Health

  • Tue 23 Dec 2014 - 17:28
    ညအိပ်ရာဝင်ခါနီး e-Reader များဖြင့် စာဖတ်ခြင်းက အိပ်စက်မှုကို နှောင့်ယှက်ပြီး လူတစ်ဦး၏ ကျန်းမာရေးကို သွယ်ဝိုက် ထိခိုက်စေကြောင်း သုတေသီများက ပြောကြားခဲ့သည်။
  • Mon 22 Dec 2014 - 21:12
    ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်တည်ရှိသော တီကျစ်ကျောက်မီးသွေးစက်ရုံကြောင့် ဖြစ်ပေါ်နေသည့် ဒေသခံများ၊ ကျန်းမာရေးထိခိုက်မှုများကို စစ်ဆေးပေးရန် ကျန်းမာရေးဝန်ကြီးဌာနသို့ တောင်းဆိုမည်ဟု အောင်ပန်းအခြေစိုက်Green Rights Organizationအဖွဲ့ထံမှသတင်းရရှိသည်။ ‘‘တစ်ခါမှမဖြစ်ဖူးတဲ့ ရောဂါ တွေဖြစ်နေတယ်။ ရုတ်တရက် သေဆုံးမှုတွေမြင့်တက်လာတာ တွေ၊ ဒါတွေကိုတိကျတဲ့ အဖြေရ ရှိအောင် စစ်ဆေးပေးဖို့ပါ’’ဟု Green Rights Organization အဖွဲ့မှ CEO ဦးဣန္ဒက ပြောသည်။ နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာနသို့ ဇန်နဝါရီပထမ ပတ်တွင် စာတင်တောင်းဆိုသွား မည်ဖြစ်ပြီး အရပ်ဘက်အဖွဲ့ အစည်းများနှင့်လည်းပူးပေါင်း ကာ ရေ၊ မြေစစ်ဆေးမှု၊ ကျန်းမာ ရေးစစ်ဆေးမှုများ ပြုလုပ်မည်ဟု ဆိုသည်။ ယင်းဒေသတွင် အဆုတ်ရောဂါ၊ ဝမ်းလျှောရောဂါ၊ တိရစ္ဆာန်များသားပျက်ခြင်း၊ အမျိုးသမီးများကိုယ်ဝန်ပျက်ခြင်း၊ မွေးကင်းစကလေးများပေါင် မပြည့်ခြင်း၊ အသက်အရွယ်မရွေးလေဖြတ်ခြင်း၊သေဆုံးခြင်းများဖြစ်လာသည်ဟုသိရသည်။     ‘‘စစလုပ်တုန်းကတော့ ဘာမှမဖြစ်ဘူး။ ၂၀၀၆ လောက်မှာသဘာဝပျက်စီးမှုတွေစလာပြီ။ ဒေသခံတွေက အရင်က မပြောရဲဘူး။ အခုကျန်းမာရေးအခြေအနေတွေက ပုံမှန်မဟုတ်ဘူး။ အခြေအနေဆိုးလာမှ ပြောလာကြတာ’’ဟု  ဦးဣန္ဒက ပြောသည်။
  • Sun 21 Dec 2014 - 22:47
    အလုပ်တာဝန်များ၊ မိသားစုနှင့် အခြားသော ကိစ္စများကို စီမံခန့်ခွဲ ရန် ကြိုးစားရင်း တစ်ချိန်လုံး ပြေးလွှားအလုပ်လုပ်နေရပါသလား။ သင်တစ်ယောက်တည်း မဟုတ်ပါ။
  • Sun 21 Dec 2014 - 16:30
    ဆီးချိုဝေဒနာရှင်များအတွက်  ၎င်းတို့၏ ရောဂါနှင့်ပတ်သက်၍ သိလိုသည်များကို ဖုန်းမှတစ်ဆင့် ဖြေကြားပေးမည့် တိုက်ရိုက်ဆက် သွယ်နိုင်သော ဖုန်းနံပါတ် (Hot Line)ကို တစ်ပတ်လျှင် ခြောက် ရက်နှုန်းဖြင့် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုအသင်းမှ သတင်းရရှိသည်။
  • Sun 21 Dec 2014 - 16:23
    မြန်မာနိုင်ငံတွင် နှစ်ပေါင်းနှစ် ဆယ်အတွင်း၌ ဆေးလိပ်သောက် သုံးသူနှင့် ကွမ်းစားသူဦးရေမှာ သုံးဆခန့်မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သု တေသနစာတမ်းများအရ သိရှိရ သည်။
  • Sun 21 Dec 2014 - 16:11
    ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ဆေးဆိုင်များအား ဘေးအန္တရာယ် ကင်းရှင်းသော ဆေးဝါးရောင်းချ ရန် ခေါ်ယူဆွေးနွေးသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)မှ သတင်းရရှိ သည်။
  • Sun 21 Dec 2014 - 16:04
    လာမည့် ငါးနှစ်အတွင်း၌ ဆင်ခြေ ထောက်ရောဂါပိုး တွေ့ရှိနှုန်းကျ ဆင်းရေးအတွက် နည်းဗျူဟာနှစ် ရပ်ချမှတ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 20 Dec 2014 - 22:24
    အိုသွေးအုပ်စုပိုင်ရှင်များနှင့် နှိုင်းယှဉ်ပါက အေ၊ ဘီနှင့် အေဘီ သွေးအုပ်စုပိုင်ရှင် အမျိုးသမီးများမှာ အဆင့် (၂)ဆီးချိုရောဂါ ဖြစ် ပွားနိုင်သည့် အန္တရာယ်ပိုမြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
  • Fri 19 Dec 2014 - 22:59
    အသံတိတ် လူသတ်သမားဟု သိရသည့် ဆီးချိုရောဂါနှင့် ပတ်သက်၍  လွဲမှားသောယုံကြည်မှုများကြောင့် လူအများပိုမို စိုးရိမ်လာကြသည်။ ဆီးချိုရောဂါနှင့်ပတ်သက်သည့် လွဲမှားသော ယုံကြည်မှုများနှင့် လိုက်နာရမည့်အချက်အလက်များကို ဖော်ပြ ပေးလိုက်ပါသည်။
  • Thu 18 Dec 2014 - 22:38
    ဈေးသက်သက်သာသာနဲ့ အချိန်တိုင်း ၀ယ်ယူလို့ရတဲ့ နေကြာစေ့ကို လူတိုင်းလိုလို နှစ်သက်ကြပြီး မကြာခဏစားလေ့ရှိကြတာမို့ သရေစာအဖြစ် သာမက ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးရှိလဲဆိုတာ သိချင်ကြမယ် ထင်ပါတယ်။ နေကြာစေ့တွေဟာ ခေါင်းအစ ခြေအဆုံး ကျန်းမာရေးကောင်းကျိုးပြုပြီး ထူးခြားချက်တစ်ခုကတော့ ကင်ဆာရောဂါတွေကို ကာကွယ်
  • Thu 18 Dec 2014 - 22:37
    ခြေချောင်းအဆစ်အမြစ်     နာကျင်ရောင်ရမ်းမှုဖြစ်ခြင်းဟာ ဂေါက်ရောဂါရဲ့ လက္ခဏာရပ်ဖြစ်ပြီး သဘာဝနည်းလမ်းနဲ့ ဝေဒနာသက်သာအောင် လုပ်နိုင်ဖို့ ပြောပြချင်ပါတယ်။
  • Thu 18 Dec 2014 - 22:04
    ဖေ့စ်ဘွတ်ခ်ပေါ်တွင် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုထားသည့် မှတ်ချက်များ၊ ဆဲဆိုရေးသားချက်များကို လိုက်ဖတ်ကြည့်မိသူ များမှာ စိတ်ပိုင်းဆိုင်ရာမကောင်းသောသက်ရောက်မှုများရှိပြီး ကျန်းမာရေးထိခိုက်နိုင်သည်ဟု မကြာသေးမီက အီတလီနိုင်ငံ၌ ပြုလုပ်သည့်  လေ့လာမှုတစ်ခုကဆိုပါသည်။
  • Wed 17 Dec 2014 - 22:37
    ဆောင်းရာသီကာလတွင် မျက်နှာအသားအရေ ခြောက်သွေ့ပြီး တင်းနေတတ်သည်။ ယခုလို အချိန်တွင် မျက်နှာကို ပိုမိုဂရုစိုက်ပြီး သန့်စင်ရေးလုပ်သင့်သည်။
  • Wed 17 Dec 2014 - 20:35
    ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေးနှင့် ဆရာ၊ ဆရာမ များအရေး ဆွေးနွေးမည့် ဆရာများညီလာခံ (Teacher Cong-ress)ကို မန္တလေးမြို့၌ ဇန်န၀ါရီလကုန်တွင် ဒုတိယအကြိမ်မြောက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ဆရာများညီလာခံ ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်နှင့် ILO, Education International (EI) စသည့်   နိုင်ငံတကာပညာအ ဖွဲ့အစည်းများက ပူးပေါင်းစီစဉ်ခဲ့ ခြင်းဖြစ်ပြီး အဆင့်မြင့်ပညာရေးမှတက္ကသိုလ်ဆရာများ၊ အခြေခံ ပညာကျောင်းများမှ ဆရာများ၊ ပုဂ္ဂလိကကျောင်းများမှ ဆရာများ၊ပြင်ပမှ အလွတ်သင်ဆရာများနှင့် အငြိမ်းစားဆရာကြီးများ တက် ရောက်ကြမည်ဟု သိရသည်။ ‘‘ဆရာများညီလာခံကို ဇန် န၀ါရီ ၂၄၊ ၂၅ လောက် မန္တလေးမှာ ကျင်းပဖို့ အကြမ်းဖျင်း ရည်ရွယ်ထားတယ်။ ဆရာ၊ ဆရာမအားလုံး စုံနိုင်သမျှစုံအောင်ဖိတ်သွားမယ်။ ဆရာ၊ ဆရာမတွေအားလုံး ရည်မှန်းချက်၊ ရည်ရွယ်ချက်အတူတူနဲ့ လုပ်ကြမယ်ဆိုရင် ပိုကောင်းတဲ့ ပညာရေးစနစ်တစ်ခုကို အောင်အောင်မြင်မြင်လုပ်နိုင်မှာပါ’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဆရာဦးသန်းထိုက်အောင်က ပြောသည်။ ဆရာများညီလာခံ (Teacher Congress) တွင် အခြေခံ၊ အဆင့်မြင့်၌ သင်ကြားနေသည့် ဆရာ၊ဆရာမများ၏ အခက်အခဲများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲ ရေးတွင် ရှေ့ဆက်သွားမည့် လုပ် ငန်းစဉ်များ၊ လက်ရှိအတည်ပြု ထားသည့် အမျိုးသားပညာရေး ဥပဒေအပေါ် ပြင်ဆင်မည့်အချက် များနှင့် နောက်ဆက်တွဲဥပဒေများ ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
  • Tue 16 Dec 2014 - 17:45
    အမျိုးသားပညာရေး ဥပဒေအရ အခြေခံပညာသင်နှစ် များ တိုးမြှင့်မည်ဖြစ်၍ တက္ကသိုလ် ကောလိပ်အားလုံးတွင် ၂ နှစ်ကြာ ကျောင်းသားလစ်လပ်နေ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောသည်။ လက်ရှိအခြေခံပညာ ၁၁ တန်း တက်ရောက်နေရာမှ ၁၃ တန်းတက်ရောက်ရမည်  ဖြစ်သော ကြောင့် တက္ကသိုလ်၊ ကောလိပ် များတွင် ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသားများ လစ်လပ်နေမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ပြုလုပ်သော ပညာရေးဥပဒေကြမ်းများဆိုင်ရာဆွေးနွေးပွဲ၌  ပြောကြားခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးက တက္က သိုလ်ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများကို ပညာရေးပြုပြင်ပြောင်းလဲမှုအကူးအ ပြောင်းကာလနှင့် လက်တွေ့အ ကောင်အထည်ဖော်ဆောင်ရွက် ရေးဆွေးနွေးကြရန် ပြောခြင်း ဖြစ်သည်။ ‘‘နောင်လာမယ့် အကူးအ ပြောင်းကာလတစ်နှစ်ရယ်၊ နောက်ငါးနှစ်ပေါ့။ ၂၀၁၅ အလွန် ၂၀၁၆ အလွန် ဘာလုပ်မလဲ၊ ဘယ်လို တွေဖြစ်မလဲဆိုတာ ဆွေးနွေးရပါ မယ်။ ဥပမာ-KG+12 (မူကြို+ ၁၂တန်း)က ၂၀၁၆ မှာစရင် အဲ့ဒီ ကလေးက ဆယ်တန်းကို ၂၀၂၅ မှာရောက်မယ်’’ဟု ပညာရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောသည်။
  • Mon 15 Dec 2014 - 23:31
    (၈) ကြိမ်မြောက်အာရှ နှင့် ပစိဖိတ်ဒေသ မျိုးဆက်ပွား ကျန်းမာရေးနှင့် အခွင့်အရေးဆိုင် ရာ ညီလာခံကို လာမည့် ၂၀၁၆ တွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာများကို လူ တိုင်းသေချာစွာလက်လှမ်းမီရရှိ နိုင်စေရန် ၂၀၀၁ ခုနှစ်မှစ၍ အာရှနှင့် ပစိဖိတ်ဒေသများမှ နှစ်နှစ် လျှင် တစ်နိုင်ငံနှုန်းဖြင့် ညီလာခံ ကို လက်ခံကျင်းပလျက်ရှိခြင်း ဖြစ်သည်။ ‘‘(၈)ကြိမ်မြောက်အဖြစ် ညီ လာခံကျင်းပဖို့အတွက် မြန်မာနိုင် ငံကို ကမ်းလှမ်းလာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြပြီး ခွင့်ပြုမိန့်ကျလို့ ၂၀၁၆ မှာ ကျင်းပမှာပါ။ မျိုးဆက်ပွားဝန်ဆောင်မှု နဲ့ ပညာပေးမှုတွေကို ဆောင်ရွက် ပေးမယ့် အမျိုးသမီးမျိုးဆက်ပွား စောင့်ရှောက်မှုတွေပေးမယ့် အား လုံးနဲ့သက်ဆိုင်တဲ့ ညီလာခံဖြစ်ပါ တယ်’’ဟု မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သဇင်နွယ်က ပြော သည်။  ညီလာခံကို မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကြီးမှ ဦးဆောင်၍ လက်ခံ ကျင်းပမည်ဖြစ်ပြီး လက်ခံကျင်းပ နိုင်ရေးအတွက် အမျိုးသားအဆင့် ကော်မတီခွဲ ၁၀ ခုဖွဲ့ကာ အစိုးရနှင့်အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်း များပူးပေါင်း၍ ဆောင်ရွက်သွား မည် ဖြစ်သည်။ အဆိုပါညီလာခံ၌ ၂၀၁၅ ခုနှစ် နောက်ပိုင်းကာလဖွံ့ဖြိုးရေး အစီအစဉ်များဆောင်ရွက်မှုနှင့် စောင့်ကြည့်လေ့လာမှုတို့အတွက် အခြေအနေဆွေးနွေးရန်၊ ကူညီပံ့ ပိုးပေးရန် အများဆုံးလိုအပ်နေ သော အုပ်စုများ၏ မျိုးဆက်ပွား ကျန်းမာရေးအတွက် နည်းပညာ မြင့်မားသော သုတေသနများ၊ မူဝါဒနှင့် စီမံကိန်းအထောက်အထား များ၊ အသိပေးဆွေးနွေးမှုများနှင့် ဆက်သွယ်ရေးနည်းဗျူဟာများ ကို တင်ပြဆွေးနွေးသွားမည် ဖြစ် သည်။
  • Mon 15 Dec 2014 - 23:30
    ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက ဖွင့်လှစ်သွားမည့် အခမဲ့ကျန်းမာရေးဆေးပေးခန်းများတွင် သားဖွားခန်းများ ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်သူ့ကျန်းမာရေးဖောင် ဒေးရှင်းက ဖွင့်လှစ်ထားသော စေ တနာဆေးခန်း ၂၀ ရှိပြီး ထပ်မံ ဖွင့်လှစ်မည့် ဆေးခန်းများနှင့် ဖွင့် လှစ်ထားသော ဆေးခန်းများတွင် သားဖွားခန်းများ ထပ်မံပါဝင်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ဆိုသည်။   ဆင်ခြေဖုံးနေရာများဖြစ် သော ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် ဒလဘက်ကမ်းရှိ မြို့နယ်အချို့ တွင်   စေတနာဆေးခန်းများ ဖွင့်လှစ်ပေးထားပြီး ချင်းပြည်နယ် တီးတိန်မြို့၊ စစ်ကိုင်းတိုင်းမုံရွာ နှင့် ကလေးမြို့နယ်တို့တွင်လည်း ဖွင့်လှစ်ထားကြောင်း သတင်းရရှိ သည်။  မြန်မာနိုင်ငံတွင် နေထိုင် သော အမျိုးသမီးများတွင် အဖြစ် များဆုံး သားအိမ်ခေါင်းကင်ဆာ နှင့် ရင်သားကင်ဆာ ကြိုတင်ကာ ကွယ်ရေးနှင့် ရောဂါစစ်ဆေးရေး လုပ်ငန်းများကို ဝေးလံခက်ခဲသည့်နေရာများအထိ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဆီးချိုနှင့် သွေးချိုရောဂါ စနစ်တကျ ကုသခြင်းစီမံချက်ကိုလည်း လှည်းကူးနှင့် မှော် ဘီမြို့နယ်တို့တွင် စတင်နေပြီဖြစ် သည်။
  • Mon 15 Dec 2014 - 22:51
    မှတ်ဉာဏ်ချို့ယွင်းသော ဘွဲ့ရပညာတတ်များသည် လေ သင်တုန်းဖြတ်သည့်အန္တရာယ် ပိုမိုရင်ဆိုင်ရဖွယ်ရှိသည်ဟု နယ် သာလန်နိုင်ငံမှ သုတေသနတစ်ခုက ဖော်ပြသည်။ မှတ်ဉာဏ်ချို့ ယွင်းသောဘွဲ့ရပညာတတ်များသည် ပညာအဆင့်အတန်းနိမ့်ပါး သောမှတ်ဉာဏ်ချို့ယွင်းသူများထက် လေသင်တုန်းဖြတ်နိုင် သည့် အန္တရာယ် ၃၉ ရာခိုင်နှုန်း ပိုများသည်ဟု အဆိုပါသုတေ သနက ဖော်ပြသည်။ ယင်းမှာ မှတ်ဉာဏ်ကျဆင်းမှုဆန့်ကျင် သည့်အစောပိုင်းကာကွယ်ရေးများ တစ်စတစ်စဆုတ်ယုတ်လျော့ ပါးလာခြင်းကြောင့်ဖြစ်သည်ဟု အဆိုပါသုတေသနကဆိုသည်။
  • Sun 14 Dec 2014 - 22:11
    သီတင်းတစ်ပတ်တွင် အနည်းဆုံး နှစ်ကြိမ် အကာအကွယ်မပါဘဲ  လိင်ဆက်ဆံသော လင်မယားစုံတွဲ အများစုမှာ တစ်နှစ်အတွင်း ကိုယ်ဝန်ရှိနိုင်သည်။ တစ်နှစ်ကြာပြီးနောက် ကိုယ်ဝန်မရှိပါက လင်းနှင့်မယားကို မျိုးမအောင်နိုင်သည့် ပြဿနာရှိသူများအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။ မျိုးမအောင်ခြင်းမှာ အမျိုးသား၊ အမျိုးသမီးကြောင့် (သို့ မဟုတ်) နှစ်ဦးစလုံးကြောင့် ဖြစ်နိုင်သည်။ အချို့သော လင်မယားစုံ တွဲများတွင် မျိုးမအောင်ဖြစ်ရသည့် အကြောင်းရင်းကို ရှာမတွေ့နိုင် ပေ။ အခြားသော လင်မယားစုံတွဲများတွင်ကား မျိုးမအောင်ဖြစ်ရ သည့် အကြောင်းရင်းတစ်ခုထက် ပိုနေလေ့ရှိသည်။
  • Sat 13 Dec 2014 - 22:16
    အ၀လွန်ခြင်းနှင့် ဆီးချိုရောဂါဖြစ်ပွားမှုတွင် သင်၏ပတ်ဝန်းကျင်အခြေအနေက အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပုံပေါ်သည်။

Pages

Subscribe to Health