အတွဲ (၁၆)၊ အမှတ် (၂၅)

Issue Date: 
Wednesday, August 30, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ ဗုဒ္ဓဟူး၊ (သြဂုတ် ၃၀၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Wednesday 2017-08-30
    ဆမ်ဆောင်းကုမ္ပဏီက နောက်ဆုံး ဖြန့်ချိသော Galaxy Note 8 ၏ ဒီဇိုင်းပုံစံသည် Galaxy S8 ပုံစံ ခပ်ဆင်ဆင်ဖြစ်ပြီး Home key မ ပါဝင်ပေ။ မျက်နှာပြင် ၆ ဒသမ ၃ လက်မရှိပြီး Infinity AMOLED စနစ်ဖြစ်ကာ ရှေ့မျက်နှာစာတစ်ခု လုံးကို ဖုံးထားသည်။ ဆမ် ဆောင်းတံဆိပ်က အနက်ရောင် ဖန်သားပြင် မျက်နှာပြင်၏ အလှ ကို မဖျက်ဆီးနိုင်ပေ။
  • Wednesday 2017-08-30
    အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် အင်တာနက် အသုံးပြုခမြင့်မားနေဆဲဖြစ်သည်။ မိုဘိုင်းအင်တာနက်စနစ်ကို လူတိုင်းနီးပါး အသုံးပြုနိုင်ပြီဖြစ်သော်လည်း မြန်နှုန်းမြင့်ဖိုက်ဘာအင်တာနက်လိုင်းများကို စီးပွားရေးလုပ်ငန်းတိုင်းအသုံးပြုနိုင်ခြင်းမရှိပေ။ အင်တာနက်ကွန်ရက်ကို ပြန်လည်ဖြန့်ဖြူးပေးသည့် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက် (Gateway)ကိုလည်း ဆက်သွယ်ရေး အော်ပရေတာသုံးခုတည်းကသာချုပ်ကိုင်ထားဆဲဖြစ်သည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် အင်တာနက်လိုင်းများ ရောင်းချသည့် ဈေးကွက်ကို ပြုပြင်ပြောင်းလဲရန် Gateway လိုင်စင်များကို ၂၀၁၇ အတွင်း စတင်ချထားပေးခဲ့သည်။ Golden TMH Telecom ကုမ္ပဏီ သည် Gateway လိုင်စင်ပထမဦးဆုံးရရှိသည့် (အော်ပရေတာများမှအပ) ကုမ္ပဏီလေးခုအနက်တစ်ခုဖြစ်သည်။ အော်ပရေတာများနှင့်အပြိုင် အပြည်ပြည်ဆိုင်ရာ Gateway ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်လာခြင်းကြောင့် ပြောင်းလဲလာမည့် အင်တာနက်ကွန်ရက်ဈေးကွက်နှင့်ပတ်သက်၍ ကုမ္ပဏီမှ နည်းပညာဆိုင်ရာအရာရှိချုပ် ဦးကျော်နိုင်နှင့် 7Day News ဂျာနယ်က တွေ့ဆုံမေးမြန်းထားသည်များကို ပြန် လည်ဖော်ပြလိုက်ပါသည်။
  • Wednesday 2017-08-30
    စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ထန် ပါခွေ ကျောင်းလေး တွင် တာဝန်ထမ်း ဆောင်နေသည့် အထက်တန်းပြ ဆရာ၊ ဆရာမ ခုနစ်ဦးအနက် ခြောက်ဦးသည် ရာထူးတိုးဖြင့် အခြားဒေသသို့ ပြောင်းရွှေ့ရတော့ မည်ဖြစ်သည်။ ၎င်းတို့နေရာသို့ အစားထိုးရောက် လာမည့် ဆရာ၊ ဆရာမများကို ထန်ပါခွေကျောင်းမှ တိုင်းရင်း သားကလေးငယ်များ စောင့်မျှော် နေကြသည်။ ထန်ပါခွေတွင် တာဝန်ထမ်းဆောင်ချိန်စေ့၍ မြေ ပြန့်ပြန်ရမည့် ဆရာ၊ ဆရာမများ သည်လည်း အစားထိုးရောက်လာ မည့် ဆရာ၊ ဆရာမလေးများ ရောက်မလာသေး၍ ကျောင်းသား များ၏ စာသင်ချိန်များ လစ်ဟာ မည်ကိုတွေးကာ မြေပြန့်ဆင်းရ မည့်အရေး စိတ်တထင့်ထင့် ဖြစ်ရ သည်။ မြေပြန့်မှ တောင်ပေါ်လာရ မည့် ဆရာ၊ ဆရာမများထန်ပါခွေ သို့ မရောက်လာသေးသည်မှာ လည်း အကြောင်းရှိသည်။ ထန်ပါခွေသို့ရောက်ရန်  ပထမဆုံး ခန္တီးမြို့သို့လေကြောင်း (သို့မဟုတ်)ရေကြောင်းဖြင့် သွား ရသည်။ ခန္တီးမြို့တစ်ဖက်ကမ်း ဆင်သေရွာကို ကူးပြီးနာဂတောင် ကို ဆက်တက်ရသည်။ ဆင်သေမှ မိုင် ၅၀ ကျော်အကွာအဝေးရှိ နာဂတောင်တန်းပေါ်တွင်ထန်ပါခွေမြို့နယ်ရှိသည်။ လမ်းခရီးကမိုးရေနှင့် တောင်ကျရေသံကြောင့် အတော် ပျက်စီးသွားပြီး ကျောက်ကြမ်း လမ်းသာသာရှိတော့သည်။ ဆင် သေ-ထန်ပါခွေ လမ်းပေါ်ရှိ ကျောက်တောင်ချောင်းတံတား အပါအ၀င် တံတားအချို့မှာလည်း ယခုနှစ်ဇွန်လအတွင်းကပင် မိုး သည်းထန်၍ တောင်ကျရေနှင့် မျောပါသွားရာ ယာယီသစ်လုံးတံ တားကိုသာ အားပြုနေရသည်။ထိုအခြေအနေမျိုးတွင် ထန်ပါခွေ ကျောင်းသို့ တာဝန်ထမ်းဆောင်ရ မည့်ဆရာ၊ ဆရာမများ ရောက်မ လာသေးသည်မှာ အပြစ်မဆိုသာ ပေ။
  • Wednesday 2017-08-30
    အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် ပျိုးပင်စီမံကိန်းအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်မည့် အခမဲ့အ ထည်ချုပ်သင်တန်းသို့ တက် ရောက်ရန် လျှောက်ထားသူနည်း ပါးနေသေးကြောင်း သင်တန်း တာဝန်ရှိသူက ပြောသည်။ အဆိုပါ အထည်ချုပ်သင် တန်းကို စက်တင်ဘာ ၁၈ ရက်က စ၍ နှစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် တစ်ကြိမ်လျှင် သင်တန်းသားဦး ရေ ၁၂၀ ခန့်လက်ခံသင်ကြားရန် လျာထားသော်လည်း အခုအချိန် ထိ လျှောက်ထားသူဦးရေ ၄၀ ခန့် သာရှိသေးကြောင်း ပျိုးပင်စီမံ ကိန်းအဖွဲ့တာဝန်ရှိသူ မကြွယ် ဖြိုးဖြိုးအေးက ပြောသည်။
  • Wednesday 2017-08-30
    ပြီးခဲ့သည့် တစ်ပတ်တာအတွင်း ပြည်ထောင်စုလွှတ်တော်၊ ပြည် သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့တွင် ရခိုင်အရေးနှင့်ပတ် သက်၍ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များ၊ လယ် ယာမြေအရေးနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ မှတ် ချက်စကား စသည်တို့က ထင်ရှား ခဲ့သည်။ တစ်ပတ်အတွင်း မေး မြန်းတင်သွင်းခဲ့သော မေးခွန်း၊ အ ဆိုများနှင့် လုပ်ဆောင်ချက်များထဲ မှ ထူးခြားသည့်အကြောင်းအရာ များကို ကောက်နုတ်ချက်အဖြစ် 7Day News က ဖော်ပြလိုက်ပါ သည်။
  • Wednesday 2017-08-30
    မကြာသေးမီ ရက်ပိုင်း အတွင်းက ကာကွယ်ဆေးနှင့် ပတ်သက် သော အကြောင်းအရာတစ်ခု လူမှု ကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပေါ် ပျံ့နှံ့လာသည်။ ယင်းမှာ ၂၀၁၄ က ယူကျုဘ် ပေါ်၌ လွှင့်တင်ခဲ့သည့် ၀က်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ် ဆေး MMR သည် အော်တစ်ဇင် ရောဂါကို ဖြစ်ပွားစေသည်ဟူ သော ဗီဒီယိုဖိုင်ကို To A Better Health အမည်ရှိ အကောင့်တစ်ခု မှတစ်ဆင့် ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။
  • Wednesday 2017-08-30
    မြန်မာ့ပင်လယ်ပြင်အတွင်း ဆီယို ဖိတ်မှုများ ဖြစ်ပွားပါက တုံ့ပြန် ဆောင်ရွက်နိုင်ရန် အမျိုးသားအ ဆင့် ဆီယိုဖိတ်မှု တုံ့ပြန်ဆောင် ရွက်ရေးစီမံချက်ကို ၂၀၁၈ နှစ်ကုန်တွင် အပြီးသတ်ရေးဆွဲမည်ဟု ရေကြောင်းပို့ဆောင်ရေးညွှန်ကြား ရေးမှူး ဦးကိုကိုနိုင်က ပြောသည်။ မြန်မာ့ပင်လယ်ပြင်နယ်နိ မိတ်အတွင်း သင်္ဘောချင်းတိုက်မိ ၍ဖြစ်စေ၊ ရာသီဥတုအခြေအနေ ကြောင့်ဖြစ်စေ သင်္ဘောကြီးများထိခိုက်ကာ ဆီယိုဖိတ်မှုဖြစ်ပွားပါက ဖြေရှင်းဆောင်ရွက်နိုင်ရန် အမျိုးသား အဆင့်ဆီယိုဖိတ်မှု တုံ့ပြန်ဆောင် ရွက်ရေး စီမံချက်ကို ကမ္ဘာ့ရေ ကြောင်းအဖွဲ့ (IMO) ၏ ပံ့ပိုးမှုဖြင့် ရေးဆွဲနေသည်။
  • Wednesday 2017-08-30
    မြန်မာပြည်တွင် ပြည်သူလူထုကို အသိဉာဏ်၊ အသိပညာပေးသော စာနယ်ဇင်းများ ထုတ်ဝေရာ၌ ယခင်ဗြိတိသျှကိုလိုနီလက်ထက်က ကြီးပွားရေး နှင့် တိုးတက်ရေး မဂ္ဂဇင်းတို့ အထင်အရှားရှိခဲ့သည်။ လွတ်လပ်ရေးရပြီးခေတ်တွင် အသိပညာပေးသော စာနယ်ဇင်းအချို့ ပေါ်ထွက်ခဲ့သော်လည်း အထင်ရှား ဆုံးမှာ သင့်ဘ၀ မဂ္ဂဇင်းဖြစ်ပါသည်။ ထိုသင့်ဘ၀ သည်ပင် ၁၉၉၀ လွန်နှစ်များတွင် ပြန်လည်ရေပန်း စားလာပြီး အထူးသဖြင့် လူငယ်၊ လူရွယ် စာဖတ်သူ များ အားထားရာဖြစ်ခဲ့သည်။ သင့်ဘ၀မတိုင်မီက ထွက်နေသော အတွေးအမြင် ကမူ ဣနြေ္ဒရရ ချီတက်မြဲ ...။ နိုင်ငံရေးအရဖိနှိပ်မှုများနှင့် အယ်ဒီတာအဖွဲ့ အပြောင်းအလဲဖြစ်ပြီးနောက် သင့်ဘ၀အရှိန် လျော့ကျသွားသောအခါ စံပယ်ဖြူ မဂ္ဂဇင်း ပေါ်ထွက် လာပါသည်။ စံပယ်ဖြူသည် တစ်ခေတ်ဆန်းသစ်ခဲ့ ပေသည်။ ထို့နောက် တစ်ဖန်ထွက်ရှိလာသော စတိုင် သစ် နှင့် ချင်းတွင်း တို့က စာဖတ်သူကို မျက်စိဖွင့်၊နားဖွင့်ပေးခဲ့သည်။ သို့သော် စိတ်မကောင်းစရာတစ်ခုက စာကောင်းစာမွန်များသာ ရွေးချယ်ဖော်ပြလေ့ရှိသော ထိုစာနယ်ဇင်းများ မြန်မာပြည်တွင် အဓွန့်မရှည်၊ တဖြည်းဖြည်းပျောက်ကွယ်ခဲ့ရသည်။
  • Wednesday 2017-08-30
    အမေရိကန်၏ စစ်ဦးစီးချုပ် ဒေါ်နယ်ထရန့်နှင့် အာဖဂန်နစ္စတန်တွင် ခက်ခဲသော၊ တိုက်ပွဲဆင်နွှဲနေ သော သူ၏ တပ်မှူးဗိုလ်ချုပ်ကြီး  တို့ မည်သည်အချိန်ကမျှ မတွေဆုံ ဖူးပေ။ လပေါင်းများစွာ နောက် ဆုတ်ခဲ့ပြီးနောက် အာဖဂန်နစ္စတန် မဟာဗျူဟာကို အပြည့်အစုံတင် ပြရန် သမ္မတဒေါ်နယ်ထရန့်က သူ၏ အမျိုးသားလုံခြုံရေးအဖွဲ့ အစည်းအဝေးပြုလုပ်ချိန်မှာပင်  အာဖဂန်နစ္စတန်တပ်မှူး ဗိုလ်ချုပ် ကြီး ဂျွန်ဒဗလျူနီကိုလ်ဆင်ဂျူနီ ယာရှိမနေခဲ့ပေ။
  • Wednesday 2017-08-30
    မြန်မာနိုင်ငံ၏  ၀ါးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည် ရွယ်၍ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ကို စက်တင်ဘာ ၁၈ ရက်တွင် သန်လျင်မြို့၌ ပြုလုပ်မည်ဖြစ် သည်။
  • Wednesday 2017-08-30
    အင်းလေးဒေသတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုစေရန်မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်)နှင့် Partnership For Change,Inle Speaks တို့ ပူးပေါင်း၍ ကျေးရွာများရှိ ဒေသခံများအား ၀ါးလက်မှု ပညာအခြေခံသင်တန်း ပို့ချပေး မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါက်တာထွန်းလှိုင်က ပြောသည်။
  • Wednesday 2017-08-30
    မြနန်းစံကျော် ရွှေနန်းတော်နှင့် အင်းဝမြို့ဟောင်းအနီးရှိ ခံတပ် သုံးခုကို နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လည်ပတ်ရန် ခရီးသွားဇုန်တစ်ခုအနေဖြင့် ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်မည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ 
  • Wednesday 2017-08-30
    အင်းလေးဇုန်ဝင်ကြေးကို ကန်ဒေါ်လာ ၁၀ ဖြင့် ကောက်ခံနေရာမှ ယခုနှစ် အောက်တိုဘာကစ၍ ကန်ဒေါ်လာ ၁၀ (သို့မဟုတ်) ယင်းနှင့်ညီမျှသော မြန်မာကျပ်ငွေ နှစ်မျိုးလုံးဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(တောင်ကြီးဇုန်) တာဝန်ရှိသူက ပြောသည်။
  • Wednesday 2017-08-30
    စက်တင်ဘာကစတင်ပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို လစဉ်အင်္ဂါနေ့တိုင်း ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။
  • Wednesday 2017-08-30
    မြန်မာနိုင်ငံတွင် သီးနှံစိုက်ပျိုးမှုအတွက် ထပ်မံချဲ့ထွင်ရန် မြေနေရာနည်းပါးနေပြီး ကျန်ရှိနေသည့် မြေလွတ်မြေရိုင်းများကို ချဲ့ထွင်ရန်အစီအစဉ် မရှိသေးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။
  • Wednesday 2017-08-30
    ထိုင်း SCG ကုမ္ပဏီပိုင် မော်လမြိုင် ဘိလပ်မြေစက်ရုံ (MCL) အတွက် ကုန်ကြမ်းဖြစ်သည့် ထုံးကျောက် တောင်များ မိုင်းခွဲမှုကို ဥပုသ်နေ့ တိုင်းတွင် ရပ်နားခိုင်းထားကြောင်း မွန်ပြည်နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင် ဟန်က ပြောသည်။
  • Wednesday 2017-08-30
    (၁) စာရေးသူ တက္ကသိုလ် ကျောင်းသားဘ၀က မွေးမြူရေးပညာရပ်ကို သင်ကြားပို့ချပေးခဲ့ သော ပါမောက္ခဆရာကြီးဒေါက် တာအောင်သန်းဆုံးပါးခဲ့သည်မှာ ယ ခု ဩဂုတ်လတွင်လေးနှစ်တင်း တင်းပြည့်ခဲ့ပြီဖြစ်သည်။ ဆရာကြီး ဆုံးပါးချိန်တွင် စာရေးသူမှာ ရေ ဘေးကယ်ဆယ်ရေးတာဝန်ဖြင့် မွန်နှင့် ကရင်ပြည်နယ်များသို့ ခရီး ထွက်နေချိန်ဖြစ်ရာ ဆရာကြီး၏ နောက်ဆုံးခရီးသို့ လိုက်ပို့နိုင်မည်၊ မပို့နိုင်မည်မသေချာခဲ့။ ရန်ကုန် တွင် ကျန်ခဲ့သော သူငယ်ချင်းတစ် ယောက်က စာရေးသူတို့ပညာသင် နှစ်တပည့်များကိုယ်စား ဆရာကြီးအတွက် လွမ်းသူ့ပန်းခြင်းတစ်ခု စီစဉ်ခဲ့ပြီး ထိုပန်းခြင်းတွင် အတန်း ကိုယ်စား ဆရာကြီးအားနှုတ်ဆက် စကားရေးပေးရန် ဖုန်းဆက်လှမ်း ပြောခဲ့သည်။ စာရေးသူက ဆရာ ကြီးဒေါက်တာအောင်သန်းအား ကျောက်ကောင်းများထွက်သည့် တောင်တန်းအဖြစ် တင်စားကာ ကဗျာလေးတစ်ပိုဒ် ပေးပို့ဖြစ်ခဲ့ သည်။ မွေးမြူဆေးကုလောကအ တွက် တန်ဖိုးရှိသောတပည့်များ စွာကိုမွေးထုတ်ခဲ့သည် မဟုတ် လား။  ဒီနှစ်ဩဂုတ်မှာတော့ လွမ်းသူ့ပန်းခြင်းပေါ်က ကျွန်တော်ရေး ဖြစ်ခဲ့သည့် ထိုကဗျာအပိုင်းအစ လေးကို ဓာတ်ပုံရိုက်ကာ ပြန်လည် မျှဝေထားသည့် အတန်းကြီးအစ် ကို၊ အစ်မများ၏ ဖေ့စ်ဘွတ်ခ်ပို့စ် လေးတွေကို ပြန်တွေ့ရသည်။ ထို ဓာတ်ပုံလေးအောက်မှာ ဆရာကြီး ၏တပည့်များက အမှတ်တရ စကားတွေ ဆိုကြသည်။ တစ်ဦး ချင်းစီက သူတို့အား ဆရာကြီးက ဆုံးမခဲ့သည့် စကားလုံးများကို အတိအကျ မှတ်မိနေသေးသည်။ ဆရာကြီး၏ စာသင်ဟန်နှင့်အတန်း ထဲတွင် ပြောလေ့ရှိသောစကား များကို ပြန်အမှတ်ရကြသည်။
  • Wednesday 2017-08-30
    (တစ်) ယခုနောက်ပိုင်း တက္ကသိုလ် ကောလိပ်ကျောင်းများက စာပေဟောပြောပွဲများကို ခပ်စိပ်စိပ်ကျင်းပ၍လာခဲ့ရာ တော်တော့ကို အားရကျေနပ်စရာကောင်းလှပါသည်။ ကျွန်တော်တို့ ကျောင်းသားဘဝက တက္ကသိုလ်နယ်မြေဆိုသည်မှာ စာပေအနုပညာနှင့် တွဲစပ်နေသည့် ရပ်ဝန်းဒေသပင်ဖြစ်ပါသည်။ စာပေဟောပြောပွဲတို့က တစ်နှစ်ပတ်လုံး ပြတ်တောက်သွားသည်ဟူ၍ မရှိလှ။ အပတ်စဉ် စာ ပေဟောပြောပွဲမရှိသည့် ရက်သတ္တပတ်ဟူ၍ မရှိလှ။
  • Wednesday 2017-08-30
    ဇူလိုင် ၃၁  မေယုတောင်ကြော၌ အစွန်း ရောက်အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည့် မသင်္ကာဖွယ်တဲများနှင့် လူ့အသုံးအဆောင်ပစ္စည်းများ တွေ့ရှိ။ ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP)တံဆိပ်ပါ လူသားချင်းစာနာမှုဆိုင်ရာ ရိက္ခာများပါဝင်။ သြဂုတ် ၁ အစွန်းရောက်အကြမ်းဖက် သမားများ လက်လုပ်မိုင်းပြုလုပ်စဉ် မောင်တောမြို့နယ် ပန်းတော ပြင်ကျေးရွာအုပ်စု၌ ပေါက်ကွဲမှု ဖြစ်ပွား။ အသေးစိတ် ထပ်မံစစ် ဆေးရာ ပစ္စတိုကျည် နှစ်တောင့်၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအချို့နှင့် တွက်ချက်ထား သည့် မှတ်တမ်းစာအုပ်တစ်အုပ် တို့ကို တွေ့ရှိ။
  • Wednesday 2017-08-30
    မြန်မာစာပေ လောကအတွက် ကျေးဇူးကြီးမားတဲ့ အဖွဲ့စည်းတစ်ခုရှိခဲ့တယ်။ သူ့သက်တမ်းက နှစ်ပေါင်း ၇၀ တိတိပြည့်ခဲ့ပါပြီ။ သူ့ကျေးဇူးကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူတွေ နား၊ မျက်စိတွေ ပွင့်ခဲ့ကြတယ်၊ အသိပညာဗဟုသုတတွေ တိုးပွားခဲ့ကြတယ်။ သူကတော့ ရန်ကုန်မြို့ကုန်သည်လမ်းက စာပေဗိမာန်ဆိုတဲ့ အဖွဲ့အ စည်းဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ စတင် မွေးဖွားခဲ့ပြီး စာပေဗိမာန်နဲ့ မူလ အစက မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းဖြစ်ပါတယ်။ စာပေဗိမာန်ရဲ့ သက်တမ်း နှစ် ၇၀ သက်တမ်းအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေ က ဂုဏ်ယူစရာကောင်းတယ်။ ၁၉၄၉ ခုနှစ်မှာ မြန်မာ့စွယ်စုံကျမ်း လို မြန်မာလူ့အဖွဲ့အစည်းအတွက် အားကိုးအားထား စံပြုလောက် စရာ ကျမ်းကြီးကျမ်းခိုင်တွေ ပြုစုနိုင်ခဲ့တယ်။ ပြည်သူ့ လက်စွဲ စာစဉ်၊လူထုသိပ္ပံကျမ်းလို အရေးပါအရာရောက်တဲ့၊ စာရောက်တဲ့ စာစဉ်တွေ ထုတ်ဝေနိုင်ခဲ့တယ်။ စာရေးဆရာမကြီး (ဒေါ်)ခင်မျိုးချစ်ရဲ့ မိုက်ကယ်လ်အိန်ဂျလို၊ ဆရာမောင်ထင်ရဲ့ ကမ္ဘာ့စာပေအညွှန်း စတဲ့စာအုပ်ကောင်းများစွာ ထုတ်ဝေ နိုင်ခဲ့ပါတယ်။
  • Wednesday 2017-08-30
    စာရေးသူဟာ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၃ ရက်နေ့မှာ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့မှာ ကျင်းပတဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးအလုပ် ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါ တယ်။ မြန်မာနိုင်ငံရှိ တိုင်းဒေသ ကြီး မြို့တော်များမှာ ကျင်းပတဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးနဲ့ပတ် သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ အထဲမှာ ဒုတိယအကြိမ်မြောက် တက်ရောက်ခွင့်ရရှိခဲ့တာ ဖြစ်ပါ တယ်။ ပထမအကြိမ်က မန္တလေး မြို့မှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ကျင်းပခဲ့တာဖြစ်ပြီး စာ ရေးသူက "Land for Urban Development Urban Develop-ment for Effective Land Market" ‘မြို့ပြဖွံ့ဖြိုးရေးအတွက် မြေယာနှင့် ထိရောက်သောမြေယာ ဈေးကွက် ဖြစ်ထွန်းရေးအတွက်မြို့ပြဖွံ့ဖြိုးမှု’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပြီး ဒေါက်တာသန့် မြင့်ဦးက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် (Cultural Heritage) အကြောင်း ဆွေးနွေးခဲ့တာ ဖြစ်ပါ တယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ မြို့တော် ဝန်တို့သာမက မြို့ပေါ်က ရှေး ဟောင်းအမွေအနှစ်ပညာရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နဲ့ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်း ရှင်များ တက်ရောက်ခဲ့ကြပါ တယ်။ အစီအစဉ်မှူး ဆရာကျော် ရင်မြင့်ကလည်း စိတ်ဝင်စားဖွယ် ကောင်းတဲ့ မေးခွန်းတွေမေးပြီး ပါဝင်ဆွေးနွေးကြတာကို ကောင်း စွာမှတ်မိနေခဲ့ပါတယ်။
  • Wednesday 2017-08-30
    ‘စာနယ်ဇင်းအလုပ်သည် ရာဇဝတ်မှုမဟုတ်’ဟူသော တီရှပ်အဖြူ ရောင်ဝတ်ဆင်ထားသည့် လူငယ် အချို့ကို ရန်ကုန်မြို့ လမ်းမများ ပေါ်တွင် တွေ့နေရသည်။ ‘စာနယ် ဇင်းလွတ်လပ်ခွင့်ရှိရမည်’ဟူ သော အနီရောင်စာလုံးခပ်ကြီးကြီး ပင် ပါသေးသည်။ ထိုတီရှပ်၏ အဓိပ္ပာယ်သည် ရန်ကုန်မြို့နှင့် မိုင် ပေါင်းရာကျော်ကွာဝေးသည့် သီ ပေါမြို့နယ်တွင် အမှုရင်ဆိုင်နေရ သည့် သတင်းသမားသုံးဦးကို ရည် ညွှန်းသည်။ ကိုယ့်အလုပ်ကိုယ် လုပ်ရင်း အိမ်ပြန်မရောက်နိုင်ခဲ့ သည့် သတင်းသမားသုံးဦးအ တွက် ဖြစ်သည်။ ပြစ်မှုထင်ရှား၍ တရားရုံးက သာ စီရင်ချက်ချပါက လာမည့် ၂ နှစ်မှ သုံးနှစ်အထိ သူတို့သည် အိမ် အပြန်လမ်းနှင့် ဝေးနေဦးမည်ဖြစ်သည်။ ‘‘ဒါကြည့် သတင်းထောက် လုပ်လို့ ငါလက်ထိတ်နဲ့။ ဒါဒီမိုက ရေစီလို့ပြောလို့ရမလား’’ သံကြိုးနှင့် ချည်ထားသော သတင်းထောက်သုံးဦး၏ပုံနှင့်အ တူ တီရှပ်နောက်ကျောတွင် စာလုံးမည်းကြီးနှင့် ရိုက်နှိပ်ထားသော သတင်းထောက် လဝီဝမ်၏ မေး ခွန်းထုတ်မှုဖြစ်သည်။
  • Wednesday 2017-08-30
    လီနက်ယွန်သည် တောင်ကို ရီးယားနိုင်ငံရေးသမားဖြစ်ပြီး နိုင်ငံ၏ ၄၅ ဦးမြောက်နှင့် လက်ရှိဝန်ကြီးချုပ်ဖြစ်သည်။ ဝန်ကြီးချုပ်တာဝန်မယူမီ ဂျိုလာနန်ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။
  • Wednesday 2017-08-30
    ‘‘လာပါဦး လာပါဦး အဆွေကိုဝလုံး ကိုဝလုံးလေး ကတုံးတို မျက်နှာပြုံးချိုချို ပြုံးချိုချိုမို့ လာပါဦး အဆွေကိုဝလုံး’’ သြဂုတ်လကုန် မိုးလလယ် ရက်တစ်ရက်၏ ပြိုတော့မလို အုံ့ မှိုင်းနေသော မိုးသားအောက်တွင် အမိုးသာရှိပြီး အကာမရှိသေး သည့် ကျောင်းဆောင်ကလေးတစ် ခုအတွင်းဝယ် အယောက် ၂၀ ခန့် ရှိမည့် အသက်(၆)နှစ်ဝန်းကျင် အဖြူ၊ အစိမ်းဝတ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များသည် ဆရာတင်မိုး၏ ‘သဘောကောင်း တဲ့ ကိုဝလုံး’ဟု အမည်ရသည့် ချစ်စဖွယ် ကလေးကဗျာ တစ်ပုဒ် ကို ညီညီညာညာ ရွတ်ဆိုပြနေ သည်။
  • Wednesday 2017-08-30
    လူမှုကွန်ရက်ကို အသုံးပြု၍ ပရိ သတ်နှင့် တိုက်ရိုက်ထိတွေ့ဆက် ဆံလာသည့် အနုပညာရှင်များ တွင် အားပေးချီးကျူးမှုများကို ချက်ချင်းရရှိခံစားနိုင်သလိုပင် ဝေ ဖန်တိုက်ခိုက်မှုများကိုလည်း ချက် ချင်းလက်ခံနေရသည်။ လူမှုကွန် ရက်သုံးစွဲသူတိုင်း ကြုံလေ့ရှိတတ် သော ယင်းပြဿနာသည် ကျော် ကြားသူ အနုပညာရှင်များဆိုလျှင် ပြောဖွယ်ရာပင်မရှိ။ စိတ်နှင့် အ လုပ်လုပ်ရသော အနုပညာရှင်ဖြစ် ၍ အဆိုပါအာရုံနောက်ဖွယ် အင် တာနက်လူမှုကွန်ရက်အသုံးပြု ခြင်းကို စိတ်ကုန်စိတ်ပျက်နေပြီဟု အနုပညာသက်တမ်းနှစ် ၃၀ ရှိပြီ ဖြစ်သည့် မင်းသမီး မြတ်ကေသီ အောင်က ဆိုသည်။
  • Wednesday 2017-08-30
    သြဂုတ် ၂၆ ရက်က မလေးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ်ကျင်းပနေသည့် ထိုင်း-မြန်မာအကြိုဗိုလ် လုပွဲသို့ သွားရောက်အားပေးသည့် သရုပ်ဆောင်  မင်းသွေးက မြန်မာအသင်းရှုံးနိမ့်မှုအတွက် စိတ်မကောင်းကြောင်း ယခုလို ပြောသည်။
  • Wednesday 2017-08-30
    မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် (၂၉)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)သည် ဩဂုတ် ၃၀ ရက် (ယနေ့)တွင် ပြီးဆုံးမည်ဖြစ်သည်။ ဩဂုတ် ၂၈ ရက် အားကစားပြိုင်ပွဲ များ ပြီးဆုံးချိန်အထိ မြန်မာအား ကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ်ခုနစ်ခုသာ ရရှိထားပြီး ပြီးခဲ့သည့် ၂၀၁၅ စင်ကာပူဆီးဂိမ်းတွင် ရရှိခဲ့သည့် ရွှေတံဆိပ်အရေအတွက် ၁၂ ခုထက် ထက်ဝက်ခန့် လျော့နည်းနေသည်။ ဆီးဂိမ်းပြိုင်ပွဲပြီးဆုံးရန် လက်ကျန်နှစ်ရက် (ဩဂုတ် ၂၉ နှင့် ၃၀ ရက်)ပြိုင်ပွဲများတွင်လည်း မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်မျှော်မှန်းနိုင်သည့် အားကစားနည်း အနည်းငယ်သာကျန်ရှိတော့သည်။ ၂၀၁၇ ဆီးဂိမ်းတွင် ရွှေတံဆိပ် ၁၀ ခုခန့်သာ ရယူနိုင်ဖွယ်ရှိသည်။
  • Wednesday 2017-08-30
    ၂၀၁၆  ဒီဇင်ဘာတုန်းက ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌယူလီဟိုးနက်စ်ကနှစ်အနည်းငယ်အတွင်း ဘောလုံးလောကမှာ ယူရိုသန်း ၂၀၀ တန်အပြောင်းအရွှေ့တွေ ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ဖူးပါတယ်။ မန်ယူက ဂျူဗင်တပ်ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကို ယူရို ၁၀၅ သန်းနဲ့ခေါ်ယူမှုဟာ ကမ္ဘာ့စံချိန်တင် ဘောလုံးသမားပြောင်းရွှေ့ကြေးဖြစ်ခဲ့တဲ့နောက် ဟိုးနက်စ်က အခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
  • Wednesday 2017-08-30
    ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဘန်ကောက်မြို့၊ တရား ရုံးချုပ်တွင်ရှိနေသော တရားရေး အရာရှိအားလုံးက အမျိုးသမီး တစ်ဦးကို စောင့်မျှော်နေခဲ့ကြ သည်။ သို့သော် ထိုင်းဝန်ကြီးချုပ် ဟောင်း ယင်လပ်ရှင်နာဝပ်တစ် ယောက် အဆိုပါတရားခွင်သို့ ရောက်မလာခဲ့ချေ။ တရားစွဲဆိုခံထားရသည့် အမှုတစ်ခုအတွက် နောက်ဆုံး စီရင်ချက်ချမှတ်မည့် နေ့တွင် တရားခွင်သို့ ရောက်ရှိလာ ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
  • Wednesday 2017-08-30
    အများပြည်သူတို့၏ အကျိုးနှင့်မှန်ကန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရသည် မြန်မာနိုင်ငံမှာ အကျင့်ပျက်ခြစားမှု ကို နှိမ်နင်းရန် အလေးပေးကြိုး ပမ်းနေသည်။ ၂၀၁၆ မှာ သူတို့အစိုးရတာဝန်ယူကတည်းက ရက်ပိုင်းအတွင်းမှာ အစိုးရတာဝန်ယူသူများ တန်ဖိုးကြီးလက်ဆောင်များ လက်ခံနေခြင်းကို ပိတ်ပင်သည့် စည်းမျဉ်းများကို သူက ထုတ်ပြန်ခဲ့သည်။ ထို့နောက် သူတို့အစိုးရအဖွဲ့ကို ပိုပြီးထိရောက်အကျိုးဖြစ်လာရန် တိုင်းပြည်၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ခဲ့သည်။ သို့သော်လည်းတိုးတက်မှုက နှေးကွေးနေဆဲဖြစ်သည်။

Pages