အတွဲ (၁၆)၊ အမှတ် (၃၀)

Issue Date: 
Wednesday, October 4, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်၊ ဗုဒ္ဓဟူး၊ (အောက်တိုဘာ ၄၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Wednesday 2017-10-04
    အစိုးရ၀န်ကြီးဌာနအသီးသီးရှိ အကြီးအကဲများကို e Government အပါအ၀င် အိုင်စီတီနည်းပညာဆိုင်ရာ အသိပညာများ မျှဝေပေးနိုင်မည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတစ်ခုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ရွေးချယ်မည်ဖြစ်သည်။
  • Wednesday 2017-10-04
    တယ်လီနောက စင်ကာပူ Roa-ming ကွန်ရက်အတွင်း မိုဘိုင်းအင်တာနက်အသုံးပြုခကို 1MB ပမာဏအတွက် ကျပ် ၁,၅၀၀ကောက်ခံနေရာမှ ၁၅ ကျပ်သို့ လျှော့ချခဲ့သည်။
  • Wednesday 2017-10-04
    မြန်နှုန်းမြင့် ကြိုးမဲ့အင်တာနက်ချိတ်ဆက်စနစ် (Broadband)၀န်ဆောင်မှု ပေးအပ်ရန် 2600 လှိုင်းနှုန်းစဉ် လေလံအောင်မြင်သည့် ရတနာပုံတယ်လီပို့စ်သည် အစိုးရထံ သတ်မှတ်ထားသည့် လှိုင်းနှုန်းစဉ်ကြေးပေးသွင်းခြင်းမ ရှိသဖြင့် စရန်ငွေဒေါ်လာငါးသိန်းကို အစိုးရက ဘဏ္ဍာငွေအဖြစ် သိမ်းယူခဲ့သည်။
  • Wednesday 2017-10-04
    အခြေခံပညာကျောင်းများအား အ စိုးရထောက်ပံ့ထားသည့် ကျောင်း ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများအ လွဲသုံးစားမှုရှိပါက သက်ဆိုင် ရာမြို့နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ပညာ ရေးဝန်ကြီးဌာနက စက်တင်ဘာ လလယ်တွင် ညွှန်ကြားခဲ့သည်။
  • Wednesday 2017-10-04
    ၂၀၁၇-၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ပထမနှစ်တက်ရောက် မည့်သူများအနေဖြင့် တက္ကသိုလ် တစ်ခုမှ အခြားတက္ကသိုလ်တစ်ခု သို့ ပြောင်းရွှေ့တက်ရောက်လိုပါ က ကျောင်းဖွင့်ပြီး ၂၁ ရက်အတွင်း အပြီးပြောင်းရွှေ့လျှောက်ထားရ မည်ဟု အဆင့်မြင့်ပညာဦးစီးဌာန က ကြေညာထားသည်။
  • Wednesday 2017-10-04
    ကုန်ပစ္စည်းဖြန့်ဖြူးပို့ဆောင်ရေးလုပ်ငန်းသည် ယခုနှစ်အတွင်း အခြားလုပ်ငန်းများထက် အလုပ်သမားလိုအပ်ချက်အမြင့်မားဆုံးဖြစ် လာကြောင်း အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် work. com.mm က ကောက်ယူထားသော စစ်တမ်းများတွင် ဖော်ပြ ထားသည်။
  • Wednesday 2017-10-04
    စက်တင်ဘာ ၂၁ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်အခြေစိုက်သတင်းဌာန Nikkei Asian Review၏ အယ်ဒီတာချုပ်ဂွင်ရော်ဘင်ဆင်က အစိုးရ၏စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မူဝါဒများ၊ လက်ရှိကြုံနေရသည့် ဘင်္ဂါလီအရေး အစရှိသည့်ကိစ္စများကိုမေးမြန်းအင်တာဗျူးခဲ့သည်။ မိနစ် ၅၀ကြာမြင့်သည့် အင်တာဗျူးကို ကောက်နုတ်ဖော်ပြပါသည်။ ရှင့်ရဲ့ ဦးဆောင်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာဝေဖန်မှုတွေကို ဘယ် လို တုံ့ပြန်မလဲ။ ဘာက အံ့ဩစရာ အကောင်းဆုံးလဲ။ တကယ်က အထူးတလည် အံ့ဩစရာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမြင်တွေဆို တာက ပြောင်းလဲတတ်တာပဲလေ။ ကမ္ဘာ့အမြင်ကလည်း တခြားအမြင်တွေလိုပဲ ပြောင်းလဲတတ်ပါ တယ်။ ကျွန်မတို့ ဒါကို နားလည် ပေးနိုင်ပါတယ်။ စပ်ကူးမပ်ကူး ဖြစ်စဉ်တွေကို ကြုံတွေ့ဖြတ်သန်း ခဲ့ရတဲ့ နိုင်ငံတွေက အဲဒီလိုဖြတ် သန်းမှုမျိုး လုံးဝမရှိဖူးတဲ့ နိုင်ငံတွေ ထက် ဒီလိုအခြေအနေကို ပိုနား လည်နိုင်ပါတယ်။ ပြည်တွင်းတုံ့ ပြန်မှုတွေနဲ့ပတ်သက်ပြီး ပြောရ မယ် ဆိုရင်တော့ ကျွန်မတို့မှာ ဆန့်ကျင်ဘက် အင်အားစုတစ်ခုရှိနေ တယ်။ ဒါက ဖြစ်သင့်တဲ့ အခြေအနေတစ်ခုပါ။ ဒီမိုကရေစီ နိုင်ငံတိုင်း မှာ ဆိုပါတော့။ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီကတော့ အတောင်အ လက်မစုံသေးပါဘူး။ ကျွန်မတို့ ဟာ ဝေဖန်မှုတွေ၊ အငြင်းအခုံတွေ ကို လမ်းဖွင့်ပေးထားရပါမယ်။
  • Wednesday 2017-10-04
    ဝန်ကြီးဌာနကခွင့်ပြုပါက ကယားပြည်နယ်ရှိ ဖရူဆိုနှင့် ဖားဆောင်းမြို့နယ်နှစ်ခုကို မြေမြှုပ်မိုင်းသံသယရှိနယ်မြေများအဖြစ် သတ်မှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု ဒိန်းမတ်လူမှုရေးအဖွဲ့ စီမံရေးမန်နေဂျာ ပါစကယ်ဆိုင်မွန်က ပြောသည်။
  • Wednesday 2017-10-04
    အိမ်တွင်းအကြမ်းဖက်ခံရခြင်း အပါအ၀င် ကျား၊ မ အခြေခံသောအကြမ်းဖက်မှုများ  (Gender Violet) ကို ကာကွယ်တိုက်ဖျက်ကုသမည့် အစီအစဉ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်သည်။
  • Wednesday 2017-10-04
    FDA ကရောင်းချခွင့်တားမြစ်ထားသော ဆေးဝါး၊ အလှကုန်နှင့် အစားအသောက်များကို ဈေးအတွင်း ရောင်းချမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် သက်ဆိုင်ရာ ဈေးတာဝန်ခံများထံ အသိပေးအ ကြောင်းကြားထားကြောင်း ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန ဒုဌာနမှူး ဦးစည်သူလွင်က ပြောသည်။
  • Wednesday 2017-10-04
    ယခုနှစ်တွင် အိတ်ခ်ျအိုင်ဗီရောဂါဝေဒနာရှင်များအတွက် နိုင်ငံတော်အစိုးရက ရန်ပုံငွေကန်ဒေါ် လာ ၁၅ သန်းထောက်ပံ့ပေး ထားကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန အမျိုးသားခုခံ အားကျ/ကာလသားရောဂါတိုက် ဖျက်ရေးစီမံချက်မန်နေဂျာဒေါက် တာထွန်းညွန့်ဦးက ပြောသည်။
  • Wednesday 2017-10-04
    တိုင်းနှင့်ပြည်နယ်ငါးခုရှိ ဆေးဆိုင်များတွင် တရားမဝင်လမ်းကြောင်းမှ တင်သွင်းလာသော အထောက်အထားမဲ့ ဆေးဝါးများ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးဝါးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ပြောသည်။
  • Wednesday 2017-10-04
    ယခုသီတင်းပတ် ပါရီမြို့ တွင် ပြောကြားခဲ့သော ရည်မှန်း ချက်ကြီး၊ မျှော်မှန်းချက်ကြီးသော မိန့်ခွန်း၌ ဥရောပတွင် နိုင်ငံခြား သားကြောက်ရွံ့သော အမျိုးသား ရေးဝါဒလှိုင်းလုံး တန်ပြန်ရေး အစီအစဉ်ကို ပြင်သစ် သမ္မတအီမယ်နျူ ရယ်မက်ကရွန်က တင်ပြခဲ့သည်။ တစုတစည်းတည်း ဥရောပဆိုသော စိတ်ကူးကို ဥရောပနိုင်ငံသားတိုင်း ပြန်လည်ခံစားနိုင်သော  စည်းလုံးညီညွတ်ပြီး အချုပ်အခြာပိုင် ဒီမိုကရက်တစ် ဥရောပကို မက်က ရွန်က တည်ဆောက်လိုသည်။ မက်ကရွန်၏ မိန့်ခွန်းသည် ပြဿနာပေါင်းစုံ၊ ခြိမ်းခြောက်မှု ပေါင်းစုံနှင့် ရင်ဆိုင်နေရသော ဥရောပသမဂ္ဂအတွက် ကြိုဆိုရ မည့် တိုက်ပွဲခေါ်သံဖြစ်သည်။ သို့ သော် ယူရိုဇုန်ကို ပြုပြင်ပြောင်းလဲ ရေးဆိုသော အရေးကြီးပြီး အငြင်း ပွားဖွယ်ကိစ္စတွင်မူ ၎င်း၏ အဆို ပြုချက်များသည် စိတ်ပျက်စရာ ကောင်းသည်။ ထို့အပြင် ၎င်းထက်ပို၍ သတိဖြင့် လုပ်ကိုင်ဆောင် ရွက်သည့် ဥရောပခေါင်းဆောင် များကို စည်းရုံးသိမ်းသွင်းနိုင်ရေး ခက်ခက်ခဲခဲ ကြိုးပမ်းရမည်ဖြစ် သည်။
  • Wednesday 2017-10-04
    ပဲစိုက်ပျိုးသည့် တောင်သူများ နွေစပါးကို ပြောင်းလဲစိုက်ပျိုးရာတွင် ရေရရှိမှု အပါအဝင် အခြားအခက်အခဲများရှိပါက အကူအညီများ တောင်းဆိုနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူးဦးရဲမင်းအောင်က ပြောသည်။
  • Wednesday 2017-10-04
    (၁) ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ်ရှိ အကြီးဆုံးကောလိပ်များအနက် တစ်ခုဖြစ်သည့် စိန့်ဟုခ်ျကောလိပ် (St Hugh's College) ပင်မအဆောက်အအုံအဝင်ဝ၌ ချိတ်ဆွဲပြသထားသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီကားကို ပြီးခဲ့တဲ့ကြာသပတေးနေ့က ဖယ်ရှားခံခဲ့ရပါတယ်။ ဒီကိစ္စဟာ စာရေးသူတို့ မြန်မာ နိုင်ငံသားများကို ခံပြင်းဒေါသထွက်စေခဲ့ပါတယ်။ မကျေနပ်နိုင်ကြပါဘူး။ နိုင်ငံအတွက်၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် လူထုအမြောက်အမြားက လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်နေသူ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မျှော်လင့်မှုများနဲ့ အားကိုးနေကြရချိန်လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာက အသိအမှတ်ပြုလေးစားထားတဲ့ ပုဂ္ဂိုလ်၊ ကမ္ဘာ့လူမှုပတ်ဝန်းကျင်ကို ထွင်းဖောက်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအိပ်မက်ကို အကောင်အထည်ဖော်ပေးနေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
  • Wednesday 2017-10-04
    (တစ်) စာရေးဆရာကြီးမင်းဆွေ၏ ‘ဓား’၀တ္ထုကို မြန်မာစာဖတ်သူတို့ အဖတ်အရှုများပါသည်။ ထူးထူး ဆန်းဆန်းဇာတ်ဆောင်များကို မိမိ ၏စံပြဇာတ်ရုပ်(Ideal Character) အဖြစ် စိတ်ကူးယဉ်ဝင်စားလေ့ရှိ သော လူငယ်စာဖတ်သူတို့ဘ၀က ထို‘ဓား’၀တ္ထုထဲက ‘မျိုးမြင့်ရန် နောင်’ ဆိုသည့်ဇာတ်လိုက်ကို စာ ဖတ်သူလူငယ်အများစု သဘော ကျခဲ့ကြဖူးပါသည်။ ‘မြင်မြင်’ဆို သည့်ထူးဆန်းသည့် နာမည်ပိုင်ရှင် အမျိုးသမီးက မျိုးမြင့်ရန်နောင် မရှိခိုက် သူ၏ဓားကိုဓားအိမ်မှ ချွတ်၍ကြည့်မိလေရာ မျိုးမြင့်ရန် နောင်ပြန်ရောက်လာခိုက်နှင့် ကြုံ ပြီး ကျုပ်ဓားကထုတ်ပြီးရင် သွေး သောက်ရမှဟုဆိုကာ ကြောင်က လေးကို ခုတ်လိုက်သည့်ဇာတ် ကွက်မျိုးကို ကျွန်တော်တို့စွဲငြိခဲ့ကြ သည်ပဲဖြစ်ပါသည်။
  • Wednesday 2017-10-04
    မောင်တောဟုဆိုသည်နှင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ သမိုင်းနှင့်ချီရှုပ်ထွေးနက်နဲပြီး မဖြေရှင်းနိုင်သေးသည့် ပြဿနာ သောင်းခြောက်ထောင်ဖြင့်ဒေသ ဟု ပြေးမြင်ယောင်မည်ဖြစ်သည်။ ထို့အတူ ယင်းဒေသရှိ လူ့အသိုင်းအ၀ိုင်းကြားတွင်လည်း အပြန်အလှန်မယုံကြည်မှုများ၊ သံသယများက ကြီးစိုးနေသည်။ သို့သော် နယ်စပ်မောင်တော ဒေသတွင် မတူကွဲပြားသော်လည်း အကြမ်းဖက်မှုများကို တူညီစွာဆန့်ကျင်ရင်း ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်သည့် ကျေးရွာအချို့လည်း ရှိနေသည်။
  • Wednesday 2017-10-04
    အစိုးရကောင်း တစ်ရပ်ပေါ်ပေါက်လာဖို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ကြရတယ်။ နှစ်ပေါင်း ခြောက်ဆယ်နီးပါး အာဏာရှင်ခေတ်ကို ဖြတ်သန်းလာခဲ့ရတော့ ဒီမိုကရေစီအစိုးရကို ငတ်မွတ်ခဲ့ကြတယ်။ အခုလက်ရှိအစိုးရအနေနဲ့ အရင် အစိုးရအဆက်ဆက်ရဲ့အမွေဆိုး တွေကိုအကောင်းဆုံးဖြစ်အောင် ဖြေရှင်းပေးနေရတယ်။ သူများဖွခဲ့တဲ့အမှိုက်တွေကို ကိုယ့်အမှိုက်လို သဘောထားပြီး ရှင်းလင်းနေရတယ်။ ဒီအချိန်မှာ အစိုးရကိုဝိုင်းကူရကောင်းမှန်း မသိ၊ မကူညီတဲ့အပြင် အနှောင့်အယှက်ပါပေးနေကြတဲ့ လူတစ်စုက ထောက်ခံပေးထားတဲ့ ခေါင်းဆောင်ဆိုတဲ့သူတွေကလည်း ဒီနိုင်ငံမှာခပ်များများ တွေ့ရတယ်။
  • Wednesday 2017-10-04
    ဧရာဝတီတိုင်းဒေသကြီးရှိ ဒီရေ တောပြုန်းတီးမှု အများဆုံးဖြစ် သည့် ဒေသသုံးခုတွင် ၁၀ နှစ်စီမံ ကိန်းဖြင့် ဒီရေတော ဧကလေး သောင်းခွဲ စိုက်ပျိုးမည်ဟု သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရေဝေ ရေလဲဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးဝင်းနိုင်ကပြောသည်။
  • Wednesday 2017-10-04
    ကမ္ဘာတွင် လူသားစတင်ဖြစ်တည်ချိန်မှ ဒုတိယ ကမ္ဘာစစ်မတိုင်မီအထိ နှစ်ပေါင်းထောင်ချီရှည်လျား လှသောသမိုင်း၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။ မည်သည့်အရပ်ဒေသ၌ မည်သို့သောလူမျိုး များ ရှင်သန်ကြီးပြင်းခဲ့ပါသနည်း။ ကိုးကွယ်ရာအစ ဘာသာတရားကြီးများ မည်သို့ ပေါ်ပေါက်လာသ နည်း။ လူ့ယဉ်ကျေးမှု အဆင့်ဆင့်မြင့်တက်ကာ မည် သို့သော သိပ္ပံဖန်တီးမှုများ ပြုလုပ်ခဲ့ကြသနည်း။  ဉာဏ်ရည်မြင့်မားသည်ဆိုသော လူသားများသည် အဘယ်ကြောင့် ရက်စက်ယုတ်မာမှုများကို ကျူးလွန် ခဲ့ကြသနည်း။ လူမျိုးရေး၊ ဘာသာရေးများကြောင့် ကမ္ဘာ့သမိုင်းတစ်လျှောက် မည်သို့သောစစ်ပွဲကြီးများ ဖြစ်ပွားခဲ့ရသနည်း။ ထိုသို့သော အခြေအနေအလုံးစုံ ကို သိနားလည်အောင် မည်သို့သော စာအုပ်မျိုး ဖတ် သင့်ပါသနည်း။ အဖြေကမူ ရှိပါသည်။
  • Wednesday 2017-10-04
    ရှားပါးစာရင်းဝင် အနားပျော့လိပ် မျိုးစိတ်များ မျိုးသုဉ်းလုနီးပါးအန္တ ရာယ်ဖြင့် ကြုံတွေ့နေရသည့် ယင်းလိပ်များ ဥဥကျက်စားရာ ဧရာဝတီတိုင်း ဒေသကြီးတွင် ထိန်းထိမ်းရေး လုပ်ဆောင်မည်ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ လိပ်သုတေသနကျွမ်းကျင်သူ မမီမီစိုး ကပြောသည်။
  • Wednesday 2017-10-04
    ဂျပန်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကိုယ်တိုင် တိုကျိုမြို့ သို့ သွားရောက်၍ ဈေးကွက်မြှင့် တင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ ကြောင်း ယင်းဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။
  • Wednesday 2017-10-04
    စာရေးသူသည် ဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီးနောက် ဒဂုံဆိပ်ကမ်းမြို့နယ် ကွမ်အပ်သားမင်းသားကြီးလမ်းရှိ ရွှေသံလွင်ဘိုးဘွားရိပ်သာတွင် ၂၀၁၃ ခုနှစ်မှစ၍ ဒုဥက္ကဋ္ဌအဖြစ် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကရုဏာသက်ဖွယ်ကောင်းရုံမျှမက လွန်စွာတရားကျဖွယ်ကောင်းလှသော အတွေ့အကြုံအချို့ကို ဖော်ပြလိုလှ၏။ အဘွားအိုတစ်ဦးသည် ဘိုးဘွားရိပ်သာတွင် လာရောက်နေထိုင်လိုကြောင်း လျှောက်ထားလာသဖြင့် အဘွား၏ ဘဝနောက်ကြောင်းကို အဖွဲ့ဝင်များ ဝိုင်းဝန်းမေးမြန်းကြသောအခါက ဖြစ်ပါသည်။ အဘွားသည် အသက် (၇၀)ကျော်အရွယ် ရှိ၏။ ကျက်သရေရှိပြီး နွမ်းနယ် သော မျက်နှာမှ အပြုံးရိပ်များမှာ တိမ်ဖုံးထားသည့်ကြားမှ လရောင် ကို သတိရစေ၏။ ရုပ်ရည်သန့်ပြန့် ပြီး မျက်လုံးဝိုင်းဝိုင်းကြီးများရှိ၏။ အငြိမ်းစားအလယ်တန်းကျောင်း ဆရာမကြီးဖြစ်ကြောင်းနှင့် မှီခို အားထားမည့်သူ လုံးဝမရှိကြောင်း သိရှိရ၏။
  • Wednesday 2017-10-04
    တောင်ကိုရီးယားနိုင်ငံ စက်မှုမြို့ တော် အူဆန် (Ulsan)နှင့် မန္တလေး မြို့တို့အကြား ညီအစ်မမြို့တော် (Sister City)အဖြစ် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် စက်တင်ဘာတတိယပတ်က နှစ်နိုင်ငံမြို့တော်ဝန်များ တွေ့ဆုံကာ လက်မှတ်ရေးထိုးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီဝင် ဦးရဲမြတ်သူက ပြောသည်။
  • Wednesday 2017-10-04
    အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) ဝန်ထမ်းဟောင်း၊ထောက်လှမ်းရေးသတင်းတွေ ဖွင့် ချသူ အက်ဒ်ဝပ်စနိုးဒန်က ရုရှား နိုင်ငံမှာ နေထိုင်ရတဲ့ သူ့ဘဝအ ကြောင်း၊ ထောက်လှမ်းရေး ယန္တ ရားတွေရဲ့ ပါဝါနဲ့ အစိုးရအဖွဲ့တွေ ရဲ့ အားလုံးကို ဖြန့်ကြက်စောင့် ကြည့်တဲ့ ထောက်လှမ်းမှုတွေကို သူဆန့်ကျင် တိုက်ပွဲဝင်နေတာ တွေ၊ ဘယ်လိုဆက်လုပ်မယ်ဆို တာတွေနဲ့ ပတ်သက်လို့ ဆွေးနွေး ထားပါတယ်။
  • Wednesday 2017-10-04
    ပြည်ပရောက် မြန်မာများသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က တစ်တိုင်းပြည်လုံး၏ တစ်ခဲနက် ထောက်ခံမှုဖြင့် ရွေးကောက်ပွဲအနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်သည့်အပေါ် နိုင်ငံတကာအလယ်တွင် အလွန်မျက်နှာပွင့်လန်းခဲ့သည်။ လက်ရှိတွင်တော့ ထိုအခြေအနေ နှင့် ဆန့်ကျင်စွာ မြန်မာအစိုးရနှင့် ပတ်သက်သော ဖိအားတစ်ခုကို ရင်ဆိုင်လာရသည်။ ယင်းမှာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်၍ ပြစ်တင်ခြင်း၊ ဝေဖန်ပြောဆိုခြင်းနှင့် မေးမြန်းခံရခြင်းတို့ ကြုံ တွေ့နေရပြီး မိမိနိုင်ငံနှင့် မိမိတို့၏ ခေါင်းဆောင်အတွက် အတတ်နိုင်ဆုံး နားလည်သဘောပေါက်အောင် အိမ်ရှင်နိုင်ငံသား များ ဖြေရှင်းပေးနေရသည်။
  • Wednesday 2017-10-04
    ပရာဝစ်ဝေါင်ဆူဝမ်သည် ၂၀၁၄ ကစ၍ ထိုင်းကာကွယ်ရေး ဝန်ကြီးတာဝန်ယူထားပြီး အမျိုးသားငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကောင်စီ ဒုဥက္ကဋ္ဌဖြစ်သလို ဒုတိယဝန်ကြီးချုပ်တာဝန်လည်း ယူထားသည်။ ၂၀၀၄ မှ ၂၀၀၅ အထိ ထိုင်းနိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ် ပြီး ၂၀၀၈ မှ ၂၀၁၁ အထိလည်း ထိုင်းနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။
  • Wednesday 2017-10-04
    မော်ဒယ်စမိုင်းလ်၏ ‘သုခုမာလာ’ ရုပ်ရှင်ထုတ်လုပ်ရေးမှ ပထမဆုံး ပွဲဦးထွက်ရိုက်ကူးသည့် ‘ဂယက်တွေပါဟယ်’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို စက်တင်ဘာ ၃၀ ရက်နံနက်က ရွှေတိဂုံစေတီ အောင်မြေ၌ ပြုလုပ်ခဲ့သည်။ 
  • Wednesday 2017-10-04
    အမှတ် (၁) နယ်ခြားစောင့်ရဲ တပ်ဖွဲ့ကွပ်ကဲရေးမှူးအဖြစ် တစ်နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ရဲမှူးချုပ်သူရစန်းလွင်သည် နေပြည်တော်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်တော့မည်ဖြစ်သည်။ အကာလ်မူလ်မူဂျာဟီဒင်န်အကြမ်းဖက်အဖွဲ့က မောင်တောဒေသကို ၂၀၁၆ အောက်တိုဘာ ၉ ရက်က၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယင်းအချိန် အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲ ရေးမှူးနေရာတွင် ရဲမှူးချုပ်သူရစန်းလွင်အား  ပြည်ထဲရေးဝန်ကြီးက တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အစိုးရလတ်တလောရင်ဆိုင်နေရသော အကျပ်အတည်းများအနက် ဖြေရှင်းရအခက်ဆုံးဖြစ်နေသော ရခိုင်ဒေသအရေးသည် အဓိကပြဿနာဖြစ်သော နယ်စပ်ဒေသလုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များနှင့် ဒေသတွင်းဘင်္ဂါလီအရေးကို 7Day News ဂျာနယ်က ရဲမှူးချုပ် သူရစန်းလွင်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
  • Wednesday 2017-10-04
    ကမ္ဘာ့နိုင်ငံ ၈၀ ကျော်ပါဝင်ယှဉ် ပြိုင်မည့် Miss Grand Interna-tional ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ် စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် အလှမယ် ရွှေအိမ်စည်သည် ယခု ရက်ပိုင်းတွင် နိုင်ငံတကာဆိုရှယ် မီဒီယာသုံးစွဲသူများနှင့် ပြည်တွင်း ပရိသတ်များကြား ပိုမိုသတိပြုမှု ကို ရရှိခဲ့သည်။

Pages