Health
  • Mon 02 Feb 2015 - 23:14
    ဆောင်းရာသီမှ နွေရာသီသို့ ပြောင်းတော့မည့်အချိန်တွင် ရာသီဥတုရောနှောနေမှုကြောင့် ချောင်းဆိုးခြင်း၊ အအေးမိခြင်းကဲ့ သို့ ကျန်းမာရေးပြဿနာများ အမြဲဖြစ်လေ့ရှိသည်။ ယင်းသို့ ဖြစ် တတ်သည့်အကြိမ်တိုင်း ဆေးဝါးများဖြင့် ကုသရန်ချည်းသာ အကြံ ပြု၍မရပေ။ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဥပေက္ခာပြု ၍ မရနိုင်သောကြောင့်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများမရှိသော လွယ်ကူ ရိုးရှင်းစွာ ကုသနိုင်မည့် အိမ်သုံးနည်းလမ်းအချို့ကို ဖော်ပြပေး လိုက်ပါသည်။
  • Sun 01 Feb 2015 - 23:22
    ဦးနှောက်အမြှေးရောင်ရောဂါမှာ ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီး ယားရောဂါကူးစက်မှုကြောင့် မကြာခဏဖြစ်တတ်သည်။ မှို (သို့မဟုတ်)ရောဂါဖြစ်စေသော အခြားအရာများကြောင့်လည်း ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်နိုင်သည်။
  • Sat 31 Jan 2015 - 22:28
    လက်ဝှေ့နှင့် သိုင်းပြိုင်များတွင် အကြိမ်ကြိမ် ၀င်ပြိုင်ခြင်း၏ ရလဒ်အ ဖြစ် ဦးနှောက်၏အစိတ်အပိုင်းအချို့ ပမာဏလျော့ပါးသွားကြောင်း တိုက်ခိုက်ရေးသမား ၂၂၄ ဦး၏ ဦးနှောက်လုပ်ဆောင်မှုကို ၎င်းတို့၏ ယှဉ်ပြိုင်မှု သက်တမ်းငါးနှစ်ကျော်အထိ စောင့်ကြည့်ပြီး ဦးနှောက် ဖွဲ့စည်းပုံကို သံလိုက်လှိုင်းဖြင့် ရိုက်ကူးပုံဖော်သော MRI စက်ဖြင့် စောင့်ကြည့်ခဲ့သည့် လေ့လာမှုတစ်ခုက ဖော်ပြသည်။
  • Sat 31 Jan 2015 - 20:33
     အသုံးစရိတ်အတွက် ခွင့်ပြုချက်ရလျှင် ကျပ်သိန်း ပေါင်း ခြောက်ထောင်ကျော်အ ကုန်အကျခံ၍ ပြည်သူ့ဆေးရုံကြီးများ ၌ အဆောက်အအုံများ တည် ဆောက်ကာ အောက်ဆီဂျင်စက် များ တပ်ဆင်ပေးသွားမည် ဖြစ် ကြောင်း ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာ ၀င်းမြင့်က ပြောကြား သည်။ ‘‘အောက်ဆီဂျင်စက်ထားရှိ ဖို့အတွက် အဆောက်အအုံအသစ် ဆောက်လုပ်ဖို့က ငွေလုံးငွေရင်းအသုံးစရိတ်နဲ့ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နှစ်ရဲ့ သာမန်အသုံးစရိတ်ရန်ပုံငွေက နေ အထွေထွေပိုလျှံငွေကို အပ်နှံ ပြီး ငွေလုံးငွေရင်းအသုံးစရိတ်ပြန် လည်တောင်းခံရေးကိစ္စကို ဘဏ္ဍာ ရေးနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ပါ။ အသုံးစရိတ်အတွက် ခွင့်ပြု ချက်ရရင် အဆောက်အအုံတွေ အမြန်ဆုံးတည်ဆောက်ပြီး Plant တွေ တပ်ဆင်အသုံးပြုသွားမယ်’’ ဟု ၎င်းက ပြောကြားသည်။ ဇန်န၀ါရီ ၂၉ ရက်ကကျင်းပခဲ့သော အမျိုးသားလွှတ်တော်၌ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အ မှတ် (၁၁)မှ လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ချိုဦး၏ မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံကြီးများ တွင် ဆေးရုံတက်လူနာများအသုံးပြုနေသည့် အောက်ဆီဂျင်အိုးများ လုံလောက်စွာ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
  • Fri 30 Jan 2015 - 22:51
    လူမှုကွန်ရက်ကြောင့် မိတ်ဆွေများနှင့် မိသားစုဝင်များ ရင်ဆိုင်နေရ သည့် ပြဿနာများကို ပို၍ သတိပြုမိလာစေနိုင်ပြီး ယင်းဖိစီးမှု ကူး စက်တတ်ကြောင်း သုတေသီများက ပြောသည်။
  • Fri 30 Jan 2015 - 22:46
    ကြက်ငှက်တုပ်ကွေး ရောဂါပိုးများတိရစ္ဆာန်အချင်းချင်းကူးစက်ခြင်းမှကာကွယ်ရန်ထက်လူသို့ကူးစက်မှုမရှိစေရန် နိုင်ငံ တကာအဖွဲ့အစည်းများက မြန်မာနိုင်ငံအနှံ့တွင် ကူညီဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။  လူသို့ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး သည် ပိုးမျိုးကွဲများစွာပြောင်းလဲဖြစ်ပေါ်နေသဖြင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အမေရိကန်ပြည်ထောင်စုနိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(USAID)တို့က မြန်မာနိုင်ငံအနှံ့၌ သင်တန်းများပို့ချပေးနေကြောင်း မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဒေါက်တာလှလှသိန်းကဇန်နဝါရီ ၂၈ ရက်တွင်ပြောသည်။ ‘‘ကြက်ငှက်တုပ်ကွေးမဖြစ် အောင် ဘယ်လိုတားဆီးကာ ကွယ်မလဲ။ ဖြစ်လာရင် ဘယ်လို ထိန်းချုပ်မလဲဆိုတဲ့ဗဟုသုတတွေကို ပြည်သူတွေအသိပညာရဖို့ သင်တန်းတွေပေးနေတယ်။ အစိုးရရယ်၊  အဖွဲ့ချုပ်ရယ်ပူးပေါင်းပြီးကြက်ငှက်တုပ်ကွေးမဖြစ်ရအောင်နှိုးဆော်ပေးနေတယ်။ အဲဒါတိရစ္ဆာန်အချင်းချင်းကူးတာထက် လူကိုမကူးဖို့ဦးစားပေးဆောင်ရွက်နေကြရတယ်’’ဟု ဒေါက်တာလှလှသိန်းကပြောသည်။ ဆောင်းခိုငှက်များနှင့် တော ရိုင်းငှက်များက ကြက်ငှက်တုပ် ကွေးရောဂါပိုးသယ်ဆောင်နိုင် ပြီး ယင်းတို့၏အညစ်အကြေးများ ကြောင့် အိမ်မွေးကြက်နှင့်ဘဲများ ထံရောဂါကူးစက်နိုင်သည်။ ထို အခါ ကြက်ငှက်တုပ်ကွေးအပျော့ စားအဆင့်မှ အပြင်းစားအဆင့် သို့ပြောင်းလဲကာ လူသို့ကူးစက်ပြီး ကူးစက်ခံရသူများ သေဆုံးနိုင် သည်။
  • Thu 29 Jan 2015 - 23:54
     လာမည့်ဘဏ္ဍာနှစ်တွင် ပြည်သူတစ်ဦးချင်းစီအတွက် ကျန်းမာရေး အသုံးစရိတ် ကျပ်တစ်သောင်းကျော် အစိုးရက ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ပြောသည်။
  • Thu 29 Jan 2015 - 23:01
    ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အများသုံးအိမ် သာသုံးဖို့ဖြစ်လာတဲ့အခါ ရောဂါပိုးမွှားရန်က ဝေးစေဖို့ လုပ်ဆောင် နိုင်တာလေးတချို့ကို အကြံပြုလို ပါတယ်။
  • Thu 29 Jan 2015 - 23:01
    ကိုယ်အလေးချိန် လျှော့ချဖို့  ဆုံးဖြတ် ထားသူတွေအနေ နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားရုံသာမက လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့     လိုအပ် တယ်ဆိုတာ သိထားကြပါတယ်။ အစာစားရုံ၊ လေ့ကျင့်ခန်းလုပ်ရုံသာမက အဆီတွေကို   မြန်မြန်လောင်ကျွမ်းစေနိုင်တဲ့ သောက်စရာတွေ မှန်ကန်စွာရွေးချယ်နိုင် ဖို့အတွက် ဖော်
  • Thu 29 Jan 2015 - 22:29
    သကြားပါသော ဖျော်ရည်များ မကြာခဏသောက်သုံးလေ့ရှိသည့် မိန်းကလေးများမှာ ယင်းဖျော်ရည်မျိုးမသောက်သုံးသော မိန်းကလေးများထက် အပျိုဖော်ဝင်ဓမ္မတာသွေးစတင်မှု စောနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
  • Thu 29 Jan 2015 - 21:56
    ထိုင်းနိုင်ငံ တက္ကသိုလ်တစ်ခုနှင့် ဒဂုံတက္ကသိုလ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အစားအသောက်များအား ပထမဆုံးအကြိမ် သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
  • Thu 29 Jan 2015 - 14:10
    ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစတင်၍ မြို့နယ်အဆင့်ဆေးရုံများတွင် လူနာတင်ယာဉ်များထားရှိနိုင်ရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ‘‘ပြည်သူ့ဆေးရုံများမှာ အရေးပေါ်လူနာတင်ယာဉ်တွေ ထားရှိခြင်းက လူနာလွှဲပြောင်းပေးရာမှာ အထောက်အကူဖြစ်စေတဲ့ အတွက် ပိုမိုဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်’’ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးက ပြောသည်။
  • Thu 29 Jan 2015 - 14:08
    ကလေးသူငယ်များ နှာစေးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် နား ချွဲဆို့ရောဂါရပြီး နားလေးနိုင်ခြင်း ကြောင့် မိဘများ ရင်သွေးငယ်များ ကို ဂရုစိုက်ပေးသင့်သည်ဟု နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီးအချို့က အကြံပြု ပြောကြားသည်။
  • Wed 28 Jan 2015 - 23:19
    အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသော ကလေးများ၏ လူမှုရေးနှင့် အာဟာရဆိုင်ရာ ကျန်းမာရေးအခြေအနေများသည် ၎င်းတို့၏ အိမ်နီးချင်းကလေးငယ်များနှင့် နှိုင်းယှဉ်ပါက လွန်စွာနိမ့်ကျလျက် ရှိနေကြောင်း သုတေသနစာတမ်းများအရ သိရသည်။
  • Wed 28 Jan 2015 - 22:49
    ခွဲစိတ်ကုသမှု အများစုပြုလုပ် ပြီးနောက် အမြဲဆိုသလို နာကျင်ကိုက် ခဲ ပျောက်ဆေးများ ထိုးပေးလေ့ရှိသည်။ သို့သော် အာသီးခွဲစိတ် ဖယ်ရှားထားသော ကလေးငယ်များ နာကျင်မှုသက်သာစေရန် ခွဲ စိတ်ပြီး မော်ဖင်းအသုံးပြုခြင်းမှာ အသက်အန္တရာယ်ရှိသော အသက် ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ကြောင်း လေ့လာမှု အသစ်တစ်ရပ်အရ သိရသည်။
  • Tue 27 Jan 2015 - 00:11
    လန်ဒန်−ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဆေးရုံတစ်ရုံမှ ဆရာဝန်များ သည် ပြီးခဲ့သည့်နှစ်ကုန်တွင် ကလေးငယ်တစ်ဦး၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကို အရေးပေါ်အကူအညီ လိုအပ်နေသည့် မွေး ကင်းစကလေးငယ်နှစ်ဦးသို့ အောင်မြင်စွာ အစားထိုးကုသနိုင်ခဲ့ ကြသည်။ ယင်းသို့ကုသမှုမှာ ဗြိတိန်နိုင်ငံ၌ ပထမဆုံးဖြစ်သည်ဟု သိရသည်။
  • Sun 25 Jan 2015 - 23:39
  • Sun 25 Jan 2015 - 04:04
    ဓမ္မတာလာစဉ် ကြွက်သားများ နာကျင်ခြင်းကို အဆီနည်းသော အစားအစာများနှင့် အသီးအရွက်များများ စားပေးခြင်းဖြင့် သိသိသာသာ လျှော့ချပေးနိုင်ကြောင်း သားဖွားမီးယပ်ပညာရှင်များကပြောသည်။
  • Fri 23 Jan 2015 - 23:14
    ဟော်မုန်းပါသော သန္ဓေတားဆေးများကို အနည်းဆုံး ငါးနှစ်အထိ သုံးစွဲသော အမျိုးသမီးငယ်များတွင် ရှားပါးသည့် ဦးနှောက်အကျိတ် တစ်မျိုးဖြစ်လာနိုင်သည့် အန္တရာယ်ပိုများလာနိုင်ကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြသည်။
  • Thu 22 Jan 2015 - 23:08
    အာရှနိုင်ငံတွေမှာ ဟင်းချက်ပြုတ်ရာမှာအသုံးများပြီး မြန်မာနိုင်ငံမှာဆိုရင် မုန့်ဟင်းခါးချက်ရာမှာ မပါမဖြစ်တဲ့စပါးလင်တွေဟာ ဟင်းအနံ့ကိုမွှေးစေတဲ့ အစွမ်းသတ္တိသာမက ကျန်းမာရေးအ တွက် ဘာတွေအကျိုးပြုသလဲဆိုတာ မျှဝေပေးချင်ပါတယ်။
Pages
Subscribe to Health