အတွဲ (၁၆)၊ အမှတ် (၂၇)

Issue Date: 
Wednesday, September 13, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ ဗုဒ္ဓဟူး၊ (စက်တင်ဘာ ၁၃၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Wednesday 2017-09-13
    မြန်မာလိဂ် ပွဲစဉ် (၁၇) အပြီးတွင်  အမှတ်ပေးဇယားထိပ်ဆုံးရှိ ရှမ်း ယူနိုက်တက်နှင့် ရမှတ်သုံးမှတ် ကွာဟနေသည့် ရတနာပုံအသင်းအနေဖြင့် လက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ရန် လက်ကျန်ပွဲစဉ်များကို ဗိုလ်လုပွဲသဖွယ် ယှဉ်ပြိုင် ရမည်ဟု နည်းပြချုပ် ရီနီက ပြော ကြားသည်။
  • Wednesday 2017-09-13
    နှစ်ထောင်ပြည့်လွန်ဆယ်စုနှစ်ဝက်အတွင်း ‘အောင်မြင်မှုကို ငွေကြေးနဲ့ ဝယ်ယူလို့မရဘူး’ဆိုတဲ့ စကားတစ်ခွန်းက ဘောလုံးလောကမှာ အတော်လေး ခေတ်စားခဲ့ပါတယ်။ နိုင်ငံတကာက ကုဋေကြွယ်သူဌေးတွေကနာမည်ကြီး ဘောလုံးကလပ်တွေကို ဝယ်ယူပြီးချိန်မှာ ငွေကြေးအလုံးအရင်းသုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူ၊ အသင်းကို တောင့်တင်းလာအောင် ငွေကြေးအားကိုးနဲ့ တည်ဆောက်လာတဲ့ အပေါ်မှာ တုံ့ပြန်ဝေဖန်ခဲ့တဲ့ စကားပါ။
  • Wednesday 2017-09-13
    ရက်ပိုင်းအလိုကတည်း က အရေးပေါ်အခြေ အနေ ထုတ်ပြန်ကြေ ညာထားသည်။ ကြိုတင်သတိပေးမှုနှင့်အတူ ဒေသခံများနိုးနိုးကြားကြားပြင်ဆင်ထားသည်။ ထိုကဲ့သို့သော အခြေအနေများ ကြောင့် ဖလော်ရီဒါကမ်းခြေကို အာမာဟာရီကိန်းမုန်တိုင်းကြီး ဖြတ်ကျော်တိုက်ခတ်ချိန်တွင် အသေအပျောက် နည်းပါးခဲ့သော်လည်း ရုပ်ဝတ္တုပျက်စီးမှုများကမူ ကြောက်ခမန်းလိလိ များပြားခဲ့ သည်။
  • Wednesday 2017-09-13
    ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဘင်္ဂါလီအရေးအပေါ် မြန်မာအစိုးရကိုင်တွယ်မှုအပေါ် နိုင်ငံတကာမီဒီယာ အများအပြားနှင့် အစိုးရများက ဝေဖန်ထောက်ပြမှုများ ရှိနေသော်လည်း တစ်ချိန်တည်းတွင် မြန်မာ နိုင်ငံဘက်က ကာကွယ်ရပ်တည်မှုအချို့ ရှိလာခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်အရေးသည် ပြင်ပကမ္ဘာမှ ဝေဖန်ရန်ခက်ခဲလွန်းပြီး ရှုပ်ထွေးလွန်းသည့် အခြေအနေတစ်ရပ်အဖြစ် အလေးအနက် ထောက်ပြမှုများ ရှိလာသည်။ ဩစတြေးလျဝန်ကြီးချုပ်ဟောင်း ကီဗင်ရုဒ်က မြန်မာ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည့် ပြဿနာ တစ်ရပ်ကို ရင်ဆိုင်နေရကြောင်း လက်တွေ့ကျကျလက်ခံပြီး သူ့အပေါ် အထင်မှားဝေဖန်မှုများ မပြုလုပ်သင့်သေးကြောင်း ထောက်ခံ ပြောကြားသည်။
  • Wednesday 2017-09-13
    မသွဲ့သွဲ့ဝင်းသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး ဆန္ဒပြတောင်းဆိုမှုများကြောင့် လေးကြိမ်မက သေနတ်ပစ်ခတ်ခံရပြီး မကြာခဏ အသက်ဘေးနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ သူ ဆန္ဒပြပွဲနွှဲသည့် ကာလက ခြောက်နှစ်အထိရှိခဲ့ပြီး အရေအတွက်က ရာဂဏန်းကို ကျော်ခဲ့ ပြီ။ ၂၀၁၂ ဇွန်လက မြန်မာဝမ် ပေါင်ကုမ္ပဏီရုံးရှေ့တွင် စတင်ခဲ့သည့် နှစ်ညအိပ်သုံးရက်ကြာ ဆန္ဒ ပြခြင်းမှ ပြီးခဲ့သည့်ဩဂုတ်အတွင်း က မြန်မာဝမ်ပေါင်ကုမ္ပဏီရှေ့တွင် လုပ်ဆောင်ခဲ့သည့် ဆန္ဒပြပွဲအထိ သူဦးဆောင်ပါဝင်ခဲ့သည်။ ရာဂဏန်းကျော်ရှိသော ဆန္ဒပြပွဲများအတွက် ရည်ရွယ်ချက်က များများစားစားတော့ မဟုတ်။ ကျေးရွာမရွှေ့ပြောင်းလိုခြင်း နှင့် စီမံကိန်းအတွက် သိမ်းဆည်းခံရမည့် စိုက်ပျိုးမြေများအတွက် နစ် နာကြေး တိုးမြှင့်ရရှိရန်သာဖြစ်သည်။
  • Wednesday 2017-09-13
     ရန်ကုန်မြို့ ၂၇ လမ်းအထက်ဘလောက်ရှိ ပင်ရင်းထီဆိုင်ကြီးတစ်ခု၏ အတွင်း၌ အသက် (၆၀)နှစ်ခန့်အရွယ် ထီလုပ်ငန်းရှင်တစ်ဦးက လက်ကိုင်ဖုန်းဖြင့် တစ်ဖက်က ပြောကြားမှုကို စိတ်ဝင်တစားနားထောင်နေသည်။ သုံးမိနစ်ခန့်ကြာ ဖုန်းပြောနေစဉ်အတောအတွင်း သူ့မျက်နှာတွင် အံ့သြမှုဖြစ်ပေါ်နေသည့် အမူအရာကို ထင်ရှားစွာ တွေ့ရသည်။  ‘‘သိန်းတစ်သောင်းဆုကို သိန်းတစ်ထောင့်ငါးရာအထိ အလိုက်တင်ရောင်းဖို့ဆိုပြီး သတင်းထွက်နေတယ်။ ပြန်ဝယ်မယ့်သူ တွေဘက်က သိန်းငါးရာထက် ပိုမပေးသေးဘူး’’ဟု ထီလောကမှ အသိဖြစ်သူထံ စုံစမ်းမေးမြန်းပြီး နောက်ကြားရသည့် သတင်းကို ၎င်းကပြောသည်။
  • Wednesday 2017-09-13
    ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ခေါင်းဆောင်တွေ၊ အကြီးအကဲတွေဟာ ဒီနေ့ကစပြီး နယူးယောက်မြို့တော်မှာ ရောက်ရှိ စည်းဝေးနေကြပါပြီ။ ပြီးခဲ့တဲ့ရက်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ဆီကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အပါ အဝင် နိုင်ငံအများအပြားက သံတမန်တွေနဲ့ အဆင့်မြင့်ကိုယ်စား လှယ်တွေဟာ လူကိုယ်တိုင်တစ်မျိုး၊ တယ်လီဖုန်းကတစ်ဖုံ၊ ပေးစာ တွေကတစ်ဆင့်ပါ နည်းမျိုးစုံနဲ့ ဆက်သွယ်စကားပြောဖြစ်ကြတယ်လို့ သံတမန်အသိုင်းအဝိုင်း က သိရပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ကမ္ဘာတစ်ဝန်း ကန့်ကွက်ဆန္ဒပြအခံရဆုံးနဲ့ အဝေဖန်ခံရဆုံး ပြဿနာဖြစ်နေပါတယ်။ သြဂုတ် ၂၅ရက်က မြန်မာလုံခြုံရေးကင်းစခန်းတွေ တိုက်ခိုက်ခံရမှုနဲ့ နောက်ဆက်တွဲ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုအတွင်း ပြီးခဲ့တဲ့ နှစ်ပတ်တာကာလမှာ သေဆုံးသူဦးရေ ၄၀၀ လောက်နဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ခိုလှုံသူပေါင်း သုံးသိန်းနီးပါး ရှိတဲ့ ပြဿနာဟာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။ လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီညီလာခံ၊ လုံခြုံရေးကောင်စီအစည်းအဝေးနဲ့ ဆက်စပ်ကော်မတီ အစည်းအဝေးတွေရဲ့ အစီအစဉ်တွေထဲမှာ မြောက်ကိုရီးယား၊ ဆီးရီးယားစတဲ့ အရေးတွေနဲ့အတူ မြန်မာအရေးလည်း အရေးတကြီး ပါဝင် နေပါတယ်။
  • Wednesday 2017-09-13
    တောင်တွင်းကြီးမြို့သား ကိုတင်ထွန်းအောင်တစ်ယောက် စက်တင်ဘာ ၁၀ ရက် ည ၇ နာရီခွဲခန့်က မြို့ထဲမှ နေအိမ်သို့ ပြန်လာခဲ့သည်။ ထိုစဉ် ကားကြီးဝင်းအတွင်းလူသုံးဆယ်ခန့်ပါဝင်သည့် ဆိုင်ကယ်အုပ်စုတစ်စုထွက်လာသည်ကို မြင်ရသည်။ ယင်းလူစုသည် တောင်တွင်းကြီးမြို့တွင် လူမျိုးရေး၊ ဘာသာရေးအသွင် ဆူပူမှုများဖြစ်ပွားစေရန် ကြံစည်ခဲ့သူများဖြစ်ကြောင်း ကိုတင်ထွန်းအောင်က ဆိုသည်။

Pages