No.1642 Thursday, November 30, 2017

Issue Date: 
Thursday, November 30, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် (ကြာသပတေး၊ နိုဝင်ဘာ ၃၀၊ ၂၀၁၇)
Publication: 
7Day Daily

List of stories

  • Thursday 2017-11-30
    မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်တွင် အမှန်တကယ် စစ်ပွဲဖြစ်လာအောင် ကြံဆောင်နေကြောင်း အမေရိကန်၏ ကုလသမဂ္ဂ သံအမတ်က စွပ်စွဲ ပြောကြားခဲ့သည်။
  • Thursday 2017-11-30
    ဘော့စ်နီးယား ခရိုအက် အနွယ်ဝင် စစ်ရာဇဝတ်မှု တရားခံ တစ်ဦးသည် တရားရုံး စီရင်ချက် အပြီးတွင် အဆိပ်သောက်၍ သေကြောင်းကြံသွားခဲ့ကြောင်း သိရသည်။
  • ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှနုတ်ထွက်ပြီဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးက 7Day Daily သတင်းစာအား ပြောကြားသည်။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မည်သည့်အကြောင်းကြောင့် အ နားယူခဲ့သည်ကို ဦးမြအေးက ပြောကြားခြင်းမရှိပေ။
  • ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံ  ငြိမ်းချမ်းခြင်းများရရှိရန် ဆုတောင်းပေးပြီး နာကျင် မှုနှင့် နာကြည်းမှုများကို ဒေါသ၊ အကြမ်းဖက်မှုများ ဖြင့် တုံ့ပြန်ခြင်းများမပြုလုပ်ရန်၊ ဘာသာဝင်ဖြစ်ရေး အတင်းအဓမ္မဖြားယောင်းခြင်းများ မပြုလုပ်ရန် ပြော ကြားခဲ့သည်။
  • Thursday 2017-11-30
    ရန်ကုန်မြို့လယ်ရှိ ယခင်မီးရထားရုံးချုပ် အဆောက်အအုံ အပါအဝင် မီးရထားပိုင်မြေ ၁၀ ဧကတွင် တည်ဆောက်မည့် Yoma Central နှင့် The Peninsula Yangon စီမံကိန်းတို့ကို နိုင်ငံတကာဆောက်လုပ်ရေးကုမ္ပဏီ နှစ်ခုက တည်ဆောက်ရန် သဘောတူစာချုပ်ကို နိုဝင်ဘာ ၂၈ ရက်တွင် ရေးထို
  • Thursday 2017-11-30
     ပြည်တွင်းကြက်သွန်နီ ဈေးမြင့်တက်မှုကြောင့် ပြည်ပမှ ကြက်သွန်နီတင်သွင်းခွင့် တ ရားဝင် ခွင့်ပြုခဲ့ကြာင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန လက်ထောက်အတွင်း ၀န်ဦးခင်မောင်လွင်က ပြော ကြားသည်။
  • Thursday 2017-11-30
     ပြည်တွင်းခရီးသွားလုပ် ငန်းများနှင့် ဘုရားဖူးဝန်ဆောင်မှု လုပ်ငန်းများသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပေးသည့် အသိအမှတ်ပြု လက်မှတ်(လိုင်စင်)ပြုလုပ်ထား ရန် လိုအပ်ပြီး အဆိုပါလက်မှတ် မရှိဘဲ ဆောင်ရွက်ပါက ထောင် ဒဏ်နှင့် ငွေဒဏ်နှစ်မျိုးစလုံးဖြ
  • Thursday 2017-11-30
    မင်းဘူးမြို့နယ် ငဖဲ-ရွှေ စက်တော်လမ်းဘေးရှိ ဟန်ထက် (၁) ကျောက်မီးသွေးထုတ်လုပ် ရေးကုမ္ပဏီ၏ ကျောက်မီးသွေး တွင်းပြိုကျသဖြင့် ပိတ်မိသူအမျိုး သားရှစ်ဦးစလုံးသေဆုံးကြောင်း မကွေးတိုင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
  • Thursday 2017-11-30
    မတရားမှုများ၊ ရန်ပွဲ များ ရပ်စဲသွားစေရေးလုပ်ဆောင် ရာတွင် လူမှုအဖွဲ့အစည်းခေါင်း ဆောင်များနှင့် ဘာသာရေးခေါင်း ဆောင်များက အသံမဲ့သူများ၏ အသံကိုကြားနိုင်စေရန် ကြိုးစား ပေးရမည်ဖြစ်ကြောင်း ပုပ်ရဟန်း မင်းကြီးဖရန်စစ်က ပြောသည်။
  •  ကော့သောင်းမြို့တွင် (၄)နှစ်အရွယ် သမီးအရင်းကို ရိုက်နှက်ရာမှ သေဆုံးသွား၍ အ လောင်းဖျောက်ဖျက်သူ မိခင်ကို ဖမ်းဆီးထားပြီး ကလေးငယ်၏ အလောင်းကို ရှာဖွေနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြော ကြားသည်။ အဆိုပါဖြစ်စဉ်သည် ကော့ သောင်းမြို့ လုံးဖော်ကျေးရွာတွင် နိုဝင်ဘာ ၁၇ ရက်က ဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကို ပါချန်မြစ်အ တွင်း ပစ်ချ၍ ဖျောက်ဖျက်ခဲ့သည် ကို စစ်ဆေးဖော်ထုတ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
  •  ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာ- ဗာတီကန်သံတမန်ဆက်ဆံရေး အရ လာရောက်သည့်ခရီးစဉ်ဖြစ် ပြီး ဒုက္ခသည်များ၊ ရွှေ့ပြောင်းသူ များအတွက် သီးသန့်လာရောက် ခြင်းမဟုတ်ဟု ပုပ်ရဟန်းမင်းကြီး ၏ပြောရေးဆိုခွင့်ရှိသူ Mr. Greg Burke က ပြောကြားသည်။  ပုပ်ရဟန်းမင်းကြီး၏လေး ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲကို နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်ရာ နိုင်ငံတကာမီဒီယာ များက ခရီးစဉ်အတွင်း ရခိုင်ပြည် နယ်ရှိ မွတ်စလင်များအရေးကို ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောကြားမှုမရှိခြင်းအပေါ် မေး မြန်းမှုကို ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
  •  မြန်မာနိုင်ငံတွင် မတူ ကွဲပြားမှုများကြားမှ စည်းလုံးညီ ညွတ်မှုကို တွေ့မြင်ရကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ၎င်း ၏မြန်မာနိုင်ငံခရီးစဉ်အပေါ် မှတ် ချက်ပြုခဲ့ကြောင်း ပုပ်ရဟန်းမင်း ကြီး၏ ပြောရေးဆိုခွင့်ရှိသူ Mr. Greg Burke ကပြောသည်။ ‘‘မြန်မာနိုင်ငံခရီးစဉ်ကို တို တိုပြောရရင် မတူကွဲပြားမှုတွေ ကြားက စည်းလုံးညီညွတ်မှုကို တွေ့ခဲ့ရတဲ့ခရီးလို့ ပုပ်ရဟန်းမင်း ကြီးက ဆိုပါတယ်။ အနည်းငယ် သော ကက်သလစ်ဘာသာဝင် တွေရဲ့ စည်းလုံးမှုကိုလည်း မြင်ရ တယ်။ မတူကွဲပြားတဲ့ဘာသာဝင် တွေ နေထိုင်ကြပေမယ့် ကက်သ လစ်အသင်းတော်ကို ကူညီမှုတွေ ရှိတာတွေ့ခဲ့တယ်။ ဒါကြောင့် သံဃမဟာနာယကအဖွဲ့နဲ့တွေ့ တဲ့အချိန်မှာလည်း စည်းလုံးညီ ညွတ်ဖို့ကို သူကပြောတယ်။ တ ခြားမိန့်ခွန်းတွေ၊ နေပြည်တော်မှာ ပြောတဲ့မိန့်ခွန်းမှာလည်း စည်းလုံး ညီညွတ်မှုကို သူပြောခဲ့တယ်’’ ဟု Mr.Greg Burke က ပြောသည်။
  • Thursday 2017-11-30
    တရုတ်ကွန်မြူနစ်ပါတီ နှင့် ကမ္ဘာ့နိုင်ငံရေးပါတီများအ ကြား ပါတီခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များသည် နိုဝင် ဘာ ၂၉ ရက်က  တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာစီကျင်းပင်၏ ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များ သွားရောက်ခြင်းဖြစ် သည်။
  • Thursday 2017-11-30
    ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရော်ဘာခြံတစ်ခု၌ အသက်(၅) နှစ်အရွယ် ကလေးငယ် အပါ အဝင် ထိုင်းမိသားစုဝင်လေးဦး အသတ်ခံရမှုတွင် ကျူးလွန်သည် ဟု သံသယရှိသော မြန်မာလုပ် သား မွန်တိုင်းရင်းသားနှစ်ဦးအ နက် တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက် ညနေတွင် ဖမ်း ဆီးခဲ့သည်။
  • Thursday 2017-11-30
     မောင်တောတွင် နို ဝင်ဘာ ၂၉ရက်နံနက်ကနာရီပိုင်း အတွင်း စိတ်ကြွဆေးပြား စုစု ပေါင်း တစ်သန်းကျော်ကိုတရားခံ ငါးဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သည်။
  •  ဇာတ်ကားရိုက်ကူးမှုနှင့် အနည်းငယ်အလှမ်းဝေးနေချိန် တွင်   ခန္ဓာကိုယ်အလေးချိန် ပေါင် ၁၃၀ မှ ၁၁၃ ပေါင်အထိ ဝိတ်ချ ခဲ့ကြောင်း သရုပ်ဆောင် စံရတီမိုးမြင့်က ပြောသည်။
  •  မယ်စကြဝဠာပြိုင်ပွဲတွင် ပရိသတ်များ အားပေးရကျိုးနပ် အောင် မစွမ်းဆောင်နိုင်ခဲ့သော ကြောင့် ပရိသတ်များကို တောင်း ပန်ကြောင်း ဇွန်သံစဉ်က ပြော ကြားသည်။
  •  မန္တလေးမြို့ စူပါမား ကက်များတွင် ရောင်းချနေသည့် စားသောက်ကုန်များကို FDA ထောက်ခံချက်ရှိ၊မရှိ စစ်ဆေးရန် ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ)  ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာကျော် ကျော်က ပြောကြားသည်။
  •  စစ်ကိုင်းမြို့တွင် ယခု ဘဏ္ဍာနှစ်အတွင်း အဆင့်မြင့်ရုပ် ရှင်ရုံတစ်ရုံ တည်ဆောက်မည်ဖြစ် ကြောင်း စစ်ကိုင်းမြို့တော် စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။
  •  မန္တလေးမြို့ သာသနာ ၂၅၀၀ ဗိမာန်တော်ရှေ့တွင် အစိုး ရဖြုတ်ချပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုခဲ့သော သံဃာ တော်များထဲမှ လက်ရှိဖမ်းမိထား သည့် သံဃာတော်ခြောက်ပါးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် တရားရုံးက စွဲချက်တင်သည်။
  • စားကျက်မြေတွင် နေထိုင်သူများကို ဖျက်သိမ်းဖယ်ရှားခြင်းနှင့်ပတ်သက်၍ လိုက်လံ ကူညီခြင်းကို မဟုတ်မမှန်စွပ်စွဲ ပြောဆိုသည်ဟု ဆိုကာ ပေါင်မြို့ နယ်ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးဇော်ဇော်ထူးကို တရားစွဲ မည်ဖြစ်ကြောင်း အဆိုပါမြို့နယ် နေဦးအောင်ဆန်းဦးက ပြောသ
  •  တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တို့အ ကြား ယခုလအတွင်း ဖြစ်ပွား သော တိုက်ပွဲများကြောင့် ပလက် ဝမြို့နယ်အတွင်း စစ်ဘေးတိမ်း ရှောင်သူဦးရေ တိုးလာကြောင်း ချင်းပြည်နယ် အစိုးရနှင့် AA အဖွဲ့ တာဝန်ရှိသူများက ပြောသည်။
  •  အဲဗာတန်အသင်းက အင်္ဂလန်နည်းပြဟောင်း ဆမ်အ လာဒိုက်စ်ကို တစ်နှစ်ခွဲစာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့  သည်။
  • အာရှတစ်နှစ်တာ အကောင်းဆုံးနိုင်ငံတကာ ဘောလုံး သမားဆုကို စပါးတိုက်စစ်မှူး ဆွန်ဟွမ်မင်က ဆွတ်ခူးခဲ့သည်။ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်သည် နိုင်ငံခြားတွင် ကစားသော အာရှကစားသမားများ ဆန်ခါတင်စာရင်းသုံးဦး၌ အမှတ်အများဆုံးရရှိပြီး သြစတြေးလျမှ ဟတ်ဒါဖီးလ်ကွင်
  • Thursday 2017-11-30
     ထိုင်း လိဂ်-၁ ကလပ် Police Tero အသင်းသည် အငှား ခေါ်ယူထားသည့် မြန်မာ့လက် ရွေးစင် တိုက်စစ်မှူးအောင်သူကို နိုဝင်ဘာ ၂၉ ရက် ညတွင် ဆေးစစ်ခဲ့သည်။ ရတနာပုံအသင်း တိုက်စစ် မှူး အောင်သူသည် ၂၀၁၈ ဘော လုံးရာသီတွင် ထိုင်း လိဂ်-၁ ကလပ် Police Tero အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခြင်းဖြစ်သည်။
  • Thursday 2017-11-30
    ယင်ကောင်များသည် လူသားများအတွက် အန္တရာယ်ဖြစ်စေနိုင်သော ဗက်တီးရီးယား ရာပေါင်းများစွာ သယ်ဆောင်နိုင်သောကြောင့် ရောဂါများ ပျံ့နှံ့စေနိုင်ကြောင်း သုတေသီများက သတိပေးသည်။ ယင်ကောင်များသည် လူသားများအနီး မကြာခဏရောက်လာ လေ့ရှိသဖြင့် သယ်ဆောင်နိုင်သော ရောဂါပိုးမွှားများနှင့် ရောဂါပျံ့နှံ့ကူးစက်နိုင်မှုကို လေ့လာပြီး Scientific Reports ဂျာနယ်တွင် ဖော်ပြထားသည်။
  • Thursday 2017-11-30
    တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သော သရော်စာဆောင်း ပါး တစ်ပုဒ်နှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့က မီဒီယာဥပဒေနှင့်အညီ အရေးယူပေးရန် ထားဝယ်မြို့ နယ်တရားရုံးသို့ ဦးတိုက်လျှောက် ထားမှုအပေါ် မြို့မရဲစခန်းသို့ စုံစမ်းစစ်ဆေးခိုင်းထားပြီး ပြန် လည်တင်ပြချက်အပေါ် မူတည် ၍ အရေးယူသင့်၊ မသင့် ဆုံးဖြတ် မည်ဟု မြို့နယ်တရားသူကြီး ဦးကျော်မြင့်ကပြောသည်။  ‘‘ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် ဦးတိုက် လျှောက်ထားခြင်းဆိုရင် ပြည့်စုံ တယ်။ လက်ရှိအမှုမှာတော့ သတင်းမီဒီယာဥပဒေတို့ ဘာညာ ဆိုတာ သူတို့ရဲ့ ဖော်ပြချက်သာ ဖြစ်တယ်။ တရားရုံးက ဘယ်ဥပ ဒေပုဒ်မနဲ့ အရေးယူမယ်ဆိုတာ တော့ တစ်စုံတစ်ရာ ဘာမှမလုပ် သေးပါဘူး။ ရဲစခန်းကို စုံစမ်းခိုင်း ထားပါတယ်’’ဟု ဦးကျော်မြင့်က ပြောသည်။
  • ကပ္ပလီပင်လယ်တွင် မုန်တိုင်းငယ်တစ်လုံး ဖြစ်ပေါ်နေ ပြီး မြန်မာ့ကမ်းရိုးတန်းနှင့် ဝေး ကွာသော်လည်း ဒေသလေးခု၌ အချိန်အခါမဟုတ် မိုးရွာနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်သည်။   ကပ္ပလီပင်လယ်အတွင်း သီရိလင်္ကာကမ်းရိုးတန်းအနီးတွင် နိုဝင်ဘာ ၂၉ ရက် နံနက်ကစတင်ကာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာပြီး ညနေတွင် မုန်တိုင်းငယ်အဖြစ် အားကောင်းခဲ့သည်။ယင်းမုန်တိုင်းငယ်သည် သီရိလင်္ကာကမ်းခြေကို ဦးတည်ဝင်ရောက်နေပြီး မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့်  အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
  •  သဘင်အနုပညာဖျော် ဖြေမှုများတွင် မသန်စွမ်းသူများ ကို လှောင်ပြောင်သရော်သည့် တင်ဆက်မှုများမပါဝင်စေရန် မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့နှင့် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးတို့ ဆွေးနွေးညှိနှိုင်း ခဲ့သည်။ မသန်စွမ်းသူများကို ရုပ် ရှင်ကားအချို့တွင် လှောင်ပြောင် သည့်သဘောရိုက်ကူးမှုများရှိခဲ့သောကြောင့် မြန်မာနိုင်ငံမသန် စွမ်းသူများအဖွဲ့ချုပ်က ရုပ်ရှင်အ စည်းအရုံးနှင့် ညှိနှိုင်းခဲ့သည်။ ထို့ အတူ သဘင်အဖွဲ့အစည်းကိုပါ လာရောက် ညှိနှိုင်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး (ဗဟို) မှ တာဝန်ရှိသူများက ပြောသည်။ သဘင်အနုပညာဖျော်ဖြေမှု များတွင် မသန်စွမ်းသူများနှင့် ပတ်သက်၍ အတွေးအခေါ်မှားများ၊ သရော်လှောင်ပြောင်ခြင်းများကပြတင်ဆက်ခြင်းမပြုစေရန် ညှိနှိုင်းခဲ့ကြောင်း မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို) ဒုဥက္ကဋ္ဌဦးနေ၀င်းက ပြောသည်။
  • Thursday 2017-11-30
    ဆိုင်ကယ်ကယ်ရီမောင်း နှင်သူချင်း ခရီးသည်အလှည့် ကျော်တင်သည့် ကိစ္စဖြင့် စကား များရာမှ ကတ်ကြေးဖြင့် ထိုးပြီး ထွက်ပြေးသူကို နိုဝင်ဘာ ၂၈ ရက် က အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

Pages