No.1594 Friday, October 13, 2017
Issue Date: 
Friday, October 13, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက် (သောကြာ၊ အောက်တိုဘာ ၁၃၊ ၂၀၁၇)
Publication: 
7Day Daily
List of stories
  • Friday 2017-10-13
    ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ ပုံပြင်တစ်ပုဒ်အနေနဲ့အားလုံး ရင်းနှီးထားကြတဲ့ ပေါက်ကျိုင်းအကြောင်းကို ဇာတ်လမ်းတည်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို ညွှန်းလိုက်ပါတယ်။ တကောင်းတိုင်းပြည်ကြီးမှာ ဘုရင်ဆက်ခံမယ့်သူ မရှိဘဲဖြစ်နေပါတယ်။ မင်းလောင်း ခြောက်ဆက်တိုင်တိုင် နန်းတက်ခဲ့ပေမယ့် နေ့မြင်ညပျောက်ဆိုသလိုပဲ နောက်တစ်နေ့ မနက်မိုးလင်းရင် ဘယ်သူ့ရဲ့လက်ချက်မှန်းမသိဘဲ တစ်ကိုယ်လုံးမီးသွေးတုံးလို မည်းပြီး နတ်ရွာစံလေ့ရှိတာကြောင့် အကြောင်းသိသူတွေက ဘုရင်နေရာအတွက် ဘယ်သူမှစိတ်မဝင်စားကြပါဘူး။ ပေါက်ကျိုင်းက တကောင်း တိုင်းပြည်ကြီးမှာရှိတဲ့ ရွာတစ်ရွာကပါ။ သူကငယ်ငယ်ကတည်းက ဉာဏ်အရမ်းထိုင်းပါတယ်။ ပေါက်ကျိုင်းရဲ့အဖေကတိရစ္ဆာန်တွေရဲ့ မာဂဓဘာသာစကားတွေကိုပါ နားလည်သူတစ်ယောက်ပါ။ သူ့သားကိုလည်း သူ့လိုဘာသာစကားတွေတတ်မြောက်ဖို့ သင်ကြားပေးပေမယ့် ပေါက်ကျိုင်းက ဉာဏ်ရည်နည်းတာ ကြောင့် ဘာမှမတတ်ခဲ့ပါဘူး။ အဲဒါကြောင့် ပေါက်ကျိုင်းရဲ့အဖေကအိမ်ကနေ နှင်ထုတ်ပါတယ်။ အဲဒါကြောင့် ပေါက်ကျိုင်းလည်း ဒိသာ ပါမောက္ခကြီးဆီမှာ ပညာသွား သင်ပါတယ်။  ဒါပေမဲ့ ပေါက်ကျိုင်းက ဉာဏ်ထိုင်းတာကြောင့် သင်သမျှမတတ်မြောက်ပါဘူး။ အဲဒီအ ကြောင်းကိုသိတဲ့ သူ့ရဲ့ဆရာက ပေါက်ကျိုင်းကို စကားသုံးခွန်းသင်ပေးပါတယ်။ အဲဒါတွေကတော့ သွားပါများ ခရီးရောက်၊  မေးပါများစကားရနဲ့ မအိပ်မနေ အသက်ရှည်ဆိုတဲ့ စကားကြီးသုံးခွန်းပါ။ အိမ်ကိုပြရာက်တဲ့အချိန်မှာ ပေါက်ကျိုင်းက သူတတ်လာတာတွေကို လျှောက်ပြောတဲ့အခါ သူ့အဖေကစိတ်တိုပြီး ထပ်မောင်းထုတ်ပါတယ်။ အဲဒါကြောင့် ပေါက်ကျိုင်း လည်း ခြေဦးတည့်ရာကို ထွက်လာခဲ့တာ တကောင်းပြည်ဘက် သွားတဲ့ဘက်ကို ရောက်လာပါတယ်။ လမ်းမှာ ထမင်းစားပြီး ကျောက်ဖျာတစ်ချပ်ပေါ်မှာ အိပ်ခဲ့ပါတယ်။ ပေါက်ကျိုင်းနိုးလာတဲ့ အချိန်မှာတော့ သူ့ကိုရှင်ဘုရင်ဆိုပြီး ဝန်မင်းတွေက ခေါ်ဆောင်သွားပါတယ်။ နန်းတော်ကိုရောက်တဲ့အ ချိန်မှာ ရူးကြောင်ကြောင်လူကို ဘုရင်တင်ဖို့ ချီတုံချတုံဖြစ်နေကြပေမယ့် ပေါက်ကျိုင်းဟာ ဘုရင်ဖြစ်ထိုက်သူတစ်ယောက်ဆိုတာကို ရသေ့ကြီးတစ်ပါးက မိန့်ကြားတာကြောင့် ပေါက်ကျိုင်း ဘုရင်ဖြစ်လာပါတယ်။ တကယ်တော့ရှေ့က ဘုရင်အဆက်ဆက်ကို မီးသွေးတုံးဖြစ်စေခဲ့တာက တကောင်းပြည်ရဲ့မိဖုရားခေါင်ကြီး ဝါစာနီ မိဖုရားကြီးကြောင့်ပါ။ မိဖုရားကြီးက နဂါးမင်းသားနဲ့ ချစ်ကြိုက်နေတာကြောင့် နဂါးမင်းသားက သူ့ချစ်သူနဲ့ပေါင်းမယ့်သူတွေအကုန်ကို သတ်လိုက်တာပါ။ ပေါက်ကျိုင်းနဲ့ နဂါးမင်းသားတွေ့တဲ့အချိန်မှာ ပုံပြင်ထဲကလိုပဲ အနိုင်ယူနိုင်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အောက်တိုဘာ ၂၀ ရက်ကနေစတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့တွေမှာ တစ်ပြိုင်တည်းပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပေါက်ကျိုင်းအဖြစ် ဇာဂနာ၊ နဂါးမင်းသားအဖြစ် ကျော်ကျော်ဗို ၊ ဝါစာနီ မိဖုရားကြီးအဖြစ် အိချောပိုတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ညီညီထွန်းလွင်ရေးတဲ့ဇာတ်လမ်းကို မြင့်သန်းအောင်က ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ ညီညီထွန်းလွင်က ရိုက်ကူးပုံဖော်ထားပါတယ်။
  • Friday 2017-10-13
    အာဖဂန်နစ္စတန် တာလီဘန်များ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် အမေရိကန်နှင့် ကနေဒါ စုံတွဲကို သားသမီးများနှင့်အတူ ပါကစ္စတန် စစ်တပ်က ၅ နှစ်အကြာတွင် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
  • Friday 2017-10-13
    အမေရိကန်နည်းတူ ကုလသမဂ္ဂ၏ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းကြီး ယူနက်စကိုထံမှ နုတ်ထွက်မည်ဟု အစ္စရေးက ကြေညာခဲ့သည်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟုက ယူနက်စကိုကို စွန့်ခွာမည့် အမေရိကန်၏ ရွေးချယ်မှုသည် ရဲရင့်ပြီး ကြောင်းကျိုးသင့်လျော်သည့် ဆုံးဖြတ်ချက်ဟု ချီးကျူးခဲ့သည်။
  • Friday 2017-10-13
    ဒီတစ်ပတ်အားလပ်ရက်မှာ အပန်းဖြေစရာကဏ္ဍကတော့ အ ညာဒေသရဲ့ အိုအေစစ်လို့ တင် စားရလောက်တဲ့ ရွှေမြင်တင် တောင်နဲ့ ကြာကန်ကြီးဆီညွှန်းဆိုပါရစေ။
  • Friday 2017-10-13
    -ဒီတစ်ပတ်အားလပ်ရက်မှာ ဖတ်စရာအဖြစ် 7Day Daily နဲ့ 7Day News Journal တို့မှာ ဆောင်းပါးတွေမပြတ် ရေးသား နေတဲ့ ဆရာမင်းသန်းထိုက်(ဒေး ဒရဲ)ရဲ့ စာအုပ်နဲ့ ဆရာမြင့်မိုရ်ဆွေ ရဲ့ စာအုပ်တို့ကိုရွေးချယ်ထားပါ တယ်။
  • Friday 2017-10-13
    -ဒီတစ်ပတ် ပရိသတ်တွေအတွက် အောက်တိုဘာ ၁၃ ရက်မှာ ထွက်ရှိမယ့် The Foreigner ဆိုတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ် ကားကို ညွှန်းလိုက်ပါတယ်။
  • Friday 2017-10-13
    - အားလပ်ရက်မှာ အပန်းဖြေဥယျာဉ်တွေသွားပြီး အပန်းဖြေလိုသူတွေအတွက် အခမဲ့ဖျော်ဖြေရေး အစီအစဉ်တွေရှိတဲ့နေရာတွေကိုလည်း စုစည်းဖော်ပြလိုက်ပါတယ်။
  • Friday 2017-10-13
    အကြမ်းဖက်သမား များ၏  အန္တရာယ်ကို  စိုးရိမ်မှု ကြောင့် ဘူးသီးတောင်မြို့ရှိ စုရပ် ဒုက္ခသည်စခန်းများသို့ တစ်လကျော်ကြာတိမ်းရှောင်ခဲ့သော မောင်တောမြို့နယ် ကိုင်းကြီး (မြို)ရွာမှ ဒေသခံများသည် ၎င်းတို့ ကျေးရွာအနီးရှိ ကိုင်းကြီး (ရခိုင်) ရွာသို့ ပြောင်းရွှေ့နေထို
  • Friday 2017-10-13
  • Friday 2017-10-13
     နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပွဲများကို အောက် တိုဘာ ၁၂ ရက်က မြို့နယ်အချို့တွင် ပြုလုပ်ခဲ့သည်။
  • Friday 2017-10-13
    ရထားလမ်းပိုင်းအ ဆင့်မြှင့်တင်ခြင်း လုပ်ငန်းများပြီး စီးပါက ရန်ကုန်နှင့်မော်လမြိုင် မီး ရထား ခုတ်မောင်းချိန်ခြောက်နာရီသာ ကြာမြင့်တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (တိုင်းအမှတ်-၈) (မော်လမြိုင်ဘူတာ) အင်ဂျင်နီယာ ဦးမျိုးဇော်တူးကပြောသည်။
  • Friday 2017-10-13
    ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက် ရေးဆိုင်ရာ အာဆီယံဦးဆောင်မှု ဆုကို မြန်မာ့သြဘာလုပ်ငန်းစု ကရရှိကြောင်း ထုတ်ပြန်သည်။
  • Friday 2017-10-13
    ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ ဖြန့်ဖြူးမည့် တူရကီလျှပ်စစ်ဓာတ်အားပေး သင်္ဘောနှင့် ဓာတ် အားခညှိနှိုင်းလျက်ရှိသော်လည်း လာမည့်နှစ် ဧပြီအထိ အသုံးပြု ရန် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဒုတိယဦးဆောင်ညွှန် ကြားရေးမှ
  • နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့ ထံ ကြိုတင် တင်ပြခြင်းမရှိဘဲ အာရှဗုဒ္ဓဘာသာ အသင်း ဖွဲ့စည်းတည်ထောင်ရန် ဆောင်ရွက်ခဲ့သဖြင့် အသင်း ဖွဲ့စည်းရေးဦးဆောင်ခဲ့သူ ဇေကမ္ဘာဦးခင်ရွှေကို မဟန ဆရာတော်များက ပြစ်တင်မိန့်ကြားရာ ဦးခင်ရွှေက ပြန်လည်တောင်းပန်ခဲ့သည်။
  • Friday 2017-10-13
     ပုဂ္ဂလိကရုပ်သံလိုင်းငါး လိုင်း စတင်ထုတ်လွှင့်နိုင်ရန် မြန် မာ့အသံနှင့် ရုပ်မြင်သံကြားလုပ် ငန်း(MRTV)နှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ လာမည့်သုံးပတ်အတွင်း စာချုပ်ချုပ်ဆိုမည်ဟု MRTV ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
  • ရခိုင်ပြည်နယ်အရေး အဓိကလုပ်ငန်းစဉ် သုံးရပ်ဖြစ် သော လူသားချင်းစာနာမှု ကူညီ ထောက်ပံ့ပေးရေး၊ ပြန်လည်နေ ရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း တွင် ပြည်သူများ ပူးပေါင်းပါဝင် ရန်နှင့် ပြည်သူများ၏ စုပေါင်းအား ဖြင့် ခိုင်မြဲစွာလက်တွဲဆောင်ရွက် ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံပြောကြားသည်။
  • Friday 2017-10-13
    ပဋိပက္ခဖြစ်ပွားခဲ့ သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်သုံးခုရှိ ကျေးရွာပေါင်း ၄၀ ကျော် လျှပ်စစ်မီးရရှိရန် အထူးရန် ပုံငွေ ကျပ်ဘီလီယံ ၄၀ ကျော် အ သုံးပြု ဆောင်ရွက်နေကြောင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးရဲတိုးသွင်က ပြောသည်။
  • Friday 2017-10-13
    ရခိုင်ပြည်နယ်မြောက် ပိုင်းတွင် နယ်မြေတည်ငြိမ်အေး ချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တပ်ပိုင်းဆိုင် ရာ ဆောင်ရွက်မှုများအပေါ် ပေး အပ်သည့် တာဝန်ဝတ္တရားများအ တိုင်း ဆောင်ရွက်ခြင်း ရှိ၊မရှိ တပ် မတော်စစ်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင် သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ထုတ်ပြန်သည်။
  • Friday 2017-10-13
     တောင်းရမ်းစားသောက် သူများ၏ ရင်ခွင်ပိုက်ကလေးများ ကို ဆေးကျွေးထားသကဲ့သို့ တွေ့ မြင်နေရကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောကြား သည်။
  • မန္တလေးမြို့တွင် အောက်တိုဘာ ၁၂ ရက် က စံချိန်တင် မိုးရွာသွန်းခဲ့ပြီး မြို့တွင်းလမ်းမများ နှင့် မြို့ပေါ်ရပ်ကွက်များ၌ ရေကြီးနစ်မြုပ်မှုများ ဖြစ် ပေါ်ခဲ့သည်။
  • Friday 2017-10-13
    ရန်ကုန်မြို့ပြအမွေအ နှစ်များပြန်လည်မြှင့်တင်သက်ဝင် စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအား နည်းပညာနှင့်အကြံ ဉာဏ်ပေးခွင့်အတွက် YHT (ရန် ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့)ကို တင် ဒါပေးလိုက်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
  • နည်းပြမော်ရင်ဟို၏ မန်ယူအတွက် စနေနေ့တွင် အဝေးကွင်း၌ ရင်ဆိုင်ရမည့် လီဗာပူးနှင့် ပွဲအပါအဝင် ကြီးမားသော စိန် ခေါ်မှုများ ဆက်တိုက်နီးပါးရှိလာ မည်ဖြစ်သည်။
  • ၂၀၁၈ ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲများ ပြီးဆုံးပြီးနောက် UEFA Nations League ပြိုင်ပွဲ သစ်အုပ်စုစာရင်း ထွက်ပေါ်လာ ပြီဖြစ်သည်။
  • ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်သေးပြီး တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းငယ်တစ်လုံး ထပ်မံဖြစ်ပေါ်နေ၍ ဒေသအနှံ့၌ ရေကြီးနစ်မြုပ်မှုနှင့် လေပြင်းအန္တရာယ် အထူးသတိပြုနေထိုင်ရန် ဒေါက်တာထွန်းလွင်က သတိပေးသည်။ တောင်တရုတ်ပင်လယ်ပြင် မှ အပူပိုင်းမုန်တိုင်းငယ် TD23 သည် အရှေ့လေပွေလှိုင်းအဆင့် ဖြင့် ရှမ်းနှင့် ကချင်ပြည်နယ်အပါ အဝင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေ သကို ဖြတ်သန်းပြီးနောက် ဒေသ အများစုမိုးကောင်းခဲ့ကာ မန္တလေး တိုင်းဒေသကြီးနှင့် နေပြည်တော် မြို့နယ်အချို့တွင် အောက်တိုဘာ ၁၂ ရက်၌ ရေကြီးနစ်မြုပ်မှု ရင် ဆိုင်ခဲ့ရသည်။ ထို့အပြင် ဘင်္ဂလား ပင်လယ်အော်တွင် ယခုအခါ လေထု မငြိမ်မသက်ဖြစ်နေပြီး တောင်တရုတ်ပင်လယ်၌ မုန်တိုင်း ငယ် ထပ်မံဖြစ်ပေါ်နေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။
  •  အမေရိကန်အဆို တော် တေလာဆွစ်ဖ်သည် သူ၏ပ ရိသတ်များအတွက် လူမှုမီဒီယာ အက်ပလီကေးရှင်းအသစ်တစ်ခု ဖြန့်ချိမည်ဖြစ်သည်။
  •  လက်ရှိတွင် ကိုယ်ဝန် ၃၃ ပတ်ထဲရောက်နေပြီဖြစ်သလို ဝိတိုရိယဆေးရုံ၌ သဘာဝအတိုင်း မွေးဖွားမည်ဖြစ်ကြောင်း သရုပ် ဆောင် သဉ္ဇာနွယ်ဝင်းက ပြော သည်။
  •  ဖိုက်စတားလူရွှင်တော် အဖွဲ့မှ လူရွှင်တော်ကြာစိ၏မင်္ဂ လာဧည့်ခံပွဲကို ဇနီးလောင်းဇာတိ ဖြစ်သော အေးသာယာမြို့၌ အောက်တိုဘာ ၁၄ ရက်တွင် ပြု လုပ်မည်ဖြစ်သည်။
  • လည်ပင်းနာကျင်ကိုက်ခဲတဲ့ ခံစားမှုကို လူတိုင်းနီးပါးဖြစ်ဖူးကြ ပြီး အဆစ်အမြစ်ကိုက်ဝေဒနာ ကြောင့်အပြင် အားကစားလုပ်လို့ ပဲဖြစ်ဖြစ်၊ မတော်တဆမှုတစ်ခုခု ကြောင့်လည်း ဖြစ်တတ်ကြပါ တယ်။
  • ချင်းဟာ ဟင်းလျာချက် ပြုတ်ရာမှာသာမက ဆေးဖက် လည်းဝင်တယ်ဆိုတာ သိကြပေ မယ့် ချင်းရဲ့ အလှအပအတွက် အသုံးဝင်ပုံကိုတော့ သိရှိသူနည်း ပါတယ်။ အလှအပနဲ့ချင်းနဲ့ ဘယ်လိုတွေ ဆက်စပ်သလဲဆို ရင်... ၀က်ခြံပျောက်ကင်းစေခြင်း
  • ဒီတစ်ခါတော့ လွယ်ကူရိုးရှင်းပေမယ့် စားလို့ကောင်းတဲ့ ဟင်းလျာ ချက်နည်းလေးဖော်ပြပေး လိုက်ပါတယ်။ ပြုလုပ်ပုံအဆင့်ဆင့် ၁။ပထမဦးစွာ ခရမ်းသီးကို အိနေအောင်မီးဖုတ်၍ ပျော့လာလျှင် အအေးခံပြီး အခွံနွှာထားပါ။
Pages