အတွဲ (၁၆)၊ အမှတ် (၂၈)

Issue Date: 
Wednesday, September 20, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ တော်သလင်းလကွယ်၊ ဗုဒ္ဓဟူး၊ (စက်တင်ဘာ ၂၀၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Thursday 2017-09-21
    အက်ပဲလ်ကုမ္ပဏီက နောက်ဆုံးမိတ်ဆက်ထားသော iPhone 8 နှင့် iPhone 8 Plus ဖုန်းများအတွက် ကြိုတင်မှာယူမှုများလက်ခံနေပြီဖြစ်ကာ ပေးပို့ချိန်ကြန့်ကြာမှုများရှိနေချိန်တွင် လေ့လာသူများက ယခုနှစ် iPhone X ၀ယ်လိုအားအတိုင်း အက်ပ်ပဲလ်ကုမ္ပဏီက ရောင်းချနိုင်မည်မဟုတ်ဟု ခန့်မှန်းထားသည်။
  • Thursday 2017-09-21
    အိုင်တီနှင့် ဆော့ဖ်ဝဲအလုပ်အကိုင်များသည် လစာခုနစ်သိန်းခွဲနှင့်အထက် ရရှိကြောင်း အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက် work.com.mm က စစ်တမ်းအရ ထုတ်ဖော်ပြောဆိုသော်လည်း အဆိုပါအချက်အလက်သည် အပြည့်အဝမှန်ကန်ခြင်းမရှိကြောင်း နည်းပညာ Developer များက ပြောသည်။
  • Thursday 2017-09-21
    ဆက်သွယ်ရေးအော်ပရေတာ အူရီးဒူးသည် ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည့် CB ဘဏ်နှင့် ပူးပေါင်းကာ M-Pitesan (အမ်- ပိုက်ဆံ) အမည်ရှိ မိုဘိုင်းအခြေပြု ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို စက်တင်ဘာ ၁၉ ရက်တွင် နေ ပြည်တော်၌ ကျင်းပမည့် Myan-mar Connect 2017 တွင် စတင် မိတ်ဆက်မည်ဖြစ်သည်။
  • Thursday 2017-09-21
    Galaxy Note 8 စမတ်ဖုန်းကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၄၂ နိုင်ငံတွင် ဝယ်ယူရရှိနိုင်ကြောင်း ဆမ် ဆောင်းကုမ္ပဏီက ကြေညာ သည်။ ယင်းဈေးကွက်များတွင် အ မေရိကန်၊ ကနေဒါ၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဥရောပ၏ အဓိကဈေးကွက်များ ပါဝင်သည်။
  • Thursday 2017-09-21
    ဖေ့စ်ဘွတ်ခ်အကောင့် ခိုးယူ၍ အကောင့်ပိုင်ရှင်ဟန် ဆောင်ကာ Messengerရှိ မိတ်ဆွေများအပေါ် ငွေကြေးလိမ်လည်နေကြောင်း အလိမ်ခံရသူများက ဆိုသည်။ ရင်းနှီးယုံကြည်ရသူတစ်ဦးက Messenger မှတစ်ဆင့် အရေးကြီးအခြေအနေအတွက် ကျပ်နှစ်သိန်းကို Wave Money ဖြင့် အမြန်လွှဲပေးရန် တောင်းဆိုခဲ့ ကြောင်း၊ ပြင်ပတွင် ယုံကြည်ရင်း နှီးသူဖြစ်၍ ငွေကြေးလွှဲပြောင်းပေးရန် သဘောတူခဲ့ကြောင်း အလိမ်ခံရသူ ဦးမောင်မောင်မင်းသူက ပြောသည်။
  • Thursday 2017-09-21
    ဒေသအလိုက် အနည်းဆုံးအခ ကြေးငွေအဆိုပြုနှုန်းထားများကို တိုင်းဒေသကြီး၊ ပြည်နယ်အချို့က စတင်ပေးပို့ထားကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တာ ဝန်ရှိသူက ပြောသည်။
  • Thursday 2017-09-21
    ယခုရာသီတွင် ကလေးငယ်များ၌ နှာစေး၊ ချောင်းဆိုးခြင်းနှင့် ရင် ကျပ်ခြင်းစသော အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါများ အဖြစ် များသောကြောင့် မိဘများအနေ ဖြင့် သတိပြုရန်လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာကေသီထွန်း က ပြောသည်။
  • Thursday 2017-09-21
    ရပ်ကွက်များတွင် စွန့်ပစ်ထားသော တာယာ၊ ဘူးခွံများမှ တစ်ဆင့် ခြင်ပေါက်ဖွားကာ သွေး လွန်တုပ်ကွေးရောဂါ ကူးစက် နိုင်ခြင်းကြောင့် ၎င်းတို့ကို စနစ် တကျ ရှင်းလင်းရန်လိုအပ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာအေးမွန် မွန်ကျော်က ပြောကြားသည်။ ‘‘တာယာတွေကို စနစ်တကျ စွန့်ပစ်ဖို့လိုတာပေါ့။ အဲဒါတွေက ခြင်ပေါက်နိုင်တာကိုး။ စီးပွားရေး သမားတွေအနေနဲ့ စီးပွားရေးအရ လုပ်သလိုပဲ ကျန်းမာရေးရှုထောင့် အရ တာယာတွေကို အဖုံးဖုံးထား မျိုး လုပ်ပေးဖို့ မေတ္တာရပ်ခံချင် တယ်’’ဟု ၎င်းကဆိုသည်။
  • Thursday 2017-09-21
    တစ်နိုင်ငံလုံးရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဝယ်ယူရန် ကျပ် ၂၁၈ ဘီလီယံကျော် အသုံးပြုမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါဆေးနှင့်ဆေးပစ္စည်းများကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် စတင်ဝယ်ယူစုဆောင်းပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၌ ဖြန့်ဖြူးရန် စီစဉ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးပစ္စည်းဝယ်ယူဖြန့်ဖြူးရေးဌာနခွဲ ညွှန် ကြားရေးမှူး ဒေါက်တာကျော်ကံ ကောင်းက ပြောသည်။
  • Wednesday 2017-09-20
    အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က နိုင်ငံရေးနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ အခက်အခဲရှိသည့် မြန်မာနိုင်ငံအပါအဝင်နိုင်ငံအချို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် Reach Oxford Scholarship ဘွဲ့ကြို ပညာသင်ဆုများပေးရန် ဖိတ်ခေါ်ထားသည်။ ပညာသင်ဆု အကျုံးဝင် သော ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ကောလိပ်များတွင် ရှေးဟောင်းသု တေသနဘာသာရပ်များ၊ ဇီဝနည်းပညာဘာသာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်များ၊ ကွန်ပျူတာ နှင့် ကွန်ပျူတာသိပ္ပံဘာသာရပ် များ၊ ဘာသာစကားဆိုင်ရာ ဘာသာရပ်များ၊ ဥပဒေ၊ သမိုင်းနှင့် ရူပဗေဒဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာ ဘာသာရပ်များ နှင့် ဂီတအပါအဝင် ဘာသာရပ် ၄၇ ခုကို ရွေးချယ်သင်ယူခွင့်ရမည် ဖြစ်သည်။ ပညာသင်ဆုအစီအစဉ် တွင် ဆေးပညာရပ်မပါဝင်ပေ။ (ပညာသင်ဆုဖြင့် တက်ရောက်နိုင် သော ဘာသာရပ်များကို http:// www.ox.ac.uk/admissions/ undergraduate/courses-listing? wssl=1 တွင် ကြည့်ရှုနိုင်သည်။
  • Wednesday 2017-09-20
    အပြောကျယ်လှသော ဘင်္ဂလားပင်လယ်အော်အတွင်းမှ ‘ဝုန်း...ဝုန်း’ဆိုသည့် လှိုင်းရိုက်သံက ကိုအောင်ဌေးကို ဖိတ် ခေါ်သလို ဖြစ်နေသည်။ ကိုအောင်ဌေးသည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေဒေသ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် နေထိုင်သည့် ရေလုပ်သားဖြစ်သည်။ ယခင်က ကိုအောင် ဌေးတစ်ယောက် ပင်လယ်ပြင်မှ လှိုင်းရိုက်သံကြားလျှင် မနေနိုင်ဘဲ ငါးဖမ်းထွက်ခဲ့သည်။ သို့သော် ယခုအခါ မည်မျှပင် ရာသီဥတုသာယာပြီး လှိုင်းရိုက်သံ ကြားနေပါစေ ငါးဖမ်းမထွက်ဖြစ်တော့ဟု ဆိုသည်။
  • Wednesday 2017-09-20
    ကုန်ထုတ်လုပ်ရေးနှင့် ဆောက် လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက စိတ်ဝင်စားနေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောကြားသည်။
  • Wednesday 2017-09-20
    (၁) ဖြစ်တန်စွမ်း၊ ဖြစ်နိုင်ခြေဆိုတာ တကယ်တော့ လူတိုင်း၊ အခြေအနေ ကိစ္စရပ်တိုင်းနဲ့ ပတ်သက်နေပါတယ်။ လမ်းမတွေပေါ်မှာ ယာဉ်မတော်တဆဖြစ်ကြတာ၊ လူတွေ သေဆုံးကြရတာ ဒါတွေအားလုံး ဟာ ဖြစ်တန်စွမ်းသဘောတရားနဲ့ ဆက်စပ်နေပါတယ်။ လေ့လာ ဆန်းစစ်လို့ရပါတယ်။ သုံးသပ် ကောက်ချက်ချလို့ရပါတယ်။ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဖြစ်တန် စွမ်း၊ ဖြစ်နိုင်ခြေ အချို့အချို့ကို လျှော့ချလို့ရပါတယ်။ ကြိုတင်ကာကွယ်ရှောင်ရှားလို့ရပါတယ်။ စနေနေ့ထုတ် 7Day Daily သတင်းစာမှာ မြင်းခြံသတင်းတစ် ပုဒ်ဖတ်လိုက်ရတယ်။ မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းတွင် စက်တင်ဘာ ၁၄ ရက် ညနေက ၁၀ ဘီးကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ် ပေါ်ပါ ကျောင်းသားသုံးဦးအနက် န၀မတန်းနှင့် ပဉ္စမတန်းအရွယ် ကျောင်းသားနှစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့သတင်းပါ။ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင် (၁၉၂) အနီးမှာ လည်း နစ်ဆန်းမော်တော်ယာဉ်က ရှေ့မှသွားလာနေတဲ့ မာ့ခ်တူး ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်တဲ့အတွက် ရှေ့ကားပေါ်မှာပါသူ တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတဲ့ဖြစ်စဉ် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။ ဒီဖြစ်စဉ်၊ ဖြစ်ရပ်တွေဟာ ဖြစ်ခဲ့၊ ဖြစ်ဆဲသာမက နောင်ကိုလည်း ဖြစ်နေဦးမယ်လို့ ဆိုနိုင်ပါတယ်။
  • Wednesday 2017-09-20
    အကယ်၍များ လူထုစစ်တမ်းမှန်ကန်မည်ဆိုလျှင် မစ္စစ် အန်ဂျလာမာကယ်သည် ဂျာမနီအဓိပတိ အဖြစ် နောက်ထပ်လေး နှစ်တာဝန်ယူရန် ဦးတည်နေသည်။ သို့သော်စက်တင်ဘာ ၂၄ ရက် ဂျာမန်များ မဲပေးချိန်တွင် ဥရောပ၏ အကြီး မားဆုံးအလုပ် တစ်ခုထက် ပိုမိုသော အခြင်းအရာများ ရှိနေ သည်။
  • Wednesday 2017-09-20
    ဂျာမနီနှင့် ဩစတြီးယား နယ်စပ်မြို့ကလေး ဘရောနော(Braunau)သည် မြစ်ကမ်းဘေးတွင် တည်ရှိသော သဘာဝရှုခင်းများဖြင့် အလွန်လှပသည့် တောမြို့ကလေးဖြစ်ပါသည်။ မြို့လယ်တစ်နေရာ တွင် အ၀ါရောင်သုံးထပ်တိုက်တစ်လုံးရှိပြီး ယင်း၏ ရှေ့၌ လိပ်သဲကျောက်တုံးကြီးတစ်ခု ချထားကာ အောက်ပါစာသားကို ထွင်းထုထားသည်။ ‘ငြိမ်းချမ်း ရေး၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီအတွက် ဘယ် တော့မှ ဖက်ဆစ်ဝါဒပြန်မလာစေရ’ဟူ၍ဖြစ်သည်။ ထိုအဆောက်အအုံသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်က ဟစ်တလာ မွေးဖွားခဲ့ရာနေရာဖြစ်ပြီး ထိုစာသားကို ယခုအချိန်ထိ ဖတ်ရှုနိုင်ပါသေးသည်။ 
  • Wednesday 2017-09-20
    (တစ်) ခရီးများများသွားလေ အမိနိုင်ငံတော်ကြီးကို ချစ်လေပဲ ဖြစ်ပါသည်။ အထူးသဖြင့် တောင်တန်းကြီးများပေါ်၌ ခရီးသွားရသည့် အ ရသာကို ကျွန်တော်ချစ်ပါသည်။ မြန်မာနိုင်ငံ၏ အရှေ့ဘက် မှာက အရှေ့ရိုးမဟုခေါ်သည့် ရှမ်း တောင်တန်းကြီးများရှိပါသည်။ နိုင်ငံတော်၏အလယ်ကြောတွင်မူ အလယ်ရိုးမဟုခေါ်သည့် နာမည် ကျော်ပဲခူးရိုးမကြီး။ နိုင်ငံအနောက် ဘက်မှာက အနောက်ရိုးမ(သို့မ ဟုတ်) ရခိုင်ရိုးမတောင်တန်းကြီး။
  • Wednesday 2017-09-20
    ဘန်ကောက် − နိုင်ငံ၏အကြီးဆုံး မီးသင်္ဂြိုဟ်လောင်တိုက်တော်ကနေ ရွှေမြင်းရထားများကို ပြန်လည်ပြင်ဆင်ခြင်း၊ ဟိုတယ်များ အခန်းပြည့်ဖြစ်နေခြင်းဖြင့် ထိုင်းနိုင်ငံသည် သူတို့၏ ချစ်မြတ်နိုးစွာသော နတ်ရွာစံဘုရင်ဘူမိဘော အဒူလရာဒေ့ရှ်ကို နောက်ဆုံးအနေဖြင့် နှုတ်ဆက်ရန် ပြင်ဆင်နေသည်။ ဘုရင်ကြီး နတ်ရွာလားခဲ့ သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း သူ၏အရိပ်အငွေ့များက သိသိသာသာ ခံစားနေရဆဲပင်။ လာမည့် အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် သူ့ရုပ်အလောင်းတော်ကို ဖုတ်သွင်းမီးသင်္ဂြိုဟ်မည့် အစီအစဉ်က နိုင်ငံတစ်ဝန်းမှ ထောင်သောင်းချီ ထိုင်းလူမျိုးများကို ဘန်ကောက်မြို့တော်သို့ လာရောက်ဖို့ ဖြစ်စေသည်။
  • Wednesday 2017-09-20
    မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း က တိုင်းနှင့် ပြည်နယ်ဒေသငါးခု တွင် ဝါးစိုက်ပျိုးရေးဇုန် တည် ထောင်မည်ဟု ယင်းအသင်းဥက္ကဋ္ဌ ဦးဝင်းကျော်ဦးက ပြောသည်။
  • Wednesday 2017-09-20
    ပတ်ဝန်းကျင်ထိခိုက်မှုများ နှင့် လူ့အခွင့်အရေးချိုးဖောက်မှု များကြောင့် တိုင်ကြားခံရသည့် တနင်္သာရီတိုင်း ဘန်းချောင်းဒေသ ကျောက်မီးသွေးသတ္တုတွင်းစီမံ ကိန်းကို ထိုင်းနှင့် မြန်မာ လူ့အခွင့် အရေးကော်မရှင်နှစ်ရပ် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမည်ဖြစ်သည်။
  • Wednesday 2017-09-20
    ရန်ကုန်မြို့ စန္ဒကူးလမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပိုင် မြေနေရာတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း ကာ ဟိုတယ်စီမံကိန်းတစ်ခုအ ကောင်အထည်ဖော်ရန် ဆွေးနွေး နေကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်(MTF)ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ 
  • Wednesday 2017-09-20
    မျက်လုံးတွေ ဖန်စပ်နေတယ်။ ညက အိပ်ရေးပျက်ထားတယ်လေ။ တစ်ညလုံး လုံခြုံရေးကင်းစောင့်ရတယ်။ လူကြီး၊ လူ ငယ်၊ လူလတ်၊ ကျားမ အားလုံးတာဝန်သိသိနဲ့ ကင်းစောင့်ခဲ့ကြတယ်။ ဘယ်သူ့ကိုမှ အတင်းအကျပ် မစည်းရုံးလိုက်ရဘူး။ ဖြစ်စဉ် အခြေအနေကို ပြောပြလိုက်ရုံနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တစ်ဦးချင်း လုံခြုံရေးအတွက် ဝိုင်းဝန်းတာဝန်ယူခဲ့ကြတယ်။ အားလုံးသဘောပေါက်ထား ကြတယ်။ တိုးတက်မှုအတွက် အရှိန်ယူနေဆဲ နိုင်ငံတော်ကို ဝိုင်းဝန်းဖျက်ဆီးဖို့ ကြိုးစားနေတဲ့ အုပ်စုတွေရှိနေမှန်း သဘောပေါက်နေ ကြတယ်။ ဒီတော့ တာဝန်ကိုယ်စီရှိမှန်း သိနေကြတဲ့အလျောက် ကင်းစောင့်ဖို့အတွက် ထူးပြီး မစည်းရုံးလိုက်ရဘူး။
  • Wednesday 2017-09-20
    နယ်စပ်မှတစ်ဆင့် နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက်ရေး နိုင်ငံတကာ ၀င်ပေါက်ဂိတ်များ တိုးချဲ့သတ်မှတ်နိုင်ရန် ပြင်ဆင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက ပြောသည်။
  • Wednesday 2017-09-20
    မြန်မာနိုင်ငံ၌ ဟိုတယ်လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံခရီး သွားလုပ်ငန်း ပူးပေါင်းဆောင်ရွက် မှုများကို အကောင်အထည်ဖော်  မည်ဖြစ်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် Mrs.Carrie Lam က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးနှင့် တွေ့ဆုံရာတွင် ပြောကြား သည်။ ‘‘မြန်မာနိုင်ငံက ခရီးသွားအ ရင်းအမြစ် အလွန်ပေါကြွယ်ဝတဲ့ အတွက် ဟောင်ကောင်ခရီးသွား များ လာရောက်လည်ပတ်ဖို့ အခွင့် အလမ်းများစွာ ရှိပါတယ်။ ဟောင် ကောင်က ရင်းနှီးမြှုပ်နှံသူတွေဟာ ပြည်ပကို ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ လျက်ရှိတဲ့အတွက်၊ မြန်မာနိုင်ငံ က ဟိုတယ်လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံနိုင်မှာ ဖြစ်ပြီး ခရီးသွားလာ ရေးဟာ ပြည်သူအချင်းချင်း ချစ် ကြည်ရင်းနှီးမှု ရရှိရေး အဓိကတစ် ရပ်ဖြစ်ပါတယ်’’ ဟု Mrs.Carrie Lam ကပြောသည်။
  • Wednesday 2017-09-20
    မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးခရီး သွားလုပ်ငန်းရှင်များနှင့် သက် ဆိုင်ရာ ဝန်ကြီးဌာနများ အားလုံး စုစည်းကာ လာမည့်ပွင့်လင်းရာသီ ၌ မြန်မာ့ခရီးသွားညီလာခံ (Mya-nmar Tourism Summit) ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးသက်လွင်တိုးက ပြော သည်။
  • Wednesday 2017-09-20
    ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ဂျပန်နိုင်ငံ MLIT (Min-istry of Land, Infrastructure and Transport) မှ ပုဂ္ဂိုလ်များ၊ JICA မှ ပုဂ္ဂိုလ်များနဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများ ပူးပေါင်းကျင်းပတဲ့ မြို့ပြ နှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေ မူကြမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲကို တက်ရောက်ဆွေးနွေးခွင့်ရရှိ ခဲ့ပါတယ်။ အဲဒီမူကြမ်းမှာ ဖွံ့ဖြိုး ရေးစီမံကိန်းများ ရေးဆွဲရာမှာ အ ခြေခံရမယ့် မူဘောင်များ၊ မြို့ပြ စီမံကိန်းသဘောထားပုံစံ (Con-ceptual Plan)၊ ပင်မမြို့ပြစီမံ ကိန်းပုံစံ (Master Plan) နဲ့ အသေးစိတ်မြို့ပြစီမံကိန်းပုံစံ (Detail Plan) ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပြည့်ပြည့်စုံစုံပါဝင်တာ တွေ့ရှိရပါ တယ်။ မြန်မာနိုင်ငံမှာ ဖဆပလ အစိုးရခေတ် အခါကာလမှပင် မြို့ ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေမူကြမ်းကို စတင်ရေးဆွဲခဲ့ ကြပေမယ့် အကြောင်းကြောင်း ကြောင့် ပြဋ္ဌာန်းနိုင်တဲ့အဆင့်ကို ရောက်မလာခဲ့ပါဘူး။
  • Wednesday 2017-09-20
    ပရိသတ်စိတ်ဝင်စားမှု နည်းပါးလာသည်ဟု ထင်ကြေးပေးခံရသည့် ဇာတ်သဘင်လောကတွင် ဆယ်စုနှစ်လေးခု ကျော်ကြာ အောင်မြင်မှု ထိန်းသိမ်းထားနိုင်သူတစ်ဦးရှိသည်။ အခြားသူတော့မဟုတ်။ သဘင်တစ်ခေတ် အောင်မြင်ခဲ့သူ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ သားထွေး ရွှေမန်းချမ်းသာ ဖြစ်ပါ သည်။  လောလောလတ်လတ် ကျင်းပထားသော ရွှေမန်းချမ်းသာ သဘင်သက် နှစ်(၄၀)ပြည့် ဖျော် ဖြေပွဲတွင် နောက်ပိုင်းဇာတ်အထိ မိုးအလင်း ပရိသတ်အခိုင်အမာ လာရောက်အားပေးခဲ့မှုက လက်ရှိအချိန်အထိ ဇာတ်သဘင်လောက ၌ အောင်မြင်မှုထိန်းသိမ်းထားနိုင် ဆဲဆိုခြင်းကို မီးမောင်းထိုးပြနေသည်။
  • Wednesday 2017-09-20
    ယခုဆိုလျှင် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြင့် ခရီးသွားများ သွားလိုရာနေရာသို့ ပို့ဆောင်ပေးနေသည့် ကာလရှစ်လကျော်ကြာပြီဖြစ်သည်။ ရှစ်လအတွင်း စနစ်သစ်၊ နာမည်သစ်နှင့် YBS သည် လူရွှင်တော်များနှင့် အရပ်သားတို့၏ နှုတ်ဖျားမှ မချသည်အထိ ကျော်ကြားခဲ့သည်။ ပြည်သူစိတ်ပျက် YBS ဟူ၍ပင် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်မှတ်ချက်ပြုခဲ့သေးသည်။
  • Wednesday 2017-09-20
    အီရန်ဒုတိယသမ္မတ အလီအာခ ဘာဆာလီဟီက နျူကလီးယား သဘောတူညီမှုကနေ အမေရိကန် နုတ်ထွက်သွားမယ်ဆိုရင်တောင် သူနိုင်ငံက ဆက်လက်လိုက်နာဦးမယ်လို့ ပြောပါတယ်။ အဲဒီသဘောတူညီမှု ပျက်ပြားသွား မယ်ဆိုရင် နျူကလီးယားလက်နက်ယှဉ်ပြိုင် မှုတစ်ရပ်ဆီ ဦးတည်သွားနိုင်တယ် လို့ သူကသတိပေးပါတယ်။  
  • Wednesday 2017-09-20
    ရိုဘာတာ ပီနော့တီသည် အီတလီနိုင်ငံရေးသမားဖြစ်ပြီး ၂၀၁၄ ဖေဖော်ဝါရီ ၂၂ ရက်ကစ ၍ အီတလီနိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးတာဝန်ယူထားသည်။
  • Wednesday 2017-09-20
    ကချင်လူမျိုးတို့ အထွတ်အ မြတ်ထားရာ မြစ်ကြီးနားမြို့ မနောကွင်းရှေ့တွင် တည်ရှိသည့် နှစ်ထပ်အဆောက်အအုံတစ်လုံး သည် တိတ်ဆိတ်ခြောက်ကပ်နေ သည်။ ခြံစည်းရိုးဂိတ်ဝတွင် ကာကီ ရောင်ယူနီဖောင်းဖြင့် စောင့်ကြပ်နေသည့် အရပ်ဘက်လုံခြုံရေး ဝန် ထမ်းတစ်ဦးနှင့် ရံဖန်ရံခါဝင်ထွက်သွားလာနေသူတစ်ဦး၊ နှစ်ဦးစမှအပ ဆက်ဆံရေးရုံးတစ်ခုလုံး ရှင်းလင်းတိတ်ဆိတ်နေ၏။ ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပုံမှန်ရှိ နေစဉ်က ညဥ့်နက်အချိန်ကလွဲ၍ အမြဲဖွင့်လှစ်ထားသည့် အဆောက်အအုံပင်မတံခါးကြီးကိုလည်း နေ့ခင်းပိုင်းတွင်ပင် ပိတ်ထားသည်ကို တွေ့ရသည်။

Pages