Health

  • Wed 13 May 2015 - 21:04
    ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ချမ်းသာကြွယ်ဝပြီး၊ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အရက်သောက်သုံးမှု လျော့ကျသွားသော်လည်း လူငယ်များကြား အန္တရာယ်ရှိသည့် အရက်အလွန်အကျွံသောက်သုံး မှုပိုများလာကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(OECD)၏လေ့လာမှုအသစ်တွင် ဖော်ပြသည်။
  • Mon 11 May 2015 - 22:34
    အရက်သောက်သော်လည်း အားဖြည့်အချိုရည်များနှင့် လုံးဝရောမသောက်သူများထက် ရောသောက်သော ဆယ်ကျော်သက်များ အရက်အလွန်အကျွံ သောက်သုံးမှုပြဿနာ ပိုမိုရင်ဆိုင်ရဖွယ်ရှိ ကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြသည်။
  • Mon 11 May 2015 - 14:27
    အီဘိုလာ ကူးစက်ခံရပြီး သက်သာပျောက်ကင်းခဲ့သည့် လူနာတစ်ဦးသည် လပိုင်းမျှအကြာထိ မျက်လုံးအိမ်ထဲတွင် ရောဂါပိုး ကြွင်းကျန်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။  အမေရိကန် ဆရာဝန် တစ်ဦးဖြစ်သည့် ဒေါက်တာ အီယန် ခရိုဇီယာသည် အီဘိုလာရောဂါ ဆိုးရွားစွာ ကူးစက်ပျံ့နှံ့ခဲ့သည့် ဆီရာလီယွန်သို့ သွားရောက် လုပ်အားပေးခဲ့ရာမှ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာတွင် ရောဂါကူးစက်ခြင်း ခံခဲ့ရသည်။  
  • Sun 10 May 2015 - 21:30
    သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးများ၊ ငါးများနှင့်အ တူ ကျန်းမာရေးနှင့်ညီသော အစားအစာများ စားသုံးသည့် အသက်အရွယ် ကြီးသူများသည် အချိန်ကြာသည်နှင့်အမျှ စဉ်းစားတွေးခေါ်မှုဆိုင်ရာ မှတ်ဉာဏ်လျော့ကျနိုင်ခြေ နည်းပါးစေနိုင် ကြောင်း နိုင်ငံတကာလေ့လာမှု အသစ်တစ်ခုက ဖော်ပြသည်။
  • Sat 09 May 2015 - 22:10
    ဝက်သက်ပေါက်သော ကလေးငယ်များသည် ကိုယ်ခံအားစနစ်အားနည်းသည့် အခြေအနေကို ယခင်တွေးထင်ထားသကဲ့သို့ တစ်လ(သို့မဟုတ်)နှစ်လအထိသာ ခံစားရသည်မဟုတ်ဘဲ သုံးနှစ် အထိ ခံစားရနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
  • Sat 09 May 2015 - 21:58
     ပြည်တွင်း၌ မှတ်ပုံတင်ထားခြင်းမရှိဘဲ  ဈေးကွက်အတွင်း ပျံ့နှံ့နေသော  နားနှင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်သည့် ထိုးဆေးအတုနှစ်မျိုးကို ကျန်းမာရေးဝန်ကြီးဌာနက  မသုံးစွဲကြရန်တရားဝင်ထုတ်ပြန်သည်။  အဆိုပါထိုးဆေးနှစ်မျိုးမှာ ဈေးကွက်အတွင်း  အသုံးများ သော ပဋိဇီဝထိုးဆေးများဖြစ်ပြီး နားနှင့် ကျောက်ကပ်ကို ထိခိုက် စေနိုင်၍ နောက်ပိုင်းတွင် ဆရာဝန်အများစုမသုံးစွဲကြတော့ကြောင်း ဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူကပြောသည်။ ‘‘ဒီလိုဆေးဝါးအတုတွေ၊ စံ ချိန်မမီတဲ့ ဆေးတွေဟာ ရောဂါ တကယ်မပျောက်ဘူး။ ဆေးပြင်း လွန်းတဲ့အတွက် ဆေးယဉ်ပါးတာ တွေဖြစ်နိုင်တယ်။ ဘေးထွက်ဆိုး ကျိုးတွေလည်း အများကြီးရှိနိုင် တယ်’’ဟု ၎င်းက ဆိုသည်။ ရောင်းချသူများအား ခံဝန်ထိုးခိုင်းပြီး နောက်တစ်ဆင့်အနေ ဖြင့် ရောင်းချခွင့်လိုင်စင်ပိတ်သိမ်း မည်ဟု FDA ဆေးဝါးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီဇင်က ပြောသည်။   ‘‘တချို့ဆေးတွေဆိုရင် လည်း ပြည်တွင်းမှာ ရောင်းလို့ လုံးဝမရအောင် လိုင်စင်ပိတ်ထား ပေမယ့် တရားမ၀င်ရောင်းနေတာ တွေရှိနေတုန်းပဲ’’ဟု ၎င်းက ဆက် လက်ပြောသည်။
  • Fri 08 May 2015 - 21:34
    ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဆောင်ရန်၊ ရှောင်ရန် အကြံပြု ချက်များစွာကို သင်ကြားရပေလိမ့်မည်။ ယင်းအကြံပြုချက်အားလုံး ကို လိုက်နာစရာမလိုသော်လည်း လျစ်လျူမရှုသင့်သည့် (သို့မဟုတ်) ဘေးအန္တရာယ်ကင်းရှင်းကြောင်း သေချာစေရန် စစ်ဆေးမှုခံယူရမည့် လက္ခဏာအချို့ရှိသည်။
  • Fri 08 May 2015 - 17:54
    ကျန်းမာရေးစီမံကိန်းရေးဆွဲနိုင်ရန် ပထမဦးဆုံးအကြိမ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူခဲ့ သည့် ဆီးချိုသွေးချိုစစ်တမ်းကို ဇူလိုင်တွင် အပြီးသတ်နိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ အဆိုပါစစ်တမ်းကို၂၀၁၄ ဒီဇင်ဘာမှ စတင် ကောက်ယူခဲ့ရာ အကြမ်းဖျင်း ပြီးစီးနေပြီဖြစ် ကြောင်း မြန်မာနိုင်ငံဆီးချိုသွေးချို အသင်း အတွင်းရေးမှူး(၁) ဒေါက် တာသိန်းမြင့်က ပြောသည်။  
  • Fri 08 May 2015 - 17:45
     မြန်မာနိုင်ငံရှိ ကျေးရွာများတွင် လိုအပ်နေသော သားဖွားဆရာမများ မွေးထုတ်ပေးခြင်းအပြင် မိခင် နှင့် ကလေးကျန်းမာရေးတိုးတက် ကောင်းမွန်စေရေးကဏ္ဍများကို ရေတိုရေရှည် စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိသည့်အနက် သားဖွား ဆရာမဦးရေ တစ်သောင်းခန့်၊ အရန်သားဖွားဆရာမဦးရေ နှစ်သောင်းခန့်၊ စုစုပေါင်း သုံးသောင်းခန့်သာရှိခြင်းကြောင့် ကျေးရွာ တစ်ရွာလျှင် အရန်သားဖွား ဆရာမ(သို့မဟုတ်) စေတနာ့ဝန်ထမ်းတစ်ဦးစီ ထားရှိနိုင်ရန်စီ စဉ်နေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၊ မိခင်နှင့်ကလေး ကျန်း မာရေးဌာနစိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။  
  • Fri 08 May 2015 - 17:42
    တိုင်းနှင့်ပြည်နယ်ဆေးရုံများတွင် ကျောက်ကပ်သန့်စင်စက်များကို ခြောက်လအတွင်း တပ်ဆင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် တိုင်းနှင့်ပြည် နယ် ရှစ်ခုတွင်သာ ကျောက်ကပ် သန့်စင်စက်အလုံးရေ ၂၀၀ တပ် ဆင်ထားသည်။ ယခုကျောက် ကပ်ရောဂါဖြစ်ပွားနှုန်း များပြား လာခြင်းနှင့်အတူ စက်လိုအပ်ချက်များရှိလာခြင်းကြောင့် လိုအပ်နေ သည့် တိုင်း၊ ပြည်နယ်များတွင် ထပ်မံ တပ်ဆင်ပေးခြင်းဖြစ် ကြောင်း ဆီးနှင့် ကျောက်ကပ် အထူးကုပါမောက္ခ ဒေါက်တာခင် မောင်ဌေးက ပြောသည်။  
  • Fri 08 May 2015 - 17:37
    မိခင်သေနှုန်း ကျဆင်းစေရန် ယခု နှစ်တွင် အရေးပေါ်သားဖွားပြုစု စောင့်ရှောက်ခြင်းလုပ်ငန်းကို ဦး စားပေး ဆောင်ရွက်မည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ သတင်းရရှိသည်။ ကျန်းမာရေးဝန်ကြီးဌာက ကောက်ယူထားသော စာရင်းများ အရ အရှင်မွေးကလေးသူငယ်ဦး ရေ တစ်သိန်းလျှင် မိခင် ၂၀၀ ခန့် မှာအရေးပေါ်သားဖွားပြုစုစောင့် ရှောက်မှု မရရှိခြင်းကြောင့်မီးတွင်း သွေးလွန်ခြင်း၊ ကိုယ်ဝန်အဆိပ် တက်ခြင်းနှင့် သားပျက်သားလျှော ခြင်းများ ဖြစ်ပေါ်ကာနှစ်စဉ် သေ ဆုံးနေရကြောင်း သိရသည်။  
  • Fri 08 May 2015 - 00:27
    ရုံးပတီသီးတွေကို ပုံမှန် စားလေ့ရှိကြပေမယ့် ကျန်းမာရေး အတွက် ဘာတွေကောင်းကျိုးပြု လဲဆိုတာ မသိမရှိရလေအောင် ဖော်ပြပေးချင်ပါတယ်။
  • Fri 08 May 2015 - 00:26
    အရွယ်တင်နုပျိုစေဖို့၊ ခန္ဓာ ကိုယ်အားပြန်ပြည့်စေဖို့နဲ့ နိုးကြား တက်ကြွနေစေဖို့အတွက် ခန္ဓာ ကိုယ်တွင်း အဆိပ်အတောက် တွေဖယ်ရှားပေးဖို့လိုအပ်လာပါ တယ်။ ဒီလိုဖယ်ရှားရာမှာ ဟင်း သီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်သောက် တာ အန္တရာယ်အကင်းဆုံးဖြစ် တာမို့ ဘယ်ဖျော်ရည်တွေက ကောင်းကျိုးပြုတယ်ဆိုတာ မျှဝေ ပေးလို
  • Thu 07 May 2015 - 21:39
    အစားအစာဖြည့်စွက်အားဆေးများမှာ အရာအားလုံးအတွက် သောက်သုံးရမည့်ဆေးအဖြစ် ယူဆကာ ကိုယ်အလေးချိန်လျှော့ချ ရန် (သို့မဟုတ်) ကျန်းမာရေးအကျိုးကျေးဇူးများရန် ယနေ့ခေတ်တွင် နှစ်ကြိမ်မစဉ်းစားဘဲ သောက်သုံးနေကြသော ဆေးများဖြစ်သည်။
  • Wed 06 May 2015 - 22:23
     ပြင်ပမှ ပုဂ္ဂလိက ဆရာဝန်များအား ဒီပလိုမာ ဘွဲ့ လွန်သင်တန်းများကို ကျန်းမာရေး ၀န်ကြီးဌာနအစီအစဉ်ဖြင့်ယခုနှစ် အတွင်း စတင်ပို့ချသင်ကြားပေး မည်ဟု သတင်းရရှိသည်။  ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ကျန်းမာရေးစီမံကိန်း ဦးစီးဌာနကို အမြဲတမ်းအတွင်းဝန် နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့ စည်းလိုက်ပြီးပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် ပုဂ္ဂလိက ဆရာဝန်များအတွက် လိုအပ် သည့် နည်းပညာများ ဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း မေလ ၄ ရက်က နေပြည်တော်၌ ပြုလုပ် သည့် ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ ပြန်လည် ဖွဲ့စည်းသည့် အခမ်းအနားမှ သ တင်းရရှိသည်။
  • Wed 06 May 2015 - 21:54
    ပဋိဇီဝဆေးများကို မဖြစ်မနေသုံးစွဲကြရမည့်အချိန်များ ရှိပါ သည်။ ပဋိဇီဝဆေးဝါးများသုံးစွဲခြင်းကြောင့် ရောဂါများပျောက် သွားသော်လည်း ၀မ်းလျှောခြင်း၊ ၀မ်းပိတ်ခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့လို ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။
  • Tue 05 May 2015 - 00:19
    ကျန်းမာရေးဝန်ကြီးဌာန အသုံးစရိတ်၏ ၉၁ ရာခိုင်နှုန်းကျော်ကို အသစ်ပြောင်းလဲဖွဲ့ စည်းလိုက်သော ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာန နှစ်ခုတို့အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကျန်း မာရေးဝန်ကြီးဌာန၏ သုံးစွဲငွေမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ၂၅ ရာခိုင်နှုန်းနှင့် ကုသရေးဦးစီးဌာနအတွက် ၆၆ ဒသမ ၉ ရာခိုင်နှုန်းဖြင့် စုစုပေါင်း ၉၁ ဒသမ ၉ ရာခိုင်နှုန်း သုံးစွဲသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခချုပ် ဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ ‘‘ဦးစီးဌာနတွေကို ပြင်ဆင် ဖွဲ့စည်းလိုက်ပြီးတော့ ထောင်စုနှစ်ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိဖို့နဲ့ ဆောင်ရွက်ဖို့ရယ် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဆေးဝါးတွေကို ပြည်သူလူထုလက်လမ်းမီနိုင် တဲ့ဈေးနှုန်းနဲ့ အသုံးပြုနိုင်ဖို့အတွက် ဆေးဝါးထုတ်ကုမ္ပဏီများနဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေမှာလည်း ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
  • Mon 04 May 2015 - 21:15
    ၂၀၂၀ ပြည့်နှစ်တွင် အသည်းထိခိုက်ပျက်စီးမှုများကြောင့် အစားထိုးကုသရမှုအများစုမှာ အရက်အလွန်အကျွံ သောက်သုံး ခြင်းထက် အစားအစာအလွန်အကျွံစားခြင်းကြောင့် ဖြစ်လာနိုင် သည်ဟု ကျွမ်းကျင်သူများ၏ လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။
  • Sun 03 May 2015 - 22:27
    လူသားမျိုးပွားမှုဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ခု အရ ဗီတာမင်ဒီချို့တဲ့ပြီး ခန္ဓာကိုယ်ပြင်ပတွင် မျိုးအောင်နိုင်ရန်ကြိုးစားနေရသော အမျိုးသမီးများ သန္ဓေရနိုင်ခြေနည်းပါးကြောင်း သိရသည်။ ဗီတာမင်ဒီကို အဆီများသော ငါးနှင့် ဥများမှ ရရှိနိုင်သော်လည်း ဗီတာမင်ဒီသဘာဝအတိုင်းဖြစ်ပေါ်သော အကောင်းဆုံးအစားအစာ များအနက် တစ်ခုမှာ ဝက်ပေါင်ဆားနယ်ခြောက်ဖြစ်သည်။
  • Sat 02 May 2015 - 22:18
    မျက်စိက ဖော်ပြသော ကျန်းမာရေးအခြေအနေများကို ဖော်ပြပေးလိုက်ပါသည်။ မျက်စိနောက်ဘက်ရှိ အထိခိုက်မခံနိုင်သည့် တစ်သျှူးဖြစ်သော မျက်ကြည်လွှာတွင် သွေးကြောမျှင်များကို မျက်စိဆရာဝန်က စစ်ဆေးချိန်တွင် မျက်စိများ နီရဲနေပါက သင် သွေးတိုးရောဂါဖြစ်တော့မည်ကို ဖော်ပြသော လက္ခဏာဖြစ်နိုင်သည်။ အရွယ်ရောက်ပြီးသူ လေးပုံတစ်ပုံမှာ ၎င်းတို့ သွေးတိုးနေကြောင်း မသိကြဘဲ ယင်းမှာ လေဖြတ်ခြင်းကြုံတွေ့နိုင်သော အခြေအနေတစ်ခုဖြစ်သည်။

Pages

Subscribe to Health