Health

  • Sat 27 Dec 2014 - 17:16
    အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များ အေအာရ်တီဆေး လက်လှမ်းမီရရှိရေး လာမည့်နှစ်မှစတင်ကာ အစိုးရနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် နိုဝင်ဘာက ပြည်တွင်းအဖွဲ့အစည်းများခေါ်ယူ၍ ယင်းအဖွဲ့အစည်းများ ဆောင်ရွက်နိုင်မည့် ကဏ္ဍအသီးသီးအား အစိုးရက ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။
  • Sat 27 Dec 2014 - 17:11
    မြန်မာနိုင်ငံတွင် ဝက်သက်ရောဂါ ဖြစ်ပွားနှုန်း ၂၅ ရာခိုင်နှုန်းခန့်ရှိနေခြင်းကြောင့် လာမည့်နှစ်၌ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားသည်။
  • Fri 26 Dec 2014 - 22:43
    ဘီလ်ဘယ်ရီဟုခေါ်သည့် သဘာဝအတိုင်းပေါက်ရောက်သော ဘလူးဘယ်ရီသီးများကို စားပေးခြင်းဖြင့်  ခန္ဓာကိုယ်ရောင်ရမ်းခြင်းနှင့် သွေးပေါင်မြင့်တက်ခြင်းတို့ အပါအ၀င် အဆီများသော အစားအ သောက်များ၏ မလိုလားအပ်သော ထိခိုက်မှုများစွာကို လျော့ပါး သွားစေနိုင်ကြောင်း ဖင်လန်နိုင်ငံ အရှေ့ပိုင်းတက္ကသိုလ်၏ လေ့လာ မှုတစ်ရပ်အရ သိရသည်။
  • Thu 25 Dec 2014 - 23:03
    သွားရဲ့ အပေါ်ယံကြွေသားဟာ သဘာဝအားဖြင့် အဖြူရောင်ဖြစ်ပေမယ့် အစားအစာတွေကြောင့် အ၀ါရောင်ပြောင်းသွားတတ်သလို အစားအစာတွေထဲက အက်စစ်တချို့ကြောင့်လည်း အဖြူရောင်ကြွေသားတွေ ပျက်စီးတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ သွားတွေကို ဘယ်အစားအသောက်တွေက ၀ါစေသလဲဆိုတာ သိရအောင် ဖော်ပြလိုက်ပါတယ်။ ဘလက်ကော်ဖီတို့၊ လက်
  • Thu 25 Dec 2014 - 23:02
    တစ်နေ့ကုန်သွားလာ လှုပ်ရှားနေတာကြောင့် အရေပြားဟာ ခရမ်းလွန်ရောင်ခြည်၊ လေထုညစ်ညမ်းမှု၊ ဖုန်မှုန့်စတာတွေနဲ့ထိတွေ့ပြီး အရေပြားပျက်စီးတာတွေ၊ အရေးအကြောင်းပေါ်တာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်မို့ အရေပြားကျန်းမာရေးအတွက် လုပ်သင့်တာလေးတွေကို အကြံပြုလိုက်ပါတယ်။
  • Thu 25 Dec 2014 - 22:19
    ဆေးရွက်ကြီးသုံးစွဲသော အလေ့အထကို ဖျောက်ရန် ကြိုးစားရာတွင် အထောက်အကူဖြစ်စေမည့် အစားအသောက်များကို ပညာရှင်များ က လမ်းညွှန်ထားသည်။
  • Wed 24 Dec 2014 - 23:32
    လန်ဒန်- ဆဲလ်တစ်ခုအတွင်းသို့ ဆားအများအပြား ပို့ဆောင်လိုက်ပါက ယင်းဆဲလ်သေဆုံးသွားကြောင်း သုတေသီများ တွေ့ရှိခဲ့သဖြင့် အိမ်သုံးဆားမှာ ကင်ဆာတိုက်ဖျက်ရာတွင် လက်နက်သစ်တစ်ရပ် ဖြစ်လာနိုင်သည်။
  • Wed 24 Dec 2014 - 14:25
    ရှင်းလင်းတောက်ပနေသည့် ကြွေပြားများခင်းထားသော ၁၀ ပေပတ်လည်အခန်းထဲ၌ ပစ္စည်းထည့်ရန် ဗီရို၊ အိမ်သာ၊ ရေချိုးခန်း၊ တီဗီတို့အပြင် အဲကွန်းတပ်ဆင်ထားသည်။ ယင်းမှာ ငွေကြေးတတ်နိုင်သူများအဖို့ လာရောက်ဆေးကုသသော ပုဂ္ဂလိကဆေးရုံများရှိ အခန်းတစ်ခန်းထဲမှ ၀န်ဆောင်မှုများဖြစ်ပါသည်။
  • Tue 23 Dec 2014 - 17:28
    ညအိပ်ရာဝင်ခါနီး e-Reader များဖြင့် စာဖတ်ခြင်းက အိပ်စက်မှုကို နှောင့်ယှက်ပြီး လူတစ်ဦး၏ ကျန်းမာရေးကို သွယ်ဝိုက် ထိခိုက်စေကြောင်း သုတေသီများက ပြောကြားခဲ့သည်။
  • Mon 22 Dec 2014 - 21:12
    ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်တည်ရှိသော တီကျစ်ကျောက်မီးသွေးစက်ရုံကြောင့် ဖြစ်ပေါ်နေသည့် ဒေသခံများ၊ ကျန်းမာရေးထိခိုက်မှုများကို စစ်ဆေးပေးရန် ကျန်းမာရေးဝန်ကြီးဌာနသို့ တောင်းဆိုမည်ဟု အောင်ပန်းအခြေစိုက်Green Rights Organizationအဖွဲ့ထံမှသတင်းရရှိသည်။ ‘‘တစ်ခါမှမဖြစ်ဖူးတဲ့ ရောဂါ တွေဖြစ်နေတယ်။ ရုတ်တရက် သေဆုံးမှုတွေမြင့်တက်လာတာ တွေ၊ ဒါတွေကိုတိကျတဲ့ အဖြေရ ရှိအောင် စစ်ဆေးပေးဖို့ပါ’’ဟု Green Rights Organization အဖွဲ့မှ CEO ဦးဣန္ဒက ပြောသည်။ နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာနသို့ ဇန်နဝါရီပထမ ပတ်တွင် စာတင်တောင်းဆိုသွား မည်ဖြစ်ပြီး အရပ်ဘက်အဖွဲ့ အစည်းများနှင့်လည်းပူးပေါင်း ကာ ရေ၊ မြေစစ်ဆေးမှု၊ ကျန်းမာ ရေးစစ်ဆေးမှုများ ပြုလုပ်မည်ဟု ဆိုသည်။ ယင်းဒေသတွင် အဆုတ်ရောဂါ၊ ဝမ်းလျှောရောဂါ၊ တိရစ္ဆာန်များသားပျက်ခြင်း၊ အမျိုးသမီးများကိုယ်ဝန်ပျက်ခြင်း၊ မွေးကင်းစကလေးများပေါင် မပြည့်ခြင်း၊ အသက်အရွယ်မရွေးလေဖြတ်ခြင်း၊သေဆုံးခြင်းများဖြစ်လာသည်ဟုသိရသည်။     ‘‘စစလုပ်တုန်းကတော့ ဘာမှမဖြစ်ဘူး။ ၂၀၀၆ လောက်မှာသဘာဝပျက်စီးမှုတွေစလာပြီ။ ဒေသခံတွေက အရင်က မပြောရဲဘူး။ အခုကျန်းမာရေးအခြေအနေတွေက ပုံမှန်မဟုတ်ဘူး။ အခြေအနေဆိုးလာမှ ပြောလာကြတာ’’ဟု  ဦးဣန္ဒက ပြောသည်။
  • Sun 21 Dec 2014 - 22:47
    အလုပ်တာဝန်များ၊ မိသားစုနှင့် အခြားသော ကိစ္စများကို စီမံခန့်ခွဲ ရန် ကြိုးစားရင်း တစ်ချိန်လုံး ပြေးလွှားအလုပ်လုပ်နေရပါသလား။ သင်တစ်ယောက်တည်း မဟုတ်ပါ။
  • Sun 21 Dec 2014 - 16:30
    ဆီးချိုဝေဒနာရှင်များအတွက်  ၎င်းတို့၏ ရောဂါနှင့်ပတ်သက်၍ သိလိုသည်များကို ဖုန်းမှတစ်ဆင့် ဖြေကြားပေးမည့် တိုက်ရိုက်ဆက် သွယ်နိုင်သော ဖုန်းနံပါတ် (Hot Line)ကို တစ်ပတ်လျှင် ခြောက် ရက်နှုန်းဖြင့် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆီးချို၊ သွေးချိုအသင်းမှ သတင်းရရှိသည်။
  • Sun 21 Dec 2014 - 16:23
    မြန်မာနိုင်ငံတွင် နှစ်ပေါင်းနှစ် ဆယ်အတွင်း၌ ဆေးလိပ်သောက် သုံးသူနှင့် ကွမ်းစားသူဦးရေမှာ သုံးဆခန့်မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သု တေသနစာတမ်းများအရ သိရှိရ သည်။
  • Sun 21 Dec 2014 - 16:11
    ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ဆေးဆိုင်များအား ဘေးအန္တရာယ် ကင်းရှင်းသော ဆေးဝါးရောင်းချ ရန် ခေါ်ယူဆွေးနွေးသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)မှ သတင်းရရှိ သည်။
  • Sun 21 Dec 2014 - 16:04
    လာမည့် ငါးနှစ်အတွင်း၌ ဆင်ခြေ ထောက်ရောဂါပိုး တွေ့ရှိနှုန်းကျ ဆင်းရေးအတွက် နည်းဗျူဟာနှစ် ရပ်ချမှတ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Sat 20 Dec 2014 - 22:24
    အိုသွေးအုပ်စုပိုင်ရှင်များနှင့် နှိုင်းယှဉ်ပါက အေ၊ ဘီနှင့် အေဘီ သွေးအုပ်စုပိုင်ရှင် အမျိုးသမီးများမှာ အဆင့် (၂)ဆီးချိုရောဂါ ဖြစ် ပွားနိုင်သည့် အန္တရာယ်ပိုမြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
  • Fri 19 Dec 2014 - 22:59
    အသံတိတ် လူသတ်သမားဟု သိရသည့် ဆီးချိုရောဂါနှင့် ပတ်သက်၍  လွဲမှားသောယုံကြည်မှုများကြောင့် လူအများပိုမို စိုးရိမ်လာကြသည်။ ဆီးချိုရောဂါနှင့်ပတ်သက်သည့် လွဲမှားသော ယုံကြည်မှုများနှင့် လိုက်နာရမည့်အချက်အလက်များကို ဖော်ပြ ပေးလိုက်ပါသည်။
  • Thu 18 Dec 2014 - 22:38
    ဈေးသက်သက်သာသာနဲ့ အချိန်တိုင်း ၀ယ်ယူလို့ရတဲ့ နေကြာစေ့ကို လူတိုင်းလိုလို နှစ်သက်ကြပြီး မကြာခဏစားလေ့ရှိကြတာမို့ သရေစာအဖြစ် သာမက ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးရှိလဲဆိုတာ သိချင်ကြမယ် ထင်ပါတယ်။ နေကြာစေ့တွေဟာ ခေါင်းအစ ခြေအဆုံး ကျန်းမာရေးကောင်းကျိုးပြုပြီး ထူးခြားချက်တစ်ခုကတော့ ကင်ဆာရောဂါတွေကို ကာကွယ်
  • Thu 18 Dec 2014 - 22:37
    ခြေချောင်းအဆစ်အမြစ်     နာကျင်ရောင်ရမ်းမှုဖြစ်ခြင်းဟာ ဂေါက်ရောဂါရဲ့ လက္ခဏာရပ်ဖြစ်ပြီး သဘာဝနည်းလမ်းနဲ့ ဝေဒနာသက်သာအောင် လုပ်နိုင်ဖို့ ပြောပြချင်ပါတယ်။
  • Thu 18 Dec 2014 - 22:04
    ဖေ့စ်ဘွတ်ခ်ပေါ်တွင် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုထားသည့် မှတ်ချက်များ၊ ဆဲဆိုရေးသားချက်များကို လိုက်ဖတ်ကြည့်မိသူ များမှာ စိတ်ပိုင်းဆိုင်ရာမကောင်းသောသက်ရောက်မှုများရှိပြီး ကျန်းမာရေးထိခိုက်နိုင်သည်ဟု မကြာသေးမီက အီတလီနိုင်ငံ၌ ပြုလုပ်သည့်  လေ့လာမှုတစ်ခုကဆိုပါသည်။

Pages

Subscribe to Health