အတွဲ (၁၆)၊ အမှတ် (၂၇)

Issue Date: 
Wednesday, September 13, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ ဗုဒ္ဓဟူး၊ (စက်တင်ဘာ ၁၃၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Wednesday 2017-09-13
    ၎င်းတို့အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များ ပြုလုပ်ခဲ့သည့်အတွက် အမေရိကန် အနေဖြင့် အနာကျင်ဆုံး ထိခိုက် ခံစားစေရမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်လိုက်သည်။
  • Wednesday 2017-09-13
    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိုက်ဘာအင်တာနက်လိုင်း၏ဈေး နှုန်းကို လျှော့ချခြင်းသည် အိမ်သုံး၊ ရုံးသုံးအင်တာနက်လိုင်းများကို ရောင်းချရေးဈေးကွက်ဝင်ရန် ပြင်ဆင်နေသည့် ကုမ္ပဏီငယ်များအတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်သည်။ ISP ကုမ္ပဏီအများအပြားက ဈေးကွက်ဖော်ဆောင်ရန် ပြင်ဆင် နေချိန်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိုက်ဘာအင်တာနက်လိုင်းဈေးနှုန်းကို ဆက်သွယ်ရေး သမိုင်းတစ်လျှောက် အနိမ့်ဆုံး ဈေးနှုန်းသို့ လျှော့ချခြင်းဖြစ်သည်။
  • Wednesday 2017-09-13
    ပြည်တွင်း ပညာရေးဈေးကွက်တွင် အစိုးရ အခြေခံပညာကျောင်းများနှင့်အပြိုင် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများ နေရာယူလာခဲ့သည့် သက်တမ်းသည် ခြောက်နှစ်အတွင်းဝင်ရောက်လာပြီဖြစ်သည်။ ၂၀၁၁ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၄) ဖြင့် ၂၀၁၁ ဒီဇင်ဘာ ၂ ရက်တွင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ဥပဒေအရ ၂၀၁၂ ဧပြီ ၄ ရက်တွင် ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နည်းဥပဒေများကို ထပ်မံပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေ၊ နည်းဥပဒေ များဖြင့် ၂၀၁၂-၂၀၁၃ ပညာသင် နှစ်ကစ၍ တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ စတင်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
  • Wednesday 2017-09-13
    တောင်ကိုရီးယားနိုင်ငံသို့ ပုဂ္ဂလိကအေဂျင်စီများက ကမ်းနီးရေလုပ် သားများစေလွှတ်ခွင့်ရရှိရန် ညှိနှိုင်းမှုများ မပြီးပြတ်သေးကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူကပြောသည်။
  • Wednesday 2017-09-13
    ရခိုင်အရေးနှင့်ပတ်သက်၍ ပြည်ပရှိ မြန်မာသံရုံးအချို့တွင် ဆန္ဒပြမှုများ ကြုံတွေ့နေရသည်။ ထို့အပြင် အချို့သောနိုင်ငံများကလည်း လူ့အခွင့်အရေးရှုထောင့်မှနေ၍ ရခိုင်အရေးအပေါ် ဖိအားပေး နေကြသည်။ လတ်တလော အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထက်နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့်လက်ရှိပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌဦးဝဏ္ဏမောင်လွင်နှင့် စက်တင်ဘာ ၁၀ရက်က တွေ့ဆုံစဉ် မေးမြန်းထားမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
  • Wednesday 2017-09-13
    ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများတွင် ပါ ၀င်ပံ့ပိုးပေးခြင်းသည်သာ အ ကောင်းဆုံးကူညီနိုင်မည့်နည်း လမ်းဖြစ်ကြောင်း နိုင်ငံတကာ အသိုက်အ၀န်းအားနိုင်ငံခြားရေး ၀န်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်တွင်တိုက်တွန်းထုတ်ပြန် သည်။
  • Wednesday 2017-09-13
    မွန်အမျိုးသား ပညာရေးဌာနအောက်ရှိ မွန်အမျိုးသားကျောင်းများက အကူအညီတောင်းလျှင် ပြည်နယ်အစိုးရအဖွဲ့က ကူညီရန် အဆင်သင့်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။
  • Wednesday 2017-09-13
    (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖြစ်၊ မဖြစ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်ကြေညာမည်ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
  • Wednesday 2017-09-13
    မြန်မာပြည်တွင် ကာလအတန်ကြာနေဖူးပြီး နောင်တစ်ချိန် ကမ္ဘာကျော်ခဲ့သော အင်္ဂလိပ်စာရေး ဆရာကြီးဂျော့(ခ်ျ)အော်ဝဲ (George Orwell)၏ နာ မည်ကြီး Animal Farm ၀တ္ထုကို ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်သူ သခင်ဘသောင်းက မြန်မာ ဘာသာသို့ ပြန်ဆိုသောစာအုပ်ဖြစ်သည်။ ၁၉၅၁ ခုနှစ်က ပထမအကြိမ်ထွက်ခဲ့ပြီး စာအုပ်ဈေးကွက်ထဲ ပြတ်လပ်နေကာ ယခုပြန်လည်ထွက်ရှိလာသော စာအုပ်လည်း ဖြစ်ပေသည်။ 
  • Wednesday 2017-09-13
    နောက်ဖေးလမ်းကြား စည်းကမ်း မဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းသိမ်း ဆည်းခြင်းကို မင်္ဂလာတောင်ညွန့် နှင့် စမ်းချောင်းမြို့နယ်တို့တွင် တိုးချဲ့ဆောင်ရွက်မည်ဟု ရန်ကုန်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။
  • Wednesday 2017-09-13
    လက်ရှိတွင် နယ်မြေမငြိမ်သက်မှု များ ဖြစ်ပွားနေသည့် ရခိုင်ပြည် နယ်ကဲ့သို့ နေရာမျိုး၌ ကာကွယ် ဆေးလွှမ်းခြုံနိုင်မှုသည် စိုးရိမ်ရ မည့် အချက်တစ်ချက်ဖြစ်သည်။ ယခင်ကတည်းကပင် ရခိုင်အပါ အဝင် ရှမ်း၊ ကချင်၊ ‘ဝ’၊ ကိုးကန့် အစရှိသည့် နေရာများ၌ ကာကွယ် ဆေးလွှမ်းခြုံမှု အားနည်းခဲ့သည်။ ထို့အပြင် တစ်ရက်လုပ်တစ်ရက် စား မိဘအချို့ကြောင့် ကာကွယ် ဆေး အပြည့်အဝမရရှိသည့် ကလေးများလည်း ရှိနေသေး သည်။ ထိုသို့ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းခြင်းသည် ကူးစက်ရောဂါများကို  ခေါင်းပြန် ထောင်လာစေနိုင်၍ အဆိုပါဒေသ များတွင် ကာကွယ်ဆေးနှင့်ပတ် သက်၍ မည်သို့ဆောင်ရွက်နေ သည်ကို ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ဗဟိုကာကွယ် ဆေးထိုးလုပ်ငန်း လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုးနှင့် မေးမြန်းထားမှု များကို ဖော်ပြလိုက်ပါသည်။
  • Wednesday 2017-09-13
    ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အ မွေအနှစ် စာရင်းဝင်နယ်မြေအဖြစ် စက်တင်ဘာလကုန်တွင် အဆိုပြု တင်သွင်းမည်ဖြစ်ကြောင်း သစ် တောဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်က ပြောကြား သည်။
  • Wednesday 2017-09-13
    ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့ နယ်ရှိ ၀င်္ဂဘော်ဆင်စခန်းတွင် အမိမဲ့ဆင်ကလေးများကို ထိန်း သိမ်းစောင့်ရှောက်မည်ဟု မြန်မာ့သစ်လုပ်ငန်း ဒုအထွေထွေမန်နေဂျာ ဦးအေးချိုသောင်းက ပြော ကြားသည်။
  • Wednesday 2017-09-13
    အမှောင်ဖုံးသော သောကြာနေ့ (Black Fir-day) ဟူ မြန်မာ့အစိုး ရက တင်စားသတ်မှတ်ခဲ့သည့် သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်တိုက် ခိုက်မှုများဖြစ်ပွားပြီးနောက် ပြည်တွင်းနှင့် ကမ္ဘာ့မီဒီယာအသီးသီးတွင် မြန်မာ့သတင်းများသည် ထိပ်တန်းသတင်းအဖြစ် ရက်ပေါင်းများစွာ ရှိနေခဲ့သည်။
  • Wednesday 2017-09-13
    မြန်မာပြည်တွင် ကာလအတန်ကြာနေဖူးပြီး နောင်တစ်ချိန် ကမ္ဘာကျော်ခဲ့သော အင်္ဂလိပ်စာရေး ဆရာကြီးဂျော့(ခ်ျ)အော်ဝဲ (George Orwell)၏ နာ မည်ကြီး Animal Farm ၀တ္ထုကို ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်သူ သခင်ဘသောင်းက မြန်မာ ဘာသာသို့ ပြန်ဆိုသောစာအုပ်ဖြစ်သည်။ ၁၉၅၁ ခုနှစ်က ပထမအကြိမ်ထွက်ခဲ့ပြီး စာအုပ်ဈေးကွက်ထဲ ပြတ်လပ်နေကာ ယခုပြန်လည်ထွက်ရှိလာသော စာအုပ်လည်း ဖြစ်ပေသည်။
  • Wednesday 2017-09-13
    စစ်သွေးကြွတိုက်ခိုက်မှုများ ကို မိမိတို့နိုင်ငံမှာပင် မွေးဖွားကြီးပြင်းလာသော တစ်ကိုယ်တော် အကြမ်းဖက်သမားများက ပိုမိုလုပ်ဆောင်နေကြသဖြင့် မိမိတို့အနေ ဖြင့် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်း ခြောက်မှုများကို ထောက်လှမ်းသိ ရှိနိုင်ရေး လူမှုမီဒီယာကုမ္ပဏီများ ၏ ကူညီပံ့ပိုးမှု ပိုမိုလိုအပ်သည်ဟု အနောက်တိုင်းအင်အားကြီးနိုင်ငံ လေးနိုင်ငံမှ ထိပ်တန်းအကြမ်း ဖက်တိုက်ဖျက်ရေး အကြီးအကဲ များက ပြောကြားသည်။ အစဉ်အလာအားဖြင့် အသုံး ပြုနေကြသော ထောက်လှမ်းရေး နည်းနာများက နိုင်ငံရပ်ခြားမှ ပါ ဝင်ဆောင်ရွက်ပြီး ကြီးမားသည့် အကြံအစည်များကို ဟန့်တားနိုင် သော်လည်း ယခုနှစ်အတွင်း ဗြိတိန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း များစွာ သေဆုံးခဲ့သည့် တစ်ကိုယ် တော်တိုက်ခိုက်မှုများကို ဖော် ထုတ်ရန် အစဉ်အလာနည်းလမ်းများသည် ပြည့်စုံလုံလောက်မှုမရှိ ဟု အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့် ကနေဒါနိုင်ငံမှ အရာရှိကြီးများ က ပြောကြားသည်။
  • Wednesday 2017-09-13
    ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ လေးမြို့မြစ်တွင် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ် (စက်တပ်အင်အား) ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် အကြိုစမ်းသပ်လေ့လာမှု စက်တင်ဘာလဆန်း၌ စတင်ပြုလုပ်နေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
  • Wednesday 2017-09-13
    ပဲဈေးကွက်မတည်ငြိမ်၍ ပဲအစားထိုးစိုက်ပျိုးနိုင်မည့် ဈေးကွက်ရသီးနှံကို အစိုးရက ပြောကြားပေးစေလိုကြောင်း ပဲစိုက်တောင်သူများက ပြောသည်။
  • Wednesday 2017-09-13
    အန်ဂျလာမာကယ်ဟာ စတုတ္ထ သက်တမ်းရာထူးအတွက် ရွေး ကောက်ပွဲဝင်ပြိုင်ပါမယ်။ အာ ဏာစွဲလမ်းမှု၊ ဂျာမနီမော်တော် ကားလုပ်ငန်းနယ်ပယ်ရဲ့ နိုင်ငံ ရေးအပေါ် သြဇာလွှမ်းမိုးမှုနဲ့ လက်ယာဘက်မှာ ထောက်ခံမဲတွေ ပြန် ရအောင် သူ့ရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ အဓိပတိအန်ဂျလာ မာကယ်ကို DER SPIEGEL သတင်းဌာနက တွေ့ဆုံမေးမြန်း ထားပါတယ်။
  • Wednesday 2017-09-13
    ဂက်စတန်အယ်လ်ဖွန်ဆို ဘရောင်းသည် ကာရစ်ဘီယံဒေသ ရှိ အန်တီဂွာနှင့် ဘာဘူဒါကျွန်းစု နိုင်ငံ၏ လက်ရှိဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၁၄ က အာဏာရရှိခဲ့သည်။ နိုင်ငံရေးလောကသို့ မဝင်ရောက် မီ ဂက်စတန်သည် စီးပွားရေး လုပ် ငန်းရှင်တစ်ဦးဖြစ်ခဲ့သည်။
  • Wednesday 2017-09-13
    လွန်ခဲ့သော ရက်သတ္တပတ်က ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာရှိတဲ့ ပြည်သူ့စာကြည့်တိုက်မှာ ဖွင့်လှစ်သော အခြေခံကွန်ပျူတာ သင်တန်းတစ်ခုကို လေ့လာခွင့်ရခဲ့ပါတယ်။ သင်တန်းသားတွေက မူလတန်း၊ အလယ်တန်းကျောင်း သားကလေးတွေဖြစ်ပါတယ်။ သူ တို့ကိုယ်စီရှေ့မှာ လက်ပ်တော့ ကွန်ပျူတာလေးတွေ တန်းစီရှိကြပါတယ်။ သူတို့နဲ့အတူ မှတ်စုမှတ် ဖို့ စာအုပ်၊ ဘောပင်တစ်ခုမှ မ တွေ့ရပါဘူး။ သင်တန်းစတော့ ကွန်ပျူ တာသင်တန်းဆရာက တပည့် တွေကို ဒီကို ကွန်ပျူတာလာသင်တာ ဘာလုပ်ဖို့လဲလို့ တစ်ဦးချင်း မေးပါတယ်။ ကလေးတွေက ‘ဂိမ်း ဆော့ဖို့’၊ ‘စာစီစာရိုက်ဖို့’၊ ‘ဓာတ်ပုံ တည်းဖြတ်ဖို့’၊ ‘စာရင်းလုပ်ဖို့’၊ ‘အင်တာနက်ကြည့်ဖို့’ စသည်ဖြင့် ကိုယ်လုပ်ချင်တာတွေ ပြောကြပါတယ်။ ဆက်လက်ပြီး ဆရာက ကွန်ပျူတာကို ကလေးတွေ ကိုင် ခိုင်းပြီး ဘယ်လိုနေလဲလို့ မေး တော့ ကလေးတွေက ‘မာမာကြီး’ လို့ ပြန်ဖြေကြပါတယ်။ ‘အဲသလို လက်နဲ့ တို့ထိ ကိုင်တွယ်လို့ရတဲ့ မာမာကြီးကို Hardware စက် ပစ္စည်းလို့ခေါ်တယ် ကလေးတို့ရဲ့’ လို့ ဆရာက ပြောပါတယ်။ ‘နောက်ပြီး ကလေးတို့ကိုင်တွယ် ထိတွေ့ခွင့်မရတဲ့ သက်ဆိုင်ရာ လုပ်ငန်းတွေလုပ်ရန် အမိန့်ညွှန်ကြားပေးတဲ့ အစုအဝေးအစီအစဉ်ကိုတော့ ပရိုဂရမ် Software လို့ခေါ်တယ်’လို့ ဆရာက ပြောပြနေပါတယ်။
  • Wednesday 2017-09-13
    မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်တွင် ပြသမည့် ‘သရာ စောထိ’ ရုပ်ရှင်ဇာတ်ကားတွင် မငြိမ်းချမ်းသေးသည့် ဒေသများ မှ ကလေးငယ်များ၏ ပညာသင် ကြားရေး လိုအပ်ချက်များကို ထောက်ပြထားကြောင်း သရုပ် ဆောင်ထွန်းထွန်းက ပြောသည်။ 
  • Wednesday 2017-09-13
    (တစ်) နှစ်ဆယ်ရာစုအထွက် နှစ်ဆယ့်တစ်ရာစုအဝင် နှစ်ကာလများ၌ Non-fiction ခေါ် ဝတ္ထုမဟုတ် သည့်စာများကို ရေးသားသည့် မြန်မာစာရေးဆရာအချို့၏ကျေး ဇူးဖြင့် သဘောတရားအသစ်များ နှင့်အတူ ဝေါဟာရအသစ်များ လည်း မြန်မာ့လူမှုဘဝထဲသို့ ဝင် ရောက်လာခဲ့ပါသည်။ ဤ၌ လူသိအများဆုံး၊ လူသုံးအများဆုံးဝေါ ဟာရက ဂလိုဘယ်လိုက်ဇေးရှင်း (Globalization)ပဲ ဖြစ်ပါသည်။ မည်သည့်ဆရာ၏ဘာသာ ပြန်ချက်က တိကျ၊ ထိမိ၊ ကျစ် လျစ်၊ လှပသလဲဆိုသည်ကို ကျွန် တော်အကဲဖြတ်နိုင်စွမ်းမရှိပါ။ ဝေါဟာရ၏ အနက်အဓိပ္ပာယ်က မူ တော်တော့ကို နက်ရှိုင်းပါသည်။ကမ္ဘာပြုမှု၊ ကမ္ဘာနှင့်လွှမ်းခြုံကာ စဉ်းစားရှင်သန်နေထိုင်တတ်မှု။ လူသည် ကိုယ့်အမျိုးသားလက္ခ ဏာအမှတ်အသားပေါ်၌ အသေ ရပ်ကာ မနေဘဲ ကမ္ဘာသူကမ္ဘာ သားလိပ်ပြာဖြင့် ကျယ်ပြန့်သော သဘောထားနှင့် ရှင်သန်နိုင်စွမ်း ရှိမှုသို့ ဦးတည်သည့် ဝေါဟာရပင် ဖြစ်ပါသည်။ ငါ့အယူအဆ၊ ငါ့ ယုံကြည်ကိုးကွယ်ရာ၊ ငါ့ဓလေ့ ထုံးစံ၊ ငါ့ယဉ်ကျေးမှု စသည့် အခု အခံ အစွဲအလမ်းတို့ကို ပါးလျစေ ကာ ကမ္ဘာသူ၊ ကမ္ဘာသားဟူသည့် အသိဖြင့် ကိုယ်မှတစ်ပါး အခြား သော အရာများကိုလည်း နား လည်ပေးနိုင်ရေးပင်ဖြစ်ပါသည်။
  • Wednesday 2017-09-13
    (၁) အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေကို ယခင်လွှတ်တော် သက်တမ်းအတွင်း ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းခဲ့ပါတယ်။ အတိအကျပြောရရင် ၂၀၁၄ ဇွန် လ ၄ ရက်မှာ အဲဒီအချိန်က နိုင်ငံ တော်သမ္မတဦးသိန်းစိန်က လက် မှတ်ရေးထိုးပြဋ္ဌာန်းလိုက်တာ ဖြစ် ပါတယ်။ အဲဒီဥပဒေအခန်း(၁)အ မည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပာယ် ဖော်ပြချက် ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)မှာ အကြမ်းဖက်မှုဆိုတာ ဘာလဲဆို တာကို ဖော်ပြထားပါတယ်။ အဲ ဒီလိုဖော်ပြရာမှာ‘‘အကြမ်းဖက်မှုဆို သည်မှာ အကြမ်းဖက်မှုကျူးလွန် ရန် ရည်ရွယ်ချက်ဖြင့် အောက် ဖော်ပြပါပြစ်မှုတစ်ရပ်ရပ်ကို ပြု လုပ်မှုနှင့် ပြုလုပ်ရန်ပျက်ကွက်မှု များကို ဆိုသည်’’လို့ ဖော်ပြပြီး ပြစ်မှုအမျိုးအစား ၁၈ ခုကို စာ ရင်း ပြုစုထားတာကို တွေ့ရပါ တယ်။ ‘‘အကြမ်းဖက်မှု’’ကို အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ‘အကြမ်းဖက်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့်’ဆိုသည်အဓိပ္ပာယ်ဖွင့်ဆိုလို တဲ့ စကားရပ်ပြန်လည်ထည့်သွင်းထားတာက ဥပဒေပညာမလေ့လာဖူးခဲ့တဲ့ သာမန်ပြည်သူတစ် ယောက်အနေနဲ့ အတော်လေး မျက်စိလည်ရပါတယ်။ ဒီထက်ပိုမိုကျစ်လျစ်တဲ့ အကြမ်းဖက်မှုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးကို ပြဋ္ဌာန်းပေးနိုင်ရင် ကောင်းမယ်လို့ လည်း အတွေးပွားမိပါတယ်။
  • Wednesday 2017-09-13
    စက်တင်ဘာလ ပထမပတ်အတွင်း ရန်ကုန်မြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးရုံးချုပ်မှာ တန်ဖိုးနည်း အိမ်ရာဝယ်ယူခွင့်ရရှိသူများအား အိမ်ခန်းများကို မဲနှိုက်သတ်မှတ်ပြီး ရောင်းချပေးခဲ့တာ တွေ့ရှိရပါ တယ်။ လှိုင်သာယာ ရွှေလင်ဗန်းနဲ့ ဒဂုံ (ဆိပ်ကမ်း)တို့မှာ ဆောက် လုပ်တဲ့ တန်ဖိုးနည်းအိမ်ရာ အိမ် ခန်းများကို ရောင်းချပေးခြင်းဖြစ် ကြောင်း သိရှိရပါတယ်။ ဝယ်ယူခွင့်ရရှိသူများရဲ့ မျက် နှာများမှာ ဝင်းပကြည်လင်ပြီး ပျော်ရွှင်ကြည်နူးနေကြတာကို တွေ့ မြင်ရတဲ့အတွက် ဝမ်းမြောက်ဝမ်း သာဖြစ်မိပါတယ်။ လှိုင်သာယာ ဘက် နီးစပ်သူတွေက ရွှေလင်ဗန်း အိမ်ရာမှ အိမ်ခန်းများ ရွေးချယ် ခွင့်ရှိပြီး ဒဂုံ (ဆိပ်ကမ်း)မြို့သစ်နဲ့ သွားလာရေးအဆင်ပြေသူတို့က ကနောင်အိမ်ရာနဲ့ ယုဇနအိမ်ရာကိုမဲနှိုက်ကြတာဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာတွေကို တစ်နေရာ တည်းမှာ စုပြုံမဆောက်ဘဲ ရန်ကုန်ရဲ့ အရှေ့ပိုင်း၊ အနောက်ပိုင်းစသည်ဖြင့် ဖြန့်ကြက်ဆောက်လုပ် ပေးတဲ့ စနစ်ဟာ အလွန်ကောင်းမွန်ပါတယ်။ လက်ရှိ အလုပ်အကိုင်နဲ့ အလှမ်းမဝေးလေ ကောင်းလေ ဖြစ်ပြီး အိမ်ခန်းအမျိုးအစားသာ မက နေရာဒေသကိုပါ ရွေးချယ် နိုင်တဲ့ အစီအစဉ်များဟာ အလွန် သင့်လျော်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်မြို့ဟာ ၃၀၆ စတုရန်းမိုင်ကျယ်ဝန်းပြီး အရှေ့နဲ့ အနောက် ကန့်လန့်ဖြတ်ခရီးက အချိန်နှစ်နာရီလောက်ကြာမှာ ဖြစ်လို့ပါပဲ။ တစ်နေရာတည်းဆောက် လုပ်ထားရင် ‘ပေးကားပေး၏ မရ’ ဆိုတာလို နေလို့မဖြစ်တဲ့ဘဝကို ရောက်ကြရမယ့်သူတွေ အများ ကြီးရှိလာမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် ကျူးကျော်အိမ်ရာများကို ပြန်လည်နေရာချထားပေးကြရင် လည်း တန်ဖိုးနည်းအိမ်ရာအစီအ စဉ်လိုပဲ နေရာခွဲခြားဖြည်းဆည်း ပေးဖို့ အထူးလိုအပ်ကြောင်း ကြို တင်ပြောကြားလိုပါတယ်။
  • Wednesday 2017-09-13
    Miss International Queen Myanmar 2015 ဂေးအလှမယ် မျိုးကိုကိုစန်းသည် ၎င်း၏ (၂၃)နှစ် ပြည့်မွေးနေ့တွင် ဘန်ကောက် Kamol Cosmetic ဆေးရုံ၌ လိင် ပြောင်းလဲခွဲစိတ်မှုခံယူပြီး ယင်းသို့ခွဲစိတ်မှုခံယူရန် လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက အစီအစဉ်ရှိကြောင်း အင်တာဗျူးအချို့တွင် ဖြေဆိုခဲ့သည်။ 
  • Wednesday 2017-09-13
    စိုက်ပျိုးစရိတ် ကျပ်သုံးသိန်းခွဲကျော် အကုန်အကျခံ၍ စိုက်ပျိုးထားသော ပဲစင်းငုံခင်းကိုတောင်သူ ဦးနေလင်းတစ်ယောက်ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့သည်။ လူတစ်ရပ်ခန့်ရှိသော စိမ်းစိုနေသည့် ပဲစင်းငုံပင်များကို လယ်ထွန်စက်ဖြင့် ဖျက်ဆီးနေသည်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်ခဲ့သည်။ ‘‘စိတ်မကောင်းပေမယ့် စီးပွားရေးအတွက် ဆက်မလုပ်နိုင်လို့ ဖျက်ပစ်လိုက်ရတာပါ’’ ဟု ကျောက်ပန်းတောင်းမြို့နယ် အ မြှောင်ကန်ကျေးရွာမှ တောင်သူ ဦးနေလင်းက ၎င်းကဆုံးဖြတ်ချက် နှင့်ပတ်သက်၍ ရှင်းပြသည်။ လယ် ၈ ဧကတွင် ပဲစင်းငုံ၊ နှမ်းနှင့် မြေပဲတို့ကို ၁၇ နှစ်ခန့် စိုက်ပျိုးပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းခဲ့သော တောင်သူဦးနေလင်းသည် စိုက်ပျိုးပြီး ပဲစင်းငုံ နှစ်ဧကကို ၎င်း၏တောင်သူသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ဖျက်ဆီးရခြင်းဖြစ်သည်။ ကုန်သည်များဈေးဖွင့်သည့် ပဲစင်းငုံတစ်တင်း ကျပ်တစ်သောင်း ကျော် ဈေးနှုန်းသည် စိုက်ပျိုးမှု ကုန်ကျစရိတ်ထက်များစွာ လျော့နည်းခြင်းကြောင့် တစ်နာရီကျပ်တစ်သောင်းခွဲပေး၍ ထွန်စက်ငှား ဖျက်ဆီးပြီး ပဲစင်းငုံအစား နှမ်းပြန် စိုက်ရန် စီစဉ်နေသည်။
  • Wednesday 2017-09-13
    အနုပညာလောကမှ ခုနစ်နှစ်ခန့် ပျောက်ခဲ့ပြီးနောက် ပြန်လည်လုပ် ကိုင်လာသည်မှာ လေးနှစ်ခန့်ရှိနေ ပြီဖြစ်သည့် သရုပ်ဆောင်ထူးခြားက ရုပ်ရှင်ဇာတ်ကားအများစုတွင် ဇာတ်ကြမ်းများကို လက်ခံရိုက်ကူး နေပြီး လူဆိုးဇာတ် ရုပ်ရိုက်ရသည့် အပေါ် စိုးရိမ်မှုမရှိဟု ပြောသည်။
  • Wednesday 2017-09-13
    လုံခြုံရေးအခြေအနေကြောင့် ရွှေ့ ဆိုင်းခဲ့သည့် ကာဂျစ္စတန်နှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ အာရှဖလားခြေစစ်ပွဲကို ထိုင်းနိုင်ငံ တွင် ကျင်းပရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်း နိုင်ဇော်က ပြောသည်။
  • Wednesday 2017-09-13
    နေပြည်တော်အသင်းပိုင်ရှင်အနေဖြင့် အုပ်ချုပ်နည်းပြအဖွဲ့နှင့် ကစားသမားများ၏ လစာကြွေး ကျန်များကို ဖြေရှင်းပေးခြင်းမရှိပါ က လိဂ်ပွဲစဉ်လက်ကျန်ငါးပွဲကို ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း အသင်းနည်းပြချုပ် ဦးကျော်မင်း ထူးက ပြောသည်။

Pages