Health

  • Fri 20 Mar 2015 - 22:16
    အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိကတွင် ယခင်ကပင် ရေပန်းစားသော ရှီရှားသောက်ခြင်းမှာ စီးကရက်သောက်ခြင်းထက် ပို၍ အန္တရာယ်ရှိနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ကျွမ်းကျင်သူများက သတိပေးလိုက်သည်။
  • Thu 19 Mar 2015 - 23:03
    ရုံးဖွင့်ရက်များ၌ တစ်နေ့လျှင် အိပ်စက်ချိန် နာရီဝက်မျှ ဆုံးရှုံးလျှင် ခန္ဓာ ကိုယ်အလေးချိန်နှင့် ဇီဝဖြစ်ပျက်မှုအတွက် ရေရှည်အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြသည်။
  • Thu 19 Mar 2015 - 17:17
    ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်ရှိသူများထက် အဝလွန်နေ သော အမျိုးသမီးများသည် ကင်ဆာရောဂါအချို့ ဖြစ်ပွားနိုင်သည့် အန္တရာယ် ၄၀ ရာခိုင်နှုန်းပိုများကြောင်း ဗြိတိန်ကင်ဆာသုတေသန ဌာန၏ လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။
  • Mon 16 Mar 2015 - 22:46
    အမေရိကန်နိုင်ငံတွင် Vasotec အမည်ဖြင့် ရောင်းချပြီး enalapril ဟုခေါ်သော သွေးတိုးရောဂါအတွက် သောက်ဆေးနှင့်အတူ ဖောလစ်အက်စစ် တွဲဖက်သောက်သုံးသူ များသည် သွေးတိုးရောဂါအတွက် သောက်သော ဆေးတစ်မျိုးကိုသာ သောက်သုံးသူများထက် လေဖြတ်နိုင်သည့် အန္တရာယ် ပိုနည်း ပါးကြောင်း သုတေသီများက ပြောသည်။
  • Mon 16 Mar 2015 - 22:38
    ၂၀၁၅ မှ စတင်ကာ လာမည့် ငါးနှစ်အတွင်းမြန်မာနိုင်ငံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာခံစားနေရသော ကလေးငယ်  ခြောက်ထောင်ကျော်ကို အခမဲ့ခွဲစိတ်ကုသမှုပြုလုပ်မည်ဖြစ်ကြောင်း Kids Action For Kids (KAFK) အဖွဲ့အစည်းမှ သတင်းရရှိသည်။  လက်ရှိတွင် KAFK သည် Operation Smile ဟု အမည်ပေးထားသည့် အစီအစဉ်တစ်ရပ် ဖြင့် မြန်မာ့ကလေးငယ် ၁၂၀ ကိုအခမဲ့စတင်ခွဲစိတ်ပေးနေသည်။ မြန်မာနိုင်ငံ၌ နှုတ်ခမ်းကွဲ၊  အာခေါင်ကွဲဝေဒနာခံစားနေရသော ကလေးငယ်များအား အခမဲ့ခွဲစိတ်ပေးမည့် အစီအစဉ်စတင်မည့်၂၀၁၅ မှ လာမည့် ငါးနှစ်စီမံချက်အတွင်း အမေရိကန်  ဒေါ်လာ ငါးသန်းခန့်အသုံးပြုရန်ရှိသည်ဟု Operation Smile မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကလေးငယ်များကို ခွဲစိတ် ကုသပေးရန် ကျန်းမာရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းထားပြီး သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ အိန္ဒိယ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆေးပညာ ရှင်များက အခမဲ့ခွဲစိတ်ကူညီမှုများ ပြုလုပ်မည်ဟု KAFK အဖွဲ့မှ သိရသည်။
  • Sun 15 Mar 2015 - 23:05
    သင့်ခန္ဓာကိုယ်၏ အဆစ်များမှာ အားများကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားသည်။ အဆစ်တစ်ခုစီတွင် အရိုးစုများကို အခုအခံပြုပေးပြီး အာဟာရဖြည့်ပေးသည့် ပျစ်ခဲသော အရည်များနှင့် ပြည့်နေသည့် အခန်းငယ်တစ်ခုပါဝင်သည်။
  • Sat 14 Mar 2015 - 22:12
    ဦးနှောက်၏ Hippocampus ဟု ခေါ်သော အပိုင်းသည် စိတ်ခံစား ချက်များနှင့် ရေရှည်မှတ်ဉာဏ်တို့ကို ထိန်းသိမ်းခြင်းအတွက် အရေး ကြီးကြောင်း သိရသည်။
  • Fri 13 Mar 2015 - 22:08
    အကယ်၍ အစိုးရအဖွဲ့များက ဆန္ဒရှိကြောင်းပြသပြီး စီးကရက်ကုမ္ပဏီများကို ပိုမိုအားကောင်းသော အရေးယူဆောင်ရွက်မှု ပြုလုပ်ပါက တစ်ကမ္ဘာလုံး ဆေးရွက်ကြီးသုံးစွဲမှုနှင့် ဆေးရွက်ကြီး၏ ဆိုးရွားသော ကျန်းမာရေးအကျိုးဆက်များ အမှန်တကယ်ကင်းစင်ရေးမှာ လာမည့်နှစ်ပေါင်း ၃၀ အတွင်း အမှန်တကယ်ဖြစ်လာနိုင်သည်ဟု ကျန်းမာရေးကျွမ်းကျင်သူများကပြောသည်။
  • Thu 12 Mar 2015 - 23:01
    သွေးကြောပိတ်တာ ဖြစ်မှာစိုးရိမ် နေရင်တော့ ဆေးဗီရိုမှာ ရှာစရာ မလိုဘဲ မီးဖိုချောင် ဒါမှမဟုတ် စားစရာထားတဲ့ ဗီရိုမှာ ရှာရင် တော့ ပိုပြီးသင့်တော်မှာပါ။ မကြာခင်က ပြုလုပ်ထားတဲ့ သု တေသနပြုချက်တစ်ခုမှာတော့ တလည်းသီးဖျော်ရည်ဟာ နှလုံး ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေတဲ့ နှလုံး သွေးကြောပိတ်တာက
  • Thu 12 Mar 2015 - 23:00
    လူကြားသူကြားသွားတဲ့အခါ ကိုယ်နံ့နံတာတွေကို ကာကွယ်နိုင်ဖို့ ချွေးနံ့ပျောက်ဆေးတွေ သုံးစွဲလာကြတာမို့ ချွေးနံ့ကာကွယ်ဖို့သာမက တခြားဘယ်နေရာတွေ မှာ အသုံးတည့်သေးလဲဆိုတာ သိထားရအောင် မျှဝေပေးလိုက်ပါတယ်။
  • Thu 12 Mar 2015 - 22:16
    ဟော်မုန်းအစားထိုးကုသဆေး (HRT) အသုံးပြုနေသော အမျိုးသမီးများအနေဖြင့် သွေးခဲနိုင်သော အန္တရာယ်မြင့်မားလာနိုင်ခြေ အနည်းငယ်ရှိကြောင်းနှင့် လေဖြတ်နိုင်ကြောင်း သတိထားသင့်သည်ဟု လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
  • Thu 12 Mar 2015 - 17:03
    နှစ်နာရီအတွင်း အဖြေသိနိုင်သော ကန်ဒေါ်လာနှစ်သောင်းကျော်တန် တီဘီနှင့် ဆေးယဉ်ပါးတီဘီရှာဖွေရေးစက်ရှစ်လုံးကို ယခုနှစ်တွင် ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၄ အထိ ယင်းစက် ၃၈ လုံးခုရှိပြီး ယခုနှစ်တွင် နောက်ထပ်ရှစ်လုံး ထပ်မံတပ်ဆင်မည်ဖြစ်၍ စုစုပေါင်းစက်အလုံးပေါင်း ၄၆ခု ရှိလာမည်ဖြစ်သည်။
  • Wed 11 Mar 2015 - 21:58
    ရင်ဘတ်နာခြင်း (သို့မဟုတ်) အောင့်ခြင်း၊ ချွေးစေးပြန်ခြင်း၊ အလွန် အမင်း အားနည်းခြင်းတို့မှာ နှလုံးရောဂါထခြင်း၏ လက္ခဏာများ ဖြစ်ကြောင်း လူအများသိရှိထားပြီး ဖြစ်သည်။ သို့သော် သင်သတိ မပြုနိုင်သော နှလုံးရောဂါထခြင်း၏ လက္ခဏာရပ်များလည်း ရှိပါ သေးသည်။ အောက်ဖော်ပြပါလက္ခဏာရပ်များ ကြုံတွေ့ရပါက ဆရာဝန်နှင့်ပြပါ။ နှ
  • Mon 09 Mar 2015 - 23:07
    အစာအိမ်ရောင်ရမ်းမှုဒဏ် ကြာရှည်စွာ ခံစားနေရပြီး အစား အသောက်ရှောင်ရှားခြင်း မရှိပါက အစာအိမ်ကင်ဆာကဲ့သို့ ရှုပ်ထွေး မှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် အစာအိမ်ရောင်ရမ်းနေစဉ် စားရမည့် အစားအစာနှင့် ရှောင်ရှားရမည့် အစားအစာများကို သိရှိမှတ်သားထားရန် အလွန်အရေးကြီးသည်။
  • Mon 09 Mar 2015 - 00:34
    အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်၏ ကိုလံဘတ်တက္ကသိုလ်နယ်မြေတွင် ကျောင်းသားသစ်များသည် ၀က်သက်ရောဂါနှင့် အခြားကူးစက်နိုင်သော ရောဂါများအတွက် ကာကွယ်ဆေးများ ထိုးထားပြီဖြစ်ကြောင်း သြဂုတ်မှစ၍ သက် သေပြရန် လိုအပ်မည်ဟု စာသင်ကျောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
  • Sun 08 Mar 2015 - 17:00
    အာဟာရနှင့် ပတ်သက်၍ မကွေး တိုင်းတွင် အသေးစားစစ်တမ်း ကောက်ခြင်းကို ယခုနှစ်၌ ပြန် လည်စတင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသတင်း ရရှိသည်။ နောက်ဆုံးစစ်တမ်းကောက် ယူမှုမှာ ၂၀၀၃ ကဖြစ်ပြီး ယခုနှစ် တွင်   ပြန်လည်စတင်ခြင်းဖြစ် သည်။
  • Sun 08 Mar 2015 - 16:55
    ရန်ကုန်ခုတင်၅၀၀ဆံ့ဆေးရုံကြီးသို့ ရင်ခေါင်းနှင့်ပတ်သက်သော ရောဂါဖြင့် တက်ရောက်ကုသသူတစ်လလျှင် တစ်ရာခန့်ရှိပြီး အများစုမှာ သက်ကြီးပိုင်းအရွယ်အမျိုးသားများဖြစ်ကြောင်း ယင်းဆေးရုံကြီးရှိ ရင်ခေါင်းခွဲစိတ်အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာတင့်ဇော်ဦးက ပြောကြားသည်။
  • Sun 08 Mar 2015 - 16:50
    အာဟာရဓာတ်ပြည့်ဝရေးနှင့် စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းများ ဆက်စပ်မှု သုတေသနတစ်ခုကို လူမှုအဖွဲ့အစည်းများက ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါသုတေသနကို စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှဦးဆောင်၍ယင်းအဖွဲ့ဝင်ပေါင်း ၁၆၀ ကျော်ထဲမှ ယင်းသုတေသနကို စိတ်ပါဝင်စားသော အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသုတေသနမှရရှိလာသည့် ရလဒ်များအပေါ်မူတည်၍ အာဟာရနှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များရေးဆွဲသွားမည်ဖြစ်ကြောင်း စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ စီမံကိန်းညှိနှိုင်းရေးမှူးဒေါက်တာဥမ္မာခိုင်ကဆိုသည်။
  • Sun 08 Mar 2015 - 16:24
    ဆေးရုံတက်နေရသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲဖြေဆိုနိုင်ရန် ရန်ကုန်တိုင်းရှိ ဆေးရုံသုံးခု၌ စာစစ်ဌာနဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။  ကျန်မာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဌာနတို့ ပူးပေါင်း၍ မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ  ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေ ကြရသော ကျောင်းသား၊ ကျောင်းသူများနစ်နာမှုမရှိစေရန် ရည်ရွယ်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့၌ ဆေးရုံစာဖြေဌာနသုံးခု ဖွင့်လှစ်ထားခြင်းဖြစ်သည်။
  • Sat 07 Mar 2015 - 22:50
    လူတို့သည် မျက်စိကျန်းမာရေးကို ခန္ဓာကိုယ်၏ ကျန်အစိတ် အပိုင်းများ ကျန်းမာရေးလောက် ဂရုစိုက်လေ့ မရှိကြပေ။ သို့သော် ကျန်းမာသော အမြင်အာရုံကို ပိုင်ဆိုင်ရန်မှာ  စိတ်ကူးထားခြင်းထက် ပို၍ အရေးကြီးသည်။

Pages

Subscribe to Health