No.1529 Wednesday, August 9, 2017

Issue Date: 
Tuesday, August 8, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် (ဗုဒ္ဓဟူး၊ သြဂုတ် ၉၊ ၂၀၁၇)
Publication: 
7Day Daily

List of stories

  • Wednesday 2017-08-09
    စစ်ကိုင်းတိုင်းဒေသကြီး တွင် ဇူလိုင်အတွင်း တရားမဝင် သစ်တန်ချိန် ငါးရာကျော် ဖမ်းဆီး ရမိခဲ့ကြောင်း တိုင်းဒေသကြီးသစ် တောဦးစီးဌာနရုံးမှ သိရသည်။ 
  • Wednesday 2017-08-09
    ယင်းမာပင်မြို့နယ် ငါး လုပ်ငန်းစခန်း ၀န်ထမ်းလိုင်းခန်း တွင် ဒုဦးစီးဝန်ထမ်းအမျိုးသား တစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေ ကြောင်း ယင်းမာပင်မြို့ မြို့မရဲ စခန်းမှ သိရှိရသည်။
  • နှစ်နိုင်ငံ အစိုးရတွေက အသီးသီး တားမြစ်ထားပေမယ့် အသက် (၁၅)နှစ်ဝန်းကျင်လောက်အထိ ငယ်ရွယ်တဲ့ မြန်မာမိန်းကလေးတွေဟာ စင်ကာပူနိုင်ငံမှာအိမ်အကူအဖြစ် အလုပ်လုပ်နေကြဆဲလို့ အင်န်ဂျီအိုအဖွဲ့အစည်း တွေက ပြောပါတယ်။
  •  ပုဂံမြို့၌ ကျင်းပမည့် ပုဂံဖိတ်ခေါ် Mountain Bike စက် ဘီးပြိုင်ပွဲကို မြန်မာနိုင်ငံအလယ် ပိုင်းမှ မျိုးဆက်သစ်လက်ရွေးစင် ကစားသမားများ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ ကျင်းပကြောင်း မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်မင်းသန်းက ပြောသည်။ အဆိုပါ ဖိတ်ခေါ်စက်ဘီး ပြိုင်ပွဲကို ဩဂုတ် ၁၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာ နိုင်ငံ စက်ဘီးအဖွဲ့ချုပ်က လစဉ် ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။ ယခုလ ပြိုင်ပွဲ ကျင်းပရန် ပုဂံမြို့ကို ရွေးချယ်ရ ခြင်းသည် မြန်မာနိုင်ငံ အလယ်ပိုင်းမှ စက်ဘီးအားကစားသမား များ၊ ဝါသနာရှင်များ လာရောက် ရန် လွယ်ကူခြင်း၊ လက်ရှိတွင် မိုး ရွာသွန်းမှုနည်းခြင်းတို့ကြောင့်ဖြစ် သည်ဟု ဦးကျော်မင်းသန်းက ရှင်းပြသည်။
  • မွန်ပြည်နယ်တွင် ရော်ဘာများ ကမ္ဘာ့စံချိန်မီနိုင်ရေး အရည်အသွးမြှင့်တင်ရန်ရော်ဘာ လုပ်ငန်းရှင်များ ပြည်နယ် အစိုးရအဖွဲ့က ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။ ရော်ဘာလုပ်ငန်းရှင်များ အရည်အသွေးကောင်းမွန်သည့် ရော်ဘာများ ထုတ်လုပ်နိုင်ပါက ကျပ်သိန်း ၃,၀၀၀ ကုန်ကျမည့် လုပ်ငန်းအတွက် ပြည်နယ်အစိုးရ က လုပ်ငန်းရှင်တစ်ဦးလျှင် ပုဂ္ဂလိ ကဘဏ်များနှင့်  ချိတ်ဆက်၍ ကျပ်သိန်း ၁,၈၀၀ ထုတ်ချေးမည် ဖြစ်ကြောင်း မွန်ပြည်နယ် စိုက် ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဦးထွန်းဌေးက ဆိုသည်။ ‘‘မွန်ပြည်နယ်တွင် ရော်ဘာ က အရည်အသွေးမကောင်းတော့ ကမ္ဘာ့ရော်ဘာဈေးကို မမီဘူး။ တစ်တန်ကို ဒေါ်လာ ၃၀၀ လောက်ကွာနေတယ်။ မွန်ပြည် နယ်မှာ တစ်နှစ်ကို ရော်ဘာတစ် သိန်းလောက်ထွက်တယ်။ မြန်မာ ငွေနဲ့တွက်ရင် တစ်နှစ်ကို ရော် ဘာအရည်သွေးကြောင့် ဘီလီယံ ၄၀၀ လောက် ဆုံးရှုံးနေတာတွေ့ ရတယ်။ ဒါကြောင့် အရည်အသွေး ကောင်းလာအောင် အဆင့်မြင့် မြင့် ထုတ်လုပ်ဖို့အတွက် အစိုးရ က ချေးငွေထုတ်ပေးမယ်။ အစိုးရ ပိုက်ဆံတော့မဟုတ်ဘူး။ ဘဏ် ကနေချိတ်ပြီး ထုတ်ချေးမယ်’’ဟု ဦးထွန်းဌေးက ပြောသည်။
  •  တနင်္သာရီတိုင်းဒေသကြီး အတွင်း ဖြစ်ပွားခဲ့သော ကြက် ငှက်တုပ်ကွေး(H5N1) ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့က သြဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန် သည်။ လက်ရှိတွင် တိုင်းဒေသကြီး အတွင်း  ကြက်ငှက်တုပ်ကွေး (H5N1)ဖြစ်ပွားမှုမရှိတော့ခြင်း နှင့် လူသို့ကူးစက်ခဲ့မှုများမရှိခြင်း တို့ကြောင့် ရောဂါထိန်းချုပ်ဧရိ ယာရှိ နှစ်ပတ်ကြာ ယာယီပိတ်ထားသော အခြေခံပညာကျောင်းများကို သြဂုတ် ၈ ရက်ကစ၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
  • ကလးငယ်များအတွက် ပြိုင်ပွဲများ၊ စာဖတ်ခန်းများနှင့်ဖျော်ဖြေ  ပွဲများ ပါဝင်သော ကလေးစာပေ ပွဲတော်ကို လာမည့် နိုဝင်ဘာအ တွင်း ကျင်းပမည်ဖြစ်သည်။  မုံရွာမြို့ကလေးစာပေပွဲ တော်ကို နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ မုံရွာတက္ကသိုလ်အဆောင် (B) ဘက်စုံသုံးခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးဝင်းမြိုင်က ပြောသည်။

Pages