အတွဲ (၁၆)၊ အမှတ် (၃၈)

Issue Date: 
Wednesday, November 29, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက်၊ ဗုဒ္ဒဟူး၊ (နိုဝင်ဘာ ၂၉၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Saturday 2017-12-02
    အင်အားအကြီးမားဆုံး နှင့် အကြမ်းကြုတ်ဆုံး နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းကြီးတစ်ခုအဖြစ် အခြေခိုင်ခိုင် ရပ်တည်ပြခဲ့ ပြီး သုံးနှစ်မျှအကြာတွင် အိုင်အက်စ်၏ အနေအထားသည် လုံးပါးပါးသည့် အဆင့်သို့ ရောက်ရှိ လာပြီဖြစ်သည်။ အီရတ်နိုင်ငံရှိ ပိုင်နက်နယ်မြေအားလုံး လက်လွှတ်ခဲ့ရသလို ဆီးရီးယားတွင်လည်း အိုင်အက်စ်ရပ်တည်မှုသည် ခပ်ယဲ့ယဲ့မျှသာ အသက်ရှိတော့သည်။ သို့သော် အကြမ်းဖက်မှုရေးရာ စောင့်ကြည့်လေ့လာသူများကမူ လက်ရှိအခြေအနေသည် ရတက်အေးစရာအဆင့်မျိုး မဟုတ်သေးဟု သတိပေးထားသည်။
  • Saturday 2017-12-02
    အခုရာသီ စပိန်လာလီဂါ အမှတ် ပေးပြိုင်ပွဲမှာ ဘာစီလိုနာကို အနီး ကပ် စိန်ခေါ်နေတဲ့ အသင်းက ဗလင်စီယာ ဖြစ်နေတာ အံ့ဩစရာပါ။ ဒါကြောင့်လည်း မက်စ်တဲလား မှာ ယှဉ်ပြိုင်တဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနှစ်သင်းပွဲစဉ်ကို ပရိသတ် တွေက စိတ်ဝင်စားမှုအပြည့်နဲ့ စောင့်ကြည့်ခဲ့တယ်။ ဒီပွဲဟာ တစ်ဂိုးစီ သရေနဲ့ အကြိတ်အနယ်ယှဉ် ပြိုင်ပြီးဆုံးသွားပေမယ့် အကြီး အကျယ် အငြင်းပွားစရာ အခြေအ နေတစ်ခုလည်း ပေါ်ပေါက်လာခဲ့ ပါတယ်။ ပြီးတော့ စပိန်ဘောလုံး ပြိုင်ပွဲတွေမှာ နည်းပညာအသုံးပြု ဖို့ တောင်းဆိုသံတွေလည်း ပြန် လည်ဆူညံလာတယ်။
  • Saturday 2017-12-02
    မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ နှစ် ၅၀ ကြာ ဝေးကွာနေ သည့် အာရှဖလားပြိုင်ပွဲ နောက် ဆုံးအဆင့် ဝင်ပြိုင်ခွင့်ရရှိရန် ခြေ စစ်ပွဲလက်ကျန်နှစ်ပွဲရလဒ်က အ ဖြေထုတ်ပေးမည်ဖြစ်သည်။ မြန်မာအသင်းပါဝင်သည့် ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိ ယအဆင့်အုပ်စု (က)တွင် အိန္ဒိယ အသင်းက ခြေစစ်ပွဲအောင်မြင်ခဲ့ ပြီဖြစ်ပြီး လက်ကျန်ခြေစစ်ပွဲ အောင် တစ်သင်းနေရာအတွက် ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လေးပွဲ ယှဉ်ပြိုင်အပြီး လက်ကျန်နှစ်ပွဲ ကျန်ရှိချိန်တွင် ကာဂျစ္စတန်အ သင်းက ရမှတ်ခုနစ်မှတ်ဖြင့် အုပ် စုဒုတိယနေရာနှင့် ရမှတ်ငါးမှတ် ရရှိထားသည့် မြန်မာအသင်းက တတိယနေရာ၌ ရပ်တည်နေ သည်။ ငါးပွဲကစားပြီး ရမှတ်မရ သေးသည့် မကာအိုအသင်းက ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့် ချက်မရှိတော့ပေ။
  • Saturday 2017-12-02
    ပရိသတ်အားပေးမှုရရှိ ထားသော အဆိုပြိုင်ပွဲ   မြန်မာအိုင်ဒေါ Season−3  ကို ဆက်လက်ပြုလုပ် မည်ဖြစ်ကြောင်း mntv ရုပ်သံ လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • Saturday 2017-12-02
    လူမှုမီဒီယာကို မနှစ်သက် ကြောင်း အမေရိကန် အဆိုတော် ကာမီလာကာဘီလိုက ပြောသည်။
  • Saturday 2017-12-02
    သီချင်းချိုချို အေးအေးလေးများ ဖြင့် ပရိသတ်အားပေးမှုရရှိခဲ့သူ မို့မို့က ၎င်း၏ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၆ ရက်တွင် ပြည်လမ်းရှိ မာစီဒီးမြန်မာကားရှိုးရွမ်းသစ်၌ ပြုလုပ်မည်ဖြစ်သည်။ ဖျော်ဖြေပွဲအမည်ကို Simply Acoustic ဟု အမည်ပေးထားပြီး လူဦးရေနှစ်ရာခန့်သာ ကြည့်ရှုနိုင်မည့် Exclusive Show အနေဖြင့် ပြုလုပ်မည် ဖြစ်သည်။ ထို့ကြောင့် မို့မို့ကိုတစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ဖြစ်သည့် အကြောင်းအရာများ အပါအဝင် လက်ရှိဖြတ်သန်းနေသည့် ဘဝအကြောင်းနှင့် အနုပညာအလုပ်များ ပြန်လည်လုပ်ရန် အစီအစဉ်ရှိ၊ မရှိ တွေ့ဆုံမေးမြန်းခဲ့ပါသည်။
  • Saturday 2017-12-02
    ဂျာဆင်ဒါကိတ်လောရယ် အာဒန်သည် နယူးဇီလန်နိုင်ငံရေး သမားဖြစ်ပြီး ၂၀၁၇ အောက်တို ဘာမှစ၍ နယူးဇီလန် နိုင်ငံ၏ ၄၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာ သည်။
  • Saturday 2017-12-02
    Space X ကုမ္ပဏီနဲ့ ဘိုးရင်း ကုမ္ပဏီတို့ဟာ မျိုးဆက်သစ်အာကာသယာဉ်တည်ဆောက်ဖို့ ယှဉ်ပြိုင်နေကြပါတယ်။ ဘိုးရင်းကုမ္ပဏီရဲ့ တီထွင်မှုခေါင်းဆောင် ဂျွန်မူလ်ဟော်လန်က သူ့ကုမ္ပဏီအနိုင်ရမယ်လို့ ဆိုပါတယ်။ နာဆာက အာကာသယာဉ်မှူးတွေအားလုံးဟာ ဘိုးရင်းရဲ့ အကူအညီနဲ့ အာကာသထဲကို ပျံသန်းသွားလာခဲ့ကြပါတယ်။ အရမ်းအဦးဆုံးကျတဲ့ Mercury အာ ကာသလူနေယာဉ်ကနေ အပိုလို စီမံကိန်းအထိ အာကာသလွန်း ပြန်ယာဉ်တွေကနေ နိုင်ငံတကာ အာကာသစခန်း (ISS) ပါဝင်တဲ့ လက်ရှိခရီးစဉ်တွေအထိ အဲဒီအာ ကာသဆိုင်ရာကုမ္ပဏီကြီး ဘိုးရင်း ရဲ့ အကူအညီမပါဘဲနဲ့ ဘယ်သူ တစ်ယောက်မှ ကမ္ဘာကြီးရဲ့ဆွဲ အားကနေ လွတ်မြောက်နိုင်ခဲ့သူ မရှိပါဘူး။ လာမယ့် နှစ်မှာ အမေရိကန်နိုင်ငံသားတွေကို အာကာ သထဲတစ်ခါပြန်ပို့ဆောင်မယ့်၊ စီး ပွားရေးလုပ်ငန်းသုံးယာဉ်တစ်စီး ဖြစ်လာမယ့် CST-100 Star-Liner လို့ခေါ်တဲ့ အာကာသယာဉ် နဲ့အတူ ဘိုးရင်းက သမိုင်းရေးဖို့ မျှော်လင့်နေပါတယ်။ အဲဒီကုမ္ပဏီရဲ့ အကြီးမားဆုံးပြိုင်ဘက်က တော့ နာဆာရဲ့ ရန်ပုံငွေထောက်ပံ့ ပေးထားတဲ့ ကုမ္ပဏီပဲဖြစ်တဲ့ Space X ဖြစ်ပါတယ်။ StarLinerကို လမ်းကြောင်းပေါ်မှာရှိအောင် သေချာစေဖို့အတွက် ဘိုးရင်း ကုမ္ပဏီဒုဥက္ကဋ္ဌ ဂျွန်မူလ်ဟော်လန် ဟာ မကြာသေးခင်က ဖလော်ရီ ဒါပြည်နယ်မှာရှိတဲ့ ကနေဒီအာ ကာသစင်တာကို ရောက်ခဲ့ပါ တယ်။
  • Thursday 2017-11-30
    ရခိုင်ပြည်နယ်ရှိ မာန်အောင်ကျွန်း နှင့် တနင်္သာရီတိုင်းရှိ ဆလုံကျွန်းတို့ကို နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်လာစေမည့် ခရီးစဉ်ဒေသများအဖြစ် အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။
  • Thursday 2017-11-30
    ပုဂံရှိကျေးရွာ တစ်ခုတွင် e-Bagan အမည်ဖြင့် ခရီးသွားဆိုင်ရာ လူထုအခြေပြုစင်တာ (Community Center)တစ်ခု ဖွင့် လှစ်မည်ဟု မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးဥက္ကာကျော်က ပြောသည်။
  • Thursday 2017-11-30
    တရားမဝင် ရွှေတူးဖော်ခြင်း လုပ်ငန်းများကြောင့် ညစ်ညမ်းမှု များရှိနေသည့် အင်းတော်ကြီးကန် ၏ ရေအရည်အသွေးကို စစ်ဆေး မည်ဟု ရေဝေရေလဲ အုပ်ချုပ်ရေး ဌာန ဦးစီးအရာရှိ ဒေါက်တာတိုး တိုးအောင်က ပြောသည်။
  • Thursday 2017-11-30
    မြန်မာနိုင်ငံမှ သစ်တော ထွက်ပစ္စည်းများ နိုင်ငံတကာဈေး ကွက်ဝင်နိုင်ရေး နိုင်ငံအဆင့် သစ်တောထောက်ခံချက်ပြုရေး စနစ်ကို သစ်တောခရိုင် ၆၈ ခုတွင် လာမည့်နှစ်၌ စတင်အကောင် အထည်ဖော်ဆောင်ရွက်မည်ဟု သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးဦးကျော်ဇောက ပြောသည်။
  • Thursday 2017-11-30
    အဏ္ဏဝါပင်လယ်ပြင်အတွင်း ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင် ရန် ရခိုင်ပြည်နယ် ကျိန္တလီမြို့ နယ်တွင် ကမ်းနီးငါးလုပ်ငန်းဆိုင် ရာ ပူးပေါင်းစီမံခန့်ခွဲရေး ဧရိယာ သတ်မှတ်မည်ဟု သားငှက်ထိန်း သိမ်းရေးအဖွဲ့ (အဏ္ဏဝါအစီအစဉ်) မှအဏ္ဏဝါငါးလုပ်ငန်း သုတေသန အရာရှိ ဦးသောင်းထွဋ်က ပြော ကြားသည်။
  • Thursday 2017-11-30
    ၂၀ ရာစုကုန်ပိုင်းနှင့် ၂၁ ရာစုခေတ်ဦးတွင် အိုင် ဒီအိုလိုဂျီနှင့်ပတ်သက်သော စာအုပ်များ ကမ္ဘာ၌ လူ ဖတ်များခဲ့သည်။ ရာစုသစ်အတွေ့အကြုံနှင့် အနာ ဂတ်အတွက် အိုင်ဒီအိုလိုဂျီသည် အရေးပါသောအ ခန်းကဏ္ဍအဖြစ် ရပ်တည်လာသည်။ ဖရန်စစ်ဖူကူ ယားမား၏ ‘သမိုင်းနိဂုံးချုပ်ပြီလော’၊ ‘သမိုင်းနိဂုံးနှင့် နောက်ဆုံးလူ’၊ ဆယ်မျူရယ်(လ)ဟန်တင်တန်၏ ‘ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း’၊ ဂျိုးဇက်အက်(စ်) နိုင်း၏ ‘ပါဝါအပျော့’၊ နီး(လ)ဖာဂူဆန်၏ ‘နောက် လာမယ့်ကမ္ဘာ၏စစ်ပွဲ’၊ ဂျက်ဖရီဒီဆာ့(ခ်ျ)၏ ‘ဆင်းရဲ မှုနိဂုံး’၊ လက်စရာသာရိုး၏ ‘အရင်းရှင်စနစ်၏ အနာ ဂတ်’၊ ပီတာအက်(ဖ)ဒရပ်ကာ၏ ‘အရင်းလွန် လူ့အ ဖွဲ့အစည်း’၊ အယ်(လ)ဗင်းတော်ဖလာ၏ ‘ပါဝါအ ရွေ့’နှင့် ပေါ(လ)ကိုလီယာ၏ ‘အောက်ဆုံးက သန်း တစ်ထောင်’ စာအုပ်တို့သည် ခေတ်သစ်အိုင်ဒီအိုလိုဂျီနှင့် စပ်လျဉ်း၍ ထင်ရှားသောစာအုပ်များဖြစ်ခဲ့ သည်။
  • Thursday 2017-11-30
    အရှေ့အလယ်ပိုင်းဒေသတွင် အီရန်၏ သြဇာလွှမ်းမိုးမှုကျယ်ပြန့် လာခြင်းကို တန်ပြန်ရာ၌ စိတ် ကူးရည်ရွယ်ချက်အားလုံးတွင် ဆော်ဒီအာရေးဗီးယားနှင့် အစ္စရေးသည် တရားဝင်မဟုတ်သော် လည်း မဟာမိတ်များဖြစ်သည်။ ယင်းမှာ ဆက်လက်ဖြစ်ပေါ်နေဆဲ အလွန်အကဲဆတ်သော ဆက်ဆံ ရေးဖြစ်သည်။ သို့သော် အပေါ်ယံမျက်နှာပြင်အောက်၌ မည်သည့် အရာများရှိလာနိုင်သည်ကို မကြာခဏနှပ်ကြောင်း ပေးသော ဆက် ဆံရေးလည်းဖြစ်သည်။
  • Thursday 2017-11-30
    လျှပ်စစ်ဓာတ်အားခ နှုန်းထားမြှင့်နိုင်ရေး အစိုးရက တိကျသည့်မူဝါဒ ရေးဆွဲပြီးတိုးမြှင့်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
  • Thursday 2017-11-30
    (၁) လေးငါးယောက် မကတော့ပါဘူး။ တကူးတက လာပြောတာလည်းရှိတယ်။ တွေ့တုန်းဆုံတုန်း ဘယ်လိုလုပ်ရမတုံးဆိုပြီး ပြောကြတာလည်းရှိတယ်။ အဓိက ပြဿနာက သူတို့တစ်တွေ ကျောင်းဆက်တက်ဖို့ ခက်နေကြတာ။ တက်ရမှာက မဟာတန်း။ ထိုမဟာတန်း မဟာဘွဲ့ကို သူတို့ တွေ ကျောခိုင်းစွန့်ခွာရတော့မလို ဖြစ်နေကြတယ်။ သူတို့မှာ ရင်ဆိုင် ကျော်ဖြတ်နိုင်ဖို့ အင်အားမရှိဘူး။ လိုအပ်နေတာက ငွေကြေး။ တစ်နည်းအားဖြင့် ကျောင်းစရိတ်၊ ပညာသင်ယူမှုကုန်ကျစရိတ်ပေါ့။
  • Thursday 2017-11-30
    (တစ်) ကျွန်တော်တို့ နိုင်ငံသားများ ၏ ချွတ်ယွင်းချက်ကို ပြောသည့် အခါ ‘မြန်မာစံတော်ချိန်’ဆိုသည့် စကားက တော်တော်ကလေး ခရီး ရောက်ကာ တွင်ကျယ်ပါသည်။ အဓိပ္ပာယ်က အများသိတော်မူ ထားကြပြီးဖြစ်သည့်အတိုင်း အ ချိန်မလေးစားကြဘူးဟူသည့် အဓိပ္ပာယ်ပင်ဖြစ်ပါသည်။ ချိန်းဆိုထားသည့်အတိုင်း တိတိကျကျ ဖြစ်ကြသည်ဟူ၍ အ ကြိမ်တစ်ထောင်တွင် တစ်ခါ မရှိ။
  • Thursday 2017-11-30
    (၁) NLD အစိုးရလက်ထက် စွမ်းအင် ကဏ္ဍ မူဝါဒအပြောင်းအလဲရှိခြင်း နှင့် လူထု၏ကန့်ကွက်မှုများခြင်း ကြောင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည် ဆောက်ရေး စီမံကိန်းများ အားလုံးကို ယာယီဆိုင်းငံ့ထားကြောင်း ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးဟိန်းထက်က ပြောကြားခဲ့သည့် သတင်းကိုဧရာ ၀တီသတင်းဌာနတွင်  ဖတ်လိုက် ရသည်။ ဂျာမနီနိုင်ငံ၌ နိုဝင်ဘာ ၆ ရက်မှ ၁၇ ရက်အထိ ကျင်းပနေ သည့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု ညီလာခံတွင် ပြောကြားလိုက်ခြင်းဖြစ် သည်။ ထိုသတင်းကို ဖတ်လိုက်ရ တော့ ရွှေလက်အံ့သြ၀မ်းသာသွား မိသည်။ ထိုသတင်းကို လူမှုကွန်ရက်မှတစ်ဆင့် ဆရာသမားများ၊ မိတ်ဆွေသူငယ်ချင်းများကို မျှဝေသည်။ သဘာဝပတ်ဝန်းကျင်ဆိုင် ရာ ပညာရှင်များနှင့် ဖုန်းဆက်ဆွေးနွေးဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ နှင့်လည်း ထိုအကြောင်းပြောဖြစ် သည်။ အားလုံးက၀မ်းသာစကား ဆိုကြသည်။ ဒေသခံပြည်သူများ လည်း ၀မ်း သာနေကြပေလိမ့်မည်။
  • Thursday 2017-11-30
    အချိန်နှင့် ပတ်သက်၍ ‘တစ်ခဏကြောင့် တစ်ဘဝဆုံးခဲ့ရသည်’ ဟူသော စကားဆိုရိုးရှိခဲ့၏။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏတံတားပေါ်၌ ဆန့်ကျင်ဘက်ယာဉ်ကြောကို ပြောင်းပြန်ဝင်မောင်းရာမှ မျက်နှာချင်းဆိုင်ယာဉ်နှင့် တိုက်မိပြီး ပရိုဘောက်စ်အငှားယာဉ်မောင်း အသက်ပျောက်ခဲ့ရကြောင်း ဖတ်ရှုခဲ့ရ၏။ အခြားကားသုံးစီးလည်း ဆင့်ကာ တိုက်၍ ပျက်စီးပြန်၏။ အမြန်လမ်းမကြီးပေါ်၌ တစ်ခဏအိပ် ငိုက်ရာမှ ယာဉ်တိမ်းမှောက်ပြီး သေပွဲဝင်သူများလှ၏။ တစ်ခဏ အတွင်းမှာပင် ကာမမှောင်အတွင်း သက်ဆင်းမိ၍ ဘဝပျက်ရသော အမျိုးသမီးငယ်တို့၏ ဘဝဇာတ် ကြောင်းများကို ငယ်စဉ်ကာလမှ ယနေ့အထိ ထပ်တလဲလဲကြားနေ ရ၏။  မကြာမီက တစ်ခဏချင်း ဒေါသမထိန်းချုပ်နိုင်၍ ကျူးလွန်ခဲ့ သော သုံးလောင်းပြိုင် လူသတ်မှု ဆိုသည်မှာလည်း ရန်ကုန်မြို့၏ မှုခင်းစာမျက်နှာ၌ မင်မခြောက် သေးသော မှတ်တမ်းဖြစ်၏။ တီဗီ ဖွင့်ထားသည်မှာ နားငြီးကြောင်း ပြောဆိုကြရာမှ တစ်အိမ်တည်း နေ ညီအစ်ကို အရင်းခေါက်ခေါက် တို့ တစ်ခဏချင်း လူသတ်ပွဲဖြစ်ခဲ့ ခြင်း၊ သမီးရည်းစားချိန်းတွေ့ရာမှ တစ်ခဏအတွင်း ရန်ပွဲဖြစ်ပြီး အမျိုးသားက အမျိုးသမီးလည်ပင်းကို ဓားဖြင့်ထိုးသတ်လိုက်ခြင်း စသည့် အနိဋ္ဌာရုံသတင်းများကြောင့် မြန် မာပြည်သားတို့သည် လူ့ဘဝ၏ အသက်ရှင်ချိန် တစ်ခဏတိုင်းကို အသိတရားနှင့် တန်ဖိုးရှိစွာ ထိန်း သိမ်းနေထိုင်တတ်မှု အလွန်အား နည်းနေသေးကြောင်း ကောက် ချက်ချနိုင်၏။
  • Thursday 2017-11-30
    ယခုနှစ်တွင် အဝေးသင်တက္ကသိုလ် ပထမနှစ်တက်ရောက်ခွင့် ရသူများစာရင်းကို ဒီဇင်ဘာပထမ ပတ်တွင် ကြေညာမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။
  • Thursday 2017-11-30
    ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲအ တွက် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စာစစ်ဌာန ၁၄၀ ကျော်အသစ်ဖွင့်လှစ်ခွင့်ပြုထားသည်ဟု မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးမျိုးညွန့်ကပြောသည်။
  • Thursday 2017-11-30
    မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှုပိတ်ထားသည်မှာ တစ် နှစ်ခန့်ရှိလာ၍ သတ်မှတ်အလုပ် သမားဦးရေပြည့်မီအောင်မပို့ထား နိုင်သော အေဂျင်စီများ လိုင်စင် သက်တမ်းတိုးရန် အခက်အခဲများ ရှိနေကြောင်း အေဂျင်စီလုပ်ငန်း ရှင်အချို့ကပြောသည်။
  • Thursday 2017-11-30
    နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ အောက်တိုဘာ ၁၇ ရက် တွင် စတင်ကျင်းပခဲ့သည့် ဒုတိယ အကြိမ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးများကို ယခုတစ် ပတ် နိုဝင်ဘာ ၂၄ ရက်တွင် ရပ် နားခဲ့သည်။ တစ်လကျော်အတွင်း အစည်းအဝေး ကျင်းပသည့်ရက် ၁၆ ရက်သာရှိ၍ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လက်ရှိအချိန်အထိ အတိုတောင်းဆုံး အစည်းအဝေးကာလအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
  • Thursday 2017-11-30
    မြန်မာနိုင်ငံသည် ဂျပန်ဦးနှောက် ရောင်ရောဂါ ဖြစ်ပွားမှုများပြား သော ကမ္ဘာ့နိုင်ငံ ၂၄ နိုင်ငံထဲ၌ ပါဝင်သည်။ ထို့ကြောင့် အစိုးရက အသက် (၉)လမှ (၁၅)နှစ်အရွယ် ကလေး ၁၄ သန်းကို နှစ်သုတ်ခွဲ၍အစုလိုက် ကာကွယ်ဆေးထိုးအစီ အစဉ်ဖြင့် စီမံချက်ချ၍ ဆောင်ရွက်ခဲ့သည်။ ပထမအဆင့်တွင် နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ အခြေခံ ပညာကျောင်းများရှိ အသက် (၅) နှစ်မှ (၁၅)နှစ်အရွယ်ကလေးများ ကို ကာကွယ်ဆေး စတင်ထိုးနှံခဲ့ရာ ကိုးရက်အတွင်း ကလေးငယ်ဦး ရေ ၈ ဒသမ ၆ သန်းကို ထိုးနှံနိုင်ခဲ့ သည်။
  • Thursday 2017-11-30
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအာဏာရလာသည်မှာ ၂ နှစ်ပြည့်တော့မည်ဖြစ်သည်။ သို့ဖြစ်ရာ အစိုးရအဖွဲ့၏အားသာ ချက်၊ အားနည်းချက်တို့ ရုပ်လုံးပေါ်သင့်သလောက် ပေါ်လာပြီဖြစ်သည်။ ယင်းအခြေအနေကို ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အားနည်းချက်ရော အားသာချက်ပါ ပွင့်ပွင့်လင်းလင်းပြောသည်။ ဝန်ကြီးများ၏စွမ်းဆောင်ရည်၊ ဒီချုပ်နှင့် တပ်မတော်ဆက်ဆံရေးအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းချက်များနှင့်ပတ်သက်ပြီး ဦးဝင်းထိန်ကို 7Day News သတင်းဂျာနယ်က နိုဝင်ဘာ ၂၄ရက်တွင်  နေပြည်တော်စည်ပင်ဧည့်ရိပ်သာ၌ တွေ့ဆုံမေးမြန်းခဲ့သည်။
  • Thursday 2017-11-30
    သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံကို ဦးဆောင်ခွင့်ရခဲ့အပြီး ၂ နှစ်ခန့်အကြာတွင် ဒီချုပ်သည် သူ၏အဓိကမောင်းနှင်အားတစ်ခုကို ပြန်လည်လှုပ်နှိုးရန် ကြိုးပမ်းနေရသည်။ ဒီချုပ်ပါတီသည် ၂၀၁၅ တွင် (၂၇)နှစ်သား အရွယ်ဖြင့် တိုင်းပြည်၏ ဦးဆောင်မှုအခန်းကဏ္ဍကို ရယူနိုင်ခဲ့သော်လည်း ယင်းအတွက် သူ၏နုပျိုမှုများကို ပေးဆပ်ခဲ့ရသည်။  ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ပြိုင်ဘက်များကို အပြတ်အသတ် နောက်ကောက်ချနိုင်ရန် လူငယ်ပါတီဝင်များကိုပါ ပွဲထုတ်ခဲ့ရမှုကြောင့် ရွေးကောက်ပွဲအပြီး မကြာမီမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။
  • Thursday 2017-11-30
    စိုက်ပျိုးရေးတောင်သူများအတွက် လာမည့် ဒီဇင်ဘာလဆန်းတွင်သတင်းဆိုးတစ်ခုက ကြိုစောင့်နေသည်။ ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အတွင်း တောင်တရုတ်ပင်လယ်မှ လေပွေလှိုင်းကြောင့်၊ ဖြစ်လာမည့် လေဖိအားနည်း ရပ်ဝန်းအရှိန် ကြောင့် မြန်မာနိုင်ငံဒေသအများစုတွင် အချိန်အခါမဟုတ် မိုးရွာမည့် သတင်းဖြစ်သည်။ သို့သော် ယင်း ဖျက်မိုးကို ကြိုတင်ကာကွယ်ရန် မိုးလေဝသပညာရှင်နှင့် မိုးဇလဌာနက ယခုကတည်းက ကြိုတင်သတိ ပေးနေခြင်းသည် တောင်သူများအတွက် သတင်းကောင်းဟုဆိုနိုင်သည်။
  • Thursday 2017-11-30
    ‘ပြောင်းလဲချိန်တန်ပြီ’ဟု ကြွေးကြော်ခဲ့သည့် NLD ပါတီ ရွေး ကောက်ခံရသည်မှာ နိုဝင်ဘာတွင် ၂ နှစ်တင်းတင်းပြည့်ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ပြည်သူလူထုက နိုင်ငံကို ဦးဆောင်နိုင်ရန် ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင်တစ်ခဲနက် မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုရွေးချယ်မှုရလဒ်အဖြစ် ပင်နီလွှမ်းသော လွှတ်တော်အဖြစ် ရပ်တည်ခဲ့ခြင်းသည် ၂၂ လကျော်လာပြီး NLD အစိုးရအဖြစ် တာဝန်ယူလာသည်မှာ လ ၂၀ ခန့် ရှိလာသည်။
  • Thursday 2017-11-30
    ပုဂ္ဂလိကဆေးရုံကြီးတစ်ရုံ၏ စတုတ္ထထပ်က ခပ်ဟဟဖွင့်ထားသော လူနာအခန်းတံခါးလေးကို တွန်းဝင်လိုက်သည်နှင့် ဝင်လာသူများကို အခန်းတွင်းနံရံက ခေတ္တဖမ်းစားသွားသည်။ စက္ကူဖြူပေါ်တွင် ကလေးငယ်များ ရေးဆွဲထားဟန်တူသော ပန်းချီအချို့၊ ချစ်စရာအရောင်စုံပိုစတာများက လူနာခုတင်ရှေ့ တည့်တည့်ရှိ နံရံတွင် နေရာယူထားကာ လူနာကို အားပေးနေသယောင်..။ ‘‘ကျွန်တော့်ပန်းချီကားတွေကို နှစ်သက်ပြီး ဝယ်ယူတဲ့မိတ်ဆွေ တစ်ယောက်လာတယ်လေ။ သူ့ ကလေးတွေရဲ့ လက်ရာတွေကို ကျွန်တော် အားတက်စေအောင် လာကပ်ပေးသွားတာ’’ဟုအသက် (၄၀)ခန့်အရွယ် လူနာက ခုတင် ပေါ်တွင် ခပ်လျော့လျော့ မှီထိုင်ရာမှ ပြုံး၍ဆိုသည်။

Pages