International

  • Wed 14 Feb 2018 - 12:35
    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို AFR သတင်းဌာနရဲ့ အယ်ဒီတာ ချုပ် မိုက်ကယ်စတတ်ခ်ျဘူရီနဲ့ သတင်းထောက် အန်ဂတ်စ်ဂရစ် တို့က တိုကျိုမြို့မှာ တွေ့ဆုံမေး မြန်းထားပါတယ်။ 
  • Wed 14 Feb 2018 - 12:31
    ဆုရှ်မာဆဝါရက်သည် အိန္ဒိယ နိုင်ငံရေးသမားဖြစ်ပြီး လက်ရှိ အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန် ကြီး (နိုင်ငံခြားရေးဝန်ကြီး)ဖြစ် သည်။ 
  • Wed 14 Feb 2018 - 12:27
    တောင်အာဖရိကနိုင်ငံမှ လူပေါင်း လေးသန်း မှီတင်းနေထိုင်သော ကိပ်တောင်းမြို့သည် ကမ္ဘာပေါ် တွင် ရေလုံးဝပြတ်လပ်သွားသော ပထမဆုံး မြို့ကြီးဖြစ်လာရန် သီတင်းပတ်အနည်းငယ်သာလို တော့ပြီး ယင်းပြဿနာကြုံတွေ့ရသည့် နောက်ဆုံးမြို့ကြီးတော့ ဖြစ်မည်မဟုတ်ပေ။
  • Wed 14 Feb 2018 - 11:56
    နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ကာလတုန်းက ပီအက်စ် ဂျီအသင်းဟာ ဘာစီလိုနာတိုက် စစ်မှူးနေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း နဲ့ခေါ်ယူခဲ့ပါတယ်။ ဒီအပြောင်းအ ရွှေ့ဟာ ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံးကို အကြီးအကျယ် လှုပ် ခတ်သွားစေခဲ့တယ်။ ဒါ့အပြင် ဘာစီလိုနာလိုအသင်းမျိုးကိုစွန့် ခွာခဲ့တဲ့ နေမာရဲ့ဆုံးဖြတ်ချက်နဲ့ အရင်းအနှီးအကြီးဆုံး စွန့်စားခဲ့တဲ့ ပြင်သစ်ကလပ်ရဲ့ ရည်မှန်းချက် တွေအပေါ်ကို ဆန်းစစ်မေးခွန်း ထုတ်မှုတွေလည်း ရှိလာခဲ့ပါ တယ်။
  • Sun 11 Feb 2018 - 23:57
     ပရီးမီးယားလိဂ် ဒုတိယ နေရာရှိ မန်ယူသည် အဝေးကွင်း တွင် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ ပြီး ထိပ်ဆုံးရှိ မန်စီးတီးနှင့် ၁၆ မှတ်ကွာဟခဲ့သည်။ နယူးကာဆယ် ကမူ ပြီးခဲ့သည့်နှစ် အောက်တို ဘာနောက်ပိုင်း ပထမဆုံး အိမ် ကွင်းနိုင်ပွဲနှင့်အတူ တန်းဆင်းဇုန် မှ ရုန်းထွက်ကာ နံပါတ် (၁၃) နေ ရာသို့ တက်လှမ်းလာသည်။  မတ်ရစ်ချီ၏ တစ်လုံးတည်း သောဂိုးဖြင့် အနိုင်ရခဲ့သောပွဲ တွင် မန်ယူအသင်းသည် အခွင့် အရေး အများအပြား အသုံးမချ နိုင်ခဲ့ပေ။   နယူးကာဆယ်တွင် ပထမဆုံး ပါဝင်ကစားသော ဂိုး သမား မာတင်ဒူဘရက်ကာက လည်း အကောင်းဆုံးလက်စွမ်းပြ ခဲ့ပြီး ဂျက်ဆီလင်းဂက်၊ မာရှယ် နှင့် အက်ရှ်လေယန်းတို့၏ အပိုင် ကန်သွင်းချက်များကို ကာကွယ် နိုင်ခဲ့သည်။
  • Sun 11 Feb 2018 - 23:03
    အီတလီစီးရီးအေတွင် နာပိုလီအသင်းက စတုတ္ထနေရာ ရှိ လာဇီယိုကို ၄-၁ ဂိုးဖြင့် အနိုင် ရပြီး စီးရီးအေ ထိပ်ဆုံးသို့ ပြန် လည် ရောက်လာသည်။ နာပိုလီသည် တစ်ဂိုးရှုံးနေ ရာမှ ပထမပိုင်းပြီးခါနီးတွင် ချေပ ဂိုးသွင်းယူကာ ဒုတိယပိုင်း၌ လာဇီယိုကို ဂိုးများဆက်တိုက်သွင်းယူပြီး စီးရီးအေခြောက်ကြိမ် ဆက်တိုက် လက်ရှိချန်ပီယံ ဂျူဗင်တပ်ထက် တစ်မှတ်သာခဲ့သည်။ ယမန်နေ့က ဂျူဗင်တပ်သည်ဖီအိုရင်တီးနားကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီး ထိပ်ဆုံးရောက်သော် လည်း ယခုနာပိုလီက ကျော်တက် ခဲ့သည်။
  • Wed 07 Feb 2018 - 12:15
    ချားလ်စ်ပူဒီမွန့်  ဦးဆောင်တဲ့၊ လွတ်လပ်ရေးလိုလားတဲ့ အစိုးရအဖွဲ့ သစ်ဟာ ကတ်တာလန်လွှတ်တော် မှာ ရွေးကောက်ခံရပါတော့မယ်။ ကတ်တာလိုနီးယားဒေသရဲ့ လွတ် လပ်ရေးအတွက် ကြိုးပမ်းမှုမှာ သမ္မတဟောင်း အာသာမက်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍဟာ အများ ကြီး အာရုံစိုက်ခံလာရပါတယ်။ မက်စ်ရဲ့ လူကြိုက်များမှုကြောင့် သူဟာ ၂၀၀၃ ကနေ ၂၀၁၅ အထိ ငါးကြိမ်ဆက်တိုက် ရွေးကောက်ပွဲ အနိုင်ရခဲ့ပါတယ်။ သူဟာ ၂၀၁၀ ကနေ ၂၀၁၆ အထိ ကတ်တာလို နီးယားဒေသရဲ့ အစိုးရအဖွဲ့သမ္မတ အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး တော့ သူ့ရဲ့ရာထူးသက်တမ်းအ တွင်း စပိန်ဆီက အဲဒီဒေသ လွတ်လပ်ရေးအတွက် တောင်းဆို မှုတွေ မြင့်တက်ခဲ့ပါတယ်။ မက်စ် ဟာ ၂၀၁၈ ဇန်နဝါရီ ၉ ရက်က ကတ်တာလန် ဥရောပဒီမိုကရက် တစ်ပါတီ (PDe CAT) ရဲ့ ခေါင်း ဆောင်ရာထူးက ဆင်းခဲ့ပါတယ်။ သူဟာ အဲဒီမတိုင်ခင် ၂ နှစ်က လည်း အဲဒီလိုမျိုးပဲ ဥက္ကဋ္ဌရာထူး က ဆင်းခဲ့ပြီးတော့ သူ့အရိုက်အ ရာကို ဆက်ခံမယ့်သူအနေနဲ့ ကတ်တာလိုနီးယားဒေသရဲ့ လက်ရှိ ခေါင်းဆောင် ချားလ်စ်ပူဒီမွန့်ကို သတ်မှတ်ပေးခဲ့ပါတယ်။
  • Wed 07 Feb 2018 - 12:13
    အာရှတစ်ဝန်းတွင် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ရှေ့တန်းရောက် နိုင်ငံကြီးများအနေဖြင့် သက်သာသောလုပ်အားခ၊ သဘာဝသယံဇာတ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ အစရှိသည့် အခွင့်အလမ်းကောင်းများ ကို အပြိုင်ရှာဖွေနေကြသည်။ အို ဟောင်းပြီး စိတ်ဝင်စားစရာ မရှိလှ သည့် ဈေးကွက်တစ်ခုအဖြစ်မှ အ လားအလာ ကောင်းမွန်သော ဈေးကွက်တစ်ခုအသွင် ပြောင်းလဲလာ သည့် နိုင်ငံမျိုးသည် အမြတ်အစွန်းကြီးကြီးမားမား ဖန်တီးပေးနိုင် ကြောင်း ၎င်းတို့ ကောင်းစွာ သိ ထားပြီးဖြစ်သည်။ Globalization 2.0 ခေတ်ဟု ရည်ညွှန်းသော ကာ လမျိုးတွင် ဖွံ့ဖြိုးပြီးဖြစ်သော၊ ရင်းနှီးမြှုပ်နှံနိုင်စွမ်းကြီးမားသော နိုင်ငံများသည် နိုင်ငံရပ်ခြားတွင် မီး ရထားလမ်း၊ ကားလမ်းများ၊ တံတားများ၊ ဓာတ်အားပေးစက်ရုံ များ၊ လေဆိပ်များ၊ စက်မှုဇုန်များ တည်ဆောက်ရေးအတွက် ချီတက်ကြသည်။ လုံးဝဥဿုံ ပြောင်းလဲလာသည့် အသိုက်အဝန်းသစ်များ ကို မျက်စိကျလာကြသည်။ တရုတ်နှင့် ဂျပန်တို့သည် နိုင်ငံရပ်ခြား တိုင်းပြည်များ၌ အ ခြေခံအဆောက်အအုံနှင့် အခြားသော ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအ တွက် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ နေကြသော စီးပွားရေး အင်အားကြီးနိုင်ငံများ ဖြစ်ကြသည်။ မြန်မာ သည် ၎င်းတို့အတွက် အထင်ကရ အားပြိုင်ရာ နယ်မြေတစ်ခု ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အပြိုင်အ ဆိုင် ကြိုးစားခြင်းသည် စစ်မြေပြင် တွင် နှစ်နိုင်ငံစစ်တပ်များ အပြိုင် စစ်ခင်းခြင်းကြသည့်နှယ် ဗျူဟာ အမျိုးမျိုးနှင့် အရေးတကြီးအသွင် ဆောင်လာခဲ့သည်။
  • Wed 07 Feb 2018 - 12:12
    သောင်လွန်စီဆိုလစ်သ်သည် လာ အိုနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ ကစ၍ လာအိုနိုင်ငံ၏ ဝန် ကြီးချုပ်တာဝန် ထမ်းဆောင်နေ သည်။ 
  • Wed 07 Feb 2018 - 12:10
    ဆီးရီးယားစစ်ပွဲတွင် အိုက်အက်စ် အဖွဲ့ရှုံးနိမ့်ခြင်းမှနေ၍ ယင်းစစ်ပွဲ အဆုံးသတ်မည် (သို့မဟုတ်) ရိုးရိုးရှင်းရှင်းဖြစ်မည်ဟု ထင်ပါက မှား ပါလိမ့်မည်။
  • Wed 07 Feb 2018 - 11:45
    ပုံမှန်ဆိုရင်တော့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ကာလ ဆိုတာက ကတိုက်ကရိုက်နိုင်လွန်း ပြီး မဟာဗျူဟာကျတဲ့ အင်အား ဖြည့်တင်းမှုမျိုး ပြုလုပ်ဖို့ အချိန် အခါကောင်းမဟုတ်ပါဘူး။ ဒါ ကြောင့် ဇန်နဝါရီ တစ်လလုံးလိုလို  ဖွင့်လှစ်ထားတဲ့ အပြောင်းအရွှေ့ ကာလမှာ ထိပ်တန်း အသင်းကြီး တော်တော်များများက လူသစ် ဖြည့်တင်းဖို့ သိပ်အားထည့်လေ့  မရှိသလို ကိုယ့်အသင်းက ရှိရင်းစွဲ အမာခံ ကစားသမားတွေကို လက် လွှတ်ဖို့လည်း ငြင်းဆန်လေ့ရှိပါ တယ်။
  • Wed 07 Feb 2018 - 11:40
    သာမန် အားဖြင့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသည် ရေခဲပြင်နှင့် ဆက်စပ်သော အား ကစားနည်းကို ဝါသနာပါသူများ အတွက်သာ စိတ်ဝင်စားစရာဖြစ်သည်။ သို့သော် ၂၀၁၈ ပြုံခြမ်း ဆောင်းရာသီ အိုလံပစ်ကိုမူ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး မျှော်လင့်ချက်များနှင့် ဆက်စပ်ပြီး တစ် ကမ္ဘာလုံးက စောင့်ကြည့်လာ ပြီဖြစ်သည်။
  • Sun 04 Feb 2018 - 23:45
     ချယ်လ်ဆီးကလက်ရှိ နည်းပြ အန်တိုနီယိုကွန်တီ၏ နေ ရာတွင် အစားထိုးရန် ပြင်ဆင်နေ သည်ဟု သတင်းထွက်နေသော နည်းပြ မော်ရီဇီယိုဆာရီကို နာ ပိုလီက စာချုပ်ဖျက်သိမ်းကြေး ပယ်ဖျက်ကာ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် ပြင်ဆင်နေသည်။ ဆာရီ၏ တစ်ချက်ထိဘော လုံးကစားနည်း စနစ်ကြောင့် မန် စီးတီးနည်းပြ ဂွာဒီယိုလာနှင့် အေ စီမီလန် ကစားသမားဟောင်း ဆက်ချီတို့ လူအများ၏ ချီးကျူး ခြင်းခံနေရပြီး ၎င်းကိုချယ်လ်ဆီး ပိုင်ရှင် ရိုမန်အီဘရာမိုဗစ်က လာမည့် ရာသီအတွက် ခေါ်ယူ ရန် ကြံစည်နေကြောင်းသတင်း များ ထွက်ပေါ်လာသည်။
  • Sun 04 Feb 2018 - 23:44
     နောက် ၁၀ ရက်အကြာတွင်ချန်ပီယံလိဂ်နောက်ဆုံး (၁၆) သင်းအဆင့်၌ ရီးရဲလ်နှင့်ရင်ဆိုင် ရမည့်ပွဲအတွက် စိုးရိမ်နေပြီး ယင်း နေ့သို့ မြန်မြန်ရောက်ချင်ကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ပြောသည်။ ချန်ပီယံလိဂ်ဖလားနှစ်ကြိမ် ဆက်ရထားသော ရီးရဲလ်သည် လာလီဂါတွင် ရလဒ်မကောင်းဖြစ် နေစဉ် လီဂူးဝမ်းကို ၁၁ မှတ်ဖြတ် ၍ ဦးဆောင်ထားသည့် ပီအက်စ် ဂျီနှင့် ဖေဖော်ဝါရီ ၁၄ ရက်၌ ဘာ နေဗျူးကွင်းတွင် ရင်ဆိုင်ရမည် ဖြစ်သည်။
  • Wed 31 Jan 2018 - 14:31
    ဇင်ဘာဘွေသမ္မတသစ် အီမာ ဆင်အမ်နန်ဂါဝါက သူ့နိုင်ငံရဲ့ စီးပွားရေးကို ဘယ်လိုပြန်ရှင်သန် အောင် လုပ်မလဲ၊ ရောဘတ်မူဂါ ဘီခေတ်အလွန်မှာ နိုင်ငံတကာ ကြွေးရှင်တွေနဲ့ ဘယ်လိုပြန်ပြီး စေ့ စပ်မယ်ဆိုတာတွေနဲ့ပတ်သက်လို့ ဇန်နဝါရီ ၁၈ ရက်က Bloomberg သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။ မြေယာအတွက် လျော်ကြေးပေးတာတွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာ စစ်တပ်က ကျူး လွန်ခဲ့တဲ့ ရက်စက်မှုတွေလိုမျိုး သမိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းမယ့်သူ့ရဲ့ အစီအစဉ်တွေ နဲ့ပတ်သက်ပြီးတော့လည်း အမ် နန်ဂါဝါက ပြောပြခဲ့ပါတယ်။
  • Wed 31 Jan 2018 - 14:27
    ဇာဗီယာနီယယ်သည် ပြင်သစ် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ဖုန်းဆက်သွယ်ရေးနှင့် နည်းပညာလုပ် ငန်းများ၌ အဓိကလုပ်ကိုင်သည်။ 
  • Wed 31 Jan 2018 - 14:25
    အာရှတစ်ဝန်းမှ ဘဏ္ဍာရေး ဈေးကွက်များသည် ၂၀၁၈ တွင် သက်သောင့်သက်သာစီးပွားရေး အခြေအနေအတွက် ပြင်ဆင်နေ ကြီး မပူလွန်း၊ မအေးလွန်း တိုး တက်မှုခိုင်မာပြီး ဈေးနှုန်းတည်ငြိမ် မှုကို မျှော်လင့်နေသည်။ အာရှ ဒေသမှ ပြည်ပတင်ပို့မှု ဦးစားပေး သော ထွန်းသစ်စစီးပွားရေးနိုင်ငံ များသည်လည်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ပြန်ကောင်းလာခြင်းမှ အကျိုးအမြတ်ရရှိနေသည်။ အာရှ အကြီးဆုံး စီးပွားရေးများဖြစ်သော တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့မှာ လည်း ဆက်လက်၍ တက်ကြွစွာရှိ နေသည်။ ဒေသတစ်ခုလုံးတွင် လျင်မြန်သော စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှင့်အတူ ငွေပင်ငွေရင်းစီး ဆင်းမှု ခိုင်မာနေခြင်းက စတော့ ရှယ်ယာဈေးနှုန်းများကိုလည်း မြင့် တက် လာစေသည်။ ထို့အပြင် သွင်းကုန်ဈေးနှုန်းနှင့် လုပ်ခလစာ ဖြည်းဖြည်းသာ မြင့်တက်လာ၍ ငွေကြေးဖောင်းပွမှုကိုလည်း ထိန်းထားနိုင် သည်။
  • Wed 31 Jan 2018 - 12:04
    ၂၀၁၈ ဇန်နဝါရီ ၂၈ ရက်ဟာ ရော်ဂျာဖက်ဒဲရာ ရဲ့ဘဝအတွက်တော့ ဘယ်တော့မှ မမေ့နိုင်စရာ နေ့စွဲ ဖြစ်လာခဲ့ပါတယ်။ အဲဒီနေ့မှာ သူ ဟာ တင်းနစ်သမိုင်းတစ်လျှောက် အောင်မြင်မှု အကြီးမားဆုံး အား ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ခြွင်းချက်မရှိ ပိုင်ဆိုင်လာတာ ကြောင့်ပါပဲ။
  • Wed 31 Jan 2018 - 11:59
    ကမ္ဘာတစ်လွှား အခြေ အနေ ဆိုးရွားနေ သည့်၊ သွေးလွှမ်း နေသည့် ပဋိပက္ခနယ်မြေများ အဖြစ် ဆီးရီးယား၊ ယီမင် အစ ရှိသော နိုင်ငံများကိုသာ နိုင်ငံ တကာက အာရုံစိုက် မြင်ယောင် နေကြမည်ဖြစ်သည်။ သို့သော် တာလီဘန်တို့၏ တစ်ကျော့ပြန် ခေါင်းထောင်လာသော အကြမ်း ဖက်လုပ်ရပ်များနှင့်အတူ အာဖဂန်နစ္စတန်သည်လည်း သွေးထွက်သံ ယို မြင်ကွင်းများ ခြုံလွှမ်းရာ နေရာ တစ်ခုအသွင် တဖြည်းဖြည်းကူး ပြောင်းနေသည်။
  • Sun 28 Jan 2018 - 23:38
     ပြီးခဲ့သည့်နှစ်က အောင် ပွဲပြန်ရပြီး ကစားသမားဘဝ တစ်ဖန်ပြန်လည် နိုးထလာသော ကွင်းတွင် ခြောက်ကြိမ်မြောက် သြစတြေးလျအိုးပင်း ဖလားရရှိ ပြီး အကြိမ် (၂၀) မြောက် ဂရင်း ဆလမ်ဖလား ကိုင်မြှောက်ပြီး နောက် ဆွစ်ဇာလန်ဂန္ထဝင် ရော်ဂျာဖက်ဒဲရာသည် မျက်ရည်များ ဖြိုင်ဖြိုင်ကျခဲ့သည်။ ဖက်ဒဲရာသည် ယမန်နေ့ က ကစားခဲ့သော ဗိုလ်လုပွဲတွင် နိုင်ခြေအဆင့် (၆)  မာရင်းစီလစ် ကို အံ့သြလောက်သော လက်စွမ်းပြမှုဖြင့် စတင်ခဲ့ ပြီး ဘတစ်ပြန်၊ ကျားတစ်ပြန် ကစားကာ ၆-၂၊ ၆-၇ (၅) ၆-၃၊ ၃-၆၊ ၆-၁ ဖြင့် အနိုင်ရခဲ့သည်။

Pages

Subscribe to International