Entertainment


(၆၇) ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော် တက်ရောက်မယ့် ဆောင်းဟေကို

တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး ဆောင်းဟေကို သည် (၆၇) ကြိမ်မြောက် ကိန်း ရုပ်ရှင်ပွဲတော်ကို တက်ရောက်၍ ၎င်း၏ ရုပ်ရှင်ဇာတ်ကားသစ် The Crossing ကို ကြေညာသွားမည် ဟု ဆောင်းဟေကို၏ အေဂျင်စီ က ပြောကြားသည်။

The Crossing ရုပ်ရှင်ဇာတ် ကားမှ အဓိကဇာတ်ဆောင်များ ဖြစ်သော ဆောင်းဟေကို၊ တရုတ် မင်းသမီး ကျန်းဇီယီနှင့်ယင်းဇာတ် ကားကို ရိုက်ကူးသည့် ဟောင် ကောင်ဒါရိုက်တာ ဂျွန်ဝူးတို့သည် မေလ ၁၇ ရက်တွင် ပြင်သစ်နိုင်ငံ ကိန်းမြို့၌  သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပြီး မေလ ၁၈ ရက် တွင် အင်တာဗျူးများ ပြုလုပ်သွား မည်ဖြစ်သည်။

ကေဒရာမာစတား ဆောင်း ဟေကိုသည် The Crossing ဇာတ်ကားတွင် တရုတ်သရုပ် ဆောင်မင်းသား၊ မင်းသမီးများ နှင့် ပူးတွဲသရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားသည် ၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့သော တရုတ် မီးသင်္ဘော Taiping နစ်မြုပ်မှုကို အခြေခံရိုက်ကူးထားသည်။ ယင်း သင်္ဘောနစ်မြုပ်မှုအတွင်း ခရီး သည်နှင့် သင်္ဘောသားစုစုပေါင်း ၁,၅၀၀ ကျော် သေဆုံးခဲ့သည်။

ဆောင်းဟေကိုသည် ၂၀၀၈ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်သို့ တက် ရောက်ခဲ့ပြီးနောက် ခြောက်နှစ်အ ကြာတွင် ကိန်းရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခြင်းဖြစ်သည်။

(၆၇)ကြိမ်မြောက် ကိန်းရုပ် ရှင်ပွဲတော်ကို မေလ ၁၄ ရက်မှ ၂၅ ရက်အထိ ကျင်းပမည် ဖြစ် သည်။ ဆောင်းဟေကို ပါဝင် သရုပ်ဆောင်ထားသော The Crossing ဇာတ်ကားကို ယခုနှစ် နှစ်ကုန်ပိုင်းတွင်    ရုံတင်ပြသမည်ဟု   သိရ သည်။       

—Ref: Han Cinema


FHM မဂ္ဂဇင်းရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ် အရွေးခံရတဲ့ ဂျနီဖာလောရင့်စ်

ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ဂျနီဖာလောရင့်စ်သည် ဗြိတိန်အမျိုးသားမဂ္ဂဇင်း FHM ၏ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ခြင်းခံရသည်။

ပြီးခဲ့သည့် ၂၀၁၃ က FHM မဂ္ဂဇင်း၏ ကမ္ဘာ့ဆွဲဆောင်မှုအ ရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းတွင် နံပါတ် ၂၀ နေရာ၌ ရှိနေခဲ့သော ဂျနီဖာလောရင့်စ်သည် ပွင့်လင်း ရဲရင့်သောကြောင့် ယခုနှစ်တွင် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုး သမီးအဖြစ် ရွေးချယ်ခြင်းခံရ သည်ဟု FHM မဂ္ဂဇင်းက ပြော ကြားခဲ့သည်။

FHM ၏ ၂၀၁၄ ကမ္ဘာ့ဆွဲ ဆောင်မှုအရှိဆုံး ထိပ်တန်းအမျိုး သမီး ငါးဦးမှာ ဂျနီဖာလောရင့်စ်၊ မီရှဲလ်ကီဂန်၊ ရီဟားနား၊ အမ်မ လီရာတာတိုက်ကော့စကီးနှင့်  ကယ်လီကိုးကိုတို့ဖြစ်ကြသည်။

၂၀၁၃ တွင် ကမ္ဘာ့ဆွဲဆောင် မှုအရှိဆုံးအမျိုးသမီးအဖြစ် သတ် မှတ်ခြင်းခံရသော အမေရိကန် သရုပ်ဆောင်မင်းသမီး မီလာကူး နစ်သည် ယခုနှစ်တွင် နံပါတ် ၆ နေရာသို့ ကျဆင်းသွားခဲ့သည်။

 

—Ref: Hollywood Buzz


ကေပေါ့ပ်ပွဲ လက်မှတ်ဈေးကြီးသော်လည်း ပရိသတ်အ၀င်များ

ကေပေါ့ပ်အဖွဲ့ဖျော်ဖြေနေစဉ် ( ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) )

ဧပြီ ၃၀ ရက်က သုဝဏ္ဏအားကစားရုံတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သော ကေပေါ့ပ် ဖျော်ဖြေမှာလက်မှတ်ခများ ကြီးမြင့်သော်လည်း ၇၀ ရာခိုင်နှုန်းရောင်းကုန်သွားခဲ့ကြောင်း သတင်းရရှိသည်။

  ‘‘ပရိသတ်အင်အားကတော့ စာရင်းချုပ်လို့ မရသေးဘူး။ လက်မှတ်တွေပြန်တော့ သိမ်း ထားတယ်။  မေဒေးနေ့ဖြစ်နေတော့ စာရင်းချုပ်လို့ မရသေးဘူး။ ရုံမှာရှိတဲ့ ခုံတွေရဲ့ ၇၀ ရာခိုင်နှုန်း တော့ ရောင်းရမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မျက်မြင်အရ ကြည့်တာပေါ့နော်။ အခြေအနေက အရမ်းကောင်းပါတယ်’’ ဟု ပွဲစီစဉ်သူကိုအီကြာကွေးက ပြောသည်။

  1st K-Pop Concert in Myanmar ဟု အမည်ပေးထား သော အဆိုပါပွဲသည် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ရန်ပုံငွေအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ အများဆုံးကျပ်တစ်သိန်းမှ အနည်း ဆုံးကျပ်တစ်သောင်းခွဲ ဖြစ်သည်။

ထိုပွဲတွင် ကိုရီးယားအမျိုး သမီး   ကေပေါ့ပ်အဖွဲ့များဖြစ် သော Girls Day, Dal-Shabet, Tint နှင့် အမျိုးသားအဖွဲ့ MIB တို့က အကများဖြင့်တွဲဖက်သီဆိုခဲ့ပြီး ‘‘ဆောင်ဦးရွက်ကြွေချစ်သက်သေ’’ ဇာတ်လမ်းတွဲ နောက်ခံသီချင်းသီဆိုခဲ့သော အဆိုတော် Jung II Young က လည်း မြန်မာ ပရိသတ်များကို ဖျော်ဖြေပေးသည်။ထို့အပြင် မြန်မာအဆိုတော်များဖြစ်သည့် ဟဲလေး၊ ထက်ထက် (Bobby Soxer) တို့လည်း ပါဝင်ဖျော်ဖြေခဲ့သည်။

ည ၉ နာရီဖျော်ဖြေပွဲအပြီး တွင် ပါဝင်ဖျော်ဖြေခဲ့သော ကိုရီး ယားအဆိုတော်များသည်  ညတွင်းချင်းပင်  ကိုရီးယားလေကြောင်းလိုင်းဖြင့် ပြန်သွားကြောင်း သိရသည်။

  ယခု ပထမဆုံးအကြိမ် ပြုလုပ်သော ပွဲတွင် အောင်မြင် မှုရရှိခဲ့သည့်အတွက် ကိုရီးယားအဆိုတော်များ ထပ်မံခေါ်ယူကာ ဖျော်ဖြေပွဲများ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ကိုအီကြာကွေးက ပြောသည်။


ဟန်ရီဆူး၏အေဂျင်စီ တရုတ်ကုမ္ပဏီနှင့် ပူးတွဲလုပ်ကိုင်မည်

 တောင်ကိုရီးယားမင်းသမီး၊ အဆိုတော်နှင့် မော်ဒယ် ဟန်ရီဆူး၏ အေဂျင်စီ SB Entertainment သည် တရုတ်နိုင်ငံတွင် Zelix ကုမ္ပဏီခွဲ ဖွင့်လှစ်၍ တရုတ်ဈေးကွက်၌  ကိုရီးယားမင်းသား၊ မင်းသမီး အုပ်စုများကို လူသိများရန် လုပ်ဆောင်မည်ဖြစ်သည်။

‘‘တရုတ်နိုင်ငံက ဖျော်ဖြေaရးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Zelix နဲ့ ပူးပေါင်းသွားပါမယ်။ တရုတ်ရုံးခွဲ ဖွင့်လှစ်ပြီးရင် တရုတ် နိုင်ငံက အင်အားကြီးဖျော်ဖြေရေး အုပ်စုတွေဖြစ်တဲ့ DMG Enter-tainment၊ Pegasus Entertain- ment တို့နဲ့ မဟာဗျူဟာမြောက် လက်တွဲလုပ်ကိုင်သွားမယ်’’ဟု ဟန်ရီဆူး အေဂျင်စီနှင့် ပူးပေါင်းမည့် Zenith Media အမှုဆောင် အရာရှိချုပ်က ပြောသည်။

၎င်းတို့အနေဖြင့် ယခုနှစ်အတွင်းမှာပင် အဖွဲ့ဝင်ခုနစ်ဦးပါ အမျိုးသမီး၊ အမျိုးသား K-Pop အဖွဲ့များကို မိတ်ဆက်သွားရန်ရှိသည်ဟု အမှုဆောင်အရာရှိချုပ် မစ္စတာကန်းက ပြောသည်။

 

—Ref: AU Kpop


ကေပေါ့ပ် ပရိသတ်တွေနဲ့ ရန်ဖြစ်နေတဲ့ ယုန်လေး

မြန်မာနိုင်ငံတွင် ပထမ ဆုံးအကြိမ်ပြုလုပ်ခဲ့သော ကေ ပေါ့ပ်ဖျော်ဖြေပွဲ၌    အားပေး သည့်ပရိသတ်များကို ဖေ့စ်ဘွတ်ခ် မှတစ်ဆင့် ဝေဖန်ခဲ့သောကြောင့် ဟစ်ဟော့ပ်အဆိုတော် ယုန်လေး နှင့်      ကေပေါ့ပ်ပရိသတ်များ အကြား မပြေလည်မှုများဖြစ်ပွား ခဲ့သည်။

ယုန်လေးက ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ‘‘Korea တွေကို မမုန်းပါဘူး။ J မဝင်ပါဘူး A to Z အထိ ဘာတစ်ခုမှမဝင်ပါ ဘူး။ အဆိုတော်တွေထဲမှာ Asia ကိုတော့ အဆိုတော်အချင်းချင်း ဘုရားလိုမကိုးကွယ်သင့်ပါဘူး။ YI ကတော့ကြိုက်လည်းမကြိုက် ဘူး။ ကြည့်စရာလည်းမလိုပါဘူး။ ပြောနေတာတွေကြားတယ်။ လူ ငယ်တချို့ ငယ်သံတွေပါပါပြီး Photo ရိုက်တာတောင်ငိုပြီး Over တွေလုပ်ခဲ့ပါတယ်’’ဟု ယုန်လေးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင်ရေးသားကာ   ကေ ပေါ့ပ်ပရိသတ်များကို   ဝေဖန်ခဲ့ သည်။

ဧပြီ ၃၀ ရက်က သုဝဏ္ဏ အားကစားရုံတွင် ဖျော်ဖြေခဲ့သော ကေပေါ့ပ်အဆိုတော်များ သီချင်း ဆိုဖျော်ဖြေသည့်အပိုင်းကိုလည်း ဝေဖန်ခဲ့ပြီး မြန်မာအဆိုတော်များ နှင့် နှိုင်းယှဉ်ကာ ပြောဆိုခဲ့သည်။

ယင်းအကြောင်းအရာ အ ပေါ် ဖေ့စ်ဘွတ်ခ်မှ ကေပေါ့ပ် ပရိသတ်များက ပြန်လည်မှတ်ချက် ပြုကာ    တုံ့ပြန်ခဲ့ကြပြီး   အခြား လူများကို ဝေဖန်လိုပါက ကိုယ် တိုင်အရည်အသွေးပြည့်ရန်ကြိုး စားသင့်ကြောင်း ပြောဆိုခဲ့ကြသ လို ယုန်လေးဘက်မှ ဟစ်ဟော့ပ် ပရိသတ်များကလည်း ပြန်လည် ပြောဆိုခဲ့ကြရာ ရိုင်းစိုင်းသည့် စကားလုံးများလည်း    ပါဝင်ခဲ့ သည်။

ယင်းဝေဖန်မှုများနှင့်ပတ် သက်၍ ယုန်လေးက ယခုကဲ့သို့ ရေးသားခဲ့ခြင်းသည် မည်သူ့ကိုမှ ပုတ်ခတ်လို၍မဟုတ်ဘဲ ပွင့်ပွင့် လင်းလင်းနေထိုင်နေသူတစ်ဦး ဖြစ်သောကြောင့် စိတ်ထဲတွင်ရှိ သည့်အတိုင်း ရေးသားခဲ့ခြင်းဖြစ် ပြီး ၎င်းကို ဝေဖန်မှုများနှင့်ပတ် သက်၍ ကြိုးစားကာ ပြင်ဆင်သွား မည်ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ပြန်လည်ရေးသားခဲ့သည်။

‘‘အဲဒီစာရေးတဲ့အချိန်တုန်း က ကျွန်တော်လူမှုရေးကိစ္စအဆင် မပြေလို့စိတ်ညစ်နေတဲ့အချိန်၊သူ ငယ်ချင်းတွေနဲ့လည်း   သောက် ထားတယ်။ ကျွန်တော် Status မှားသွားတာဖြစ်နိုင်တာကတော့ တင်ပြချင်တာများပြီး ဘုရားလိုမ ကိုးကွယ်ဘူးဆိုပြီး ရိုင်းတာတော့ ပါသွားတာက ကေပေါ့ပ်ကြိုက်နေတဲ့ ပရိသတ်ကိုစော်ကားသလိုဖြစ် သွားတာပေါ့။အဲဒီအတွက်ဆိုရင် တော့ ကျွန်တော်မှားတယ်။ ကျန် တာတွေကတော့ ကျွန်တော်မမှား ဘူး။ ကျွန်တော်မကြိုက်လို့ မ ကြိုက်တဲ့အကြောင်းကို ရေးထား တာပါ’’ဟု ယုန်လေးက   ပြောသည်။


ဆက်တိုက် ပေါ်ထွက်လာတဲ့ အနုပညာရှင်များရဲ့ အိမ်ထောင်ရေးကွာရှင်းခွင့် သတင်းများ

ယခုရက်ပိုင်းအတွင်း နာမည်ကျော်အနုပညာရှင်များ၏ အိမ်ထောင်ရေးကွာရှင်းခွင့် ကြေညာချက်များဆက်တိုက်ဆိုသလို ဖော်ပြခဲ့ကြရာ ပရိသတ်များ စိတ်ဝင်စားခဲ့ကြသည်။

ဧပြီ ၂၉ ရက်ထုတ်မြန်မာ့ အလင်းသတင်းစာတွင် သရုပ်ဆောင်လင်းဇာနည်ဇော်ဘက်မှ ‘‘ငြင်းချက်ထုတ်ရန် သမ္မန်စာ’’ ခေါင်းစဉ်ဖြင့်  ခင်ပွန်းဖြစ်သူ သရုပ်ဆောင်ရဲကိုကိုနှင့် တရားဝင်ကွာရှင်းခွင့်ရလိုကြောင်း ကြေညာထားသည်။

‘‘အမှန်တိုင်းပြောရရင် အစ်မတစ်ဖက်တည်း မဟုတ်ပါဘူး။ သူ့ဘက်ကိုလည်း လူမှုရေးအရပြောပြီးတော့ အခုသူက ပြည်တွင်းမှာ မဟုတ်ဘူး။ ပြည်ပရောက်နေတယ်။ လက်မှတ်ထိုးတာ တရားဝင်ဖြစ်ဖို့က နှစ်ဦးနှစ်ဖက်အတူတူထိုးမှ တရားဝင်ဖြစ်မှာလေ။ တစ်နိုင်ငံဆီဖြစ်နေတဲ့အတွက်ကြောင့်မို့ ဘာမှလုပ်လို့မရဘူး။ တရားရုံးက သူမလာနိုင်တဲ့အတွက်ကြောင့် အစ်မရုံးကနေ တစ်ဖက်သတ်လုပ်မှ တရားဝင်ဖြစ်မယ်ဆိုလို့ ကြေညာလိုက်တာ’’ဟု ကြေညာလိုက်ရသည့်အကြောင်းကို လင်းဇာနည်ဇော်ကပြော သည်။

ယခုလိုကြေညာကာ တရားဝင်ကွာရှင်းခွင့် တောင်းသော်လည်း ၎င်းတို့နှစ်ဦးက တစ်ဦးနှင့် တစ်ဦး မိတ်ဆွေ၊ မောင်နှမအဖြစ် နေထိုင်သွားမှာဖြစ်ကြောင်း လင်းဇာနည်ဇော်ကပြောသည်။

‘‘အစ်မကလည်း မိဘနဲ့ ပြန်နေတယ်။ သူလည်း သူမိဘနဲ့ ပြန်နေတယ်။ ခွဲနေတာ ၁၄ နှစ်ကျော် ရှိပြီ။ အတိအလင်းစာချုပ်နဲ့ ကွာရှင်းထားတာမဟုတ်ဘူး။ အခုမှ အတိအလင်းကွာရှင်းတာ’’ဟု လင်းဇာနည်ဇော်ကပြောသည်။

ထို့အပြင် အဆိုတော်မီးမီးခဲသည် ခင်ပွန်း အဆိုတော် ထူးအယ်လင်းနှင့် ကွာရှင်းခွင့်ရရန် လွန်ခဲ့သော တစ်နှစ်ကျော်က တရားရင်ဆိုင်ခဲ့ပြီး ဧပြီ ၃၀ ရက် တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် မီးမီးခဲမှ အမှုအနိုင်ရရှိခဲ့သည်။

‘‘အစ်မအနေနဲ့ လင်မယား ကွာရှင်းခွင့်ရယ်၊ နှစ်ဦးပိုင်ဆိုင်တဲ့ဟာ တစ်ယောက်တစ်ဝက်ရဖို့ ရယ်၊ အဲဒါရဖို့ တစ်နှစ်ခွဲလောက်က လျှောက်ထားတာ။ ဧပြီ ၃၀ မှာ အစ်မအနိုင်ရတယ်။ သတင်းစာထဲမှာတော့ တစ်ရက်၊ နှစ်ရက်အတွင်း ပါမှာပါ’’ဟု မီးမီးခဲက ပြောသည်။

လေးနှစ်ခြောက်လအရွယ် သမီး ဖြူဖြူစင်စင်လင်းက အသက် ငယ်သေးသည့်အတွက် မိခင်ဖြစ်သူ မီးမီးခဲက အုပ်ထိန်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

‘‘သမီးအရွယ်ရောက်လာရင်လည်း အစ်မကတော့ သမီးကို သူလိုသူမျိုးဆီ မပေးလိုက်နိုင်ဘူး။ အစ်မဘာမှမရရင် နေပါစေ။ သမီးရရင်တော်ပြီ။ အစ်မ အုပ်ထိန်းခွင့်ရနေအောင် ကြိုးစားနေမှာပဲ။ အစ်မဘ၀က အစ်မသမီးပဲ။ အစ်မသမီးမရှိရင် အသက်တောင် မရှင်နိုင်ဘူး’’ဟု မီးမီးခဲကပြောသည်။


ထိုင်း Slot machine အဖွဲ့နှင့် Rဇာနည်၊ ဖြူဖြူကျော်သိန်းဖျော်ဖြေမည်

ထိုင်းတီးဝိုင်းအဖွဲ့ slot machine နှင့် မြန်မာအဆိုတော် Rဇာနည်၊ ဖြူဖြူကျော်သိန်းတို့၏ ဖျော်ဖြေပွဲကို ဇွန်လ(သို့မဟုတ်) ဇူလိုင်လအတွင်း    ရန်ကုန်မြို့ရှိ Myanmar Event Park ၌   ပြုလုပ်မည်ဖြစ်ကြောင်း    သတင်းရရှိ သည်။

       ယင်းဖျော်ဖြေပွဲနှင့်ပတ်သက် သောသတင်းစာရှင်းလင်းပွဲကို တက်ရောက်ရန်    အဆိုတော် Rဇာနည်သည် ထိုင်းနိုင်ငံသို့ ဧပြီ ၂၃ ရက်က သွားရောက်ခဲ့ပြီး ထိုင်းတီဗီချန်နယ်များအတွက် ရိုက်ကူးရေးများပြုလုပ်ခဲ့ကြောင်း ၎င်းကပြောသည်။

‘‘ဒီမှာလုပ်နေကျ စာနယ်ဇင်းရှင်းလင်းပွဲလိုမျိုး   လုပ်တာပါ။ ဖြူဖြူကတော့ ခရီးသွားနေလို့ မလာနိုင်ဘူး။ အဲဒီအဖွဲ့နဲ့တွေ့ တော့အပြန်အလှန် တစ်ယောက် နဲ့တစ်ယောက် ချီးကျူးပြောဆိုကြ ပြီးတော့ အောင်အောင်မြင်မြင်နဲ့ ဖြစ်အောင်လုပ်ကြမယ်ပေါ့။ နှစ် နိုင်ငံချစ်ကြည်ရေးလည်း ပါပါ တယ်။ MTV Exit တုန်းက မြန်မာ ပရိသတ်တွေက slot machine ကိုအားပေးတယ်လေ။ သူတို့ လည်းလာဆိုချင်တဲ့ဆန္ဒရှိတယ်။ ရှိုးက ဇွန်၊ ဇူလိုင် နှစ်လထဲကတစ် လဖြစ်မယ်။ ရက်ကတော့မသေ ချာသေးဘူး’’ဟု Rဇာနည်ကပြော သည်။

ရှိုးပွဲတွင် Rဇာနည်က slot machine အဖွဲ့၏ 'Yesterday' သီချင်းကို မြန်မာလိုပြန်ဆိုမည် ဖြစ်သည်။ ထိုင်းနိုင်ငံရှိ BEC-TERO Entertainment နှင့်မြန်မာ နိုင်ငံရှိ Channel 7, MRTV 4 ချန် နယ်တို့ပူးပေါင်းပြုလုပ်ခြင်းဖြစ် သည်။

‘‘slot machine ရဲ့သီချင်း တစ်ပုဒ်ကို မြန်မာလိုပြန်ဆိုမယ်။ တေးရေး Rခိုင်ကရေးပေးထား တယ်။ အဲဒါသူတို့ရဲ့ကမ်းလှမ်း ချက်ပေါ့။ ပြီးတော့ ဖြူဖြူကလည်းတစ်ပုဒ်ဆိုမယ်’’ဟု Rဇာနည်က ပြောသည်။

၂၀၁၂ ဒီဇင်ဘာက MTV Exit က    ကြီးမှူးကျင်းပသည့် အဆိုတော်ဂျေဆင်မရက်ဇ်ပါဝင် ဖျော်ဖြေခဲ့သောပွဲတွင် အမျိုးသား လေးဦးဖြင့်    ဖွဲ့စည်းထားသော ထိုင်းတီးဝိုင်း slot machine အဖွဲ့ က ပထမဆုံးအကြိမ် မြန်မာပရိ သတ်များကိုဖျော်ဖြေခဲ့သည်။

‘‘ငါတို့ရဲ့ ''Yesterday" သီချင်းကို Rဇာနည်ပြန်ဆိုထား တာကိုကြားရဖို့ မျှော်လင့်နေပါ တယ်။ မြန်မာမှာရှိတဲ့ ပရိသတ် တွေကို ဆုံတွေ့ဖို့အဆင်သင့်ဖြစ် နေပါပြီ’’ဟု slot machine အဖွဲ့ ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။


သရုပ်ဆောင်အလုပ်ကို ဆေးကျောင်းပြီးမှ စဉ်းစားမယ့် အေးချမ်းမိုး

ဓာတ်ပုံ−နစ်ကီ

အစီအစဉ်တင်ဆက်သူအဖြစ် ဝါသနာအရလုပ်နေသော်လည်း သရုပ်ဆောင်အလုပ်ကိုမူ ကျောင်းပြီးမှသာ စဉ်းစားမည်ဟု မော်ဒယ်အေးချမ်းမိုးက   ပြောသည်။

‘‘ခုလောလောဆယ်တော့ ဓာတ်ပုံတွေ  ရိုက်ဖြစ်တယ်။ Presenter လုပ်ဖြစ်တယ်။ သရုပ်ဆောင်အလုပ်ကတော့ ကျောင်းပြီးမှပဲ လုပ်ဖြစ်မှာပါ’’ဟု အေးချမ်းမိုးကပြောသည်။

ကုန်ပစ္စည်းသစ်မိတ်ဆက် ပွဲများ၊ ဆရာဝန်အသင်းမှပြုလုပ်သည့်ဆွေးနွေးပွဲများတွင်  အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ဆောင်နေပြီး   အစီအစဉ်တင်ဆက်သူဘဝက မော်ဒယ်အလုပ် နှင့်ကွာခြားကြောင်း    ၎င်းကဆို သည်။

‘‘အစီအစဉ်တင်ဆက်သူ တစ်ယောက်ကို ပွဲမှာရှိတဲ့လူတွေ အားလုံးက ဂရုစိုက်ကြတယ်ဆို တော့ စကားပြောဆိုတာကအစ သွားလာနေထိုင်မှုတွေကိုလည်း ဆွဲဆောင်မှုရှိအောင်လေ့ကျင့်ရ ပါတယ်။ မော်ဒယ်ဘဝနဲ့တော့ တော်တော်ကွာပါတယ်’’ဟု အေးချမ်းမိုးကပြောသည်။

လက်ရှိတွင် ဆေးတက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း(က)တက် ရောက်လျက်ရှိပြီး မကြာမီ ဖြေဆိုရမည့်စာမေးပွဲပြီးပါက သူငယ်ချင်းများနှင့်စုပေါင်းဖွဲ့စည်းထား သည့် Future Youthအဖွဲ့နှင့်အတူ   ရွာသာကြီးဆေးရုံသို့သွား ရောက်လှူဒါန်းရန် အစီအစဉ်တစ်ခုရှိသည်ဟုဆိုသည်။

ဧပြီ  ဒုတိယပတ်အတွင်းက လည်း ဗီယက်နမ်နိုင်ငံသို့သွား ရောက်ခဲ့ကာ ယင်းနိုင်ငံတွင်ပြု လုပ်သည့် အပြည်ပြည်ဆိုင်ရာ အစားအသောက်ပွဲတော်သို့ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းကိုယ်စားလှယ် တစ်ဦးအနေဖြင့်  တက်ရောက်ခဲ့ကြောင်း ၎င်းကပြောသည်။


ကိုယ်တိုင်စကားပြော ရိုက်ကူးခဲ့တဲ့ ဘန်ကောက်လေကြောင်း ကြော်ငြာကို အားရတယ်ဆိုတဲ့ မိုးစက်ဝိုင်

ဘန်ကောက်တွင် သွားရောက်ရိုက်ကူးခဲ့သည့် လေကြောင်းလိုင်းကြော်ငြာတွင် ပထမဆုံးအကြိမ် ကိုယ်တိုင်စကားပြော၍ သရုပ်ဆောင်ရသည့်အပေါ် အားရကျေနပ်မှုရှိကြောင်း မိုးစက်ဝိုင်ကပြောသည်။

‘‘ကြော်ငြာတွေ ရိုက်ကူးတဲ့အခါမှာ     စကားပြောပြီးတော့ မရိုက်ဖူးသေးဘူး။ ဒီကြော်ငြာမှာ တော့ Bangkok Airway ရဲ့ အ ကြောင်းကို ပြောပြတဲ့ပုံစံရိုက် ထားတယ်။ ပြန်ကြည့်ရတာလည်း ကျေနပ်မှုရှိပါတယ်’’ ဟု မိုးစက် ၀ိုင်က ပြောသည်။

အပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်းတစ်ခုဖြစ်သည့် ဘန်ကောက်လေကြောင်းလိုင်းမှ မြန်မာပြည်တွင် ပထမဆုံးအကြိမ် Brand Ambassador အဖြစ် မိုး စက်ဝိုင်ကို ခန့်အပ်ခဲ့ကာ ၎င်းတို့ ၏ ကြော်ငြာကိုလည်း ဧပြီလအ စောပိုင်းက ဘန်ကောက်တွင် သွားရောက်ရိုက်ကူး ခဲ့သည်။   ယင်းကြော်ငြာကို မေလတွင်မှ   ပြည်တွင်းရုပ်သံလိုင်းများမှ   စတင်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

ကြော်ငြာရိုက်ကူးသည့်အ ပိုင်းတွင်လည်း ရိုက်ကူးမည့်ဘက် မှ အသေးစိတ်ပြင်ဆင်ထားခဲ့ သောကြောင့် အဆင်ပြေပြေ ရိုက် ကူးနိုင်ခဲ့ကြောင်း မိုးစက်ဝိုင်က ဆိုသည်။

‘‘မိုးစက်ရိုက်တော့မယ်ဆို တာနဲ့ အကုန်လုံးရယ်ဒီဖြစ်နေတာ ဆိုတော့ ကိုယ့်ရဲ့အချိန် မကုန်သ လို Energy လည်း မကုန်ဘူးပေါ့’’ ဟု ကြော်ငြာရိုက်ကူးခဲ့ရသည့် အတွေ့အကြုံကို ပြောသည်။

ဘန်ကောက်လေကြောင်း လိုင်းသည် ကိုယ်တိုင်ယုံကြည် သည့် လေကြောင်းလိုင်းတစ်ခု ဖြစ်သည့်အပြင် ယင်းလေကြောင်း လိုင်း၏ ကောင်းမွန်သည့် ရည် ရွယ်ချက်များကြောင့်    Brand Ambassador အဖြစ်   လက်ခံခဲ့ ခြင်းဖြစ်ကြောင်း   မိုးစက်ဝိုင်က ပြောသည်။


အန်ဒါဂရောင်းတီးဝိုင်းက အားလုံးစီစဉ်ပေးမယ့် ဖြူဖြူကျော်သိန်းရဲ့ ‘‘နာမည်ကျန်နေရစ်မယ်’’

ငါးခွေမြောက်အယ်လ်ဘမ်တွင် ပါဝင်မည့် သီချင်းများ ရေးသားရာမှ အစ၊ အဆုံးကို အန်ဒါဂရောင်းတီးဝိုင်းတစ်ခုဖြစ်သည့် The Scare အဖွဲ့က စီစဉ်ပေးထားကြောင်း အဆိုတော်ဖြူဖြူ ကျော်သိန်းကပြောသည်။

‘‘The Scare ကပဲရေးတာ။ တစ်ခွေလုံးကို တစ်ယောက်တည်းပဲ ရေးတာ။ သူတို့ပဲတီးတယ်။ သူတို့ပဲ စီစဉ်တယ်။ သူတို့က အန်ဒါဂရောင်းတီးဝိုင်းတစ်ခုပဲ။ သူတို့ရေး၊ဆို၊ တီးလုပ်နေတာကြာပြီ’’ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

အဖွဲ့သားနှစ်ဦးသာပါဝင်သော The Scare အဖွဲ့နှင့် သီချင်းနှစ်ပုဒ် တွဲဆိုထားသည်။ ဖြူဖြူကျော်သိန်း ထွက်ရှိခဲ့သော စီးရီးများတွင် အောင်မြင်သော တေးရေးများကသာ ရေးသားပေးခဲ့ကြသည်။

ကိုယ်ပိုင်သံစဉ်သီချင်းများသာ ပါဝင်မည့် ငါးခွေမြောက် အခွေနာမည်ကို ‘‘နာမည်ကျန်နေရစ်မယ်’’ ဟု ပေးထားကြောင်း ဧပြီ ၂၂ ရက်တွင် ကျရောက်သောမွေးနေ့တွင် ဖြူဖြူကျော်သိန်းက ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ပရိသတ်များအား အသိပေးခဲ့သည်။

‘‘၀ါသနာရှင်တွေပဲဖြစ်ဖြစ်၊ အနုပညာရှင်တွေထဲကပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်သံစဉ်သီချင်းအသစ် တွေ လိုချင်တယ်လို့ အကုန်လုံး ကို ကြေညာထားတော့ မနှစ် လောက်က ဖြူဖြူကို သီချင်းတွေ လာပြတဲ့အထဲမှာ သူတို့သီချင်း တွေ အကုန်လုံးကို ကြိုက်သွား တယ်။ ပရိသတ်တွေရဲ့ သီချင်း တွေကို ဘ၀မှာ တစ်ခါလောက် တော့ နားထောင်ဖူးသွားသင့်တယ်ထင်တဲ့အတွက်ကြောင့်သူတို့နဲ့ လက်တွဲပြီး ဒီအခွေကိုထုတ်ဖြစ်တာ’’ဟု ဖြူဖြူကျော် သိန်းကပြောသည်။

မေလတွင် အမေရိကန်သို့ နှစ်လကြာသွားရောက်ဖျော်ဖြေ နေသည့်အချိန်၌   မြန်မာနိုင်ငံ သို့ ခေတ္တပြန်လာပြီး ပရိသတ် များအတွက် ထူးခြားမည့်ပွဲတစ်ခု ကို ဖျော်ဖြေမည်ဖြစ်၍ ပွဲအ ကြောင်းအရာကို အချိန်နီးမှ အသိပေးလိုသည်ဟု ဖြူဖြူကျော် သိန်းကဆိုသည်။


ဥယျာဉ်ခြံစိုက်ပျိုးစားသောက်ရတာ နှစ်သက်တဲ့ ကေတီပယ်ရီ

အမေရိကန်အ ဆိုတော် ကေတီပယ်ရီက အိမ်ရှိ ဥယျာဉ်တွင် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပြီး ညစာအဖြစ် ချက်ပြုတ်စား သောက်ရသည်ကို သဘောကျ ကြောင်း ဗြိတိန် The Sun သတင်း စာအား ပြောကြားလိုက်သည်။

ကေတီပယ်ရီက ‘‘သစ်သီး တွေ၊ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးရတာက တကယ့်ကို အ ပန်းပြေစေပါတယ်။ ဥယျာဉ်ခြံ စိုက်ပျိုးရတာ အရမ်းကောင်းပါ တယ်။ စိုက်ပျိုးထားတာတွေကို ခူးပြီးတော့ ညစာချက်ပြုတ်စား သောက်ရတာဟာ တကယ့်ကို စိတ်ချမ်းသာစရာပါပဲ။ ဥယျာဉ်ခြံ စိုက်ပျိုးခြင်းဟာ အပန်းပြေစေပြီး စိတ်ချမ်းသာစရာကောင်းပါ တယ်’’ ဟု    ပြောကြားခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြ သည်။

အဆိုတော် ကေတီပယ်ရီက အာဟာရရှိသည့် အစားအစာများ စားသုံးရခြင်းကို နှစ်သက်ကြောင်း နှင့် နေ့စဉ်အရည်များများ သောက် ပေးခြင်းဖြင့် ကျန်းမာရေးနှင့် ညီ ညွတ်သည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

နာမည်ကျော် ပေါ့ပ်အဆို တော် ကေတီပယ်ရီသည် လာ မည့်မေလ ၇ ရက်တွင် The Prismatic အမည်ရ ကမ္ဘာလှည့် ဖျော်ဖြေပွဲ စတင်မည်ဖြစ်သည်။

 

—Ref: Hollywood Buzz


Doctor Stranger ဇာတ်လမ်းတွဲမှာ နှစ်ကိုယ်ခွဲသရုပ်ဆောင်မယ့် ဂျင်စီယွန်း

-တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ဂျင်စီယွန်းသည် SBS ရုပ်သံလိုင်း၏ ဒရာမာ ဇာတ် လမ်းတွဲသစ် Doctor Stranger တွင် နှစ်ကိုယ်ခွဲသရုပ်ဆောင်မည် ဟု ဒရာမာဇာတ်လမ်းတွဲ ရိုက်ကူး ရေးအဖွဲ့က ပြောကြားသည်။

အသက် ၂၀ အရွယ် ဂျင်စီ ယွန်းသည် Doctor Stranger ဇာတ်လမ်းတွင် မြောက်ကိုရီး ယားဆေးကျောင်းသူ ဆောင်း ဂျယ်ဟီးအဖြစ်လည်း ဇာတ်ရုပ် နှစ်မျိုးဖြင့် သရုပ်ဆောင်မည်ဖြစ် သည်။

မေလ ၅ ရက်တွင် SBS ရုပ် သံလိုင်းမှ ထုတ်လွှင့်ပြသမည့် Doctor Stranger ဇာတ်လမ်းတွဲ၌ လီဂျောင်ဆော့၊ ဂျင်စီယွန်း၊ ပတ် ယင်ဂျင်နှင့် ဂန်ဆိုရာတို့ အဓိက ပါဝင်သရုပ်ဆောင်မည်ဖြစ် သည်။

ယင်းဇာတ်လမ်းတွဲတွင် လီ ဂျောင်ဆော့သည် ကလေးဘ၀၌ ဖခင်ဖြစ်သူနှင့်အတူ မြောက်ကို ရီးယားနိုင်ငံသို့ ပြန်ပေးဆွဲခံသွား ရပြီး ယင်းနိုင်ငံတွင် ဆရာဝန်ဖြစ် လာသည့် ပတ်ဟွန်းအဖြစ် သရုပ် ဆောင်မည်ဖြစ်သည်။ ပတ်ဟွန်း သည် တောင်ကိုရီးယားနိုင်ငံသို့ ထွက်ပြေးလာပြီး တောင်ကိုရီး ယား ထိပ်တန်းတက္ကသိုလ် ဆေးရုံ ၌ ခွဲစိတ်ဆရာဝန်အဖြစ် အလုပ် လုပ်မည်ဖြစ်သည်။

ဂျင်စီယွန်းက ‘‘နှစ်ကိုယ်ခွဲ သရုပ်ဆောင်တာဝန်က ကျွန်မ အတွက်တော့ ပထမဆုံးအကြိမ် ပါပဲ။ အနုပညာအတွေ့အကြုံ နု သေးတဲ့ကျွန်မအတွက် နှစ်ကိုယ်ခွဲ တာဝန်ကို ယူရတာ တကယ်ဖိ အားများပါတယ်။ ဒါပေမဲ့ ကျွန်မ အကောင်းဆုံး   ကြိုးစားသရုပ် ဆောင်တာတွေကို ပရိသတ်ကြီး သတိထားမိဖို့ မျှော်လင့်ပါတယ်’’ ဟု ပြောကြားသည်။

ယင်းဒရာမာဇာတ်လမ်းတွဲ တွင် ဂျင်စီယွန်းသည် လီဂျောင် ဆော့၏ အချစ်ဦးဆောင်းဂျယ်ဟီး အဖြစ် သရုပ်ဆောင်ပြီး လီဂျောင် ဆော့ကို စောင့်ကြည့်သူ ဟန် ဂျယ်ဟီးအဖြစ်လည်း    သရုပ် ဆောင်မည်ဖြစ်သည်။

—Ref: Soompi


ဗြိတိန်ရှေ့နေနဲ့ စေ့စပ်လိုက်တဲ့ ဂျော့ခ်ျကလူနီ

 ဟောလိဝုဒ် နာမည်ကျော်သရုပ်ဆောင်မင်း သား ဂျော့ခ်ျကလူနီသည် ဗြိတိန် ရှေ့နေအမ်မယ်အယ်လမ်မူဒင် နှင့် စေ့စပ်လိုက်ပြီဟု အမေရိကန် မီဒီယာများက ဧပြီ ၂၆ရက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် လော့စ်အန်ဂျလိစ်မြို့စားသောက်ဆိုင်တစ်ဆိုင်၌ စေ့စပ်လက်စွပ် ကြီးတစ်ကွင်းဝတ်ထားသည့်အမ် မယ်အယ်လမ်မူဒင်ကို ပါပါရာဇီ ဓာတ်ပုံသတင်းထောက်များက တွေ့ရှိခဲ့ကြသည်ဟု Peopleမဂ္ဂဇင်းက ဖော်ပြခဲ့သည်။ ယင်းစားသောက်ဆိုင်တွင် အသက်(၅၂)နှစ်အရွယ်ရှိ ဂျော့ခ်ျကလူနီနှင့်အသက်(၃၆)နှစ်ရှိ အမ်မယ်မူဒင်တို့ ရင်းနှီးသောမိတ်ဆွေများနှင့် စေ့စပ်ပွဲ ဆင်နွဲခဲ့ကြဖွယ်ရှိသည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်များက People မဂ္ဂဇင်းအား ပြောကြားသည်။

ဂျော့ခ်ျကလူနီ၏ စေ့စပ်ပွဲအ ကြောင်းကို New York Post နေ့ စဉ်သတင်းစာကလည်းဖော်ပြခဲ့ သည်။ ဂျော့ခ်ျကလူနီ၏ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်စတန်းရိုဆန်ဖီးက ဂျော့ခ်ျ၏ ကိုယ်ရေးကိုယ်တာကိစ္စ အပေါ် မှတ်ချက်မပေးလိုကြောင်း New York Post သို့ ဧပြီ ၂၅ရက် တွင်ပြောကြားခဲ့သည်။

ဂျော့ခ်ျတို့ စုံတွဲသည် ပြီးခဲ့ သည့်နှစ် အောက်တိုဘာကတည်း က ချစ်ကြိုက်ခဲ့ကြသည်ဟု အမေ ရိကန်မီဒီယာများကဖော်ပြကြ သည်။၎င်းတို့နှစ်ဦးသည်နိုင်ငံတ ကာလူ့အခွင့်အရေးတက်ကြွလှုပ် ရှားမှုများတွင် စိတ်ဝင်စားသူများ ဖြစ်သည်။

ဂျော့ခ်ျကလူနီသည် ၁၉၉၃ ခုနှစ်တွင် ဇနီးဖြစ်သူတာလီယာ ဘယ်ဆမ်နှင့် ကွာရှင်းခဲ့ပြီးနောက် ယခုအချိန်ထိ အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းနေထိုင်သော ဟောလိဝုဒ်မင်းသားကြီးဖြစ် သည်။

—Ref: Reuters


Hotel King ဒရာမာဇာတ်လမ်းတွဲအတွက် ပထမဆုံးဇာတ်ဝင်တေးသီချင်းဆိုပေးခဲ့တဲ့ Melody Day အဖွဲ့

 တောင်ကိုရီးယားမိန်းက လေးပေါ့ပ်အဆိုရှင်များအဖွဲ့ Me−lody Day သည် MBC ရုပ်သံလိုင်း၏ ဒရာမာဇာတ်လမ်းတွဲ Hotel Kingအတွက် ပထမဆုံးဇာတ်ဝင်တေး သီချင်းသီဆိုပေးထားသည်ဟု Melody Day အဖွဲ့ကပြောကြားသည်။

Melody Day အဖွဲ့သည် The Master Sun၊ I Hear Your Voice နှင့် My Daughter၊ Seo Young အပါအ၀င် နာမည်ကျော် ကေဒရာမာဇာတ်လမ်းတွဲများစွာ အတွက် ဇာတ်ဝင်တေးသီချင်းများသီဆိုခဲ့ဖူးသည့်အဖွဲ့ဖြစ် သည်။ Hotel King ဒရာမာဇာတ် လမ်းတွဲ၏ ပထမဆုံးဇာတ်ဝင် တေးသီချင်းကို I Am Waiting ဟုအမည်ပေးထားကြောင်း Me−lody Day အဖွဲ့က ပြောကြား သည်။ ယင်းသီချင်းကို Hotel King ဒရာမာဇာတ်လမ်းတွဲမှ အဓိ ကဇာတ်ကောင်များဖြစ်ကြသော လီဒုံဝုနှင့် လီဒါဟယ်တို့၏ ဇာတ် ၀င်ခန်းအတွက်အသုံးပြုမည်ဖြစ် သည်။

I Am Waiting သီချင်းကို ဧပြီ ၂၅ရက်တွင် ကိုရီးယားအွန် လိုင်းတေးဂီတ၀က်ဘ်ဆိုက်များမှ တစ်ဆင့် တရားဝင်ဖြန့်ချိခဲ့သည် ဟု သိရသည်။

—Ref: STARN


အမှတ်တရပွဲမလုပ်ဖြစ်ခဲ့တဲ့ ၂၄ နှစ်သား အိုင်စီ

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အဖွဲ့သားများ မစုံသည့်အတွက် ဧပြီ ၂၇ ရက်က ကျရောက်ခဲ့သော Iron Cross တီး ၀ိုင်း(၂၄)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ မပြုလုပ်ခဲ့ကြောင်း ဦးကိုကိုလွင်ကပြောသည်။

‘‘လူမစုံလို့ ဘာမှမလုပ်ဖြစ်ဘူး။ မျိုးကြီးကလည်း ခရီးသွားတယ်။ ၀ိုင်ဝိုင်းကလည်း မရှိဘူး။ အငဲကလည်း မေမြို့မှာ။ ကိုဗညားကလည်းမရှိဘူး။ လူစုံရင်တော့ တွေ့ဦးမှာပေါ့’’ဟု ဦးကိုကိုလွင်ကပြောသည်။

အငဲ၊ လေးဖြူ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ ဂစ်တာချစ်စမ်းမောင်၊ ဂစ်တာဗညား၊ ဒရမ်ခရမ်း စသည့် အဖွဲ့ဝင်ရှစ်ဦးဖြင့် ဖွဲ့စည်းထားသော အိုင်စီသည် မြန်မာပရိသတ်များ အားပေးမှုအရှိဆုံး ရော့ခ်တီးဝိုင်းတစ်ခုဖြစ်သည်။


လူငယ်အဆိုရှင်တွေကို ပွဲထုတ်ပြီး ပရိသတ်ကို ရသအသစ်ပေးမယ့် စည်သူလွင်

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် စုံတွဲအဆိုရှင်များအ ဖြစ် လူငယ်အဆိုရှင်များကို ရွေး ချယ်ထားခြင်းမှာ ၎င်း၏ သီချင်း များကို လူငယ်အဆိုရှင်များ၏ အသံဖြင့် သီဆိုကာ ပရိသတ်များအတွက် ခံစားမှုအသစ်များပေးနိုင်ရန် ရည်ရွယ်ကြောင်း အဆိုတော်စည်သူလွင်က ပြောသည်။

‘‘ကျွန်တော်အရင်တုန်းက ဆိုခဲ့တဲ့ စုံတွဲသီချင်းတွေကို အရင် ကဆိုခဲ့တဲ့ အဆိုရှင်အဟောင်း တွေနဲ့မဆိုဘဲ အသစ်တွေနဲ့ဆိုဖို့ ရွေးချယ်ဖြစ်တာက ပရိသတ်တွေ အနေနဲ့ ဒီသီချင်းတွေကို နား ထောင်ရတာ နောက်ထပ်အရ သာတစ်မျိုးနဲ့ ခံစားစေချင်လို့ပါ’’ ဟု ၎င်းက ပြောသည်။

ယင်းဖျော်ဖြေပွဲကို မေလ ၁၀ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည်ဖြစ်ပြီး စုံတွဲအဆို ရှင်များအဖြစ် အဲလက်စ်၊ တင်ဇာ မော်တို့နှင့်အတူ လူငယ်အဆိုရှင် များဖြစ်သည့် နေနေ၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့် တို့လည်း သီဆိုကြမည်ဖြစ်သည်။

‘‘သီချင်းတွေအနေနဲ့က ဟိုး အရင်ကတည်းက ပရိသတ်အား ပေးမှုရရှိတဲ့ သီချင်းတွေကို ရွေးပြီးတင်ဆက်ပေးမှာပါ။ စုစုပေါင်း သီချင်းအပုဒ် သုံးဆယ်လောက် ဖျော်ဖြေပေးမှာပါ’’ဟု စည်သူလွင်ကပြောသည်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲ အနေဖြင့် ဂီတသက်တမ်းဆယ် နှစ်ပြည့်တွင်တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး ယခုဖျော်ဖြေပွဲကျင်းပရန် လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ပြင်ဆင်ခဲ့ကြောင်း ၎င်းကဆိုသည်။

လာမည့်နှစ်တွင် ၎င်း၏ ဂီတသက်တမ်းနှစ်(၂၀)ပြည့်မြောက်မည်ဖြစ်ပြီး   ယခုဖျော်ဖြေပွဲကို အဆင်ပြေပြေ  ကျင်းပနိုင်ပါက မန္တလေးမြို့တွင်လည်း   ယခုကဲ့သို့ဖျော်ဖြေပွဲမျိုးပြုလုပ်လိုကြောင်း စည်သူလွင်ကပြောသည်။

ဖျော်ဖြေပွဲလက်မှတ်များကို ကျပ် ၇,၀၀၀ မှ ကျပ်၂၀,၀၀၀ အထိ  သုံးမျိုးသတ်မှတ်ထားကာ မန်းသီရိတေးသံသွင်း၊ ကိုကိုညီ ညီ   ဗြူတီဆလွန်း၊  Call Center ၁၈၇၆ နှင့် Y-Talk ဆိုင်ခွဲများတွင် ဝယ်ယူနိုင်သည်။


မယ်စကြဝဠာပြိုင်ပွဲဝင်ရန် စတင်လျှောက်ထားနိုင်

မယ်စကြာဝဠာပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မိုးစက်ဝိုင် ( ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) )

၂၀၁၄ မယ်စကြဝဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရန် ရွေးချယ်မည့် ပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်တွင်ပြုလုပ်သွားမည်ဖြစ်ပြီး စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း Miss Universe Myanmar Organization မှ ကိုချမ်းလင်းသူက ပြောသည်။

‘‘လောလောဆယ်တော့ ပြိုင်ပွဲအတွက် အသေးစိတ်အစီအစဉ်တွေ ဆွဲနေတယ်။ လျှောက် လွှာတင်ချင်သူတွေအတွက်က တော့ Miss Universe Myanmar ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်ခ်နဲ့ Miss Universe Myanmar Organiz-ation ရုံးချုပ်တွေမှာ ထုတ်ယူနိုင် ပါတယ်။ လျှောက်လွှာတင်တာ ကိုတော့ ရုံးချုပ်မှာပဲ လက်ခံသွား မှာပါ’’ဟု ၎င်းက ပြောသည်။

 လျှောက်လွှာများကို မေလ ၂၀ ရက် နောက်ဆုံးထားကာ လျှောက်ထားရမည်ဖြစ်ပြီး ပြိုင်ပွဲကို ယခင်နှစ်ထက်စော၍ ကျင်းပနိုင်ခဲ့သောကြောင့် Miss Universe Myanmar 2014 အတွက်လည်း ပြင်ဆင်ချိန ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ကမ္ဘာ့အဆင့် အမြင့်ဆုံးမယ် ပြိုင်ပွဲတစ်ခုဖြစ်သည့် မယ်စကြဝဠာပြိုင်ပွဲကို မြန်မာနိုင်ငံက ၂၀၁၃တွင် နှစ်ပေါင်းငါး ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် မိုးစက်ဝိုင်က နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည်။  သို့သော် ပြင်ဆင်ချိန်နည်းပါးခြင်းနှင့်  ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သောကြောင့် ဆုရရှိခဲ့ခြင်းမရှိပေ။

Miss Universe Myanmar ပြိုင်ပွဲအတွက် မျိုးဆက်သစ်များ ပေါ်ထွန်းလာရန်ရည်ရွယ်၍ Miss Teen Myanmar 2014 ပြိုင်ပွဲကိုအောက်တိုဘာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုချမ်းလင်းသူက ပြောသည်။


မွေးနေ့မှာ ပရိသတ်ကို သီချင်းနှစ်ပုဒ် လက်ဆောင်ပေးမယ့် ကျားပေါက်

We Are Big Bag အခွေကို မေလတွင် ကျရောက်မည့် မွေးနေ့၌ ဖြန့်ချိရန်ရည်ရွယ်ထား သော်လည်း ထွက်ရှိနိုင်ဦးမည် မဟုတ်ဘဲ ယင်းအခွေထဲမှ သီချင်း နှစ်ပုဒ်ကိုသာ အွန်လိုင်းမှဖြန့်ချိ ပေးသွားမည်ဟု ကျားပေါက်က ပြောသည်။

‘‘We Are Big Bag ကို မေ ၂၀ မှာထွက်ဖို့ကို မထွက်ဖြစ် တော့ဘူး။ မေလမှာ ကျွန်တော့် ရဲ့ One Eleven ဗီစီဒီထွက်ဖို့ရှိ တာဆိုတော့ တစ်လတည်းမှာ ကျွန်တော့်ရဲ့ Product နှစ်ခုထွက် တာမျိုးကို     ကျွန်တော်လည်း မကြိုက်ဘူး’’ ဟု ကျားပေါက်က ပြောသည်။

တေးစီးရီးကို     မေလတွင် ကျရောက်မည့် မွေးနေ့၌  ထွက် မည်ဟု ပရိသတ်ကို ပြောထား သောကြောင့် ပရိသတ်များအ တွက် ယင်းစီးရီးထဲမှ သီချင်းနှစ် ပုဒ်ကို မေလ၂၀ရက်တွင် အွန်လိုင်းမှ ဖြန့်ချိပေးမည်ဟု ၎င်းကဆိုသည်။

We Are Big Bag တေးစီး ရီးကို ၂၀၁၄ ဇန်န၀ါရီအစောပိုင်း တွင် စတင်အသံသွင်းခဲ့ကာ စုစု ပေါင်းသီချင်း ၁၅ ပုဒ်ခန့် ပါဝင် မည်ဖြစ်ပြီး ဇွန်လကုန်တွင် ဖြန့်ချိနိုင်ရန် စီစဉ်သွားမည်ဟု ကျားပေါက်က ပြောသည်။

SIR အဖွဲ့အနေဖြင့်လည်း မေလ၁ ရက်တွင် မော်လမြိုင်မြို့သို့ ဖျော်ဖြေရေးခရီးသွားရမည်ဖြစ် ပြီး SIR အဖွဲ့၏ ဒုတိယစီးရီးကို လည်း အကောင်အထည်ဖော် သွားရန် အစီအစဉ်ရှိကြောင်း ၎င်း က ပြောသည်။


သားရှင်ဖြစ်တော့မယ်လို့ ကြေညာလိုက်တဲ့ ဖြိုးငွေစိုး

ပထမဆုံး ရင်သွေးလေးကို သားယောက်ျားလေး ပိုင်ဆိုင်ရမည်ဖြစ်သောကြောင့် အလွန် ပျော်ရွှင်ခဲ့ရကြောင်း သရုပ်aဆာင်ဖြိုးငွေစိုးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဧပြီ ၂၄ ရက်က ရေးသားထားသည်။

‘‘ဒီနေ့ ကျွန်တော် အရမ်းပျော်နေပါတယ်။ ဘ၀မှာ တစ်ခါမှ မဖြစ်ဖူးတဲ့ ပျော်ရွှင်ခြင်းမျိုးပါ။ မနက်က ဇင်ဇင့်ကို ဆေးခန်းသွားပြတယ်။ ဆရာဝန်က ပြောတယ်ဗျာ။ ယောက်ျားလေးတဲ့။ တီဗီကနေလည်း မြင်ခဲ့ရတယ်။ အသည်းယားလိုက်တာဗျာ။ ပြီးတော့ အဖေနဲ့ အမေ့ကို ချက်ချင်းသတိရမိတယ်။ ဖုန်းဆက်ပြီး ပြောပြတော့ သူတို့လည်း ပျော်နေကြတယ်ဗျာ။ မိဘမေတ္တာဆိုတာ ဘာလဲ။ အခုမှသိတယ်ဗျာ။ ကဲ အဲဒါမိသားစုပဲ။ ဘာမှမလိုတော့ဘူး။ သူတို့ရှိရင်ရပြီ’’ ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ဖြိုးငွေစိုးသည် ၎င်း၏ချစ်သူ ဇင်ဇင်နှင့် ချစ်သူသက်တမ်း ခြောက်နှစ်ကျော်အကြာတွင် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဧည့်ခံပွဲကို ဧပြီ ၁ ရက်က ကျင်းပခဲ့သည်။

Pages

Subscribe to Entertainment