစ်ကြာခဲ့ သည်။
  • Wed 20 Sep 2017 - 10:22
    လေယာဉ် ပြေးလမ်းပေါ်တွင် တစ်နာရီ မိုင် ၁၂၀ နှုန်းဖြင့် ဝေဟင်သို့ ပျံတက်ရန် အရှိန်ယူနေသော ဂျက်လေယာဉ်ဆီမှ အသံတစ်ခု ကျယ်လောင်စွာ မြည်ဟည်းလာသည်။ ‘‘ရွှီး . . . ဖောင်း’’ အသံကြားလျှင် ကြားချင်းပင်အရှိန်အဟုန်ဖြင့် သွားနေသော လေယာဉ် ရပ်တန့်ရန် လေယာဉ် ကပ္ပတိန် ဦးတင်လှိုင်မှီက ဘရိတ် သုံး၍ အစွမ်းကုန်ကြိုးစားခဲ့သည်။ ၁၉၉၆ ဇန်နဝါရီက တရုတ် နိုင်ငံ ကူမင်းလေဆိပ်မှ ပျံတက် တော့မည့်  F-28 အမျိုးအစားဂျက်လေယာဉ်ပေါ်တွင် မြန်မာနိုင်ငံမှ အရေးကြီးပုဂ္ဂိုလ် လိုက်ပါလာသည်။ သူက အခြားသူတော့ မဟုတ်။ ယခုအခါ အငြိမ်းစားယူသွားပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေဖြစ်သည်။
  • Wed 20 Sep 2017 - 10:16
    စက်တင်ဘာ ၁၈ ရက်။မြန်မာ့ဒီမိုကရေစီခရီးတွင် အာဏာရှင်အစိုးရကို တော်လှန်ကာဒီမိုကရေစီကို တောင်းဆိုခဲ့သော အရေးတော်ပုံတစ်ခု တစ်ခန်းရပ်ခဲ့သောနေ့။ ‘နိုင်ငံတော် တစ်ဝန်းလုံးတွင်အဘက်ဘက်မှ ယိုယွင်းနေသောအခြေအနေကို အချိန်မီထိန်းသိမ်းနိုင်ရန်’ ဆိုသော စကားလုံးဖြင့် ဆယ်စုနှစ်နှစ်ခုကျော်ကြာ စစ်အုပ်ချုပ်ရေးစတင်ခဲ့သောနေ့။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်က ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်ခဲ့သော စစ်အာဏာသိမ်းမှုသည် ၂၉ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထု၏ ပူးပေါင်းပါဝင်လာမှု ကြောင့် အမြင့်မားဆုံးအခြေအနေ အထိ ရောက်ရှိခဲ့သော ရှစ်လေးလုံးအရေးတော်ပုံ၏ မျှော်မှန်းချက်များက စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းမှုဖြင့် တစ်ခန်းရပ်သွားသည်။
  • Fri 15 Sep 2017 - 23:56
    (၁)
  • Wed 13 Sep 2017 - 12:22
    ပြည်တွင်း ပညာရေးဈေးကွက်တွင် အစိုးရ အခြေခံပညာကျောင်းများနှင့်အပြိုင် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများ နေရာယူလာခဲ့သည့် သက်တမ်းသည် ခြောက်နှစ်အတွင်းဝင်ရောက်လာပြီဖြစ်သည်။ ၂၀၁၁ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၄) ဖြင့် ၂၀၁၁ ဒီဇင်ဘာ ၂ ရက်တွင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ဥပဒေအရ ၂၀၁၂ ဧပြီ ၄ ရက်တွင် ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နည်းဥပဒေများကို ထပ်မံပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေ၊ နည်းဥပဒေ များဖြင့် ၂၀၁၂-၂၀၁၃ ပညာသင် နှစ်ကစ၍ တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ စတင်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
  • Wed 13 Sep 2017 - 11:54
    လက်ရှိတွင် နယ်မြေမငြိမ်သက်မှု များ ဖြစ်ပွားနေသည့် ရခိုင်ပြည် နယ်ကဲ့သို့ နေရာမျိုး၌ ကာကွယ် ဆေးလွှမ်းခြုံနိုင်မှုသည် စိုးရိမ်ရ မည့် အချက်တစ်ချက်ဖြစ်သည်။ ယခင်ကတည်းကပင် ရခိုင်အပါ အဝင် ရှမ်း၊ ကချင်၊ ‘ဝ’၊ ကိုးကန့် အစရှိသည့် နေရာများ၌ ကာကွယ် ဆေးလွှမ်းခြုံမှု အားနည်းခဲ့သည်။ ထို့အပြင် တစ်ရက်လုပ်တစ်ရက် စား မိဘအချို့ကြောင့် ကာကွယ် ဆေး အပြည့်အဝမရရှိသည့် ကလေးများလည်း ရှိနေသေး သည်။ ထိုသို့ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းခြင်းသည် ကူးစက်ရောဂါများကို  ခေါင်းပြန် ထောင်လာစေနိုင်၍ အဆိုပါဒေသ များတွင် ကာကွယ်ဆေးနှင့်ပတ် သက်၍ မည်သို့ဆောင်ရွက်နေ သည်ကို ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ဗဟိုကာကွယ် ဆေးထိုးလုပ်ငန်း လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုးနှင့် မေးမြန်းထားမှု များကို ဖော်ပြလိုက်ပါသည်။
  • Wed 13 Sep 2017 - 11:48
    အမှောင်ဖုံးသော သောကြာနေ့ (Black Fir-day) ဟူ မြန်မာ့အစိုး ရက တင်စားသတ်မှတ်ခဲ့သည့် သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်တိုက် ခိုက်မှုများဖြစ်ပွားပြီးနောက် ပြည်တွင်းနှင့် ကမ္ဘာ့မီဒီယာအသီးသီးတွင် မြန်မာ့သတင်းများသည် ထိပ်တန်းသတင်းအဖြစ် ရက်ပေါင်းများစွာ ရှိနေခဲ့သည်။
  • Wed 13 Sep 2017 - 11:00
    စိုက်ပျိုးစရိတ် ကျပ်သုံးသိန်းခွဲကျော် အကုန်အကျခံ၍ စိုက်ပျိုးထားသော ပဲစင်းငုံခင်းကိုတောင်သူ ဦးနေလင်းတစ်ယောက်ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့သည်။ လူတစ်ရပ်ခန့်ရှိသော စိမ်းစိုနေသည့် ပဲစင်းငုံပင်များကို လယ်ထွန်စက်ဖြင့် ဖျက်ဆီးနေသည်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်ခဲ့သည်။ ‘‘စိတ်မကောင်းပေမယ့် စီးပွားရေးအတွက် ဆက်မလုပ်နိုင်လို့ ဖျက်ပစ်လိုက်ရတာပါ’’ ဟု ကျောက်ပန်းတောင်းမြို့နယ် အ မြှောင်ကန်ကျေးရွာမှ တောင်သူ ဦးနေလင်းက ၎င်းကဆုံးဖြတ်ချက် နှင့်ပတ်သက်၍ ရှင်းပြသည်။ လယ် ၈ ဧကတွင် ပဲစင်းငုံ၊ နှမ်းနှင့် မြေပဲတို့ကို ၁၇ နှစ်ခန့် စိုက်ပျိုးပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းခဲ့သော တောင်သူဦးနေလင်းသည် စိုက်ပျိုးပြီး ပဲစင်းငုံ နှစ်ဧကကို ၎င်း၏တောင်သူသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ဖျက်ဆီးရခြင်းဖြစ်သည်။ ကုန်သည်များဈေးဖွင့်သည့် ပဲစင်းငုံတစ်တင်း ကျပ်တစ်သောင်း ကျော် ဈေးနှုန်းသည် စိုက်ပျိုးမှု ကုန်ကျစရိတ်ထက်များစွာ လျော့နည်းခြင်းကြောင့် တစ်နာရီကျပ်တစ်သောင်းခွဲပေး၍ ထွန်စက်ငှား ဖျက်ဆီးပြီး ပဲစင်းငုံအစား နှမ်းပြန် စိုက်ရန် စီစဉ်နေသည်။
  • Wed 13 Sep 2017 - 10:30
    မသွဲ့သွဲ့ဝင်းသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး ဆန္ဒပြတောင်းဆိုမှုများကြောင့် လေးကြိမ်မက သေနတ်ပစ်ခတ်ခံရပြီး မကြာခဏ အသက်ဘေးနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ သူ ဆန္ဒပြပွဲနွှဲသည့် ကာလက ခြောက်နှစ်အထိရှိခဲ့ပြီး အရေအတွက်က ရာဂဏန်းကို ကျော်ခဲ့ ပြီ။ ၂၀၁၂ ဇွန်လက မြန်မာဝမ် ပေါင်ကုမ္ပဏီရုံးရှေ့တွင် စတင်ခဲ့သည့် နှစ်ညအိပ်သုံးရက်ကြာ ဆန္ဒ ပြခြင်းမှ ပြီးခဲ့သည့်ဩဂုတ်အတွင်း က မြန်မာဝမ်ပေါင်ကုမ္ပဏီရှေ့တွင် လုပ်ဆောင်ခဲ့သည့် ဆန္ဒပြပွဲအထိ သူဦးဆောင်ပါဝင်ခဲ့သည်။ ရာဂဏန်းကျော်ရှိသော ဆန္ဒပြပွဲများအတွက် ရည်ရွယ်ချက်က များများစားစားတော့ မဟုတ်။ ကျေးရွာမရွှေ့ပြောင်းလိုခြင်း နှင့် စီမံကိန်းအတွက် သိမ်းဆည်းခံရမည့် စိုက်ပျိုးမြေများအတွက် နစ် နာကြေး တိုးမြှင့်ရရှိရန်သာဖြစ်သည်။
  • Wed 13 Sep 2017 - 10:13
     ရန်ကုန်မြို့ ၂၇ လမ်းအထက်ဘလောက်ရှိ ပင်ရင်းထီဆိုင်ကြီးတစ်ခု၏ အတွင်း၌ အသက် (၆၀)နှစ်ခန့်အရွယ် ထီလုပ်ငန်းရှင်တစ်ဦးက လက်ကိုင်ဖုန်းဖြင့် တစ်ဖက်က ပြောကြားမှုကို စိတ်ဝင်တစားနားထောင်နေသည်။ သုံးမိနစ်ခန့်ကြာ ဖုန်းပြောနေစဉ်အတောအတွင်း သူ့မျက်နှာတွင် အံ့သြမှုဖြစ်ပေါ်နေသည့် အမူအရာကို ထင်ရှားစွာ တွေ့ရသည်။  ‘‘သိန်းတစ်သောင်းဆုကို သိန်းတစ်ထောင့်ငါးရာအထိ အလိုက်တင်ရောင်းဖို့ဆိုပြီး သတင်းထွက်နေတယ်။ ပြန်ဝယ်မယ့်သူ တွေဘက်က သိန်းငါးရာထက် ပိုမပေးသေးဘူး’’ဟု ထီလောကမှ အသိဖြစ်သူထံ စုံစမ်းမေးမြန်းပြီး နောက်ကြားရသည့် သတင်းကို ၎င်းကပြောသည်။
  • Wed 13 Sep 2017 - 09:47
    တောင်တွင်းကြီးမြို့သား ကိုတင်ထွန်းအောင်တစ်ယောက် စက်တင်ဘာ ၁၀ ရက် ည ၇ နာရီခွဲခန့်က မြို့ထဲမှ နေအိမ်သို့ ပြန်လာခဲ့သည်။ ထိုစဉ် ကားကြီးဝင်းအတွင်းလူသုံးဆယ်ခန့်ပါဝင်သည့် ဆိုင်ကယ်အုပ်စုတစ်စုထွက်လာသည်ကို မြင်ရသည်။ ယင်းလူစုသည် တောင်တွင်းကြီးမြို့တွင် လူမျိုးရေး၊ ဘာသာရေးအသွင် ဆူပူမှုများဖြစ်ပွားစေရန် ကြံစည်ခဲ့သူများဖြစ်ကြောင်း ကိုတင်ထွန်းအောင်က ဆိုသည်။
  • Tue 12 Sep 2017 - 20:35
    အမေရိကန် နိုင်ငံရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အမြွှာမျှော်စင်ကို အကြမ်းဖက်တိုက်ခိုက်ခံရမှု စက်တင်ဘာ ၁၁ ရက်ရောက် တိုင်း ကမ္ဘာတစ်လွှားက မေ့ ဖျောက်ရန် ခက်ခဲနေကြဆဲဖြစ် သည်။
  • Tue 12 Sep 2017 - 19:32
    ဒေါ်ရွှေချမ်းတို့ မိသားစုသည် လေးနှစ်တာကာလအတွင်း နေရပ်ကိုသုံးကြိမ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်။
  • Sat 09 Sep 2017 - 00:01
    ကျွန်တော်က အလေး အနက် တွေးတောရတဲ့ အလုပ် တွေဘာတွေ လုပ်လေ့လုပ်ထမရှိ ဘူး။ မိုးလင်းမိုးချုပ် ပိုက်ဆံရှာဖို့ပဲ စိတ်ရောက်နေတော့ တွေးချိန် လည်းမရဘူးလေ။ နောက်ပြီး ကံ ကောင်းထောက်မလို့ ဂျပန်ကို ရောက်လာတာဟာ ငွေပင်လယ် ကြီးအောက် ရောက်လာတာဖြစ် လို့ အချိန်ရှိသရွေ့၊ ခွန်အားရှိ သရွေ့ ငွေသီးခူးရမယ်လို့ပဲ အများနည်းတ

Pages

Subscribe to Feature