Health

  • Thu 24 Aug 2017 - 19:59
    လက်ဆေးရည်သန့်စင် ဆေးရည်နှင့် ခံတွင်းသန့်ဆေးတို့ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြသော အိမ်သုံးသန့်ရှင်းရေး ထုတ် ကုန်များတွင် ပါဝင်သော ဓာတုပစ္စည်းများကြောင့် မျိုးအောင်နိုင်မှု ကို ထိခိုက်နိုင်ကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္က သိုလ်မှ သုတေသီများ၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
  • Wed 23 Aug 2017 - 22:35
     အရေးပေါ် ပဋိသန္ဓေ တားဆေးများသည် အသက်အန္တ ရာယ် ထိခိုက်နိုင်၍ ဆရာဝန်ညွှန်ကြားချက်ဖြင့် စနစ်တကျရောင်းချ ရန် ညွှန်ကြားထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာမျိုးဇာနည် စော(ဆေးဝါး)က ပြောသည်။  လူငယ်များအကြား အသုံး ပြုမှုများလာသည့် အရေးပေါ် ပဋိ သန္ဓေတားဆေးလုံးများ (Emer-gency Oral Contraceptive Pils)သည် ရောဂါအခံရှိသူများ သောက်သုံးပါက သွေးလွန်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်းများ ဖြစ်ပေါ်နိုင်၍ ညွှန်ကြားရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
  • Wed 23 Aug 2017 - 20:36
    ထောပတ်သီးများ စားသုံးရာတွင် အစဉ်သဖြင့် စွန့်ပစ်တတ်လေ့ရှိ သော အစေ့များ၏ အပေါ်ဆုံးအခွံ၌ ကင်ဆာနှင့်နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်သော အာဟာရဆိုင်ရာ ဒြပ်ပေါင်းများ ကြွယ်ဝစွာ ပါဝင်ကြောင်း အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှ သုတေ သီများက လေ့လာတွေ့ရှိခဲ့သည်။ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိသော ထောပတ်သီးသည် အိုမင်းရင့်ရော်မှုကို တိုက်ဖျက်နိုင်သော အစွမ်းသတ္တိမှနေ၍ ကင် ဆာရောဂါကို ကာကွယ်နိုင်သော အစွမ်းသတ္တိများအထိ ကျန်းမာ ရေး အကျိုးကျေးဇူးများစွာ ပါဝင်ကြောင်း လေ့လာမှုအများအပြားက ဖော်ပြထားပြီးဖြစ်သည်။
  • Wed 23 Aug 2017 - 11:06
    အရင်ကတော့ ဇွန်၊ ဇူလိုင်မှာ ဆေးတွေထုတ်ပေးပေမယ့် အခု သြဂုတ်အထိ ဆေးတွေမရှိဘူး။ အခုလို ပြဿနာတက်လာတော့မှ မြို့နယ်က ဆေးတွေ လာထုတ်ခိုင်းတယ်’’။ ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် နာမည်ကျော်ခဲ့သော ချပ် သင်းတိုက်နယ်ဆေးရုံ၏ စောင့် ရှောက်ရေးအဖွဲ့ဝင် ဦးထွန်းငွေ ပြောပြသည့် ဆေးဝါးအခက်အခဲ အကြောင်းဖြစ်သည်။  ချပ်သင်းတိုက်နယ်ဆေးရုံတွင် ဆေးဝါးပြတ်လပ်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်၍ တိုင်းကျန်းမာရေးဦးစီးဌာနသို့ တင်ပြထားသော်လည်း ယခုအချိန်အထိ ရောက်ရှိမလာသေးပေ။ ထို့ကြောင့် ဆေးရုံတွင် ရှိသည့်ဆေးဝါးများဖြင့်သာ လူနာများကို အခမဲ့ဆေးကုသပေးနေရပြီး မရှိသောဆေးဝါးများအတွက် လူနာထံမှ စရိတ်စိုက်ထုတ်ကာ ဝယ်ယူခြင်းဖြင့် ဆေးဝါးလိုအပ်ချက်ကို ဖြေရှင်းနေရသည်မှာ ရက်အတန်ကြာပြီဖြစ်သည်။
  • Wed 23 Aug 2017 - 09:40
    တစ်နှစ်လျှင် စားသုံးဆီလိုအပ်ချက်တန်ချိန်တစ်သန်းခန့်ရှိသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆီစက်အားလုံးနီးပါး(၉၀ ရာခိုင်နှုန်းခန့်)ရပ်တန့်သွားပြီဖြစ်သည်။ ဆီအစားကြမ်းသော မြန်မာပြည်တွင် ဆီစက်များကို ဇီဝိန်ခြွေနေသူမှာ ဘယ်အရာဖြစ်ပါသနည်း။
  • Mon 21 Aug 2017 - 21:11
    မလှုပ်မရှားဘဲ နေထိုင်မှုများခြင်းကြောင့် အသက်(၅၀)နှင့်အထက် အားနည်းသူများ သေဆုံးနိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့ လာမှုတစ်ရပ်က ဖော်ပြသည်။ အသက် (၁၈)နှစ်မှ (၆၄)နှစ်အရွယ်များနှင့် (၆၅)နှင့်အထက် အရွယ်များသည် မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများမှ အားစိုက်ရသော ကိုယ်လက်လှုပ်ရှားမှုများကို သီတင်းတစ်ပတ်လျှင် မိနစ် ၁၅၀ အနည်းဆုံး ပြုလုပ်သင့်သည်။ (သို့မဟုတ်) အားပိုစိုက် ရသော လေ့ကျင့်ခန်း ၇၅ မိနစ် ပြုလုပ်သင့်ကြောင်း အမေရိကန် နိုင်ငံသားများအတွက် ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ လမ်းညွှန်ချက် က ဖော်ပြသည်။
  • Sun 20 Aug 2017 - 20:43
    ဖက်တီးအက်စစ်များ ပါဝင်သော ငါးကြီးဆီသည် ၀က်ရူးပြန် ရောဂါကို ကုသရန် ဆေးဝါးသစ်တစ်ရပ် ဖြစ်လာနိုင်ကြောင်း လေ့ လာမှုတစ်ရပ်က ဖော်ပြသည်။ ငါးကြီးဆီသည် လေသင်တုန်းဖြတ်ခြင်းကို လျော့ပါးစေနိုင် ကြောင်း ကြွက်များဖြင့် လေ့လာရာတွင် တွေ့ရှိခဲ့ပြီးနောက် ဂျပန် သုတေသီများက အထက်ပါကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
  • Sat 19 Aug 2017 - 21:39
    အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် ပြီးခဲ့သည့် တစ်လတာအ တွင်း H1N1 ဖြစ်ပွားသူ ၁,၀၆၆ ဦးရှိကြောင်း အတည်ပြုထားပြီး ယင်းအရေအတွက်သည် ယခုနှစ် တစ်နှစ်တာလုံး ရောဂါဖြစ်ပွားသူ အရေအတွက်ထက် လေးဆပို၍မြင့်မားနေသည်။ ယခုနှစ် သြဂုတ် ၁၃ ရက်အထိ ရောဂါဖြစ်ပွားသူ ၁,၃၀၇ ဦးရှိပြီး ၂၀၁၆ ယင်းကာလထက် ခြောက်ဆပိုများသည်။
  • Fri 18 Aug 2017 - 21:25
    သန္ဓေတားဆေးများ နှစ်များစွာ သောက်သုံးသော အမျိုးသမီး များသည် ဘ၀နှောင်းပိုင်းတွင် အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ပွား နိုင်ခြေနည်းပါးကြောင်း သုတေသီများ လေ့လာတွေ့ရှိသည်။ သန္ဓေတားဆေးများကို နှစ်များစွာကြာ ဆက်တိုက်အသုံးပြု လာသော အမျိုးသမီးများသည် သန္ဓေတားဆေးလုံးဝမသောက်သူ များထက် အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေ ငါးဆနီးပါး လျော့နည်းသည်ဟု သုတေသီများကပြောသည်။
  • Thu 17 Aug 2017 - 23:21
    အိပ်စက်ချိန် နည်းလွန်းသော ကလေးငယ်များသည် အမျိုးအ စား-၂ ဆီးချိုရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာမှု အသစ်တစ်ရပ်ကဖော်ပြသည်။
  • Thu 17 Aug 2017 - 23:05
    တစ်ချိန်လုံး လက်သည်းဆိုးဆေး ဆိုးထားတာတို့၊ လက်သည်းတု တပ်တာတို့ လုပ်ထားသူဆိုရင် လက်သည်းတွေ ကျန်းမာဖို့နဲ့ သန် စွမ်းဖို့အတွက် လက်သည်းအဆိပ် ထုတ်ဖို့ စဉ်းစားရတော့မှာပါ။ ဒီတော့    ဆိုင်သွားစရာမလိုဘဲ ကိုယ်တိုင်လုပ်လို့ရတဲ့ လက် သည်းကျန်းမာရေး ထိန်းသိမ်း နည်းလေးတွေကို မျှဝေလိုက်ပါ တယ်။
  • Thu 17 Aug 2017 - 23:05
    ယနေ့ခေတ် အမျိုးသားတွေက ခံ့ခံ့ညားညားနဲ့ ဆွဲဆောင်မှုရှိဖို့ အတွက် အသားအရေထိန်းသိမ်း တာကို လုပ်ဆောင်လာကြတဲ့အ လျောက် ငါးမိနစ်ကနေ ဆယ် မိနစ်အတွင်း လွယ်လွယ်ကူကူနဲ့ အချိန်ကုန်သက်သက်သာသာ လုပ်နိုင်မယ့် နည်းလမ်းလေးတွေ ဖော်ပြလိုက်ပါတယ်။
  • Thu 17 Aug 2017 - 23:02
     ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ၏ ၁၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးနေပြီး ယခုနောက်ပိုင်းတွင် လူနာနှင့်အတူ နေထိုင်သူများ၌ပါ ရောဂါကူးစက်မှုရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစာရင်းအရ သိရသည်။ ယခုနှစ် ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၇ ရက်အထိ ရာသီတုပ် ကွေးရောဂါဖြစ်ပွားသူ ၂၇၇ ဦးရှိသည့်အနက် ၂၇ ဦးသေဆုံးခဲ့ သဖြင့် ရာခိုင်နှုန်းနှင့်တွက်ချက် မည်ဆိုပါက ၁၀ ရာခိုင်နှုန်းသေ ဆုံးမှုရှိပြီဖြစ်သည်။ ထို့ပြင် သြဂုတ် ၁၆ ရက်က ဓာတ်ခွဲစစ်ဆေးမှုအရ အဆိုပါပိုး တွေ့လူနာ ၂၀ ဦးထဲ၌ တစ်အိမ် တည်းအတူနေမိသားစုဝင် သုံးဦး နှင့် အဆောက်အအုံတစ်ခုအ တွင်း လူစုလူဝေးနှင့် နေထိုင်သူ များမှ သုံးဦး၊ စုစုပေါင်း ခြောက်ဦးတွင် ပိုးကူးစက်ခံရမှု တွေ့ရှိရ ကြောင်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန သတင်းထုတ်ပြန်မှုအရ သိရသည်။
  • Wed 16 Aug 2017 - 20:49
    ငယ်ရွယ်စဉ်ကပင် ကိုယ်လက်လှုပ်ရှားခြင်းဖြင့် အသက်အ ရွယ်ရလာပါက ဦးနှောက်စွမ်းရည်များ ထိခိုက်လျှော့ကျမှုကို ကာ ကွယ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။ ပညာရေး၊ ကိုယ်လက်လှုပ်ရှားမှုနှင့် နေထိုင်မှုပုံစံများသည် ဦးနှောက်စွမ်းရည် ထိခိုက်မှုနှင့် ဆက်စပ်နေသည်။ စဉ်းစားတွေးတောမှုဆိုင်ရာ စွမ်းရည်အားကောင်းသူများသည် ဇရာကြိုရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့ ရောဂါများကြောင့် ဖြစ်ပေါ် လာနိုင်သော အာရုံကြောဆိုင်ရာ အဆင့်လျော့ကျမှုအန္တရာယ် နည်း ပါးကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။
  • Wed 16 Aug 2017 - 11:28
    လွန်ခဲ့သည့် တစ်လခန့်က  ပြည်သူလူထုကို အထိတ်တလန့် ဖြစ်ပေါ်စေခဲ့သော ရာသီတုပ်ကွေးရောဂါ သည် လက်ရှိအချိန်ထိဖြစ်ပွားသူဦးရေ တိုးနေသကဲ့သို့ သေဆုံးမှုနှုန်းလည်း ရပ်တန့်ခြင်း မရှိသေးပေ။ ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ ရက်ပေါင်းနှစ်ဆယ့် တစ်ရက်အတွင်း ရာသီတုပ်ကွေး Seasonal Influenza A (H1N1) Pdm 2009 ဖြစ်ပွားသူ ၂၀၄ ဦးရှိ  ခဲ့ကာ သေဆုံးသူ ၂၃ ဦးအထိ ရှိ သည်။ ယင်းစာရင်းကို ကြည့် မည်ဆိုပါက တစ်နေ့လျှင် ပျမ်းမျှ ပိုးတွေ့သူဆယ်ဦးခန့်နှင့်သေဆုံး သူ တစ်ဦးခန့်ရှိသည်။ ထို့ကြောင့် ယင်းမှာ စိုးရိမ်ရမည့်အခြေအနေ တစ်ခုပင် ဖြစ်သည်။
  • Mon 14 Aug 2017 - 23:41
     ရန်ကုန်တိုင်းတွင် သွေး လွန်တုပ်ကွေးရောဂါကြောင့် သေ ဆုံးသူ ၂၇ ဦးရှိလာပြီး သေဆုံးသူ များထဲတွင်  အသက် (၁၅) နှစ်အ ထက် အရွယ်များပါရှိနေကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာအေးမွန်မွန် ကျော်က ပြောသည်။ ထို့အပြင် ဖြစ်ပွားမှုနှုန်းသည် လည်း ယခုနှစ်တွင် ပိုမိုများပြားနေ ပြီး ၂၀၁၆ ၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂,၁၈၅ ဦးရှိပြီး သေ ဆုံးသူ ၁၉ ဦးရှိခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၆ ရက် အထိ ၇ လတာ၌ သွေးလွန်တုပ် ကွေးရောဂါဖြစ်ပွား သူ ၃,၉၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၇ ဦးရှိ သဖြင့် ယခင်နှစ်က တစ်နှစ်လုံး ဖြစ်ပွားမှုထက် ယခုနှစ် ၇ လတာဖြစ်ပွားမှုသည် ပိုမိုများပြားနေ ကြောင်း ၎င်းကပြောသည်။
  • Mon 14 Aug 2017 - 22:56
    ခန္ဓာကိုယ်တွင် သံဓာတ်ပမာဏလွန်ကဲစွာ ဖြစ်ပေါ်လာပါက သံဓာတ်အဆိပ်ဖြစ်နိုင်သည်။ ယင်းအခြေအနေသည် မတော်တဆ (သို့မဟုတ်) သူ့အလိုလို ဖြစ်နိုင်သည်။ သံဓာတ်များလွန်း၍ အဆိပ်အတောက်ဖြစ်မှုများ အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာနိုင်ပြီး အသက်ဆုံးရှုံးရနိုင်သည်။ သံ ဓာတ်အဆိပ်ဖြစ်ခြင်းသည် အရေးပေါ်အခြေအနေဖြစ်ပြီး အထူးသဖြင့် ကလေးငယ်များ အန္တရာယ်ရှိနိုင်သည်။
  • Sun 13 Aug 2017 - 23:21
    ကိုယ်ဝန်ဆောင်ချိန်အတွင်း ဗက်တီးရီးယားကာကွယ်ရေး ဆပ်ပြာအသုံးပြုသည့် အမျိုးသမီးများက မွေးဖွားလာသော ကလေး များသည် သာမန်ထက်ပိုဝကာ ၎င်းတို့၏ ဖွံ့ဖြိုးကြီးထွားမှု အနှောင့် အယှက်ဖြစ်နိုင်ကြောင်း အမေရိကန်သုတေသီများ လေ့လာတွေ့ရှိ သည်။
  • Sat 12 Aug 2017 - 23:11
    ခွဲစိတ်ပြီးအစာအိမ်ထဲသို့ အ၀လွန်မှုတားဆီးရေးဘောလုံးထည့် ထားသူငါးဦးသေဆုံးခဲ့ကြောင်း အမေရိကန်ဥပဒေထိန်းသိမ်းရေး အရာရှိများက ပြောသည်။
  • Sat 12 Aug 2017 - 23:08
    မလေးရှားဆီးဂိမ်းပြိုင်ပွဲ ၀င်ပြိုင်မည့် မြန်မာကစားသမား များနှင့် အုပ်ချုပ်သူများကို ရာသီ တုပ်ကွေး (H1N1) ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုညွှန်ချုပ် ဦးသက်လွင်က ပြောသည်။

Pages

Subscribe to Health