-
Saturday 2017-09-23
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် မီးတောင်တစ်လုံး ရုန်းကြွ လှုပ်ရှားနေသဖြင့် မီးတောင်ပေါက်ကွဲနိုင်ခြေ သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားရကြောင်း သိရသည်။
-
Saturday 2017-09-23
အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား ရန်စောင်နေကြသည်မှာ သူငယ်တန်းတွင် ကလေးအချင်းချင်း ရန်ဖြစ်နေသည်နှင့် တူနေကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဝေဖန် ပြောကြားလိုက်သည်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၏ ကုလသမဂ္ဂ မိန့်ခွန်းတွင် မြောက်ကိုရီးယားကို အလုံးစုံ ဖျက်ဆီးပြမည်ဟု ခြိမ်းခြောက်ခဲ့သလို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကိုလည်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေသည့် ဒုံးကျည်သမားဟု လှောင်ပြောင်ခဲ့သည်။
-
Saturday 2017-09-23
သူလျှိုမှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာဓာတ်ပုံ သတင်းထောက် နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
-
Saturday 2017-09-23
ရွှေပါရမီဖောင်ဒေးရှင်းနှင့် ရပ်မိ ရပ်ဖများ၏ စီစဉ်မှုဖြင့် စက်တင် ဘာ ၂၁ နှင့် ၂၂ ရက်တို့တွင် မကွေးတိုင်း မြို့သစ်မြို့နယ်ရှိ ဒေသခံ ၁,၀၀၀ ကျော်အား အခမဲ့ မျက်စိစမ်းသပ် ကုသပေးခဲ့ ကြောင်း ဦးဆောင်သူ ဦးအေးကို က ပြောသည်။
-
Saturday 2017-09-23
မုံရွာတွင် ဆောင်းသီးနှံ ကြက်သွန် နီစိုက်ပျိုးလိုသူများ၍ လယ်ယာ မြေငှားရမ်းခဈေးတက်ခဲ့ကြောင်း ဒေသခံကြက်သွန်နီ စိုက်တောင် သူများက ပြောသည်။
-
Saturday 2017-09-23
(၅၃)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော် စုပေါင်းသွေးလှူဒါန်းခဲ့သည်။ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်နှင့် ရဲလေ့ကျင့်ရေးကျောင်းတို့မှ ရဲအရာရှိ၊ ရဲတပ်
-
Saturday 2017-09-23
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပထမတစ်နှစ်တာ ဆောက်လုပ်ရေးတင်ဒါ လုပ်ငန်းများကို စနစ်တကျစိစစ်မှုကြောင့် တင်ဒါပိုလျှံငွေ ကျပ်သန်း တစ်သောင်းကျော် ရရှိပြီး အဆိုပါပိုလျှံငွေများဖြင့် လမ်းပန်းဆက် သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ လုပ်ဆောင်နိုင်
-
Saturday 2017-09-23
ထားဝယ်အထူးစီးပွားဇုန် ပထမအဆင့်စီမံကိန်းဖြစ်သည့် ထိုင်းနိုင်ငံနယ်စပ် ကန်ချနာဘူရီမှ စီးပွားရေးဇုန်သို့သွားသည့် နှစ် လမ်းသွားလမ်းမကြီးကို စတင်ရန် မြန်မာ-ထိုင်းပညာရှင်များ လေ့ လာဆန်းစစ်မှု စတင်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်
-
Saturday 2017-09-23
ရန်ကုန်မြို့တွင် ရာသက် ပန်နံပါတ်အနီ ပြုလုပ်ထားသည့် အငှားယာဉ်များမှလွဲ၍ ကျန် နံပါတ်အနီများ အနက်ပြန်ပြောင်းရမည်ဆိုသည့် သတင်းကြောင့် တစ်ပတ်အတွင်း ရာသက်ပန်နံပါတ်အနီယာဉ် တစ်စီးလျှင် ကျပ် ၁၀ သိန်းကျော်မြင့်တက်လာကြောင်း ၀ယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။
-
Saturday 2017-09-23
ရန်ကုန်စတော့အိတ်ချိန်း တွင် တာမိုးညဲချမ်းသာကုမ္ပဏီ က ရှယ်ယာအသစ်များ ထုတ် ရောင်းသည့် ကုမ္ပဏီအဖြစ် ပထ မဆုံး စတင်ဝင်ရောက်လာမည် ဖြစ်ကြောင်း ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင်ဦးဌေးချွန်က ပြောသည်။
-
အကြွေးကျပ်တစ် သောင်းခွဲတောင်းလာသူကို အ ကြွေးမပေးဘဲ ပါးရိုက်လွှတ်လိုက် သူအား ကြွေးရှင်ညီအစ်ကိုနှစ်ဦး က မြောက်ဥက္ကလာပမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်အတွင်း ဓား ဖြင့်ဝင်ခုတ်ရာ အဆိုပါအမျိုးသား သေဆုံးခဲ့သည်။
သေဆုံးသူသည် အသက် (၂၈)နှစ်အရွယ် ဂွေးသီး(ခေါ်) ဆန်းဝင်းအောင်ဆိုသူဖြစ်ပြီး စက် တင်ဘာ ၂၂ ရက်ညနေက အ ကြွေးပိုက်ဆံတစ်သောင်းခွဲပေး ရန်လာတောင်းသူ (ဓားဖြင့်ဝင် ခုတ်သူ၏ညီ)အား ပါးရိုက်လွှတ် ခဲ့ခြင်းကို မကျေနပ်သောကြောင့် အစ်ကိုဖြစ်သူက ဓားဖြင့်ခုတ်ခြင်း ဖြစ်သည်ဟု စစ်ဆေးသိရကြောင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
-
ကြားဖြတ်ရွေး ကောက်ပွဲတွင် ကျိုင်းတုံပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် အနိုင်ရပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်နှင့် ဒီချုပ်ပါတီမှကိုယ်စားလှယ်လောင်းတို့ အပြန်အလှန် ကန့်ကွက်တိုင်ကြားမှုကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံ စစ်ဆေးပြီးနောက်ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ရန် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်သည်။
စက်တင်ဘာ ၂၂ ရက်က အမိန့်ချမှတ်ပြီး တိုင်ကြားသူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှအမတ်လောင်း ရှုံးနိမ့်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောသည်။
-
Saturday 2017-09-23
နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တန်းစီစောင့်ဆိုင်း ဝင်ရောက်ရသည့် စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းကြောင့် အခက်အခဲများ ကြုံတွေ့ နေကြောင်း လျှောက်ထားသူများက ပြောကြားသည်။
-
Saturday 2017-09-23
မူးယစ်မှုတွင် ကွင်းလုံးကျွတ် လွတ်မြောက်သူ နဂါးလေး (ခ) အောင်နိုင်မြင့်အား လိုင်စင်မဲ့ယာဉ်နှစ်စီး လက်ဝယ်တွေ့ရှိမှုဖြင့် ပို့ကုန်သွင်း ကုန် ဥပဒေပုဒ်မ ၈ အရ အမှုနှစ်မှုအတွက် စုစုပေါင်း အလုပ်နှင့် ထောင် ဒဏ် လေးနှစ် ကျခံစေရန် အမိန့်ချခဲ့ကြောင်း Yangon Police
-
Saturday 2017-09-23
ပန်းဘဲတန်းမြို့နယ်ရှိ စိန်ရွှေရတနာဆိုင်မှ စိန်ဆွဲသီးလု ယက်ခံရခြင်းသည် လီဆယ်တိုင် တန်းခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့က စက် တင်ဘာ ၂၂ ရက်တွင် သတင်း ထုတ်ပြန်သည်။
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့ နယ်ရှိ Diamond 54 စိန်ရွှေရတ နာဆိုင်တွင် ကျပ်သိန်း ၈၀ တန် စိန်ဆွဲသီး လုယက်ခံရကြောင်း မမှန်မကန် လုပ်ကြံတိုင်တန်းခြင်း ဖြစ်ပြီး တိုင်တန်းသည့် ဆိုင်ဝန်ထမ်းသည် ဆိုင်၌ ၎င်းရှိနေစဉ် အမျိုးသမီးနှစ်ဦးက စိန်ဆွဲသီး အတုဖြင့် လာရောက်လိမ်လည် ၍ ယူဆောင်ခြင်းကို အဖြစ်မှန် အတိုင်းမပြောဘဲ လုယက်ခံရ သည်ဟု ကြံစည်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
-
Saturday 2017-09-23
ဘူးသီးတောင်မြို့ နယ်ရှိ ဗလီခြံဝင်းတစ်ခုအတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး အစ္စ လာမ် ဘာသာဝင်များ ဗလီတက် ချိန် ထိတ်လန့်ကြောက်ရွံ့မှု ဖြစ် စေရန် ရည်ရွယ်၍ အကြမ်းဖက် သမားများက ပြုလုပ်ခြင်းဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန် ရေးကော်မတီက ထုတ်ပြန်သည်။
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ပြေးသူများကို ပြန် လည်စိစစ်လက်ခံရေး အဖွဲ့အမြန် ဆုံးဖွဲ့ရန်နှင့်အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏အမည်စာရင်း ကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံ တကာရဲတပ်ဖွဲ့နှင့်ကုလသမဂ္ဂသို့ ပေးပို့ရန် အပါအ၀င်အချက် ၁၁ ချက်ကို အမြန်ဆုံးအကောင်အ ထည်ဖော်ရန် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီဝင်များအား တိုက်တွန်းသည်။
-
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဝန်ကြီးတစ်ဦး လူမှုရေးဖောက်ပြန်သည် ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စွပ်စွဲမှု များထွက်ပေါ်ခဲ့ခြင်းအပေါ် မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ရှင်းလင်း ပြောကြားသည်။
-
Saturday 2017-09-23
လူဦးရေပြည့်ကျပ် နေသော ဘင်္ဂါလီစခန်းများတွင် သားဆက်ခြားစီမံကိန်းကို ဘင်္ဂ လားဒေ့ရှ်အစိုးရက လုပ်ဆောင် နေပြီဟု တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၉ ရက်၌ ပြော ကြားသည်။
ဒုက္ခသည်စခန်းများသည် ဩဂုတ် ၂၅ ရက်က စပြီးရောက်လာသော ဘင်္ဂါလီ ၄၂၀,၀၀၀ ဖြင့် ပြည့်ကျပ်နေသည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြ သည်။
မြန်မာနိုင်ငံမှ ထွက်ပြေး လာသူများတွင် ကလေးအမေနှင့် ကိုယ်ဝန်ဆောင်မိန်းမ ၇၀,၀၀၀ ခန့် ပါနေကြောင်း အာဏာပိုင် များက စိစစ်တွေရှိခဲ့သည်ဟုဆို သည်။
-
ဘဏ္ဍာနှစ်သတ်မှတ်သောပုံစံကို လာမည့် ဘဏ္ဍာရေးနှစ်မှစ၍ အောက်တိုဘာ ၁ ရက်မှ စက် တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ပြောင်းလဲရန် အစိုးရက သဘောတူထားပြီးဖြစ်၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုရယူမည်ဟု စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းက ပြော ကြားသည်။
-
ဘောလိဝုဒ်မင်း သမီး ပရီယန်ကာချိုပရာသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပနေသော ကုလသမဂ္ဂ ကလေးငယ်များပညာရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ သည်။
-
မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲတွင် လူငယ်မျိုးဆက် သစ်များ မွေးထုတ်ပေးနိုင်ပြီး ယင်းပွဲမှ ဆုရရှိခဲ့သော အငြိမ့်အ ဖွဲ့အများစုသည် မျက်နှာသစ်လူငယ်ပညာရှင်များနှင့် ဖွဲ့စည်းထား ကာ ဆုအရေအတွက်ကို မူလ သတ်မှတ်ထားသည်ထက် တိုး၍ ချီးမြှင့်ခဲ့သည်။
-
မည်သူမဆို ငယ်ဘဝကို ဖြတ်သန်းဖူးကြပါလိမ့်မည်။ သို့ သော် သန့်ရှင်းသော၊ ရိုးသား သော၊ ပွင့်လင်းမှန်ကန်သော ကလေးဘဝကို ဖြတ်သန်းခဲ့ရမှ တန်ဖိုးရှိသော ငယ်ဘဝဟု သတ် မှတ်နိုင်လိမ့်မည်ထင်ပါသည်။ ထို့ အပြင် ရိုးသားသော၊ သစ္စာရှိ သော၊ ကိုယ်ချင်းစာတရားရှိ သော၊ အနစ်နာခ
-
မန္တလေးမြို့ပေါ်တွင် ယာဉ်တိုက်မှုများ လျော့ကျစေရန် စည်းကမ်းမလိုက်နာသော ယာဉ် များကို စီမံချက်ချဖမ်းဆီးရာ နှစ် လအတွင်း ယာဉ်အစီးရေ ၈၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ ကြောင်း အမှတ်(၃)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲရုံး ဒုရဲမှူးကြီးကံသိန်းက ပြောသည်။ ဇူလိုင် ၁၉ ရက်တွင် စ
-
မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေး ပုဂ္ဂလိက သားသတ် ရုံများ ထူထောင်ခွင့်ပေးရန် လို အပ်ကြောင်း မြန်မာနိုင်ငံမွေးမြူ ရေး လုပ်ငန်းအဖွဲ့ချုပ် (မန္တလေး တိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်က အကြံပြုသည်။
-
Saturday 2017-09-23
ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် ရခိုင်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတကာ၏အမြင် သည်ပြင်းထန်ပြီး မြန်မာနိုင်ငံ အခက်အခဲကြုံတွေ့နေစဉ် ဂျပန် နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ဆောင်ရွက်မည်ဟုဂျပန် နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး က ပြောကြားကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချ ထားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
-
တကောင်းနီကယ်စက် ရုံစီမံကိန်းမှ စွန့်ပစ်မြေစာများ ကြောင့် လယ်ယာမြေများပျက်စီး သည့်အပေါ် နစ်နာကြေးပေးရန် ဒေသခံတောင်သူများက စက်တင်ဘာ ၂၂ ရက်တွင် ထီးချိုင့်မြို့နယ် ၌ ဒုတိယအကြိမ် ဆန္ဒပြတောင်း ဆိုခဲ့သည်။
-
Saturday 2017-09-23
တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့ စက်တင်ဘာ ၂၂ ရက်က တနိုင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မြစ်ကြီးနား-တနိုင်း လမ်းတွင် ခရီးသည်ယာဉ်များ တစ်နာရီကျော်ကြာ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
-
ကလေးမြို့တွင် မိုးမရွာ တော့၍ ရေပြန် ကျနေသော်လည်း ရပ်ကွက်နှင့်ကျေးရွာ ၂၂ ခုရေနစ် မြုပ်နေဆဲဖြစ်ကာ ကယ်ဆယ်ရေး စခန်းများသို့ လာရောက်ခိုလှုံနေ ရသူတစ်သောင်းကျော်ပြီ ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ဦးစီးမှ
-
သနပ်ခါးနှင့် ဖာလာကို သစ်တောထွက်ပစ္စည်းစာရင်းမှ ပယ်ဖျက်ခဲ့၍ ပုဂ္ဂလိကစိုက်ပျိုး ထုတ်လုပ်သူများ လွတ်လပ်စွာ သယ်ယူရောင်းဝယ်နိုင်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးကေ