အတွဲ (၁၆)၊ အမှတ် (၂၂)

Issue Date: 
Wednesday, August 9, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆုတ် ၂ ရက်၊ ဗုဒ္ဓဟူး၊ (သြဂုတ် ၉၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Wednesday 2017-08-09
    ဆိုရှယ်မီဒီယာ ခေတ်တွင် လူတိုင်းကိုယ်စီ ဖုန်းကင်မရာများ ပိုင်ဆိုင်ထားပြီးနောက် မတရားမှုများ၊ ဆင်းရဲနွမ်းပါးသူများအား ကူညီမှုများ၊ မှုခင်းဖြစ်ရပ်များကို ဖော်ထုတ်ကူညီပေးနိုင်ခဲ့သည့်ဖြစ်ရပ်များစွာရှိခဲ့ပြီးဖြစ်သည်။ ယခုနောက်ဆုံးအနေဖြင့် ထင်ရှားခဲ့သည့် သာဓကတစ်ခုက ဆေးစွဲနေသည့် မိဘများလက်မှ လူမမည်မောင်ညီမလေးများကို ကယ်တင်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် မိုးမိတ်မြို့မှ (၁၂)နှစ်အရွယ်မိန်းကလေးငယ်၏ ဖြစ်စဉ်ကလည်း ကင်မရာတစ်လုံးမှ အစပြု၍ ကယ်တင်ကူညီမှုများစွာရရှိနိုင်ခဲ့သည်။ အလားတူ ရမ်းကားဆိုးသွမ်းခဲ့သည့် လိုင်းကားယာဉ်နောက်လိုက်များ၊ လာဘ်စားသည့် အစိုးရဝန်ထမ်းများ၊ ဝန်ဆောင်မှု မကောင်းသည့် စားသောက်ဆိုင်၊ စီးပွားရေးလုပ်ငန်း အစရှိသည်တို့မှာလည်း မိုဘိုင်းဖုန်းကင်မရာဓာတ်ပုံ၊ ဗီဒီယိုဖိုင်များမှတစ်ဆင့်လူထုကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ပြီး အရေးယူမှုများ ဖြစ်ပေါ်ခဲ့သည့်သာဓကများစွာ ရှိခဲ့ပြီးဖြစ်သည်။ ယခုရေးသားမည့် အကြောင်း အရာကတော့ ယင်းသို့ ကောင်းကျိုးဖြစ်ရပ်များ၏ ဆန့်ကျင်ဘက်အဖြစ် လူအများ၏လွတ်လပ်ခွင့် ဆုံးရှုံးမှုများ၊ မိုဘိုင်းဖုန်းကင်မရာ နှင့် ဆိုရှယ်မီဒီယာကို အကြောင်း ပြု၍ ခြိမ်းခြောက်အကျပ်ကိုင်မှု များ၊ ဆိုရှယ်မီဒီယာပေါ်သို့ သူ့ထက်ငါ အလုအယက်တင်လိုကြသည့် ပြဿနာများကြောင့် မလိုလားအပ်သည့် နစ်နာမှုများအကြောင်းဖြစ်သည်။
  • Wednesday 2017-08-09
    ရန်ကုန် စတော့အိတ်ချိန်းတွင် FMI ကုမ္ပဏီ၏ရှယ်ယာအရောင်းအဝယ်ကို သြဂုတ် ၇ ရက်မှ ၁၄ ရက်ထိပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်သည်။
  • Wednesday 2017-08-09
    အခြေခံပညာ ကျောင်းများတွင် ဖျားနာသော ကလေးများကိုကျောင်းသို့ ပို့ဆောင်ခြင်း မပြုရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ညွှန်ကြားလွှာ ထုတ်ပြန်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။
  • Wednesday 2017-08-09
    မိုးမိတ်မြို့နယ် လွယ်ဆာကျေးရွာ ဒေသခံ ၂၀ ဦးကို TNLA က ဖမ်းဆီးသွားပြီး ကိုးဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သူများ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူအချို့က ပြောသည်။
  • Wednesday 2017-08-09
    အစိုးရနှင့် ပုဂ္ဂလိကကျောင်းပြင်ပ ပညာသင်ကြားရေးအဖွဲ့အစည်းများမှ ကျောင်းပြင်ပပညာရေးပြီး မြောက်သူများကို အမျိုးသားအဆင့် လူငယ်ပညာရေးအောင် လက်မှတ်ချီးမြှင့်နိုင်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။
  • Wednesday 2017-08-09
    ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များ အတွက် မြဝတီနှင့် မဲဆောက်မြို့ တို့တွင် ကျောင်းပြင်ပ ပညာရေး အခြေစိုက်စခန်း ၂၄ ခုဖွင့်လှစ်သင် ကြားပေးနေကြောင်း ကျောင်းပြင် ပ ပညာရေး ဗဟိုကြီးကြပ်မှု ကော်မ တီမှ စီမံချက်မန်နေဂျာဦးထွန်း ကြည်က ပြောသည်။
  • Wednesday 2017-08-09
    တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် သရုပ်ပြ၊ နည်းပြမှ လက်ထောက်ကထိကရာထူးသို့ တိုးမြှင့်ခန့်ထားရာ၌ ရေးဖြေစာမေးပွဲဖြေဆိုရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။
  • Wednesday 2017-08-09
    အခြေခံပညာအလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကလေးအခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ရန်ကုန် တိုင်းဒေသကြီးရှိ အခြေခံပညာ ကျောင်း ၂၀ တွင် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦးကပြောကြားသည်။
  • Wednesday 2017-08-09
    ခရီးသည်များကျပ်ညပ်နေသည့် ဘတ်စ်ကားများကို ရာသီတုပ်ကွေး(H1N1)ရောဂါ ကူးစက်မှုအတွက် စိုးရိမ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
  • Wednesday 2017-08-09
    ဇူလိုင်မှ ဩဂုတ်ပထမပတ်အ တွင်း ပြည်တွင်းအလုပ်အကိုင်ရှာ ဖွေမှုတွင် အမျိုးသားများထက် အ မျိုးသမီးအရေအတွက်ကပိုများ လာကြောင်း အွန်လိုင်းအလုပ်အ ကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခု ၏စစ်တမ်း၌ ဖော်ပြထားသည်။
  • Wednesday 2017-08-09
    နိုင်ငံရေးဆွေးနွေးပွဲများတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လမ်းကြောင်းအရဖြစ်စေ၊ အခြားလမ်းကြောင်းမှဖြစ်စေ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံး မပါဝင်နိုင်သေးသရွေ့ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးရမည်မဟုတ်ဟု ယုံကြည်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP)က ထုတ်ပြန်သည်။
  • Wednesday 2017-08-09
    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ( NCA) မထိုးရသေးသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့် တစ်ပြိုင်တည်းတွေ့ဆုံမည်မဟုတ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောသည်။
  • Wednesday 2017-08-09
    တရုတ်နိုင်ငံက ဦးဆောင်အကောင်အထည်ဖော်နေသည့်ခေတ်သစ်ပိုးလမ်းမစီမံကိန်းတွင် မြန်မာနိုင်ငံက တစ်စိတ်တစ်ပိုင်းပါဝင်နေ၍ ယင်းစီမံကိန်းကို ဆောင်ရွက်နိုင်ရန်ဝန်ကြီးဌာနအချို့ ပူးပေါင်းကာ သီးသန့်ဌာနတစ်ခုထားသင့်ကြောင်း အစိုးရကို စီးပွားရေး ပညာရှင် အချို့က အကြံပြုသည်။ တရုတ်၏ ခေတ်သစ်ပိုးလမ်း မစီမံကိန်းသည် နိုင်ငံရေး၊ စီးပွား ရေးနှင့် သက်ဆိုင်နေခြင်းကြောင့် တပ်မတော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့နှင့် စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာနတို့အောက်တွင် ဌာနသီးသန့်ဖွဲ့၍ ပူးပေါင်းဆောင် ရွက်သင့်ကြောင်း နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူ ဦးဇေယျသူက ပြောသည်။
  • Wednesday 2017-08-09
    မေလ ၂၃ ရက်က မော်တီနှင့် အဘူရှာရက်ဖ်အဖွဲ့မှ စစ်သွေးကြွ များသည် ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာ အိုဒေသမှ မာရာဝီမြို့ကို ဝင် ရောက်စီးနင်းပြီး မြို့၏ ဒေသ အများစုကို သိမ်းပိုက်ခဲ့သည်။
  • Wednesday 2017-08-09
    ကမ္ဘာ့သမိုင်းကို မြန်မာဘာသာစကားဖြင့် အ တော်လေးပြည့်စုံအောင် ရေးထားသောစာအုပ် အ များအပြားမရှိပါ။ ယခင်တစ်ပါတီစနစ် ဆိုရှယ်လစ် ခေတ်က ထွက်ခဲ့သော ကမ္ဘာ့သမိုင်းမှတ်တိုင်များ၊ ဆရာကြီးဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းခေတ်ဦးကမ္ဘာ့သမိုင်း၊ ခေတ်သစ်ကမ္ဘာ့သမိုင်းနှင့် အိန္ဒိယ၀န်ကြီးချုပ်ဟောင်း ဂျဝါဟာလာနေရူး ရေး သားပြီး ဆရာပါရဂူ မကွယ်လွန်မီ ဘာသာပြန်ဆိုခဲ့ သည့် တစေ့တစောင်း ကမ္ဘာ့အကြောင်းနှင့် ယင်းကို ပင် ဆရာဘိုးလှိုင်ဘာသာပြန်သော လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်းစာအုပ်တို့လောက်သာရှိကာ ယခုနှစ်ပိုင်းအတွင်း ဆရာလှိုင်သင်း ကြိုးပမ်းအားထုတ်ထားသော လူ့ယဉ်ကျေးမှုသမိုင်းစာအုပ်အချို့သာ ရှိခဲ့ပါသည်။
  • Wednesday 2017-08-09
    စီမံကိန်းမစတင်မီ ပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်းကောက်ယူရန် ပညာရှင် များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသခံများ၏ တောင်းဆိုသံသည် မြစ်ဆုံစီမံကိန်းတွင် စတင်ထွက်ပေါ်လာသည်။ လက်ပံတောင်း ကြေးနီစီမံကိန်းတွင် ကျယ်လောင်လာသည်။ ယင်းစီမံကိန်းနှစ်ခု သည် လူထုကန့်ကွက်မှု ပြင်းထန်ခဲ့သည့် စီမံကိန်းအဖြစ် မြန်မာ နိုင်ငံတွင် ထင်ရှားသည်။ 
  • Wednesday 2017-08-09
    မျက်မှောက်ခေတ်၌ သံဃာများသည် နိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင် ဆောင်ရွက်သင့်သလောဟူသော မေးခွန်းတစ်ရပ် ပေါ်ပေါက်လာ၏။ အချို့က ပါဝင်သင့်သည်ဟုလည်းကောင်း၊ အချို့က မပါဝင်သင့်ဟုလည်းကောင်း ဖြေဆိုကြ ၏။ ပါဝင်သင့်သည်ဟု ဆိုသူများဘက်မှ အကြောင်းပြချက်များကို စုစည်းကြည့်သောအခါ အကြောင်းပြချက် နှစ်ရပ်ကို တွေ့ရ၏။ ပထမအကြောင်းပြချက်မှာ သံဃာသည် အမျိုးကောင်းစားရေးဟူသော ညတတ္ထစရိယကို ဆောင် ရွက်ရန် တာဝန်ရှိသည်။ ထို့ ကြောင့် နိုင်ငံရေးနှင့် ကင်းကွာ၍မရ၊ နိုင်ငံရေးဟူသည် အမျိုးသားကောင်း စားရေးကို ဆောင်ရွက်ခြင်းပင် မဟုတ်ပါလောဟုဆိုကြ၏။ ဒုတိယ အကြောင်းပြချက်မှာ သာသနာသည် နိုင်ငံအုပ်ချုပ်သူတို့၏ စွမ်းရည်နှင့်ဆက်စပ်၏။ အုပ်ချုပ်မှုညံ့ဖျင်းသောခေတ်၌ သာသနာမှေးမှိန်၏။ သာသနာမှေးမှိန်လာလျှင် သံဃာသည် လက်ပိုက်ကြည့်နေ၍ မရနိုင်။ ထို့ကြောင့် နိုင်ငံ အုပ်ချုပ်ရေးသည် နိုင်ငံရေး ဖြစ်သကဲ့သို့ သာသနာအရေးလည်း ဖြစ်သည်ဟု ကောက်ချက်ချ၏။
  • Wednesday 2017-08-09
    မြန်မာနိုင်ငံ၏ သဘာဝအခြေခံ ခရီးသွားဒေသ ၂၂ ခုမြောက်အဖြစ် သတ်မှတ်ထားသော ပဲခူးရိုးမတောအတွင်း အပန်းဖြေစခန်း တစ်ခုကို ဇူလိုင် ၂၉ ရက်က စတင် ဖွင့်လှစ်ခဲ့သည်။ 
  • Wednesday 2017-08-09
    ၂၆ ဩဂုတ် ၁၉၈၈ ရဟန်းရှင်လူ ပြည်သူအ ပေါင်းတို့ ... အခု လူထုအစည်းအဝေးပွဲ ကြီးဟာ ပြည်သူလူထုရဲ့ဆန္ဒကို တစ်ကမ္ဘာလုံးကသိစေရန် ထုတ်ဖော်ပြောလိုက်တာပါပဲ။ အဲဒီ တော့ ဒီလူထုစည်းဝေးပွဲကြီးမှာ ပြည်သူလူထုဟာ စည်းကမ်းရှိရှိနဲ့ ညီညီညွတ်ညွတ်ဖြစ်နိုင်တဲ့ ပြည်သူလူထုဆိုတာ ထင်ပေါ်အောင်လို့ စည်းကမ်းရှိရှိနဲ့ ညီညီညွတ်ညွတ် ဆက်ပြီးလုပ်သွားကြပါရစေ။ အခု ဒီအစည်းအဝေးကြီးဟာ တစ်နာရီနီးပါး နောက်ကျတာကိုလည်း ကျွန်မတောင်းပန်ပါတယ်။ ဒီကိုလာတဲ့အခါမှာ လမ်းအင်မတန် ပိတ်နေတာကြောင့်မို့လို့ မ ရောက်လာနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ အစည်းအဝေးကြီးကတော့ ပြည်သူလူထုတစ်ရပ်လုံးဟာ ပါတီစုံဒီမိုကရေစီကို ရချင်နေတဲ့ ဆန္ဒပြင်းပြနေတာ ကြောင့်မို့လို့ ကျင်းပရတဲ့ စည်းဝေးပွဲကြီးဖြစ်ပါတယ်။ အခု ဒီအစည်းအဝေးပွဲကြီး ဖြစ်နိုင်တဲ့အခြေအနေကို ဘယ်သူတွေကစပြီးတော့ ဦးဆောင်တာလဲဆိုတော့ ဗမာပြည်က ကျောင်းသူ၊ ကျောင်းသားအ ပေါင်း ဖြစ်ပါတယ်။ (လက်ခုပ်ဩဘာသံများ)
  • Wednesday 2017-08-09
    ဆိုဗီယက်ယူနီယံရဲ့ နောက် ဆုံးသမ္မတ မီခေးလ်ဂိုဘာချက်ဟာ အခုဆို လမ်းလျှောက်တုတ်အကူ အညီနဲ့ လေးလေးကန်ကန်လမ်း လျှောက်နေရပါတယ်။ သူမရှိခဲ့လို့ ရှိရင် ဘာလင်တံတိုင်းကြီးကို ငြိမ်း ငြိမ်းချမ်းချမ်းဖြိုချခဲ့လို့ ရမှာမဟုတ်ပါဘူး။ ရုရှားနိုင်ငံသားတွေအများ ကြီးရဲ့ အမြင်မှာ သူဟာ ဆိုဗီယက် ယူနီယံရဲ့ ဂုဏ်သရေကို အဆုံး သတ်စေခဲ့သူလို့ အမြင်ခံရသူဖြစ် ပါတယ်။ ဂျာမနီနိုင်ငံသားလူများ စုအတွက်ကတော့ သူဟာ သူရဲ ကောင်းတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ မိခင်နိုင်ငံမှာ လူနည်းနည်း လေးဆိုတာထက်ပိုတဲ့ လူတွေက သောကပွေစေတဲ့ ပုဂ္ဂိုလ်တစ် ယောက်အနေနဲ့ မှတ်ယူခံထားရပါ တယ်။ သူဟာ မတ်လက အသက် (၈၆)နှစ်ပြည့်ခဲ့ပြီး နေထိုင်မ ကောင်းတာတွေနဲ့ အသက်အရွယ် ရလာတာတွေရဲ့ အမှတ်အသား တွေဟာ သူ့မျက်နှာမှာ ပေါ်လွင် နေပါတယ်။
  • Wednesday 2017-08-09
    (တစ်) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ တရားတော်များကို စွဲစွဲမြဲမြဲနာယူ လေ့ရှိသူတစ်ယောက်အနေနှင့် ဆရာတော်၏ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းရှင်းပြချက်များကို မကြာခဏဆိုသလိုပင် ရိုသေစွာ နာယူ မိပါသည်။ ဆရာတော်က အပါယ်တံခါးအဖွင့်အပိတ်အကြောင်းကို ထည့်သွင်းဟောကြားလေ့ရှိပါသည်။ ဗုဒ္ဓအဆုံးအမနှင့် မစိမ်းသူတိုင်း ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် စသည့်အပါယ်လေးဘုံအကြောင်းကို ကြားဖူးနားဝရှိကြပါသည်။ ပါဠိနှင့် ပါဠိသက်ဝေါဟာရ အဘိဓာန်များ၌ အပါယ်ကို ချမ်းသာခြင်းကင်းရာအရပ်၊ မကောင်းမှုအတွက် ခံစားရာအရပ် စသည်စသည်ဖြင့် ဖော်ပြပါသည်။
  • Wednesday 2017-08-09
    ဂျူရီရာတက်စ်သည် အက်စ် တိုးနီးယား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး အက်စ်တိုးနီးယားဝန်ကြီး ချုပ်နှင့် Centre ပါတီ၏ လက်ရှိ ခေါင်းဆောင်ဖြစ်သည်။ ယခင်က အက်စ်တိုးနီးယား ပါလီမန်ဒုတိယ ဥက္ကဋ္ဌ၏အဖြစ် သုံးကြိမ်တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ မှ ၂၀၀၇ အထိ မြို့တော် တယ်လင်း၏ မြို့ တော်ဝန်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။
  • Wednesday 2017-08-09
    တစ်ရက် စီးပွားရေးအသင်းတစ်ခုမှ ဖိတ်ကြားသဖြင့် ရန်ကုန်တွင် ညစာစားပွဲတစ်ခုသို့ ရောက်ဖြစ်သည်။ စားပွဲဝိုင်းတစ်ဝိုင်းတွင် စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့် နှင့် အတူတူထိုင်ရပြီး ထုံးစံအတိုင်း လိပ်စာကတ်များ အလဲအလှယ် လုပ်ကြသည်။ ကျွန်တော့်ဘေးတွင် ထိုင်နေသော စီးပွားရေးလုပ် ငန်းရှင်တစ်ဦးမှ ကျွန်တော့်လိပ်စာကတ်ကိုကြည့်ရင်း ခင်ဗျားကုမ္ပဏီက စီအီးအိုလား၊ ကျွန်တော် ခင်ဗျားတို့ ကုမ္ပဏီနဲ့ အလုပ်လုပ်နေတာ လေးနှစ်လောက်ရှိပြီ။ ပိုင်ရှင်ဘယ်သူလဲဆိုတာ မသိခဲ့ဘူး။ တွေ့ရတာ ၀မ်းသာပါသည်ဟု နှုတ်ဆက်ရင်း ကျွန်တော့်ကုမ္ပဏီမှ ၀န်ထမ်းများသည် အရည်အချင်းပြည့်ဝကြောင်း၊ လိုအပ်သမျှကို အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်ကြောင်း ချီးမွမ်းပြောကြားလေ သည်။ ထိုလုပ်ငန်းရှင်နှင့် စကား ပြောအပြီးတွင် လုပ်ငန်းများလုပ်ကိုင်ရာတွင် လုပ်ငန်းရှင်နာမည် နှင့် လုပ်ငန်းနာမည်ကို ရှေ့တန်းတင်မှုပေါ်တွင် မူတည်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့မှုနှင့် ပတ်သက်ပြီး ဆက်စပ်စဉ်းစားကြည့်မိ သည်။
  • Wednesday 2017-08-09
    အိမ်ထောင်ရှိအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်သည့်ဇာတ်ရုပ်ဖြင့် မြန်မာရုပ်ရှင်ပရိသတ်များ သတိထားမိခဲ့သူ လိုင်လာခန်းက ၎င်း၏ ဒုတိယရုပ်ရှင် ‘ရာဇဝင်ရိုင်းသူများ’ ဇာတ်ကားတွင် ခင်ပွန်းဖြစ်သူကို အသက်ထက် ချစ်မြတ်နိုးသော အချစ်ကြီးသူအဖြစ် ပါဝင်သရုပ် ဆောင်ထားသည်။ ပထမရုပ်ရှင်နှင့်မတူသော ဇာတ်ရုပ်နောက် တစ်မျိုးဖြင့်တွေ့ရမည့် လိုင်လာခန်းကို ‘ရာဇဝင်ရိုင်းသူများ’ရုပ်ရှင် အကြောင်းအပါအဝင် ၎င်း၏အနုပညာ ဖြတ်သန်းမှုများအကြောင်း တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
  • Wednesday 2017-08-09
    မြန်မာပြည် စစ်ဆင်ရေးသည် ဒုတိယကမ္ဘာစစ်တုန်းက အကြီးမားဆုံးတိုက်ပွဲကြီးများထဲက တစ်ခုဖြစ်သည်။ ယခုအခါ စစ်ကြီးပြီးဆုံးခဲ့သည်မှာ ၇၂ နှစ် တိုင်ခဲ့လေပြီ။ နှစ်စဉ် ဇူလိုင်လလယ်သို့ ရောက်လေတိုင်း ဂျပန် နိုင်ငံ ဝါကာယာမကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကိုရာတောင်က
  • Wednesday 2017-08-09
    တတိယတစ်ကိုယ်တော်အခွေတွင် ပရိသတ်တစ်ဦးနှင့် သီချင်းတစ်ပုဒ်ကို တွဲဖက်သီဆိုရန် အစီအစဉ်ရှိကြောင်း နီနီခင်ဇော်က ပြောသည်။
  • Wednesday 2017-08-09
    မော်ဒယ်မဟုတ်သည့်အတွက် ရှိုးလျှောက်ရခြင်းကို ကြောက်ရွံ့ ကြောင်း သရုပ်ဆောင်ပိုင်ဖြိုးသုက ပြောသည်။
  • Wednesday 2017-08-09
    (၂၉)ကြိမ်မြောက်   အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သြဂုတ် ၁၉ ရက်၌ ကျင်းပမည်ဖြစ်သော်လည်း မြန်မာယူ-၂၂ ဘောလုံးအသင်းပါ ဝင်သည့် အုပ်စုပွဲစဉ်များကို သြ ဂုတ် ၁၄ ရက်တွင် စတင်မည်ဖြစ် သည်။
  • Wednesday 2017-08-09
    ရာသီစက်ဝိုင်း တစ်ပတ်လည်မှုနဲ့အတူ ဥရောပဘောလုံးရာသီအသစ်က ပြန်လည်စတင်လာတော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာဘောလုံးပရိသတ်တွေကြားမှာ အဓိက ရေပန်းစားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်တော့မှာဖြစ်တာကြောင့် စနေ၊ တနင်္ဂနွေ ညနေခင်းတွေက ပြန်လည်နိုးကြား လှုပ်ခတ်လာတော့မှာ ဖြစ်ပါတယ်။  
  • Wednesday 2017-08-09
    မေလကုန်ပိုင်းက ဖိ လစ်ပိုင် တောင်ပိုင်းရှိ မြို့တစ်မြို့ကို အစ္စလာမ်မစ်အစွန်းရောက် စစ်သွေး ကြွများက ရုတ်တရက်စီးနင်း သိမ်းပိုက်လိုက်သည်။ ဖိလစ်ပိုင်အစိုးရစစ်တပ်သည် မင်ဒါနာအို ကျွန်းပေါ်ရှိ မာရာဝီမြို့ကို ပြန်လည်ထိန်းချုပ်ရန် လအတန်ကြာ စစ်ဆင်ရေး ဆင်နွှဲခဲ့ရသည်။ အဆိုပါဖြစ်စဉ်သည်အကြမ်းဖက်ဝါဒီစစ်သွေးကြွများ က အာဆီယံအသိုက်အဝန်းရှိ အစိုးရတစ်ရပ်၏ အချုပ်အခြာအာဏာကို ပထမဆုံးအကြိမ် တိုက်ရိုက်ကျကျထိပါးမှု အနေဖြင့် လှုပ်လှုပ် ခတ်ခတ် ဖြစ်သွားစေသည်။

Pages