အတွဲ (၁၆)၊ အမှတ် (၃၅)

Issue Date: 
Wednesday, November 8, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဗုဒ္ဓဟူး၊ (နိုဝင်ဘာ ၈၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Thursday 2017-11-09
    တိုင်ပေမှ မြန်မာအလုပ်သမားဦးရေ သောင်းနှင့်ချီ၍ခေါ်ယူရန်ကမ်းလှမ်းမှုများရှိနေကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ တာဝန်ရှိသူအချို့ကပြောသည်။
  • Thursday 2017-11-09
    ယခုတစ်ပတ်လွှတ်တော်အစည်းအဝေးများတွင် ဘဏ္ဍာနှစ်သတ်မှတ်မှုပုံစံပြောင်းလဲမှုကို အတည်ပြုခြင်း၊ ၂၀၁၇-၁၈ဘဏ္ဍာနှစ်အတွက် အစိုးရအဖွဲ့ကတောင်းခံထားသည့် ဖြည့်စွက်ခွင့်ပြုငွေများအနက် ကျပ်သန်းခြောက်သောင်းကျော်ကို ဖြတ်တောက်ရန် တင်ပြခြင်းတို့က ထင်ရှားသည်။
  • Wednesday 2017-11-08
    အချိန်အားဖြင့် ညဥ့် ၁၂နာရီခန့်ရှိပြီဖြစ်သော်လည်း ဒေါက်တာ ထွန်းအေးသိန်းတစ်ယောက် စစ်တွေဆေးရုံကြီး၏ အရေးပေါ်ဌာနတွင် လူနာခြောက်ဦးခန့်ကို တာဝန်ယူ၍ ကုသပေးနေသည်။ ထိုအချိန်တွင် လူနာတစ်ဦးအပါအ၀င် အရက်သေစာသောက်စားထားသော လူ ၂၀ ခန့် ရောက်လာကာ ၎င်းတို့လူနာကို ကုသပေးရန်ပြောဆိုသည်။ အရင် ရောက်ရှိနေသည့် လူနာများအား ကုသပေးနေသဖြင့် အချိန်မပေး နိုင်သည်ကို နားလည်မှုမပေးဘဲ အဆိုပါ လူနာနှင့် လိုက်ပါလာသူများက ဆဲဆိုရမ်းကားခဲ့သည်။
  • Thursday 2017-11-09
    ဝန်ထမ်းဘဝမှာ တချို့က အလုပ်ရလွယ်၏။ ဘယ်ကုမ္ပဏီမှာပင် လျှောက်လျှောက် အလုပ်ရလွယ်သည်။ ရာထူးတိုးလွယ်သည်။ အလုပ်ပြောင်းလျှင်လည်း နောက်ကုမ္ပဏီမှာ နေရာကောင်းရလွယ်၏။ တချို့ကမူ ထိုသို့မဟုတ်၊ အလုပ်လည်းရရန်မလွယ်၊ ရာထူးတိုးဖို့လည်းမလွယ်၊ နောက်အလုပ်ပြောင်းရန် မဆိုထားနှင့်၊ သည်အလုပ် သည်ရာထူးမှာပင် မနည်းမြဲအောင် လုပ်နေရသည်။ ယနေ့ခေတ်ကာလမှာ လူအတော်များများ၏ ဘဝအတွက် အသက်မွေးဝမ်းကျောင်း အလုပ်ဆိုသည်မှာ ရွေးချယ်စရာ တစ်ခုတည်း မဟုတ်တော့ပါ။ လူအ တော်များများသည် သူတို့အလုပ် သက်တမ်းတစ်လျှောက် အလုပ်ရှင်ပေါင်းစုံဆီမှာ အလုပ်အမျိုမျိုးဖြင့် လုပ်ငန်းဌာန နယ်ပယ်မျိုးစုံမှာ ပြောင်းလဲလုပ်ကိုင်နေကြ သည်ကို တွေ့ရမည်။ အပြောင်းအလဲများလှသော ယနေ့ခေတ်ကာလမှာ အလုပ်တစ်ခုကို တစ်သမတ်တည်းမထားဘဲ ပြောင်းလဲလုပ်ကိုင်ကြသည်မှာ လက်တွေ့ကျလှသည်။ အခွင့်အရေးကောင်းသော အလုပ်၊ အကျိုးခံစားခွင့် ကောင်းသော လုပ်ငန်းနယ်ပယ်ဆိုပါက ပြောင်းလဲလုပ်ကိုင်နိုင်ရန် အတွက် ကိုယ့်ဘက်ကလည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားဖို့ လိုသည်။
  • Wednesday 2017-11-08
    (၁)
  • Wednesday 2017-11-08
    မြန်မာနိုင်ငံစားသုံးသူဆိုင်ရာ စစ်တမ်းကို ဒီဇင်ဘာအတွင်း  ၀န်ကြီးဌာနများသို့ပေးပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။
  • Wednesday 2017-11-08
    အလှကုန်ပစ္စည်းများကို ၁၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချပေးမည့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလှကုန်အသင်းဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။
  • Wednesday 2017-11-08
    ငါး၊ ပုစွန်မွေးမြူရေး ကဏ္ဍတွင် လိုအပ်နေသော လူသားအရင်းအမြစ်များ ဖြည့်ဆည်းနိုင်ရန် အသုံးချ ငါး၊ ပုစွန်မွေးမြူရေး သုံးလသင်တန်းကို ရန်ကုန်မြို့တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဦးဆောင်ဖွင့်လှစ်နေသည်။
  • Wednesday 2017-11-08
    မကြာသေးမီ သီတင်းပတ် များအတွင်း ဒေါ်နယ်ထရန့်အစိုးရ က စတင်ခဲ့သော လူဝင်မှုကြီးကြပ် ရေးအစီအစဉ်အများအပြားသည် ရွှေ့ပြောင်းနေထိုင်သူ အမျိုးအစား တစ်မျိုးတည်းကိုသာ ပစ်မှတ်ထား နေသည်။ ဒေါ်နယ်ထရန့်အစိုးရက ပစ်မှတ်ထားနေသည်မှာ ကလေး ငယ်များ ဖြစ်သည်။
  • Wednesday 2017-11-08
    ဆေးဖက်ဝင်သည်ဆိုသည့် အယူ အဆများကြောင့် ဝက်ဝံအရှင်များ ကို လှောင်ချိုင့်အတွင်း မွေးမြူ၍ သည်းခြေထုတ်ယူသည့် ဈေးကွက် သည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသအချို့တွင် ဖြစ်ထွန်းနေ ကြောင်း ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအ သင်း (BANCA) ပရိုဂရမ်မန်နေဂျာ ကိုတင်ထွန်းအောင်က ပြောသည်။ဝက်ဝံသည်းခြေနှင့်ခြေဖဝါး လက်ဖဝါးများသည် ဆေးဖက်ဝင် သည်ဆိုသည့် အယူအဆများ ကြောင့် ဝက်ဝံများကို သတ်ဖြတ် ရောင်းချသော်လည်း ၁၉၇၀ နှောင်းပိုင်းမှစ၍ ဝက်ဝံအရှင်ကို လှောင်အိမ်တွင်း ထည့်သွင်းမွေးမြူပြီး အရှင်လတ်လတ်သည်းခြေပုံမှန်ထုတ်သည့် နည်းစနစ်ကို အသုံးပြုခဲ့ကြသည်။ 
  • Wednesday 2017-11-08
    တောဆင်ရိုင်းများ သတ် ဖြတ်အရေခွံခွာခံနေရခြင်းကို တုံ့ ပြန်ရန် ပြုလုပ်လျက်ရှိသည့် မိုမို တို့ကိုချစ်တယ် အနုပညာဖန်တီးမှု မှ အကြီးဆုံးဆင်ရုပ်ကြီးကို ကမ္ဘာ့ အကြီးဆုံး စက္ကူရုပ်အဖြစ် ဂင်းနစ် မှတ်တမ်းဝင်ရန် ဆောင်ရွက်မည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ် ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF)ဆက်သွယ်ဆက်ဆံရေး အကြီးတန်းအရာရှိကိုရဲမင်းသွင်ကပြောသည်။ မိုမိုတို့ကိုချစ်တယ် (We Love Our MoMos) အနုပညာ ဖန်တီးမှုအတွက် စက္ကူဆင်ရုပ်ကြီး လေးရုပ်၊ ဆင်ငယ်နှစ်ရုပ်နှင့် ဝါးဆင်ရုပ် တစ်ရုပ် စုစုပေါင်း ခုနစ်ရုပ် ဖန်တီးထားပြီး ယင်းအနက် အကြီးဆုံး ဆင်ရုပ်ကြီးကို ဂင်းနစ်မှတ်တမ်းဝင်နိုင်ရန် တင်ပြမည်ဖြစ်သည်။
  • Wednesday 2017-11-08
     ဒေါင်းစာပေက ၂၀၁၇ နိုဝင်ဘာလထုတ် အတွေးအမြင်စာစဉ် အမှတ်(၃၀၄) ထုတ်ဝေလာပါ သည်။ စတင်ထုတ်ဝေချိန်မှ နှစ်ပေါင်း ၃၀ ကျော်တည်တံ့ခဲ့သော အတွေးအမြင်သည် ယခုအခါစာနယ်ဇင်းလောက၌ ၀င့်ဝင့်ထည်ထည် ရပ်တည်နိုင်ပြီဖြစ်သည်။ မဂ္ဂဇင်းယဉ်ကျေးမှုမျက်နှာစာ ပြိုကျခဲ့သော်လည်း ထိုအထဲတွင် အတွေးအမြင်မပါ။ အတွေးအမြင်သည် ဣနြေ္ဒရရ၊ ဂုဏ်သိက္ခာရှိရှိ ကလောင်အင်အားတောင့်တင်းစွာဖြင့် ပေါ်ထွက်လာမြဲဖြစ်သည်။ 
  • Wednesday 2017-11-08
     မြန်မာနှင့် ဟောင်ကောင်အကြား ခရီးသွားလုပ်ငန်းမြှင့်တင် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးထားသည့် ကိစ္စညှိနှိုင်းဆွေးနွေးမည့် အစည်းအဝေးကိုလာမည့် ဒီဇင်ဘာတွင် ဟောင်ကောင်မြို့၌ပြုလုပ်မည်ဖြစ်သည်။
  • Wednesday 2017-11-08
    မြန်မာနိုင်ငံတွင် ဟိုတယ်အခန်းခ ဈေးနှုန်းကြီးမြင့်သည်ဟု ဝေဖန်မှုများရှိနေသဖြင့် ဈေးနှုန်းများ လျှော့ချပေးစေလိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောသည်။
  • Wednesday 2017-11-08
    ဂေါ်ရင်ဂျီကျွန်းသည် ငရုတ် ကောင်းမြို့နယ်၏စည်ပင်သာယာ နယ်နိမိတ်အတွင်း ပါဝင်ခြင်းမရှိ သဖြင့် ခရီးသွားဒေသအဖြစ် တရားဝင်အကောင်အထည်ဖော်ဆောင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေး ညွှန်ကြားမှုဦးစီးဌာန(ပုသိမ်) ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။ 
  • Thursday 2017-11-09
    (တစ်) နော်ဝေးနိုင်ငံက မြန်မာနိုင်ငံသား မိတ်ဆွေတို့နှင့် ကျွန်တော်အကူး အလူး အဆက်အစပ်ရှိပါသည်။ သူတို့ မြန်မာနိုင်ငံသို့ ရောက်လာကြသည့်အခါတိုင်း ကျွန်တော်တို့ တွေ့ကြဆုံကြမြဲဖြစ်ပါသည်။ သူ့ဘဝ၊ ကိုယ့်ဘဝ၊ သူ့အခြေ၊ ကိုယ့်အခြေ အတွေ့အကြုံဖလှယ်ကြရာ စကားဝိုင်းကလေးများပင် ဖြစ်ပါ ၏။
  • Thursday 2017-11-09
    ရန်ကုန်မြို့မှာ ထူးထူးခြားခြား ပေါ်ပေါက်လာတဲ့ ရေပေါ်ဘတ်စ်ကား (Yangon Water Bus) အစီအစဉ်ကို အလွန်စိတ်ဝင်စားတဲ့အပြင် ရန်ကုန်မြစ်ကမ်းရဲ့ အထိအတွေ့၊ မြစ်ပြင်လေညင်းရဲ့ လတ် ဆတ်တဲ့ရနံ့ကို ရှူရှိုက်လိုတဲ့အ တွက် စာရေးသူဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ပိုင်းမှာ ဗိုလ်တထောင်ဆိပ်ကမ်း ကို သွားရောက်ခဲ့ပါတယ်။ ရန် ကုန်မြို့ဆိုတာ အလောင်းဘုရား လက်ထက် ၁၁၁၇ ခုနှစ် ကဆုန်လ ပြည့်ကျော် ၅ ရက် (၁၇၅၅ ခုနှစ် မေလ ၂၉ ရက် ကြာသပတေးနေ့) မှာ တာဝန်း ၁၁၁၉ တာ (ခုနစ် တောင်လျှင် တစ်တာ)နဲ့ စတင် တည်ထောင်ခဲ့တဲ့ သစ်မြို့လေးမှ စတင်ကြီးထွားလာခဲ့တာ ဖြစ်ပါ တယ်။ နှစ်ပေါင်း ၂၆၂ နှစ် ကြာပြီး တဲ့နောက် စတုရန်းမိုင် ၃၀၀ ခန့် ကျယ်ဝန်းပြီး လူဦးရေ ၅ ဒသမ ၂ သန်း နေထိုင်ရာမြို့ကြီးဖြစ်ပေါ် လာခဲ့ပါတယ်။ ရန်ကုန်ဟာ အလွန်သာယာလှပတဲ့ ဆိပ်ကမ်းမှာ တည်ရှိခဲ့ပေမယ့် လက်ရှိ မြို့သူ၊ မြို့သားများဘဝမှာတော့ ကုန်း တွင်းပိတ်နိုင်ငံသားတွေလို ခံစား နေရတယ်ဆိုရင် မမှားပါဘူး။ ဆိပ်ကမ်းအလှကို အများပြည်သူတို့ အားပါးတရ ရှုမြင်ခံစားနိုင်မယ့်နေရာက အလွန်ရှားလှပါတယ်။ ကြည့်မြင်တိုင်၊ ပန်းဆိုးတန်းနဲ့ ဗိုလ်တထောင်ရယ်လို့ သုံးနေရာမျှ ကျဉ်းကျဉ်းကွက်ကွက်ကလေး သာ ကျန်ရှိနေပါတယ်။ မြစ်တစ် ဖက်ကမ်းက ဒလသားတွေ လောက်တောင် မြစ်လေကို ဝအောင်မရှူနိုင်ကြရှာပါဘူး။ ဆိပ်ကမ်းရဲ့ နေရာအားလုံးလိုလိုဟာ ဂိုဒေါင်တွေ၊ ကွန်တိန်နာဝင်းတွေ၊ ကုန်တင်ကုန်ချဆိပ်ခံတွေ၊ ဌာန ဆိုင်ရာ ခြံဝင်းတွေ၊ စက်ရုံတွေနဲ့ လူနေရပ်ကွက်တွေ ပိတ်ဆို့နေတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖောင်စီးရင်း ရေငတ်ဆိုသလို မြစ် ကမ်းမှာ တည်ရှိနေပေမယ့် မြစ် ပြင်ရဲ့အလှကို မမြင်ရ မကြင်ရတဲ့ မြို့သားဆိုတာ ရန်ကုန်မြို့သား တွေပါပဲ။
  • Wednesday 2017-11-08
    ဥရောပသမဂ္ဂ (အီးယူ)ရဲ့ ဒစ် ဂျစ်တယ်စီးပွားရေးနဲ့ လူ့အသိုင်း အ၀ိုင်းစီမံကိန်းအတွက် ဘူလ်ဂေး ရီးယားနိုင်ငံသူ ကော်မရှင်နာမင်း ကြီးက ဥရောပရဲ့ ဒစ်ဂျစ်တယ်အနာ ဂတ်လောကမှာ သူပါဝင်နေတဲ့ အခန်းကဏ္ဍကို ရှင်းပြထားပါ တယ်။
  • Thursday 2017-11-09
    ‘‘သူ့ဗိုက်ကို ခွမကျော်နဲ့၊ ငရဲ ကြီးတတ်တယ်’’ ‘‘ဘာဖြစ်လို့လဲကွ’’ ‘‘သူ့ဗိုက်ထဲမှာ ဌာပနာတွေ ရှိလို့’’ ဘုရားလှူသည့် ပိုက်ဆံခိုး စားသူများကို ရည်ညွှန်းသည့် လူရွှင်တော်များ၏ နာမည်ကြီးပြက်လုံးတစ်ခုဖြစ်သည်။ ‘ဘုရားအလှူငွေတွေ ပွင့်လင်းမြင်သာမှုရှိသင့်ပြီလား’ ဟူသည့်မေးခွန်းကို ကျိုက်ထီးရိုးစေ တီတော်၏ ၂ နှစ်အတွင်းရရှိခဲ့သည့် အလှူငွေကိန်းဂဏန်းနှစ်ခု  အဖြေပေးသည်။ ၂ နှစ်အတွင်း ငွေကြေးကွာဟမှုက ကျပ်သန်း လေးထောင်ကျော် ရှိနေ၍ဖြစ်သည်။
  • Wednesday 2017-11-08
    အန်တိုနီယိုတာဂျာနီသည် အီတလီနိုင်ငံရေးသမားဖြစ်ပြီး ၂၀၁၇ ဇန်န၀ါရီလကစ၍ ဥရောပပါလီမန်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။ တာဂျာနီသည် ယင်းမတိုင်မီက ဥရောပ ပါလီမန်ဥက္ကဋ္ဌ ၁၄ ဦးအနက် တစ်ဦးအဖြစ် ၂၀၁၄ မှ ၂၀၁၆ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
  • Wednesday 2017-11-08
    အလုပ်ပင်ပန်းမှုဒဏ်များ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ သောကများနှင့် စိုးရိမ်ပူပန်ရမှုများသည် ပုထုဇဉ်လူသားတိုင်း နိစ္စဓူဝကြုံတွေ့ရသည့် အရာ များပင်ဖြစ်သည်။ ထိုအရာများကို ချေဖျက်ပေးသည့် အဓိကအကြောင်းအရာသည် စိတ်အပန်းဖြေအနားယူခြင်းပင်ဖြစ်သည်။
  • Thursday 2017-11-09
    နှစ်ပေါင်း ၇၀ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော ပြည်တွင်းလက်နက်ကိုင်ပဋိ ပက္ခများအကြား အစဉ်အမြဲမေးခွန်းထုတ်ခံရသည့်အချက်တစ်ခုရှိသည်။ တည်ဆဲဥပဒေများက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသရှိ ဒေသခံတိုင်းရင်းသားများ၏ အသက်၊ အိုးအိမ်၊စည်းစိမ်နှင့် ဂုဏ်သိက္ခာတို့ကို မည်မျှအကာအကွယ်ပေးနိုင်စွမ်းရှိသည်ဟူသည့်အချက်ပင်ဖြစ်သည်။ လက်ရှိအချိန်အထိ အဆိုပါမေးခွန်းအတွက်  လက်တွေ့အဖြေပေးနိုင် သည့်ဖြစ်စဉ်မတွေ့ရသေးဟု လေ့လာသူများက ဆိုသည်။ ထို့အတူ တိုင်းရင်းသားဒေသ များတွင် ဖြစ်ပွားခဲ့သည့် လက်နက် ကိုင်တပ်ဖွဲ့များ၏ ဥပဒေပြင်ပ ကျူးလွန်မှု ဖြစ်စဉ်များကလည်း နှစ်ဖက်ယုံကြည်မှုတည်ဆောက် နေသည့် ငြိမ်းချိမ်းရေးလုပ်ငန်းစဉ် အပေါ် ထိခိုက်နိုင်ကြောင်း သုံး သပ်သည်။
  • ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကာအခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမသုံးဦးကို ပညာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်တွင် အလယ်တန်းပြရာထူးသို့ လျှော့ချခဲ့သည်။ ဒသမတန်းကျောင်းသားများအား သင်ထောက်ကူစာအုပ်များ ပြင်ပမှ ၀ယ်ယူရောင်းချခဲ့သည်ဟူသည့် တိုင်ကြားချက်ကြောင့် စုံစမ်းစစ်ဆေး၍အပြစ်ပေးအရေးယူခြင်းဖြစ်သည်။
  • Wednesday 2017-11-08
    ရွှေဘိုခရိုင် ရေဦးမြို့တွင် ဖခင်၏ အကြိမ်ကြိမ်အဓမ္မ ပြုကျင့်ခံခဲ့ရ၍ ကိုယ်ဝန်ဆောင်ထားရသည့် (၁၃)နှစ်အရွယ် မိန်းကလေးငယ် ကို သွားရောက်တွေ့ဆုံ၍ ၎င်းရှေ့ရေးအတွက် ကူညီပေးနေကြောင်း သရုပ်ဆောင် ထားထက်ထက်က ပြောသည်။
  • Wednesday 2017-11-08
    အာရှဖလားခြေစစ်ပွဲ အိန္ဒိယအ သင်းနှင့် အဝေးကွင်းပွဲတွင် မြန်မာ အသင်း မဖြစ်မနေ အနိုင်ရရန် လိုအပ်ကြောင်း ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က လက် ရွေးစင်ဘောလုံးသမားများကို မှာကြားသည်။
  • Wednesday 2017-11-08
    အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ မြန်မာ့လက်ရွေးစင် ဖူ ဆယ်အသင်းသည် ပြည်ပနိုင်ငံ များသို့ သွားရောက်လေ့ကျင့်မည် ဟု ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
  • Wednesday 2017-11-08
    MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန် ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်ရန် အ ကောင်းဆုံးကြိုးစားမည်ဟု ကချင် တိုင်းရင်းသား အောင်လအန်ဆန် က ပြောသည်။ 
  • Wednesday 2017-11-08
    နိုဝင်ဘာ ၄ ရက်ကတော့ တော့တင် ဟမ်ဟော့စပါး တိုက်စစ်မှူးဆွန် ဟောင်မင်အတွက် အမှတ်တရ အရှိဆုံး နေ့တစ်နေ့ ဖြစ်ခဲ့ပါလိမ့်မယ်။ အကြောင်းရင်းကတော့ ခရစ္စတယ် ပဲလေ့စ်အသင်းအပေါ် အနိုင်ရစေမယ့် တစ်လုံး တည်း သော သုံးမှတ်တန်ဂိုးကို အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ သွင်းယူ နိုင်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းအ များဆုံး အာရှတိုက်သားဆိုတဲ့ ထူးထူးကဲကဲ စံချိန်တစ်ခုကိုပါ ပိုင်ဆိုင်ခဲ့တာကြောင့်ပါပဲ။
  • Wednesday 2017-11-08
    နိုဝင်ဘာ ၅ ရက်က အမေရိကန် နိုင်ငံ တက္ကဆက်ပြည် နယ်တွင် ဒေသ၏ သမိုင်းတစ် လျှောက် အဆိုးရွားဆုံး အစုအပြုံ လိုက် ပစ်ခတ်သတ်ဖြတ်ခံရမှု တစ်ခုဖြစ်ပွားခဲ့သည်။ အနည်းဆုံး လူ ၂၆ ဦးမျှ အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်နှင့်အတူ အမေရိ ကန်၌ သေနတ်ပိုင်ဆိုင်ခွင့်ထိန်း ချုပ်ရေးကို ကြပ်မတ်ရန် သင့်၊ မသင့် အငြင်းအခုံများ တစ်ကျော့ ပြန် အားကောင်းလာခဲ့သည်။
  • Thursday 2017-11-09
    မန္တလေးကနေ ပြင်ဦးလွင်အတက် အနီးစခန်းမှာ စာကြည့်တိုက်လေး တစ်ခုရှိပါတယ်။ နေရာတိတိကျကျ ပြောရမယ်ဆိုရင် ရပ်ကွက်ကြီး (၁၇) အနီးစခန်းကျေးရွာမှာ ဖွင့်ထားတာပါ။ မန္တလေးကနေလာရင် အနီးစခန်းရောက်လို့ လမ်းညာဘက်ခြမ်းက နှီးဘုရားကြီးဆီ သွားတဲ့လမ်းအတိုင်း တစ်မိနစ်လောက်ဝင်လိုက်တာနဲ့ စာကြည့်တိုက်လေးဆီ ရောက်သွားမှာပါ။ အဲဒီစာကြည့်တိုက်လေးက ရိုးရိုးသာမန် စာကြည့်တိုက်တစ်ခုတော့ မဟုတ်ပါဘူး။ စာကြည့်တိုက် ရေရှည်ရပ်တည်နိုင်ဖို့ ကော်ဖီဆိုင်လေးဖွင့်ပြီး ကျားကန်ရပ်တည်နေရတဲ့ ကော်ဖီဆိုင်စာကြည့်တိုက်လေး ဖြစ်နေလို့ပါပဲ။

Pages