Health

  • Wed 04 Jul 2018 - 11:58
    ပြည်တွင်း၌ ရောင်းချနေသည့် နွားနို့များတွင် ကျန်းမာရေးထိခိုက် စေသည့် ဓာတုပစ္စည်းရောနှောမှု များ မတွေ့ရဘဲ ရေရောမှုသာ အ များဆုံးတွေ့ရှိရသည်ဟု မြန်မာ-နယူးဇီလန်ကောင်းမွန်သော နို့စား နွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Dairy Exce-llence Project) နည်းပညာအကြံ ပေးအရာရှိ Kent Weston Arnold က ပြောသည်။
  • Wed 04 Jul 2018 - 11:56
    နိုင်ငံရေးအကျဉ်းသားဟောင်းများ အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးအခမဲ့စစ်ဆေးမှုကို ဇူလိုင် ၁၅ ရက်ကစ၍ HCPP စင်တာတွင် ပြုလုပ်နိုင်မည်ဖြစ်သည်။
  • Wed 04 Jul 2018 - 11:47
    မွန်ပြည်နယ်တွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ ထူထောင်ရေး ဇူလိုင်လဆန်းတွင် ဆောင်ရွက် မည်ဖြစ်သည်။ ယင်းအစီအစဉ်ကို ပြည်သူ့  ကျန်းမာရေးဖောင်ဒေးရှင်းက ဦးစီး ဆောင်ရွက်ခြင်းဖြစ်ကာ ယခုနှစ် အတွင်းမှာပင် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွင် ယင်းအစီအစဉ်ကို ဆောင်ရွက်ပြီးဖြစ်သည်။ အဆိုပါ အစီအစဉ်သည် ဆေးရုံ၊ ပန်းခြံ၊ ရုပ်ရှင်ရုံ စသော ဆေးလိပ်မ သောက်ရနေရာများတွင် ဆေးလိပ်မသောက်ရန် အဓိကရည်ရွယ် ၍ ပြည်နယ်နှင့် တိုင်းအစိုးရများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ပြောသည်။ 
  • Wed 04 Jul 2018 - 11:42
    မကူးစက်နိုင်သော ရောဂါများနှင့် ပတ်သက်၍ ပြည်တွင်းလူမှုအဖွဲ့ အစည်း ၁၇ ခုတို့ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးကာမဟာမိတ်အဖြစ် ပထမဆုံးပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။
  • Mon 02 Jul 2018 - 21:30
    လူတစ်ဦး သောက်သုံးသော အရည်ပမာဏထက် ခန္ဓာကိုယ်က ဆုံးရှုံးသည့် အရည်ပမာဏပိုများနေသော အခြေအနေတွင် ရေဓာတ်ခန်းခြောက်မှုဖြစ်ပေါ်သည်။ ရေဓာတ်ခန်းခြောက်ခြင်းဖြစ်စေသည့် အကြောင်းရင်းများစွာ ရှိပြီး ဝမ်းလျှောခြင်း၊ လေ့ကျင့်ခန်းလွန်ကဲစွာ လုပ်ဆောင်ခြင်း၊ လောင်စာပြန်လည်ဖြည့်တင်းမှု နည်းပါးခြင်း၊ ပြင်းထန်စွာ အော့အန်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။
  • Mon 02 Jul 2018 - 21:28
     ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် အသက်(၁၅)နှစ်အရွယ်တစ်ဦး အပါအဝင် သေဆုံးသူရှစ်ဦးအထိ ရှိလာသည်။ ယခုနှစ် ဇန်နဝါရီမှ ဇွန်လ နောက်ဆုံးပတ်အထိ ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ် ပွားသူ ၁,၀၀၀ ခန့်ရှိပြီး သေဆုံး သူရှစ်ဦးရှိခဲ့သည်။ ယင်းသေဆုံး သူများသည် အသက် (၁)နှစ် အောက် ကလေးငယ်သုံးဦး၊ (၁) နှစ်မှ (၄)နှစ်ကြားအရွယ် ကလေးငယ်တစ်ဦး၊ (၅)နှစ်မှ (၉)နှစ်ကြားအရွယ် ကလေးငယ်သုံးဦးနှင့် အသက်(၁၅)နှစ်အရွယ် တစ်ဦးဖြစ်သည်။
  • Sat 30 Jun 2018 - 21:44
    ဦးနှောက်နှင့် အာရုံကြောစနစ်ကျန်းမာရေးအတွက် ခြေ ထောက်များကို လေ့ကျင့်ခန်းလုပ်ပေးရန်လိုကြောင်းလေ့လာမှု အသစ်တစ်ရပ်ကဖော်ပြသည်။
  • Sat 30 Jun 2018 - 21:32
    အချစ်သည်လှပသည်။ သို့သော် သေမလောက်လည်း ခံစားရ တတ်သည်။ အလွန်အမင်းပျော်ရွှင်ရနိုင်သလို မခံစားနိုင်လောက် အောင်လည်း ဖြစ်တတ်သည်။  တစ်စုံတစ်ယောက်နှင့် ချစ်ကြိုးချည် နှောင်ထားလျှင် သူ၊သူမကို ဆုံးရှုံးရမှာကို သေမလောက်ကြောက်ပြီး နှစ်ဦးသားပြတ်စဲသွားချိန်တွင် မျှော်လင့်ချက်မရှိ၊ ဘဝမရှိဟု ခံစားရ တတ်သည်။ သို့သော်အသည်းကွဲတာ ကောင်းတယ်ဟု ဆိုနိုင်သော အချက်အချို့ကို ကြည့်ကြပါစို့။  
  • Fri 29 Jun 2018 - 21:52
    စိတ်ဓာတ်ကျခြင်းသည် နှလုံးရောဂါဖြစ်စေနိုင်သော အန္တရာယ်တစ်ခုဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ဓာတ်ကျ ခြင်းကို ကာကွယ်ရေးအကောင်းဆုံးနည်းလမ်းဖြစ်ကာ ကိုယ်စိတ် နှလုံးကျန်းမာရန် အကောင်းဆုံးဖြေရှင်းနည်းဖြစ်ကြောင်းလေ့လာမှုတစ်ရပ်ကဖော်ပြသည်။
  • Thu 28 Jun 2018 - 21:34
    ကိုယ်ဝန်ဆောင်ကာလအတွင်း ဟန်ချက်ညီပြီး အာဟာရပြည့်ဝသော အစားအသောက်များသည် မိခင်နှင့်ကလေး နှစ်ဦးစလုံးကျန်းမာရေးအတွက် အရေးကြီးသည်။ ကျန်းမာရေးနှင့်ညီသော အစားအစာများက သန္ဓေသား မှန်မှန်ကန်ကန်ဖွံ့ဖြိုးရန် လိုအပ်သည့်အာဟာရဓာတ်များ ပေးစွမ်းနိုင်သည်။ အစားအသောက် ကောင်းစွာစားသုံးခြင်းကြောင့် လမစေ့ဘဲ မွေးခြင်း၊ သွေးတိုးခြင်းနှင့် သွေးတိုးခြင်းကြောင့် ကိုယ်တွင်းအင်္ဂါပျက်စီးခြင်း အပါအဝင် ကိုယ်ဝန်ဆောင်ကာလအတွင်း ရှုပ်ထွေးမှု များကိုလည်း ကာကွယ်နိုင်သည်။
  • Wed 27 Jun 2018 - 21:28
    နှလုံးခွဲစိတ်ကုသမှု ခံယူချိန်နှင့် ခွဲစိတ်ပြီး ၂၄ နာရီတွင် နိုက်ထရစ်အောက်ဆိုက် ရှူသွင်းသော လူနာများ၌ ပြင်းထန်သော ကျောက်ကပ်ပြဿနာ ဖြစ်ပေါ်ခြင်းကို လျော့ကျစေသည်ဟု တရုတ်နိုင်ငံ၌ ပြုလုပ်သော အစမ်းကုသမှုတစ်ခုက တွေ့ရှိခဲ့သည်။
  • Wed 27 Jun 2018 - 11:52
    မလှိုင်တစ်ယောက် လက်ထဲတွင် ကိုင်ထားသော ကတ်ထူစာ ရွက်ပြားပေါ်က ရုပ်ပုံနှင့် စာသား များအကြား ၎င်းသိချင်သော အဖြေကို မျက်လုံးဖြင့် ဝေ့ဝဲရှာရင်း တစ်စုံတစ်ခုကို တွေ့ခဲ့ပြီးနောက် စိတ်အေးသွားဟန်နှင့် သက်ပြင်းချသည်။ ‘‘တော်သေးတယ်။ မတည့် တဲ့အထဲမပါလို့’’ဟု အသက် (၃၈) နှစ်အရွယ် မလှိုင်က တီးတိုးရေရွတ်ရင်း ဈေးထဲမှဝယ်လာသော အင်ဥနှင့် ငါးများကို ချက်ပြုတ်ရန် ပြင်ဆင်ပါတော့သည်။
  • Mon 25 Jun 2018 - 22:40
    ဇရာကြိုရောဂါသည် သက်ကြီးရွယ်အိုများတွင် ဖြစ်ပွားလေ့ရှိသော မှတ်ဉာဏ်ဆုံးရှုံးမှုပုံစံတစ်မျိုးဖြစ်ပြီး အသက်(၆၅)နှစ်အရွယ်မတိုင်မီ စောစောပိုင်းရောဂါလက္ခဏာများ ပြသလေ့ရှိသည်။ မှတ်ဉာဏ်ပြဿနာများနှင့် ဆက်စပ်ပြဿနာများ ပြသနိုင် သည့် ယင်းရောဂါသည် အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာပြီး ကုသနည်းမရှိသော်လည်း ရောဂါသက်သာစေကာ ပိုဆိုးမလာ အောင် တားဆီးပေးနိုင်သော ကုသနည်းအချို့ရှိသည်။
  • Sat 23 Jun 2018 - 20:34
    ဗီတာမင် B12 သည် ခန္ဓာကိုယ်က လိုအပ်သော မရှိမဖြစ် ဗီတာ မင်တစ်မျိုး ဖြစ်သော်လည်း ထုတ်လုပ်နိုင်ခြင်းမရှိပေ။ ယင်းဗီတာမင်ကို တိရစ္ဆာန်ထုတ်ကုန်များတွင် သဘာဝအ လျောက် တွေ့ရသော်လည်း အချို့အစားအစာများ၌ ပေါင်းထည့် ထားကာ ဖြည့်စွက်သောက်ဆေး၊ ထိုးဆေးအနေဖြင့်လည်း ရရှိနိုင် သည်။
  • Fri 22 Jun 2018 - 21:42
    အမျိုးသမီးတစ်ဦး၏ မျိုးပွားနိုင်စွမ်းအပေါ် သက်ရောက်နိုင် သော အကြောင်းရင်းများစွာရှိပြီး များမကြာမီက လေ့လာမှုတစ်ရပ် အရ အမြန်ပြင်အစားအစာ စားသုံးမှုများပြီး သစ်သီးစားသုံးမှု  နည်း သော အမျိုးသမီးများ ကိုယ်ဝန်ရနိုင်ရန် အချိန်ပိုကြာကြောင်း သိရ သည်။
  • Thu 21 Jun 2018 - 21:20
    နိုင်ငံတကာတွင် မိတ်ဆက်ပြီးနောက် ကြည့်ရှုအားပေးသူ မြင့်မားသော Incredibles (2) ဇာတ်ကားအတွက် ဒစ္စနေးကုမ္ပဏီက ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ထားပြီး တောက်ပသော မီးအလင်းရောင်များပါဝင်သည့် ပြကွက်များကြောင့် ၀က်ရူးပြန်ရောဂါရှိသူများ လေသင်တုန်းဖြတ်ခြင်း၊ တက်ခြင်းတို့ ကြုံနိုင်ကြောင်း သတိ ပေးထားသည်။
  • Wed 20 Jun 2018 - 21:34
    ကျန်းမာရေးနှင့်မညီသော အပြုအမူလေးခုက ကင်ဆာနှင့် ပြင်း ထန်သောရောဂါများ ဖြစ်ပွားမှုဆီသို့ ဦးတည်နိုင်သော်လည်း သုတေသီများက နေထိုင်စားသောက်မှု ပုံစံပြောင်းလဲခြင်းက ယင်း အပြုအမူများကို တားဆီးနိုင်ပြီး ထိုရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်နည်းပါးစေနိုင်သည်ဟု ပြောသည်။ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ (သို့မဟုတ်) အလယ်အ လတ်ပြုလုပ်သူများ၊ တီဗီကဲ့သို့ မျက်နှာပြင်များရှေ့ အချိန်များစွာ ကုန်နေသူများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ စားသုံးမှုနည်း ပြီး ကျန်းမာရေးနှင့်မညီသော အဆီစားသုံးမှု နည်းသူများသည် နေထိုင်စားသောက်မှု ပုံစံပြောင်းလဲခြင်းဖြင့် ကျန်းမာရေးအန္တရာယ်များကို လျှော့ချနိုင်ကြောင်း အမေရိကန်နိုင်ငံ NorthWestern တက္ကသိုလ်မှ သုတေသီများက ပြောသည်။
  • Wed 20 Jun 2018 - 11:31
    အသည်းအရောင်အသားဝါဘီ ကာကွယ်ဆေးထိုးရန် ကျန်သည့် ကလေးငယ်များကို အထူးအစီ အစဉ်အဖြစ် ဆေးရုံများနှင့် နီးစပ် ရာ ကျန်းမာရေးဌာနများတွင် ထိုး နှံပေးနေကြောင်း တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း ဒုတိယညွှန် ကြားရေးမှူးဒေါက်တာ ထားထား လင်းက ပြောသည်။
  • Wed 20 Jun 2018 - 11:29
    ဆေးဝါးများအပေါ် ကုန်သွယ်လုပ် ငန်းခွန်ပြန်လည်ကောက်ခံမှုနှင့် ပတ်သက်၍ ကင်းလွတ်ခွင့်ရရှိစေ ရန် သက်ဆိုင်ရာဌာနများနှင့် ညှိ နှိုင်းဆွေးနွေးမည်ဟု ဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်မိုးခိုင် က ပြောကြားသည်။ 
  • Wed 20 Jun 2018 - 11:27
    လာမည့်နှစ်များအတွင်း ထိုးနှံပေးမည့် ကာကွယ်ဆေးများနှင့် ပတ်သက်၍  အဆိုပြုလွှာတင်ထားပြီး ရန်ပုံငွေရှာနေကြောင်း   တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထား ထားလင်းက ပြောသည်။

Pages

Subscribe to Health