အတွဲ (၁၆)၊ အမှတ် (၁၈)

Issue Date: 
Wednesday, July 12, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဗုဒ္ဓဟူး၊ ဇူလိုင် ၁၂၊ ၂၀၁၇
Publication: 
7Day News

List of stories

  • Wednesday 2017-07-12
    ကမ္ဘာ့စီးပွားရေးအင်အား ကြီးနိုင်ငံများ စုဖွဲ့ ထားသည့် ဂျီ-၂၀ အဖွဲ့၏ ထိပ်သီးညီလာခံကို ဂျာမနီနိုင်ငံတွင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ အငြင်းပွားဖွယ်မူဝါဒ  များကြောင့် လူသိများသော ဒေါ်နယ်ထရန့်က အမေရိကန်သမ္မတ အနေဖြင့် ပထမဆုံးအကြိမ် ဂျီ-၂၀ ညီလာခံသို့ တက်ရောက်ခဲ့ရာ ၎င်း၏ လုပ်ဆောင်ချက်များအပေါ် နိုင်ငံတကာက ပိုမို၍ အလေးထား စောင့်ကြည့်ခဲ့ကြသည်။ 
  • Wednesday 2017-07-12
    သူ့အသက် (၁၃)နှစ်မှာ ကတည်းက အဲဗာတန်အသင်းတံဆိပ်နဲ့ အိပ်ရာဝင်ဝတ်စုံ ပဂျားမားစ်တွေကိုဝတ်ပြီး အိပ်ရာဝင်ခဲ့တယ်လို့ ပြောပါတယ်။ အခုတော့ ဝိန်းရွန်း နေဟာ ၁၃ နှစ်ကြာ ဝေးကွာနေခဲ့ တဲ့ ငယ်မွေးခြံပေါက် ကလပ်အ သင်းဆီ အမှန်တကယ် ပြန်ရောက် လာခဲ့ပါပြီ။
  • Wednesday 2017-07-12
    မြန်မာ့လက်ရွေးစင် ၀ူရှူးအားက စားသမား စန္ဒီဦးသည် (၂၉)ကြိမ် မြောက် မလေးရှားဆီးဂိမ်းပြိုင်ပွဲ အပြီးတွင် ကစားသမားဘ၀မှ အ နားယူရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
  • Wednesday 2017-07-12
    မလေးရှားဆီးဂိမ်းအကြိုပြင်ဆင်မှု အဖြစ် မြန်မာ့လက်ရွေးစင်အမျိုး သားဖူဆယ်အသင်းသည် ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံသို့ ခြေစမ်းပွဲများသွားရောက်  ယှဉ်ပြိုင်မည်ဖြစ် ကြောင်း  သတင်းရရှိသည်။ 
  • Wednesday 2017-07-12
    မလေးရှားဆီးဂိမ်းအမျိုးသားဘော လုံးပြိုင်ပွဲ အုပ်စုမဲခွဲမှုအရမြန်မာ ယူ-၂၂ ဘောလုံးအသင်းသည် အုပ်စုချောင်သည်ဟု သတ်မှတ် ကြသော်လည်း အုပ်စုတွင်းပြိုင် ဘက်အသင်းတိုင်းကို လျှော့တွက် ၍မရကြောင်း လက်ထောက်နည်း ပြဦးကြည်လွင်ကဆိုသည်။
  • Wednesday 2017-07-12
    အိုင်အက်စ်အဖွဲ့ကို ဆီးရီး ယားနှင့် အီရတ်တို့က ၎င်းတို့၏ အ မာခံနယ်မြေများမှ ဖယ်ရှားရေး မိုဆူးလ်နှင့်ရက်ကာတိုက်ပွဲများ နှင့် ဆီးရီးယားပြည်တွင်းစစ်များ အားလျော့လာခဲ့ရာ အရှေ့အ လယ်ပိုင်းမှ အဆိုးရွားဆုံး ပဋိပက္ခများသည် လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။ သို့သော် ထိုပဋိပက္ခများကို မကြာမီအမြန်ဆုံးဖြေရှင်း နိုင်တော့မည်ဆိုသော အဓိပ္ပာယ် မဟုတ်ပါ။
  • Wednesday 2017-07-12
    မေရီထရီဆာဘာရာသည် အမေရိကန်ကားကုမ္ပဏီအုပ်စု GM ၏ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌဖြစ်သည်။ အမှုဆောင်အ ရာရှိချုပ်ရာထူးကို ၂၀၁၄ ဇန်နဝါရီ၁၄ ရက်က ရယူထားသည်။ ကမ္ဘာ့ ကားကုမ္ပဏီအုပ်စုကြီးတစ်ခု၏ ပထမဆုံးအမှုဆောင် အရာရှိချုပ် (CEO)လည်းဖြစ်သည်။
  • Wednesday 2017-07-12
    အဖွဲ့ဝင် ၂၈ နိုင်ငံပါဝင်တဲ့ ဥရော ပသမဂ္ဂ(အီးယူ)ဟာ လက်ရှိအချိန် ထိ ဖြစ်ပွားနေတဲ့ ရွှေ့ပြောင်းနေ ထိုင်မှုပြဿနာ၊ ဗြိတိန်ထွက်ခွာမှု နဲ့ တစ်ခါပြန်လှုပ်ရှားလာတဲ့ ရုရှား စတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုအတော် များများနဲ့ ရင်ဆိုင်နေရပါတယ်။
  • Wednesday 2017-07-12
    "တောထဲက သစ်ပင်ပဲ ဖြစ်ဖြစ်၊ လမ်းဘေးမှာ ပေါက်နေတဲ့အပင်ပဲဖြစ်ဖြစ် သစ်ပင်လို့ဆိုတာနဲ့ ကာဗွန်စုပ်ယူတာ၊ ရေထိန်းသိမ်းပေးတာတော့ အတူတူပဲ။ ကျွန်တော်တို့က အပူပိုင်းဒေသမှာ နေတဲ့အတွက် ပိုလို့တောင် ထိန်းသိမ်းရဦးမယ်’’ဟု မကွေးမြို့မှ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူကိုမြတ်သူစိုးကပြောသည်။ 
  • Wednesday 2017-07-12
    ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်တပ် က ဒီမိုကရေစီအရေးဆန္ဒပြပြည်သူများနှင့်ကျောင်း သားများကို သေနတ်ဖြင့် ရက်ရက်စက်စက်ပစ်ခတ် နှိမ်နင်းပြီးနောက် ကျောင်းသားအများစုသည် ဆန့် ကျင်တော်လှန်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်း-မြန်မာ နယ်စပ်သို့ သွားရောက်ခဲ့ကြသည်။ ထို့နောက် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) ကိုဖွဲ့စည်းကာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့နှင့် ပူးပေါင်းပြီး စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည်။ ယခုစာအုပ် သည် ထို ကျောင်းသားတပ်မတော် (ABSDF) စတင် ပေါ်ပေါက်စဉ်က ဥက္ကဋ္ဌအဖြစ်ပထမဆုံးဆောင်ရွက်ခဲ့ သော (ဦး)ထွန်းအောင်ကျော်၏ ကိုယ်တွေ့စုစည်းမှု မှတ်တမ်းစာအုပ်ဖြစ်သည်။
  • Wednesday 2017-07-12
    မြန်မာနိုင်ငံတွင် အသုံးပြုနေ သည့် စက္ကူများ၏ ၇၀ ရာခိုင် နှုန်းခန့်ကို ပြည်ပမှတင်သွင်းနေ ပြီး မြန်မာနိုင်ငံစက္ကူလုပ်ငန်းရှင် များသည် ကာတွန်းရုပ်ပြစာအုပ် များ၌အသုံးပြုနေသည့် စာရွက်အ မျိုးအစားနှင့် ကတ်ထူစက္ကူပုံးများ ပြုလုပ်ရာတွင် အသုံးပြုသည့် ကတ်ထူသားများကို ထုတ်လုပ်နေကြောင်း မြန်မာနိုင်ငံပျော့ဖတ် နှင့် စက္ကူလုပ်ငန်းရှင်များအသင်းဒုဥက္ကဋ္ဌဦးကျော်မင်းက ပြောကြား သည်။
  • Wednesday 2017-07-12
    မွန်ပြည်နယ်အတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း အကောင်အထည် ဖော်ရန် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားသည့် ကုမ္ပဏီသုံးခုရှိ ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ မှ သတင်းရရှိသည်။ 
  • Wednesday 2017-07-12
    ယခုဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ဆန်တင်ပို့မှု တန်ချိန် ခြောက်သိန်းခွဲခန့်ရှိပြီး ယခင်နှစ် ကာလတူထက် တန်ချိန်နှစ်သိန်း ပိုမိုတင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။
  • Wednesday 2017-07-12
    လူရယ်လို့ ဖြစ်လာရင် အမည် နာမတွေကို စိတ်ကြိုက်ရွေးချယ်ပြီး ပေးတတ်ကြတယ်။ လှသထက် လှအောင်၊ ဆန်းပြားသည်ထက်ဆန်းပြားအောင်၊ ချစ်စရာ ကောင်းအောင် အမျိုးမျိုး စဉ်းစားကြံဆကြပြီး နာမည်လေးတွေပေး တတ်ကြတယ်။ အကျိုးပေးတဲ့ နာမည်၊ အောင်မြင်မှုရမယ့်နာမည် စသည်ဖြင့် မျှော်လင့်ချက်ထားကြ၊ ဗေဒင်ပညာနဲ့ တွက်ချက်ကြပြီး နာမည်ကင်ပွန်းတပ်ခဲ့ကြတယ်။ ဘယ်လိုပဲ အမည်နာမလှလှလေးတွေ မှည့်ခေါ်ခဲ့ပေမယ့် သေသွားပြီဆိုရင်တော့ ချက်ချင်းလက်ငင်းပဲ မညှာမတာ၊ ပက်ပက်စက်စက် အခေါ်ခံလိုက်ရတဲ့နာမည်လေးက သုံးလုံးတည်းပါ။ ‘အသုဘ’တဲ့။
  • Wednesday 2017-07-12
    (တစ်)
  • Wednesday 2017-07-12
    ဇူလိုင်လ ၄ ရက် အမေရိကန်နိုင်ငံ၏ လွတ်လပ် ရေးနေ့မှာနျူကလီးယားလက်နက်ကို တင်ဆောင်နိုင် မည့် တာဝေးပစ်ဒုံးကျည်ကိုအောင်မြင်စွာ လွှတ်တင်လိုက်ခြင်းဖြင့် အမေရိကန် ပြည်ထောင်စုကို မြောက်ကိုရီးယားက အမှတ်တရ မွေးနေ့လက်ဆောင် ပေးခဲ့သည်။ ဝှာဆွန်-၁၄ အမည်ရှိ အဆိုပါ တာဝေးပစ်ဒုံးကျည်သည် မိနစ်၄၀ အတွင်း အမြင့် ၁၇၄၁ မိုင်ကနေ မိုင် ၅၈၀ အကွာအဝေးအထိ ပျံသန်းပြီး ဂျပန်နိုင်ငံအနီး ပင်လယ်ထဲသို့ ကျရောက်ခဲ့သည်။
  • Wednesday 2017-07-12
    ဟိုတယ်ကြီး၊ခန်းမကြီး၊အထပ်မြင့်တိုက်ကြီးတွေဆောက်တဲ့၊ လမ်းမကြီးတွေဖောက်တဲ့ လုပ်ငန်းခွင် အချို့မှာ တရုတ်အလုပ်သမားတွေနဲ့ အလုပ်လုပ်နေကြတာ တွေ့နေရပါပြီ။ ဒီလိုလုပ်ငန်းခွင်တွေရဲ့ ကန်ထရိုက်က တရုတ်နဲ့ နွှယ်သူတွေဖြစ်တယ်။ တရုတ်အလုပ်သမားဆိုရာမှာ အောက်ခြေသိမ်း အကြမ်းသမားကအစ ကြီးကြပ်သူ အလုပ်သမားခေါင်းအထိ ပြည်ကြီးက တရုတ်တွေဖြစ်နေတာများတယ်။ လေ့လာသိရှိရသလောက် တရားမဝင်မဟုတ်၊ တရားဝင်လာလုပ်ကြတာ။
  • Wednesday 2017-07-12
    မြို့ပြဒေသများ၌ ကျူးကျော် ရပ်ကွက်များ အလွန် များပြားလာ သည်နှင့်အမျှ ရာဇဝတ်မှုများ တိုး ပွားလေ့ရှိကြောင်းနှင့် ကျူးကျော် ရပ်ကွက်များကို ဖျက်သိမ်း၍ အ ခြားနေရာ၌ ပြန်လည်နေရာချထားပေးလျှင် ၎င်းနေရာသစ်၌ ရာဇ ဝတ်မှုများ ပေါ်ပေါက်များပြားနေ ဦးမည်မဟုတ်ပါလောဟု ကြံကြံ ဖန်ဖန် ရှုမြင်သူများလည်းရှိ၏။ ဤသည်မှာ ဘဝပြောင်းလျှင် စိတ် ဓာတ်ပါပြောင်းလဲလာတတ်သော လူ့သဘာဝကို ထည့်သွင်းစဉ်းစား မှုမရှိကြခြင်းကြောင့်ဖြစ်၏။ လူတို့ သည် အိမ်မဲ့ရာမဲ့ (Displaced Person)ဘဝတွင် ဖြစ်ချင်ရာဖြစ်၊ သေမထူး နေမထူးဟူသော စိတ် ဓာတ်များကိန်းအောင်းလေ့ရှိ၏။ မိမိတို့သည် သီးခြားအပယ်ခံဘဝ (Segregated Society)၌ နေထိုင် ရသည်ဟူသော စိတ်ခံစားချက် များရှိလာကြ၏။ တာဝန်ရှိသူများ က မသိကျိုးကျွန်ပြုပြီး ဥပေက္ခာဝန် ဆောင်မှုပေးအပ်ထားသော အရပ်(Untapped Informal Settle-ment) ၌သာ နေထိုင်ကြရသည် ဟူသော စိတ်ဒဏ်ရာလည်း ရရှိ လာ၏။ နောက်ဆုံးတွင် ဘယ်သူ သေသေ ငတေမာလျှင် ပြီးရောဟူ သောစိတ်ဖြင့် ဒုစရိုက်အကျင့်များ ကို အခြားသော ဆင်းရဲနွမ်းပါးသူ တို့ထက် ပိုမိုလွယ်ကူစွာ ခုံမင်မွေ့ လျော်လာတတ်ကြပေသည်။ သို့ သော် ပျဉ်းမငုတ်တိုကို နှလုံးသွင်း ၍ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြသည့် မိသားစုလည်းရှိကြ၏။ 
  • Wednesday 2017-07-12
    ၂၀၁၆ နိုဝင်ဘာတွင် ကျင်းပသည့် ASEAN Telecommunications Ministers Meeting (TELMIN)အစည်းအဝေး ဆုံးဖြတ်ချက်အရ ASEAN Makerthon ပြိုင်ပွဲကို ၂၀၁၇ စက်တင်ဘာ၌ ကျင်းပမည် ဖြစ်သည်။
  • Wednesday 2017-07-12
    စည်းကမ်းလိုက်နာမှုနှင့် လုပ်ငန်း ပိုင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်မှု နည်းပါးနေသည့် လိုင်စင်ရ ဆက်သွယ်ရေးကုမ္ပဏီ များကို ပြန်လည်တင်းကျပ်ရန် အများပြည်သူ၏ အကြံပြုချက် တောင်းခံရာ ပြန်လည်အကြံပြုသူ တစ်ဦးသာရှိသည်ဟု ဆက်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရ သည်။
  • Wednesday 2017-07-12
    မော်တော်ယာဉ်များလွှဲပြောင်းရောင်းချကြရာတွင် မိမိအမည်ပေါက်သို့ ပြောင်းလဲလိုပါက ပေးဆောင်ရမည့် အခွန်ရာဖြတ်တန်ဖိုးပြောင်းလဲထားကြောင်း သတင်းရရှိသည်။
  • Wednesday 2017-07-12
    အပြည်ပြည်ဆိုင်ရာ Gateway လိုင်စင်ကို ဆက်သွယ်ရေးအော်ပ ရေတာသုံးခုအပြင် ပြည်တွင်း ကုမ္ပဏီသုံးခုကို စတင်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိ သူ ဦးမျိုးဆွေက ပြောသည်။
  • Wednesday 2017-07-12
    ဆက်သွယ်ရေး အော်ပရေတာများ ၏ ဈေးကွက်ဖော်ဆောင်မှု Pack-ages များသည် ပြည်သူလူထုနား မလည်နိုင်သည့် အခြေအနေများ ကို တွေ့ကြုံနေရကြောင်း၊ အော် ပရေတာများအနေဖြင့် ရှင်းလင်း သည့် ကမ်းလှမ်းမှုများကိုသာ ဖော်ဆောင်ရန် ညွှန်ကြားထားပြီးဖြစ် ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦး မျိုးဆွေက ပြောသည်။
  • Wednesday 2017-07-12
    ခေါင်းဆောင်နိုင်စွမ်းရှိပြီး ခိုင်မာ သည့် ပညာရေးနောက်ခံရှိသူများ အနေဖြင့် ဗြိတိန်အစိုးရကပေးအပ် သည့် ၂၀၁၈-၁၉ Chevening ပညာသင်ဆုအတွက် သြဂုတ် ၇ရက်တွင် စတင်လျှောက်ထားနိုင် ကြောင်း သတင်းရရှိသည်။
  • Wednesday 2017-07-12
    ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ) ၌ မူကြိုအဆင့်မှ တက္ကသိုလ်အထိ ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၁၅၁ ဦး တက်ရောက်ပညာသင်ယူ နေကြောင်း သတင်းရရှိသည်။
  • Wednesday 2017-07-12
    တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသော ကျောင်းသားများအနေ ဖြင့် အဆင့်မြင့်ပညာ သင်ယူရ တော့မည့်အချိန်တွင် ပြည်တွင်း တက္ကသိုလ်၊ ကောလိပ်များသာ မက ပြည်ပ၌ သွားရောက်ပညာ သင်ယူလိုသူများလည်း ရှိသည်။
  • Wednesday 2017-07-12
    (၁)နိုင်ငံတော်ယန္တရားကြီးကို ထိန်းသိမ်းထားရသော ပြည်သူ့ဝန်ထမ်းများ အရွေးချယ်ခံ အစိုးရအဖွဲ့ဝင်တွေက ပြည်သူ့ဆန္ဒနဲ့အညီ တက်လာလိုက်၊ ဆင်းသွားလိုက် ပြောင်းလဲနေမှာပါ။ အုပ်ချုပ်ရေး ယန္တရား အဆက်ပြတ်မသွားရေး၊ အဖွဲ့အစည်းတစ်ခုလုံးအတွက် မှတ်တမ်းမှတ်ရာတွေ မမေ့ပျောက်သွားရေး၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုစတဲ့ နိုင်ငံတော်ယန္တရားကြီးကို ဟန်ချက်ညီညီ တည်တည်ငြိမ်ငြိမ်လည်ပတ်စေတဲ့ ကိစ္စအရပ်ရပ်ကို ထိန်းသိမ်းထားရတာက တော့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ် ပါတယ်။  
  • Wednesday 2017-07-12
    ဟောင်ကောင်သို့ အလုပ်သမား စေလွှတ်နိုင်ရေးနှင့် ပတ်သက်၍ မြန်မာပြည်ပ အလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ ချုပ် (MOEAF) တာဝန်ရှိသူများက အကြိုသွားရောက်လေ့လာရန် ရှိ ကြောင်း သတင်းရရှိသည်။
  • Wednesday 2017-07-12
    နှစ်(၇၀)ပြည့်အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ဗိမာန်သို့ လာရောက်ကြည့်ရှုမည့် ပြည်သူများ အဆင်ပြေစေရန် အများပြည်သူဝင်ထွက်ရာ အဆင်းလမ်းပေါက်ကို တိုးချဲ့ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာနှင့် အဆောက်အအုံဌာန ဌာနခွဲမှူး ဦးစောနိုင်က ပြောသည်။ 
  • Wednesday 2017-07-12
    နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာစီမံချက်တွင် အစိုးရ၏ ဖက်ဒရယ် ဒီမိုကရက် တစ် ပြည်ထောင်စု တည်ထောင် လိုသည့် ဆန္ဒသဘောထားကို ထင်ဟပ်သော မြန်မာနိုင်ငံ ၀န်ထမ်း များအတွက် ဦးတည်ချက် အသစ်များ ချမှတ်ခြင်းကို ဦးတည်ရေးဆွဲ ထားကြောင်း စီမံချက်တွင် ဖော်ပြ ထားသည်။

Pages