အတွဲ (၁၅)၊ အမှတ် (၄၂)
Issue Date: 
Wednesday, December 28, 2016
Myanmar Date: 
၁၃၇၈ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဗုဒ္ဓဟူး၊ (ဒီဇင်ဘာ ၂၈၊ ၂၀၁၆)
Publication: 
7Day News
List of stories
  • မိခင်သေဆုံး နှုန်းကျဆင်းရေးအပါအဝင် ဆယ်ကျော်သက်မျိုးဆက်ပွားစောင့်ရှောက်မှုအစီအစဉ်များ ကို ရေရှည်စီမံကိန်းရေးဆွဲ၍ ဆောင်ရွက်နေကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်ရခြင်း သည် မြန်မာနိုင်ငံတွင် မိခင်သေဆုံးနှုန်း ကျဆင်းစေရန်နှင့် သားပျက် သားလျှောဖြစ်ပွားနှုန်းကျဆင်းစေ ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးဌာန၊ မိခင်နှင့် မျိုးဆက်ပွားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလှမြတ်သွေးဣန္ဒြာက ပြောသည်။
  • ရန်ကုန်တိုင်းအတွင်း တီဘီနှင့် ဆေးယဉ်ပါးရောဂါရှာဖွေရေးစက်၁၂ လုံးဖြင့် လူနာများကို ရောဂါအခမဲ့ရှာဖွေဖော်ထုတ် ကုသပေးမည်ဟု သတင်းရရှိသည်။ တစ်နိုင်ငံလုံးတွင်  ရန်ကုန်တိုင်းသည် လူဦးရေထူထပ်ခြင်းနှင့် ရွှေ့ပြောင်းသွားလာမှုများပြားခြင်းတို့ကြောင့် တီဘီရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပွားနေသကဲ့သို့ ဆေးယဉ်ပါး တီဘီဖြစ်ပွားမှုမှာလည်း အခြားတိုင်းနှင့် ပြည်နယ်များတွင် ၅ ရာခိုင်နှုန်းသာရှိနေသော်လည်း  ရန်ကုန်တိုင်းတွင် ၁၁ ရာခိုင်နှုန်းထိရှိနေသည်။ ထို့ကြောင့် ယခုကဲ့သို့ စက်များတပ်ဆင်၍ ရောဂါရှာဖွေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါကုဆရာဝန်ကြီးဒေါက်တာ ဇော်မြင့်က ပြောသည်။
  • အသက်ရှည်သူဦးရေများလာသဖြင့် သတိမေ့ရောဂါများ ပိုမိုဖြစ်ပွားလာကြောင်း ရန်ကုန်မြို့ရှိ စိတ်ရောဂါကုဆရာဝန်ကြီးများထံမှ သိရှိရသည်။ ‘‘လူတွေ အသက်ရှည်လာ တယ်။ ဥပမာ အသက် (၆၀) မတိုင်ခင် သေသွားမယ်ဆိုရင် နဂိုဒီရောဂါရဲ့ ဗီဇပါလည်း ဒီရောဂါ မရှိဘူး။ သူက အသက် (၆၀)၊ (၇၀)၊ (၁၀၀) နေလိုက်ရင် အဲဒီလို ဖြစ်လာမှာကိုး။ အသက်ပိုကြီးလာ လေလေ အဲဒီရောဂါတွေက ပိုများ လာလေလေပေါ့’’ဟု စိတ်ရောဂါ ကုဆရာဝန်ကြီး ပါမောက္ခဦးတင် ဦးက ပြောသည်။
  • ၂၀၁၆ ကုန်ဆုံးရန် တရွေ့ ရွေ့ နီးကပ်လာပြီ ဖြစ်သည်။ ကုန်ဆုံး ခဲ့သည့် တစ်နှစ်တာအတွင်း နိုင်ငံတကာမှ နယ်ပယ်ကဏ္ဍအ သီးသီးတွင် ပြောစမှတ်ပြုလောက် သည့် အကြောင်းအရာများစွာ ကို အမှတ်တရဖန်တီးခဲ့သူ အများအ ပြားရှိခဲ့သည်။ တစ်နှစ်တာ ဖြတ်သန်းမှုကို အမှတ်တရထင်ကျန် စေလောက်အောင် စွမ်းဆောင်ပြ ခဲ့သူများအနက်တွင် အမေရိကန် ရွေးကောက်ပွဲ၌ အောင်ပွဲခံခဲ့သူ ဒေါ်နယ်ထရန့်ကို နိုင်ငံတကာ နယ်ပယ်မှ တစ်နှစ်တာအထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် 7Dayက ရွေးချယ်ခဲ့သည်။ ၎င်းနှင့်အတူ ၂၀၁၆ ၏သမိုင်းဖြတ်သန်းမှုတွင် ထုဆစ်ခဲ့ သူအချို့ကိုပါ စုစည်းဖော်ပြလိုက် ပါသည်။  
  • ၂၀၁၆ ကုန်ဆုံးတော့မည် ဖြစ်ရာ အမှတ်ရစရာ ကမ္ဘာ့အဖြစ်အပျက် များကို ပြန်လှည့်စောင်းငဲ့ကြည့် သောအခါ ယခင်နှစ်များကဲ့သို့ပင် စိတ်ဝင်စားစရာများကို မြင်တွေ့ရ သည်။ အမေရိကန်နိုင်ငံတွင်သမ္မတ ရွေးကောက်ပွဲကျင်းပခဲ့ပြီး အနိုင်ရ မည်ဟု မည်သူမျှထင်မှတ်မထား သော ဒေါ်နယ်ထရန့်အောင်ပွဲခံခဲ့ သည်။ ထိုကဲ့သို့ပင် အံ့အားသင့် စရာနောက်တစ်ခုမှာ ဥရောပ သမဂ္ဂမှ ဗြိတိန်ခွဲထွက်ခြင်းကိစ္စဖြစ် သည်။ ယခုနှစ်အတွင်း သမ္မတ နှစ်ဦးစွပ်စွဲပြစ်တင်၍ရာထူးမှ ဖယ် ရှားခံရခြင်းမှာလည်း ထူးခြား သည်။ ပနားမားစာရွက်စာတမ်း များ ပေါက်ကြားမှုကလည်း နိုင်ငံ့ ခေါင်းဆောင်များ၊ စီးပွားရေးလုပ် ငန်းရှင်များအကြား လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့သည်။
  • ဇန်န၀ါရီ ဇန်န၀ါရီ ၃ ရက်- ရှီးဟိုက်ဘာသာရေးခေါင်းဆောင် အယ်လ်နီမာကို ဆော်ဒီသတ်ဖြတ်မှုကြောင့် နှစ်ဖက်အဆင်မပြေဖြစ်ကာ ဆော်ဒီအာရေး ဗီးယားနှင့် အီရန်သံတမန်ရေး အဆက်ပြတ်သည်။
  •  ၂၀၁၆ တစ်နှစ်တာအတွင်း ဝင်ရောက်ကြည့်ရှုမှုနှုန်းအများဆုံးအဖြစ် စံချိန်တင်ခဲ့သည့်သတင်းမှာ ‘စစ်ဘေးရှောင် ဆဋ္ဌမတန်း ကျောင်းသူကို ကျောင်းထိုင်ဆရာတော်က အဓမ္မပြုကျင့်’ ဆို သေ
  • ၂၀၁၆ အတွင်း မြန်မာပြည် သူများကြားတွင် ကျော်ကြားသော၊ လူသိများသော လူပုဂ္ဂိုလ်များ ကွယ်လွန်အနိစ္စရောက်ကြသည်။ ဘာသာရေးနယ်ပယ်တွင် သက် တော်ဝါတော်ကြီးသည့် ဆရာ တော်ကြီးများ ပျံလွန်တော်မူခဲ့ကြ သကဲ့သို့ နိုင်ငံရေးနယ်ပယ်တွင် လည်း ၀ါရင့်နိုင်ငံရေးသမားကြီးအ ချို့ အပါအ၀င် ကျော်ကြားသူအ ချို့ ကွယ်လွန်အနိစ္စရောက်ခဲ့ကြ သည်။ စာပေအနုပညာနယ်ပယ် တွင်မူ ၂၀၁၆ သည် အဆုံးအရှုံးများခဲ့ပြီး စာပေပညာရှင်ကြီးများ ကွယ်လွန်ခဲ့သော နှစ်တစ်နှစ်ဖြစ် သည်။
  • ၂၀၁၆ အတွင်း မြန်မာပြည်သူလူထုများကို တုန်လှုပ်စေခဲ့သည့် အမှုအခင်းများစွာ ဖြစ်ပွားခဲ့သည်။ အစိုးရသစ်လက်ထက်တွင် ဖြစ် ပွားသော အမှုအခင်းများ၌ လေး လောင်းပြိုင်လူသတ်မှု၊ သုံး လောင်းပြိုင်လူသတ်မှုနှင့် သေ နတ်ပစ်ဖောက်၍ အနုကြမ်းစီးမှု၊ ပြန်ပေးဆွဲမှုတို့မှာ လူနေထူထပ် သော မြို့ကြီးများတွင် ဖြစ်ပွားခဲ့ သည်။ ထို့အပြင် ယခုနှစ်သည် သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှုများ စံ ချိန်တင်မြင့်မားသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့က တရားခံ များကို လက်ရ ဖမ်းဆီးနိုင်မှု နည်း ပါးသည့် နှစ်လည်းဖြစ်သည်။
  • Friday 2016-12-30
    အစိုးရနှစ်ဆက် လက်ထက်တွင် ပြည်ထောင်စုအဆင့် ညီလာခံနှစ်ခု ကျင်းပနိုင်ခဲ့သည့် ၂၀၁၆ ငြိမ်း ချမ်းရေးဖြစ်စဉ်မှာ ထူးခြားသည်ဟု ဆိုနိုင်သည်။ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည့် ဆွေးနွေးပွဲများနှင့်အတူ ခပ်စိပ်စိပ်ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်း အဆိုးနှင့်အကောင်း ဒွန်တွဲ ခဲ့သော နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ အာဏာလွှဲပြောင်းရန် လပိုင်းသာလိုတော့သည့် သမ္မတဦးသိန်းစိန်အစိုးရက ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံကိုစတင်ကျင်းပခဲ့ခြင်းဖြင့်၂၀၁၆ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စတင်ခဲ့သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပြဋ္ဌာန်းချက်များအရ သမိုင်းတွင် ပထမဆုံးပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံကို ဇန်န၀ါ ရီ ၁၂ ရက်ကစ၍ ငါးရက်ကြာ နေ ပြည်တော်၌ ကျင်းပခဲ့သည်။ ညီ လာခံဖွင့်ပွဲသို့ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူ တူးစေးဖိုးတို့ တက်ရောက်အမှာ  စကားပြောကြားခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်မှ NCA ရေးထိုးထား သည့် အဖွဲ့ရှစ်ဖွဲ့အပြင် လက်မှတ်မရေးထိုးရသေးသည့် နာဂအဖွဲ့ NSCN-K လည်းလေ့လာသူအ ဖြစ်တက်ရောက်ခဲ့သည်။ သို့သော် ပထမအကြိမ်ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံတွင် NCA  ရေးထိုးထားခြင်းမရှိသည့် အင်အားကြီး အဖွဲ့များဖြစ်သည့် ‘၀’နှင့် မိုင်းလား၊ ကေအိုင်အို၊ ရှမ်းပြည် တိုးတက်ရေးပါတီတို့ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးမပါဝင်ခဲ့ခြင်းကြောင့် ဝေ ဖန်မှုများ ကျယ်လောင်စွာထွက် ပေါ်ခဲ့သည်။ ညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီ စသည့် အစုကြီးငါးခုနှင့်ပါဝင်သင့် ပါဝင်ထိုက်သူများ၊ တိုင်းရင်းသား ကိုယ်စားလှယ်ဆိုသည့် အစုငယ် နှစ်စုက နိုင်ငံရေး၊ လုံခြုံရေး၊ ကာ ကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ စသည့်ကဏ္ဍကြီးငါးရပ်ဆိုင် ရာကိစ္စရပ်များကို သဘောထား အမြင်များ ဆွေးနွေးခဲ့သည်။
  • Friday 2016-12-30
    ယခုနှစ်အတွင်း ပြည်သူများကို အထိတ်တလန့်ဖြစ်စေသည့် ကူးစက်မြန်ရောဂါများ တစ်ကျော့ပြန် ခေါင်းထောင်လာခဲ့သည်။ အထူးသဖြင့် အစိုးရသစ်တာဝန်ယူပြီး နောက်ပိုင်းတွင် ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး အဆိုပါရောဂါများအပေါ် အစိုးရ၏လုပ်ဆောင်မှုများအား ပြည်သူများ၏အကောင်းအဆိုးဝေဖန်မှုများ မြင့်တက်ခဲ့သည်။ ၂၀၁၂ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ၏ကာကွယ်ဆေးလွှမ်းခြုံ မှုမှာ ၈၀ ရာခိုင်နှုန်းအောက်ရောက်ရှိလာခြင်းက ဆုံဆို့နာကဲ့သို့ ကူးစက်ရောဂါများကို ယခုနှစ်အတွင်း ပြန်လည်ခေါင်းထောင်လာစေသည်။ စီးပွားရေးမြို့တော် ရန်ကုန်၏ဆင်ခြေဖုံးရပ်ကွက်နှစ်ခုတွင် သုံးလအတွင်း ရောဂါသုံးကြိမ်ဖြစ်ပွားပြီးနောက် ကလေးမိဘအများအား ထိတ်လန့်စေခဲ့သည်။ တစ်ကျော့ပြန် ပြင်းထန်ဆုံဆို့နာရောဂါကြောင့် ဇန်နဝါရီမှ ဇူလိုင်အတွင်း ရန်ကုန်တိုင်းတွင် ရောဂါဖြစ်ပွား သူ ၁၅ ဦးခန့်ရှိပြီး သေဆုံးသူငါးဦး ရှိခဲ့သည်။
  • ၂၀၁၆ ကို အသက်ဝင်စေခဲ့သော သတင်းလူသား (Newsmaker) များစွာ ရှိပါသည်။ များပြားလှစွာသော သတင်းလူသားများထဲမှ ဘာသာရပ်၊ နယ်ပယ်အစုံမှ ပညာရှင်များ၏ မဲပေးရွေးချယ်မှု၊ 7Day News ဂျာနယ် အယ်ဒီတာအဖွဲ့၏ ရွေးချယ်မှုဖြင့် ၂၀၁၆ ခုနှစ်အတွက် သတင်းလူသားခုနစ်ဦးကို ရွေးချယ်ဖော်ပြလိုက်ပါသည်။ သတင်းလူသားအဖြစ် ရွေးချယ်ရာတွင်အဆိုပါပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်ကောင်းခြင်း၊ ဆိုးခြင်း သဘောတူခြင်း၊ မတူခြင်းအပေါ် အခြေမခံဘဲ ၎င်းတို့၏ လုပ်ရပ်များသည် တစ်နှစ်တာပတ်လုံး သတင်းဖြစ်ခဲ့ပြီး သတင်းမီဒီယာများအပေါ် ဖမ်းစားနိုင်မှုကို အခြေခံရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၆ သတင်းလူသားများအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဖြိုးမင်းသိန်း၊ ဦးဝင်းထိန်၊ ဒေါက်တာထွန်းလွင်၊ သူရဦးအောင်ကို၊ ကိုဆွေဝင်း၊ ကိုဖီအာနန်တို့ကို ရွေးချယ်လိုက်ပါသည်။  
  • Friday 2016-12-30
    အနုပညာလောကအတွက်တော့ ၂၀၁၆ သည် အလှည့်အပြောင်းအချို့နှင့် အနုပညာရှင်အချို့၏ အတွင်းရေးများဖြင့် လှုပ်လှုပ်ခတ်ခတ်ရှိခဲ့သော နှစ်တစ်နှစ်ဟု ဆိုရမည်။ ရုပ်ရှင်၊ ဗီဒီယိုလောကကို ပွက်လောရိုက်စေခဲ့သည့်အဖြစ်အပျက်က ရုပ်ရှင်လောကကို စိတ်ပျက်လက်ပျက်ဖြစ်နေသော ပရိသတ်များ၏ မြန်မာပေါကားများရပ်ဟူသည့် လူမှုကွန်ရက်မှ ဝေဖန်မှုများပင် ဖြစ်ခဲ့သည်။ အဆိုပါ ဝေဖန်မှုများနှင့်ပတ်သက်၍ ရုပ်ရှင်လောကသားများထဲတွင် ထောက်ခံသူများရှိခဲ့သကဲ့သို့ အချို့ကလည်း ကန့်ကွက်ခဲ့သည်။
  • Friday 2016-12-30
    စတိုးဆိုင်ဖွင့် ဈေးရောင်းခြင်းကို ဆယ်စုနှစ် နှစ်ခုကျော် လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၆ သည် အဆိုးရွားဆုံး နှစ်တစ်နှစ်ဖြစ်ကြောင်း ဦးမျိုး မင်းအောင်က ပြောသည်။ ၁၉၉၄ ကစ၍ စတိုးဆိုင်ဖွင့်လှစ်ရောင်း ချခဲ့သော ဦးမျိုးမင်းအောင်သည် အရပ်သားစစ်အစိုးရလက်ထက်တွင် မျှော်လင့်ချက်များစွာထားခဲ့သော်လည်း နှစ်ကုန်ချိန် စာရင်းချုပ်လိုက်သောအခါ ၀င်ငွေအနည်းဆုံးနှစ်ဖြစ်နေလေသည်။ ‘‘ကုန်ဈေးနှုန်းကကြီး၊ ငွေကြေးက ဖောင်းပွတော့ လူတွေက ငွေမသုံးနိုင်ကြဘူး။ သူတို့မ၀ယ်ရင် ကျွန်တော်တို့ ၀င်ငွေလျော့သွားတာပေါ့’’ဟု ဦးမျိုးမင်းအောင်က ညည်းတွားသည်။
  • Friday 2016-12-30
    ပြည်သူက ရွေးချယ်တင်မြှောက်သည့် NLD အစိုးရလက်ထက်တွင် အခြေခံဥပဒေပုဒ်မ ၅၉ (စ)ဖြင့် သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထောင်စုလွှတ်တော်၌ ဥပဒေသစ်တစ်ခုပြဋ္ဌာန်းကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် မြန်မာနိုင်ငံရေး သမိုင်းတစ်လျှောက် ပထမဆုံးခန့်အပ်ခဲ့သည်။ အဆိုပါရာထူးသည် နိုင်ငံတော်၏အင်္ဂါစဉ်တွင် နံပါတ်(၂) နေရာ၌ရှိပြီး လက်တွေ့တွင် အစိုးရတစ်ဖွဲ့လုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်နေသည်။ 
  • Friday 2016-12-30
    သမ္မတက လူထုကို တောင်းပန်ခဲ့သော ရှားရှားပါးပါး ဖြစ်ရပ်တစ်ခု ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၆ သြဂုတ်လတွင် နိုင်ငံအနှံ့ လူဦးရေလေးသိန်းကျော် တစ်ပြိုင်နက် ရေဘေးရင်ဆိုင်ခဲ့ရသည်။ နိုင်ငံအနှံ့ ရေဘေးသင့်ဒေသများသို့ လှည့်လည်သွားရောက်သည့် သမ္မတက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့သို့ ရောက်ရှိစဉ် ပြည်သူများရင်ဆိုင်နေရသော ရေ ဘေးဒုက္ခများ လျော့ပါးစေရေး အစိုးရက နည်းမျိုးစုံဖြင့် ကြိုးစားနေကြောင်းနှင့် ပွင့်ဖြူမြို့သို့ နောက်ကျမှသာ လာရောက်နိုင်ခဲ့သဖြင့် တောင်းပန်စကားဆိုခဲ့ ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်ကလည်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရေဘေးရင်ဆိုင်ခဲ့ရပြီး ယင်းအချိန်တွင် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့က ဒေသလေးခုကို သဘာဝဘေးသင့်ဒေသများအဖြစ် ကြေညာခဲ့ရသည်အထိ ဆိုးကျိုးရင် ဆိုင်ခဲ့ရသည်။ ၂၀၁၆ တွင်လည်း ၂၀၁၅ ထက်မလျော့သော သဘာဝဘေးများက မြန်မာနိုင်ငံကို အကျပ်ရိုက်စေခဲ့သည်။
  • Friday 2016-12-30
    စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်း ၅၀ကျော် နေခဲ့ရသော မြန်မာနိုင်ငံသည် ၂၀၁၆ ရောက်မှသာ ပြည်သူက ရာနှုန်းပြည့် ရွေးကောက်တင်မြှောက်သည့် အစိုးရကို ပြန်လည်ရရှိခဲ့သည်။ သို့သော်  စစ်အာဏာရှင်များအလိုကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်၏ ပါဝင်မှုကို ခွင့်ပြုထားရဆဲဖြစ်သည်။ လူထုတင်မြှောက်သည့် အစိုးရလက်ထက်တွင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)အရသမ္မတဖြစ်ခွင့်မရသဖြင့် သူ၏ မိတ်ဆွေရင်း ဦးထင်ကျော်အား သမ္မတတင်မြှောက်ကာ ၎င်းကိုယ်တိုင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေရာရယူ၍ အစိုးရအဖွဲ့ကို ဦးဆောင်လာခဲ့သည်။
  • Friday 2016-12-30
  • Friday 2016-12-30
    ဇန်နဝါရီ (၁)ရက်- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နယ်လိုင်စင်ကားများအား မြို့ဝင်ကြေးကောက်ခံနေမှုကို စတင်ရပ်ဆိုင်းလိုက်သည်။ (၇)ရက်- ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ မော်တော်ယာဉ်များ တင်သွင်းခြင်းအတွက် ထုတ်လုပ်သည့်ခုနှစ် ပြင်ဆင်သတ်မှတ်ချက်ကို ထုတ်ပြန်ကြေညာသည်။ (၂၂)ရက်- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်စွာကျင်းပပြီးစီးမှုကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား ၁၀၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။ (၂၅)ရက်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဒုတိယအကြိမ်အဖြစ် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် တွေ့ဆုံခဲ့သည်။ (၂၇)ရက်- အမှုလိုက်သည့် ရဲတပ်ကြပ်ကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် တရားခံနှစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ စီ အသီးသီးကျခံစေရန် ဒုတိယခရိုင်တရားသူကြီး (၄)က အမိန့်ချမှတ်ခဲ့သည်။
  • Friday 2016-12-30
    အရပ်သားအစိုးရအာဏာရလာခြင်း ၅၄နှစ်တာအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးအရပ်သားအစိုးရသည်၂၀၁၆ မတ်လ ၃၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆို၍  တက်ရောက်လာသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ကြေညာခဲ့ သော အပြီးသတ်ရွေးကောက်ပွဲ ရလဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည် ထောင်စုလွှတ်တော်၏ ရွေး ကောက်ခံအမတ် နေရာ ၇၉ ဒသမ ၄ ရာခိုင်နှုန်း အနိုင်ရခဲ့သည်။ မြန်မာ နိုင်ငံ၏ ကိုးဦးမြောက် သမ္မတအဖြစ်အရပ်သားစစ်စစ် ဦးထင်ကျော်ကို မတ်လ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က တင်မြှောက်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်ပိတ်ပင်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးရယူ၍ အစိုးရအဖွဲ့ကို လက်တွေ့ဦးဆောင်မှုပေးခဲ့သည်။အမျိုးသားပြန်လည်ရင်ကြား စေ့ရေး အစိုးရဖြစ်ရမည်ဆိုသော မူကိုကိုင်စွဲ၍ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အစိုးရလက်ထက်မှ လူဟောင်းများကို ပြန် လည်ပါဝင်စေခဲ့သည်။ ဒုသမ္မတ နှစ်ဦးဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့သည် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးနှင့် အ ငြိမ်းစားဗိုလ်မှူးတို့ဖြစ်ကြသည်။
  • Wednesday 2016-12-28
    ဂျော့ခ်ျကွန်ရိုတီသည် ဖီဂျီ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ဖီဂျီစစ်ဘက် အငြိမ်းစားဗိုလ်ချုပ် လည်းဖြစ်ကာ ၂၀၁၅ ကစ၍ ဖီဂျီ နိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
  • Wednesday 2016-12-28
    မော်ဒယ်လောကတွင် နှစ်ကာလ ရှည်ကြာစွာရပ်တည်နေနိုင်ပြီး မိမိ၏အသက်မွေးဝမ်းကျောင်းမှု ပညာရပ်ကို ခိုင်မာကျွမ်းကျင်စွာ လုပ်ဆောင်နေသူက ကချင်တိုင်းရင်းသူမော်ဒယ် အွန်ဆိုင်းပင်ဖြစ်သည်။ သူမ၏မော်ဒယ် အလုပ်အကိုင် အတွက်လည်း ခန္ဓာကိုယ်အ လေးချိန်ထိန်းသိမ်းမှုဆိုင်ရာ လေ့ကျင့်မှုများအပါအ၀င် သူမ၏နေ့စဉ် လှုပ်ရှားသွားလာမှုများကို လူမှုကွန်ရက်စာမျက်နှာတွင်လည်း မကြာခဏတင်ပေးလျက်ရှိပြီး ပရိသတ်လက်ခံ အားပေးမှု အခိုင်အမာရရှိထားသော မော်ဒယ်အွန်ဆိုင်းနှင့် မော်ဒယ်ရေးရာများကို တွေ့ဆုံမေးမြန်းခဲ့ ပါသည်။
  • ကုလသဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်းရဲ့ တာဝန်သက် တမ်းနောက်ဆုံးနေ့ဟာ ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်ဖြစ်ပါတယ်။ သူ ဟာ ကုလသမဂ္ဂကို ဦးဆောင်ခဲ့တဲ့ ကာလအတွင်းမှာ ရာသီဥတု ပြောင်းလဲမှုကိစ္စကနေပြီး စီးပွား ရေးအကျပ်အတည်းတွေ၊ ပြဿ နာတွေနဲ့ အစားအစာ၊ စွမ်းအင်နဲ့ ရေတိုအပါအ၀င် ဖိအားတွေ များ လာတဲ့ကိစ္စတွေအထိ ဖြေရှင်းဖို့ အတွက် ကမ္ဘာ့ခေါင်းဆောင်တွေကို စုစည်းပေးဖို့ ဦးစားပေးလုပ် ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာကမ္ဘာကြီး ရဲ့ အဆင်းရဲဆုံးနဲ့ အန္တရာယ်အကျ ရောက်နိုင်ဆုံး လူထုအတွက် ပြော ဆိုပေးတဲ့၊ ကြားခံဆက်သွယ်ပေး တဲ့ လူဖြစ်ဖို့ ကြိုးစားခဲ့ပြီး ကုလ သမဂ္ဂအဖွဲ့ကြီးကို အားကောင်း အောင်လည်း ရွက်ဆောင်ခဲ့ပါ တယ်။
  • Wednesday 2016-12-28
    ၂၀၁၆ ရုပ်ရှင်ထူးချွန်ဆုစာရင်းဝင် ရန် ‘နှင်းဆီပန်သူ’ဇာတ်ကားကို တစ်ရက်တာရုံတင်ပြသခဲ့သော် လည်း အကယ်ဒမီသည် နတ်ကြီး သဖြင့် မမျှော်လင့်ရဲကြောင်း ဒါရိုက်တာဟိန်းစိုးက ပြောသည်။
  • Wednesday 2016-12-28
    ၂၀၁၇ နှစ်သစ်ကူးညကို ဖျော်ဖြေ ရေးအစီအစဉ်များဖြင့် ဖြတ်သန်း လိုသူများအတွက် ဒီဇင်ဘာ ၃၁ ရက်ည၌ ပြုလုပ်မည့် ဖျော်ဖြေ ပွဲများကို စုစည်းဖော်ပြလိုက်ပါ သည်။
  • ဟံသာဝတီလေဆိပ် စီမံ ကိန်းလုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီနှင့် စီမံကိန်းစတင်ရေးစာချုပ် ကို မူလက ဒီဇင်ဘာတွင် ချုပ်ဆို ရန် ခန့်မှန်းထားသော်လည်း ဆွေး နွေးညှိနှိုင်းမှုများ မပြီးပြတ်သေး၍ လာမည့်နှစ် ဖေဖော်ဝါရီလကုန် မှသာ စာချုပ်ချုပ်ဆိုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ 
  • တနင်္သာရီတိုင်းရှိ မြိတ်ကျွန်းစုများ သို့ စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်သည် ယခုနှစ်အတွင်း ၃,၂၀၀ ကျော်ရှိခဲ့ပြီး ယမန်နှစ်ကထက် လည်ပတ်မှုနှုန်း မြင့်တက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ 
Pages