အတွဲ (၁၆)၊ အမှတ် (၃၁)

Issue Date: 
Wednesday, October 11, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ ဗုဒ္ဓဟူး၊ (အောက်တိုဘာ ၁၁၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Wednesday 2017-10-11
    အက်ပ်ပဲလ်ကုမ္ပဏီက အသစ်ထုတ်လုပ်ထားသော i Phone 8 Plus ၏ ဘက်ထရီများ ဖောင်းကြွတက်လာပြီး အဖုံးကိုပင် တွန်းထုတ်မှု ဖြစ်နေသည်ဆိုသော သတင်းများကို ပြီးခဲ့သည့်လက ယင်းဖုန်းများ စတင်ရောင်းချပြီးချိန်ကပင် ကြားနေရပြီး ထိုကိစ္စကို ကြည့်ရှုလေ့လာနေသည်ဟု အက်ပ်ပဲလ်ကုမ္ပဏီက ပြောကြားသည်။
  • Wednesday 2017-10-11
    ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၅ ကစတင်၍ ဆက်သွယ်ရေးလိုင်စင် ၁၂၀ ကျော်ခွင့်ပြုပေးခဲ့သည့်နောက်ပိုင်း ရန်ကုန်မြို့တွင် အင်တာနက်လိုင်းဝန်ဆောင်မှုပေးအပ်သည့် ကုမ္ပဏီ ၁၀ ခုကျော် ထွက်ပေါ်လာသည်။ အင်တာနက်လိုင်းရောင်းချသည့် ကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုလည်း၂၀၁၇ အတွင်း ပို၍ပြင်းထန်လာသည်။ ပြိုင်ဆိုင်မှုများ၏ အဓိကပစ်မှတ်သည် ကွန်ဒိုများဖြစ်သည်။ ဖိုက်ဘာအနေဖြင့်သော်လည်းကောင်း၊ ၀ိုင်ဖိုင်အနေဖြင့်သော်လည်းကောင်း အင်တာနက်လိုင်းရောင်းချခြင်းကို ဈေးကွက်လက်ဦးမှုရရှိရန် ပြိုင်ဆိုင်သည်။
  • Wednesday 2017-10-11
    သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း စက်ရုံ၊ အလုပ်ရုံမပိတ်၍ တိုင်ကြားသည့်ဖြစ်စဉ်မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။ သီတင်းကျွတ်အစိုးရတရား ဝင်ရုံးပိတ်ရက်တွင် စက်ရုံ၊ အလုပ်ရုံအချို့ ဖွင့်လှစ်ခဲ့သည့် သတင်းများထွက်ပေါ်ခဲ့သော်လည်း ထိုသို့ ဖွင့်လှစ်ခြင်းသည် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်သဘောတူညီ မှုကြောင့် လုပ်ကိုင်ခြင်းသာဖြစ် နိုင်ကြောင်း ၎င်းကပြောသည်။
  • Wednesday 2017-10-11
    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကုလသမဂ္ဂ၏ လုံခြုံရေး ကောင်စီအစည်းအဝေးများတွင် ရခိုင်ပြည်နယ်ပဋိပက္ခက အဓိကအကျဆုံးဆွေးနွေးမှုအကြောင်းအရာတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံ အနောက်ဖျားဒေသ တွင် လူမျိုးရေး သုတ်သင်ရှင်း လင်းမှုများရှိနေပြီး အရေအတွက်အားဖြင့် သိန်းချီများပြားသည့် ဘင်္ဂါလီဒုက္ခသည်များက မြန်မာနိုင်ငံကို စွန့်ခွာကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ခိုလှုံထွက်ပြေးနေကြောင်း စွပ်စွဲမှုများလည်း ပြင်းထန်ခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်ကိစ္စအပေါ် အလွန်အမင်း အာရုံစိုက်နေခြင်းသည် ပိုမိုကျယ်ပြန့်သည့် မြန်မာနိုင်ငံတစ်ခုလုံး၏ နောက်ခံ အခြေအနေများကို ဝေဝါးပျောက် ကွယ်သွားစေသည်။ အဆိုပါ နောက်ခံအခြေအနေများကသာ ဒုက္ခသည်များ နေရပ်ပြန်လာနိုင်ရေးအတွက် ရွေးချယ်ခွင့်များအ ပြင် ဒေသတွင်း တည်ငြိမ်ရေးနှင့်တစ်နိုင်ငံလုံးမှ ပြည်သူများအ တွက် ပိုမိုကောင်းမွန်သည့် လူမှုဘဝများ ပိုင်ဆိုင်လာရေး ရည်မှန်း ချက်များကို လက်တွေ့ဖန်တီးပုံ ဖော်ပေးနိုင်မည်ဖြစ်သည်။
  • Wednesday 2017-10-11
    အချုပ်သားလူနာများကို သီးသန့် ထားကာ ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရေး ရခိုင်ပြည် နယ်ရှိ စစ်တွေ၊ ဘူးသီးတောင်နှင့် သံတွဲမြို့နယ်တို့တွင် အချုပ်သား လူနာဆောင်များ ဆောက်လုပ်ရန် စီစဉ်နေကြောင်း နေပြည်တော် တိုင်းကုသရေးဦးစီးဌာနမှူး ဒေါက် တာမြတ်ဝဏ္ဏစိုးက ပြောသည်။
  • Wednesday 2017-10-11
    နာဂဒေသတွင် ယခုနှစ်အတွင်း ကာကွယ်ဆေး လွှမ်းခြုံမှုကို ၈၀ ရာခိုင်နှုန်းအထိ ရှိနိုင်မည်ဟု ရည်မှန်းထားကြောင်း နေပြည်တော် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုး က ပြောသည်။
  • Wednesday 2017-10-11
    သွားပိုးစားပြီး ရောဂါပိုးဝင်ရာက တစ်ဆင့် မေးရိုးဆွေးခြင်းရောဂါ ဖြစ်နိုင်သောကြောင့် သွားနှင့် ခံတွင်း ကျန်းမာရေးကို သတိပြုရန် လိုအပ်ကြောင်း သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် ဒေါက်တာသန်းထွန်း (မိုးထက်ပါရမီ)က ပြောသည်။
  • Wednesday 2017-10-11
    မကြာမီ နှစ်များက အာရှတိုက်၏ နောက်ဆုံးထွန်းသစ်စ နိုင်ငံဟုတင်စားကြသည့် မြန်မာနိုင်ငံသို့စိတ်ဝင်တစား လာရောက်လည်ပတ်သူများခဲ့သော်လည်း ယခု လပိုင်းအတွင်း မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စိန်ခေါ်မှုများ ကြုံနေပြီဖြစ်သည်။ 
  • Wednesday 2017-10-11
    မြန်မာနိုင်ငံ၏ ပထမဆုံးဆင်ဆေးရုံသည် တစ်နိုင်ငံလုံးရှိ သက်ကြီး ဆင်နှင့် ဒဏ်ရာရနာမကျန်းဆင်များကို ၂၀၁၈ တွင် စတင်စောင့်ရှောက်မှုပေးနိုင်မည်ဟု မြန်မာ့ သစ်လုပ်ငန်း မန်နေဂျာဒေါက်တာ ဇော်မင်းဦးက ပြောသည်။
  • Wednesday 2017-10-11
    ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) နှင့် ပူးပေါင်း၍ ဒေသသုံးခုတွင် ဒေသခံပြည်သူအခြေပြုသစ်တောစီမံခန့် ခွဲအုပ်ချုပ်ကိုင်ခြင်းကို ငါးနှစ်စီမံကိန်းဖြင့် လုပ်ဆောင်ရွက်မည်ဟု သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိန်မိုးကပြော ကြားသည်။
  • Wednesday 2017-10-11
    ဝါးမျိုးစိတ်ပေး၍ ထွက်သမျှ မျှစ် ပြန်ဝယ်ရန် ပြည်တွင်းလုပ်ငန်းရှစ်တစ်ဦးက မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းကို ကမ်းလှမ်းထားသည်ဟု ယင်းအသင်းဥက္ကဋ္ဌဦးဝင်း ကျော်ဦးက ပြောသည်။
  • Wednesday 2017-10-11
    စာရေးဆရာကြီး (ဦး)အောင်သင်း မကွယ်လွန်မီ Eternal Light Magazine တွင် ရေးသားခဲ့သော ဆောင်းပါးများကို စုစည်း၍ ပထမဆုံးအကြိမ် ပုံနှိပ် ထုတ်ဝေသောစာအုပ်ဖြစ်သည်။ ဇွန်ပွင့်စာအုပ်တိုက်က (ဦး)အောင်သင်း အသက်(၉၀)ပြည့် အထိမ်းအမှတ် စီစဉ်ထုတ်ဝေသော စာအုပ်လည်း ဖြစ်ပါသည်။
  • Wednesday 2017-10-11
    ပရာဗင်ဆိုယမ် (၂၃)နှစ် သည် ရုတ်တရက် ရင်ဘတ်အောင့် ပြီး အန်လည်းအန်ကာ မအီမသာ ဖြစ်လာချိန်မတိုင်မီ ကျန်းမာရေး အကောင်းပကတိ ဖြစ်သည်။ နောက်ပိုင်းတွင် ပရာဗင်တစ် ယောက်အခြေအနေပိုဆိုးလာ ကာ နောက်တစ်နေ့တွင် အစိုးရ ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ မစ္စတာဆိုယမ်သည် မဟာ ရက်ရှ်ထရပြည်နယ်တွင် သီးနှံပိုး သတ်ဆေးအဆိပ်သင့်၍ ထပ်မံ သေဆုံးခဲ့သူတစ်ယောက်ဟု ၎င်းကို ကုသခဲ့သော ဆရာဝန်များက မသင်္ကာဖြစ်နေသည်။ လွန်ခဲ့သော နှစ်ရက်က မိသားစုပိုင် ဝါဂွမ်းစိုက်ပျိုးရေးကွင်းတွင် ၎င်းပက်ဖျန်းခဲ့ သော ပိုးသတ်ဆေးအငွေ့များကို ရှူရှိုက်ခဲ့ပြီးနောက်ပိုင်းကစ၍ ဆိုယမ်နေထိုင်မကောင်း စဖြစ်ခဲ့ သည်ဟု ဆရာဝန်များက ယုံကြည်သည်။
  • Wednesday 2017-10-11
    မြန်မာနိုင်ငံသို့ ချည်ထည်အမှာ အများဆုံးပေးနေသည့် နိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ယခုရက်ပိုင်း၌ အမှာရရှိမှု ကျဆင်းနေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက ပြောသည်။ မြန်မာနိုင်ငံမှ ချုပ်ထည်များကို ဥရောပနိုင်ငံများမှ အော်ဒါအများဆုံးပေးနေပြီး အဆိုပါနိုင်ငံများတွင် လက်ရှိ၌ ဆောင်းရာသီမှ နွေရာသီအကူးအပြောင်းကာလ ဖြစ်၍ အပ်ထည်များ အမှာကျဆင်းကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
  • Wednesday 2017-10-11
    (တစ်) ကျွန်တော်ကိုယ်တိုင်က ကျောင်း ဆရာတစ်ယောက်ဖြစ်လို့လားမ သိ ပညာရေးလောကအကြောင်း ကို မကြာမကြာ တွေးမိတတ်ပါ တယ်။ ကျွန်တော်တို့ ပညာရေး ဘာကြောင့် မအောင်မြင်ရသလဲ၊ နိမ့်ကျနေရသလဲဟူ၍။ ကျွန်တော် တို့ ပညာရေးနိမ့်ကျသွားရသည့်အ ဓိက အကြောင်းရင်းပေါင်းများစွာ ရှိပါလိ့မ်မည်။ ဟိုတစ်ချိန်က စီမံ ခန့်ခွဲမှု ပုံစံတွေ ညံ့ဖျင်းခဲ့တာ၊ ဆ ရာ၊ ဆရာမတွေ အရည်အသွေး သိပ်မရှိတာ၊ ကျောင်းသား၊ ကျောင်းသူတွေ ကိုယ်တိုင်က ပ ညာကို လိုလိုချင်ချင်နဲ့ လိုက်မယူ တာ၊ ကျောင်းမှာ စာကြည့်တိုက် တွေမရှိတာ စသည်စသည်ဖြင့် အ ကြောင်းရင်းတွေက များမှများ။ ထိုအထဲမှာမှ တကယ်မလုပ်ဘဲ ဟန်ပြတွေလုပ်ခြင်းကြောင့်၊ အ ပေါ်ယံကြောတွေ လုပ်ပြပြီး မျက် နှာယူနေခြင်းကြောင့် ကျွန်တော် တို့ပညာရေး နိမ့်ဆင်းကျသွားရ ခြင်းသည်လည်း တစ်ချက်အပါအ ဝင် ဖြစ်ပါသည်။ ထိုအချက်ကို မည်သူမျှ အငြင်းမပွားတန်ရာ။ နိုင်ငံ့ခေါင်းဆောင်တွေ၊ အထက် လူကြီးတွေက ဘယ်လောက်ပဲ ပြောင်းပြောင်းဟု အော်နေ ပြော နေသော်လည်း တကယ်အလုပ် လုပ်နေသူ အောက်ခြေဝန်ထမ်း တွေ မပြောင်းလျှင် ဘာမှကို မ ပြောင်းလဲနိုင်ပါ။ အခြေခံက စ ပြောင်းမှသာ ကျွန်တော်တို့ပညာ ရေး တကယ်ကို ထူးခြားပြောင်းလဲ လာမှာပဲ ဖြစ်သည်။ အခြေခံ (Foundation) ကောင်းမှသာ အ မြင့်ပိုင်း အဆင်ပြေနိုင်မှာကိုး။ အ ခုကျွန်တော်တို့ ပညာရေး ဖြစ်နေ သည်က အခြေခံဖြစ်သည့် အောက်ခြေဝန်ထမ်း ကျောင်းအုပ်ဆရာ၊ ဆရာမကြီး၊ ဆရာ၊ ဆရာမတွေ ကအစ မပြောင်းလဲခြင်းပါ။ ကျွန် တော်တို့တွေ ဘယ်လိုလုပ်ရပါ့။ ဘာကြောင့် ဒီလိုတွေ ကျွန်တော် ပြောနိုင်ရသနည်း။ ကျွန်တော်သေ ချာ ရှင်းပြပါမည်။ အောက်တွင် ကြည့်ပါ စာဖတ်သူမိတ်ဆွေ။
  • Wednesday 2017-10-11
    ဒုတိယကမ္ဘာစစ်အဆုံးသတ်ပြီး နောက်ပိုင်း လူသားချင်းစာနာ ထောက်ထားရေး အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ အခုအမြင့်မားဆုံး အခြေအနေဖြစ် နေပြီး လူပေါင်း ၁၄၅ သန်း လောက်ရှိနေပါတယ်။ အာဖရိက နဲ့ အရှေ့အလယ်ပိုင်းမှာ ရှည်ကြာ တဲ့ ပြဿနာတွေကြောင့် အခြေ အနေဆိုးရွားနေပါတယ်။ ရာသီဥ တုကြောင့် ဖြစ်ပေါ်တဲ့ အရေးပေါ် အခြေအနေတွေ၊ တစ်ခါတလေ မှာ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပေါင်းစပ်ဖြစ်ပေါ်ပြီးတော့ ထိခိုက် လွယ်တဲ့ လူ့အသိုင်းအဝိုင်းတွေအ ပေါ် အကြီးအကျယ်ကသောင်းက နင်းဆက်ဖြစ်နေစေပါတယ်။ ဒီ အခြေအနေတွေအားလုံးကြားမှာ ကုလသမဂ္ဂရဲ့ ပူးပေါင်းတုံ့ပြန် ရေးအစီအစဉ်တွေဟာ ဆိုးဆိုးရွား ရွားရန်ပုံငွေ လျော့ကျနေဆဲဖြစ် နေပါတယ်။
  • Wednesday 2017-10-11
    (တစ်) သာမန်ထက်ပိုသော အခြေ အနေကို မြန်မာတို့က ‘ကြီး’နှင့်တွဲ သုံးလေ့ရှိပါသည်။ အသိအမြင် ကြွယ်ဝသူကို မျက်စိကြီး၊ နားကြီး ဟုသုံးပါသည်။ စေ့စေ့စပ်စပ် သေ သေချာချာစဉ်းစားဆုံးဖြတ်တတ် သူကို ခေါင်းကြီးသည်ဟုသုံးပါ သည်။ အဆင့်အတန်းဂုဏ်ဒြပ်ခမ်း နားထည်ဝါသူကို မျက်နှာကြီးဟု သုံးပါသည်။ ရာထူးအာဏာဩဇာ ကြီးသူကို လူကြီးဟုသုံးပါသည်။ စကားအရာကြွားကြွားဝါ၀ါပြော သည်ကို လေကြီးသည်ဟု သုံး ပါသည်။ အသုံးအစွဲကြမ်းသူကို လက်ကြီးသည်ဟု သုံးပါသည်။ ခံစားမှုပြင်းပြကြာရှည်သူကို စိတ် ကြီးသည်ဟု သုံးပါသည်။ သာမန်ထက် အခြေအနေ ထူးကဲသောနေ့များ၊ ရက်များကိုနေ့ကြီးရက်ကြီး၊ အခါကြီး၊ ရက်ကြီးစသည်ဖြင့် သုံးလေ့ရှိပါသည်။ ဤ၌ အာဇာနည်နေ့ကဲ့သို့၊ လွတ်လပ်ရေးနေ့ကဲ့သို့ လောကအရထူးခြားသည့်နေ့များကို နေ့ကြီးရက်ကြီးအဖြစ်သုံးသော်လည်း ဘာသာရေးဆိုင်ရာနေ့ထူးနေ့မြတ်များကိုကား ‘အခါကြီး ရက်ကြီး’ဟုသာသုံးကြလေ့ရှိပါသည်။ ‘အခါ’ဆို  သည်က ပို၍ကြီးမြတ်သည့်အငွေ့ အသက်ကို ခံစားရစေသည်မဟုတ် လား။ အင်္ဂလိပ်ဘာသာ၌မူ Holy Days ဟုသုံးလေ့ရှိပါ၏။
  • Wednesday 2017-10-11
    ဆတ်မာဂင်ဘတ်တူလ်ဂါ သည် မွန်ဂိုလီးယားနိုင်ငံရေးသ မားဖြစ်ပြီး ယင်းနိုင်ငံ သမ္မတလည်းဖြစ်သည်။ မွန်ဂိုလီးယားပါလီမန်အဖွဲ့ဝင်အဖြစ် ၂၀၀၄ မှ ၂၀၁၆ အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ မှ ၂၀၁၂ အထိ လမ်း၊ သယ် ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဝန် ကြီးအဖြစ် တာဝန်ယူခဲ့သည်။ 
  • Wednesday 2017-10-11
    ကျွန်တော်တို့ ကျောင်းသားဘဝ ဝတ္ထုတွေ ဖတ်စအချိန် အကြိုက်ဆုံး ဝတ္ထုရေးဆရာတွေထဲမှာ ဆရာမင်းလူက ထိပ်ဆုံးကပါခဲ့သည်။ ဆရာမင်းလူဝတ္ထု အသစ်ထွက်လျှင် အဦးဆုံးငှားဖတ်သည်။ မဂ္ဂဇင်း တစ်အုပ်ငှားလာလျှင် ဝတ္ထုမာတိကာကို အရင်ကြည့်သည်။ ဆရာမင်းလူဝတ္ထုပါလျှင် ဆရာမင်းလူဝတ္ထုကို ဦးစွာဖတ်သည်။ ပြီးမှ တခြားဝတ္ထုများကို ဖတ်သည်။ ဆရာမင်းလူဝတ္ထုများတွင် ထူးထူးခြားခြား မှတ်မိနေသော ဝတ္ထုတိုလေးတစ်ပုဒ်ရှိသည်။ ဝတ္ထုအမည်က ဆန်းသလို အဆုံးသတ်မှာ ဝတ္ထုရေးဆရာပေးခဲ့သည့် ဒဿနကလည်း အလွန်လှသည်။ ဝတ္ထုအမည်က ‘ဥဩ အော်မြည်’တဲ့။ ၁၉၈၇ လောက်က ပန်မဂ္ဂဇင်းမှာ ရေးခဲ့သည့် ဝတ္ထုဟု ထင်သည်။ မဂ္ဂဇင်းမာတိကာမှာ ဝတ္ထုအမည်ကို ‘ဥဩအော်မြည်’ဟု တွေ့လိုက်တော့ စိတ်ထဲက ရာဇဝင်ဝတ္ထုဟု ထင်လိုက်မိ၏။ ရာဇဝင် ထဲမှာ ‘ဥဩအော်မြည် ကုန်းဘောင်တည်’ဟု မှတ်သားခဲ့ဖူးသည်ကိုး။ မဂ္ဂဇင်းစာအုပ်ကို ဖွင့်ဖတ်မိတော့ မှ တက္ကသိုလ်နောက်ခံ မေတ္တာဘွဲ့ဇာတ်လမ်းလေး။ ကောင်မလေးက ကောင်လေးထက် အသက်နည်းနည်းပိုကြီးသည်။ ထို့ကြောင့် ကောင်လေးက ကောင်မလေးကို ‘မမ’ဟု ခေါ်သည်။ မောင်နှင့် မမ တို့၏ လွမ်းစရာအချစ်ဇာတ်လမ်း လေး။ ဥဩငှက်ကလေးတွေ တွန်သံကြားတိုင်း တက္ကသိုလ်ကျောင်း သားဘဝက ချစ်ခဲ့ရသည့် အချစ် ဦးမမကို အမြဲသတိရနေသည့်အ ကြောင်း ကောင်လေးက ပြန်ပြော ဟန်ရေးဖွဲ့ထားသည်။
  • Wednesday 2017-10-11
    ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံမြို့သစ်နှင့် လှိုင်သာယာမြို့သစ်မှာ ကိုရီးယားနိုင်ငံ KB Mic-rofinance Myanmar က လှူဒါန်းတဲ့ Community Centre များ ဖွင့်ပွဲကျင်းပခဲ့တဲ့သတင်းကို MRTV မှ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာ တွေ့ရှိရပါတယ်။ တစ်ပြိုင်တည်းမှာပဲ ရွှေပေါက်ကံမြို့သစ် တော်ဝင်လူမှုအခြေပြု အစုအဖွဲ့ပိုင် အိမ်ရာစီမံကိန်း ဖွင့်ပွဲကျင်းပတဲ့သတင်းကိုပါထုတ်လွှင့်ခဲ့တာတွေ့ရှိရပါတယ်။ အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြတာ တွေ့ရှိရပါတယ်။ အခြားဌာနဆိုင်ရာများနှင့် ဧည့်သည်များလည်းပါဝင်ကြပြီး အလွန်မင်္ဂလာရှိတဲ့ အခမ်းအနားတစ်ခု ဖြစ်ခဲ့ပါတယ်။ စာရေးသူဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှာ ရွှေ ပေါက်ကံမြို့ (၁၂) ရပ်ကွက်ရှိ အ ထက်ပါ အိမ်ရာစီမံကိန်းရှိရာ နေ ရာကို ရောက်ရှိခဲ့ပါတယ်။ မြန်မာ နိုင်ငံမှာ လူမှုအခြေပြု အိမ်ရာစီမံ ကိန်း (Community Based Project) တစ်ခုကို ပထမဆုံးအ ကြိမ် လူသိရှင်ကြား ဖွင့်လှစ်နိုင်ခဲ့ တာဖြစ်ကြောင်း တွေ့ရှိရပါတယ်။စာရေးသူအနေနဲ့  အဲဒီစီမံကိန်းမျိုး ကို ပထမဆုံး ၁၉၈၇ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကိုယ်တိုင်လေ့လာတွေ့ရှိခဲ့ပါ တယ်။ ၁၉၉၅ ခုနှစ်မှာတော့ ထိုင်း နိုင်ငံ ချင်းမိုင်မြို့မှာ ထပ်မံလေ့ လာခွင့်ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မှာလည်း ကမ္ဘောဒီးယားနိုင်ငံမှာ လေ့လာခွင့်ရရှိခဲ့ပြန်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ အမျိုးသမီးများ ဦးဆောင်ပြီး အဆင့်နိမ့်အိမ်ရာ များ အဆင့်မြှင့်တင်ခြင်း (Slums Upgrading) စီမံကိန်းတွေကို အ မြောက်အမြား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့အကြောင်းကို လည်း သိရှိရပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်အလွန်များမှာ စတင်ခဲ့တဲ့ အိမ်ရာတစ်သန်း စီမံ ကိန်း (One Million Housing) ရဲ့ အစိတ်အပိုင်းအဖြစ် ကျော်ကြားခဲ့ ခြင်းဖြစ်ပါတယ်။
  • Wednesday 2017-10-11
    အနုပညာသက်တမ်း (၁၈)နှစ်တိုင်တိုင် ဖြတ်သန်းပြီးချိန်ထိ ပရိသတ် အားပေးမှုရရှိနေပြီး ဖြည်းဖြည်းနှင့် မှန်မှန်ချီတက်နေသူတစ်ဦးသည် သရုပ်ဆောင်နိုင်းနိုင်းဖြစ်သည်။ ဗီဒီယိုခေတ်ကောင်းစဉ်က နိုင်းနိုင်းတစ်ခေတ်ဖြစ်ခဲ့သလို အိမ်ထောင်ကျပြီးနောက်ပိုင်းနှင့် ဗီဒီယိုဈေး ကွက်ယိုယွင်းကျဆင်းလာချိန်တွင် ဗီဒီယိုရိုက်ကူးမှု ကျဲပါးခဲ့သော်လည်း ရင်သွေးလေးဦးရပြီးနောက်ပိုင်း လူပျိုမင်းသားများနှင့် ယှဉ်နိုင်ဆဲ Body Structure၊ နုပျိုနေသေးသည့်ရုပ်သွင်ဟန်ပန်၊ စံပြုအားကျလောက်ဖွယ် မိသားစုတည်ဆောက်ပုံကြောင့် နိုင်းနိုင်းကို အခိုင်အမာအားပေးသည့် အမာခံပရိသတ်များ များစွာရှိနေခြင်းဖြစ်သည်။ ၎င်းသာမက ဇနီးနှင့်ကလေးလေးဦးပါ ချစ်ခင်အားပေးခြင်း  ခံရသည့် သရုပ်ဆောင်နိုင်းနိုင်း၏ မိသားစုကို အချိန်ပေးပုံ၊ အနုပညာပိုင်းနှင့် ပတ်သက်၍ ဇာတ်ရုပ်အပေါ် စီးမျောပုံနှင့် လက်ရှိအသက်အရွယ်အထိ နုပျိုနေခြင်း၏ လျှို့ဝှက်ချက်များကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
  • Wednesday 2017-10-11
    အသက်(၃၀)ကျော်ပြီဖြစ်သည့် အတွက် စီးပွားရေးတစ်ခု စတင် လုပ်ကိုင်လိုသောကြောင့် ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက်၏  ချိတ် အဝတ်အထည်များ ယူရောင်းဖြစ် ကြောင်း သရုပ်ဆောင်အေးမြတ် သူက ပြောသည်။ 
  • Wednesday 2017-10-11
    အာရှယူ-၁၉ ခြေစစ်ပွဲအကြိုသွားရောက်မည့် ဂျပန်ခြေစမ်းခရီးစဉ်အတွင်း အသင်း၏တိုက်စစ်ကို အဓိကပြင်ဆင်မည်ဟု မြန်မာယူ-၁၉ဘောလုံးအသင်းနည်းပြချုပ်ဦးချစ်နိုင်က ပြောသည်။
  • Wednesday 2017-10-11
    မြန်မာလိဂ်ပွဲစဉ် (၂၀)အဖြစ် ယှဉ် ပြိုင်ရန် သတ်မှတ်ထားသည့် ချင်း ယူနိုက်တက်အသင်းနှင့် ဧရာဝတီ အသင်းတို့ ပွဲစဉ်ကို အောက်တို ဘာ ၁၄ ရက်သို့ ပြောင်းရွှေ့ ကျင်းပမည်ဖြစ်သည်။
  • Wednesday 2017-10-11
    အထည်ချုပ်စက်ရုံ အလုပ်သမား မနီလာအပါအဝင် ဘဝတူအလုပ်သမားအချို့ စက်တင်ဘာလကုန်ပိုင်းတွင် တောင်းဆိုဆန္ဒပြ ပွဲတစ်ခုပြုလုပ်ရန် ပြင်ဆင်ထား မှုကို ရွှေ့ဆိုင်းလိုက်သည်။ သူတို့တောင်းဆိုလိုသည့် အဓိကအကြောင်းရင်းမှာ အနည်းဆုံးအခကြေးငွေ တစ်ရက်လုပ်ခလစာကို ပြန်လည်ပြင်ဆင်သတ် မှတ်ပေးရန်ဖြစ်သည်။ ‘‘ဆန္ဒပြတောင်းဆိုမလို့ လုပ်နေတုန်း အနည်းဆုံးအခကြေးငွေ ပြင်ဆင်ဖို့ လုပ်ငန်းစဉ်တွေကို အ စိုးရက ဦးဆောင်ပြီး အကောင်အထည်ဖော်လာတဲ့အတွက် မူလအစီအစဉ်ကို ဆက်မလုပ်ဖြစ်လိုက် ဘူး။ စောင့်ကြည့်ဖို့ လိုတယ်ဆိုပြီး ရွှေ့ဆိုင်းလိုက်တာ’’ဟု မနီလာက ဆိုသည်။
  • Wednesday 2017-10-11
    ရန်ကုန်မြို့၌ ကျင်းပမည့် One Championship(MMA) ပြိုင်ပွဲကို တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ကျင်းပမည် ဖြစ်ပြီး ပြည်တွင်းကစားသမားချင်း ယှဉ်ပြိုင်မည့်ပွဲစဉ်နှစ်ပွဲပါဝင်မည် ဖြစ်သည်။ 
  • Wednesday 2017-10-11
    ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ယှဉ်ပြိုင်တဲ့ နိုင်ငံတကာပွဲစဉ် နှစ်ပတ်တာ အပြီးမှာတော့ ဥရောပလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်ပါတော့မယ်။ အခုသီတင်းပတ်ကုန်မှာတော့ အင်္ဂလန်မှာ အစဉ်အလာအကြီးဆုံး ကလပ်နှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ ပွဲကြီးပွဲကောင်းအဖြစ် ထိပ်တိုက်တွေ့ဆုံနေပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက အန်ဖီးလ်မှာ ကစားမယ့်ပွဲစဉ်က မန်ယူရဲ့ အခုရာသီ ချန်ပီယံမျှော်လင့်ချက်ကို ဆန်းစစ်မှတ်ကျောက်တင်မယ့် ပထမဆုံး လက်တွေ့ကျကျ အခက်အခဲဖြစ်နေတာပါပဲ။
  • Wednesday 2017-10-11
    ဇင်ဘာဘွေ နိုင်ငံဟု ဆိုသည်နှင့် နာ မည်ဆိုးဖြင့် ကျော်ကြားလှသည့် သမ္မတရောဘတ် မူဂါဘီကိုပါ တစ်ဆက်တည်း မြင်ယောင်မိမည်ဖြစ်သည်။ အာ ဖရိကအရှေ့တောင်ပိုင်းရှိ ကုန်း ပိတ်နိုင်ငံကို ၁၉၈၇ ကတည်းက အုပ်ချုပ်ခဲ့ပြီး ကမ္ဘာပေါ်တွင် အဆိုး သွမ်းဆုံးစာရင်းဝင် အာဏာရှင် တစ်ဦးအဖြစ် မူဂါဘီက ရပ်တည် ခဲ့သည်။ ယခုအခါ ၎င်း၏ အသက် (၉၃) နှစ် ကျော်လာပြီ ဖြစ်သလို ကျန်းမာရေး ယိုယွင်းဆုတ်ယုတ်မှု များလည်း ရှိလာသည်။ မူဂါဘီ မသေသေးသော်လည်း ၎င်း၏ နေရာကိုဆက်ခံရန်အတွက် အာ ဏာရပါတီ၌ အတွင်းပိုင်းတိုက်ပွဲ များ စတင်ပြင်းထန်နေပြီဖြစ် သည်။
  • Wednesday 2017-10-11
    အိမ်ထောင်ပြုကြသည့်အခါ အမျိုးသားက အမျိုးသမီးထက် အသက်ကြီးပါက လူတွေက အပြစ်မမြင်ကြ။ သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုဟုသာ မြင်ကြသည်။ သို့သော်လည်း ဇနီးဖြစ်သူက ခင်ပွန်းသည်ထက် အသက်သိသိသာသာ ကွာခြားပါက ပြောစရာတစ်ခုဖြစ်လာသည်။ မြင်သူတိုင်းက ထောက်ပြစရာလို ဖြစ်လာသည်။ အချင်းချင်း နှစ်သက်စုံမက်၍ အိမ်ထောင်ပြုထားသည့်တိုင် အမျိုးသမီးကပဲ အမျိုးသားကို မုန့်ပေးကြိုက်သည့် ပုံ၊ ငွေပေးဝယ်ယူထားသည့် ပုံစံ မျိုး ပြောလာကြသည်။ ထို့ကြောင့် တော်ရုံတန်ရုံ အိမ်ထောင်ပြုကြလျှင် အမျိုးသမီးများက အသက်ကြီးသူကိုသာ လက်ထပ်ချင်ပြီး အသက်ငယ်သူကို မယူချင်ကြ။ အသက်ကြီးသူ အမျိုးသမီးက ငယ်သူအမျိုးသား နှင့် ချစ်ခင်စုံမက်ပြီး အိမ်ထောင် ပြုဖို့ ကြုံလျှင်လည်း မိဘဆွေမျိုးတွေက ငြူစူကြ၊ တားမြစ်တတ်ကြသည်။ ဟိုးယခင်ခေတ်က သည်လိုကိစ္စမှာ လူတွေက ပိုအကဲဆတ်ကြသည်။ သည်လိုအဖြစ်ကြောင့် မခင်နွယ် အသည်းများ ကွဲခဲ့ဖူးပါသည်။
  • Wednesday 2017-10-11
    အသက် (၇) နှစ် အရွယ် ကျောင်းသား၊ကျောင်းသူငါးဦးကို ဆရာမက အတန်းရှေ့ထွက်ခိုင်းကာ စကတ် နှင့် ဘောင်းဘီများချွတ်ခိုင်း၍ နာရီအတန်ကြာရပ်ခိုင်းပြီး အပြစ်ပေး သော ဓာတ်ပုံအချို့ လွန်ခဲ့သည့်လ က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ရာ မြင်တွေ့သူအများစု ဒေါသထွက်ခဲ့သည်။ ထိုသို့ အပြစ်ပေးသော ဆရာမအပေါ် ပြင်းထန်စွာ ဝေဖန်ကြသည်။ စက်တင်ဘာ ၂၂ ရက်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ် ကူးတို့ဆိပ်ကျေးရွာ မူလတန်း လွန်ကျောင်းတွင် စာမရသည့် ဒုတိယတန်းကျောင်းသူနှစ်ဦး၊ ကျောင်းသားသုံးဦးကို ဆရာမကအတန်းရှေ့တွင် ဘောင်းဘီနှင့် စကတ်များချွတ်စေပြီး နာရီအတန်ကြာအပြစ်ပေးခဲ့သည်။ ထိုသို့အ ပြစ်ပေးသော ဆရာမကို စာသင်ကြားမှုရပ်ဆိုင်းထားပြီး စုခုံဖွဲ့ စစ်ဆေးခဲ့သည်။

Pages