အတွဲ (၁၆)၊ အမှတ် (၃၉)

Issue Date: 
Wednesday, December 6, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဗုဒ္ဓဟူး၊ (ဒီဇင်ဘာ ၆၊ ၂၀၁၇)
Publication: 
7Day News

List of stories

  • Wednesday 2017-12-06
    ဦးခင်မောင်သန်း တစ်ယောက် ရေမီးအစုံပါသည့် အဆောက်အအုံ တစ်ခုကို နာရီပိုင်းအတွင်း တည် ဆောက်နိုင်သော၊ ဖြုတ်၍ တပ်၍ ရပြီး တစ်နေရာမှ တစ်နေရာနာရီ ပိုင်းအတွင်း ရွှေ့ပြောင်းနိုင်သော အဆောက်အအုံငယ်လေးတွေကို သဘောအကျကြီးကျနေသည်။ 
  • Wednesday 2017-12-06
    ကိုယ်ဝန်ဆောင်မိခင်များကို ဆီးချိုရောဂါစစ်ဆေးနိုင်ရန် ယခုနှစ်အတွင်း ဆောင်ရွက်မည်ဖြစ် ကြောင်း ဆီးချို၊ သွေးချို စီမံချက် မန်နေဂျာ ပါမောက္ခဦးကိုကိုက ပြောသည်။
  • Wednesday 2017-12-06
    မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲ ကလေးငယ်မျာကို ၎င်းတို့၏ ဘ၀တစ်လျှောက်လုံး သာမန်လူ ကဲ့သို့ ဖြတ်သန်းနိုင်ရန် အရွယ် ငယ်ချိန်တွင် စောစီးစွာကုသရန် လိုအပ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မျက်နှာမေးရိုးနှင့် ခံ တွင်းဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာမိုးသူဇာက ပြောသည်။
  • Wednesday 2017-12-06
    ဗဟိုအမျိုးသမီးဆေးရုံသို့ လာ ရောက်ပြသသော လူနာများ၊ လူနာ ရှင်များနှင့် ဆေးရုံတွင်တာဝန် ထမ်းဆောင်နေသော ကျန်းမာရေး ၀န်ထမ်းများအတွက် ရည်ရွယ်ကာ ဈေးနှုန်းသက်သာသော ထမင်းဆိုင်များနှင့် ဆေးဆိုင်များကိုလာမည့် ၂၀၁၈ နှစ်ဆန်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာပပက ပြောကြား သည်။
  • Wednesday 2017-12-06
    လာမည့်နှစ်တွင် အိတ်ခ်ျအိုင်ဗီ ရောဂါကာကွယ် ကုသရေးလုပ် ငန်းများအတွက် နိုင်ငံတော်အစိုးရ က ကန်ဒေါ်လာ ၁၅ သန်း ထည့် ဝင်မည်ဖြစ်သည်။
  • Wednesday 2017-12-06
    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ စာချုပ်တွင် ပါဝင်သည့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်စောင့်ကြည့်မှု လုပ်ငန်းစဉ်သည် ၂ နှစ်ကျော်လာပြီဖြစ်သည်။ NCA ရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေးဖြစ်ရာ အကောင်အထည်ဖော်နိုင်ရေးသည် JMC ၏ အောင်မြင်မှုပေါ်တွင်လည်း မူတည်နေသည်။ အမေရိကန်အစိုးရက ပေးအပ်သည့် Eisenhower fellowship ဖြင့် အမေရိကန်နိုင်ငံတွင် လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍဆိုင်ရာကိစ္စရပ်များအပေါ် လတ်တလောသွားရောက်လေ့လာထားသည့် JMC -U အလုပ်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆိုင်းပန်နှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ဆောင်ရွက်သင့်သည့်အချက်များ၊ စစ်ဘက်မှ အရပ်ဘက်သို့ ကူး ပြောင်းနိုင်ရေး၊ JMC ယန္တရားတို့နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
  • Wednesday 2017-12-06
    အနည်းဆုံးအခကြေးငွေ သတ် မှတ်ရေးနောက်ဆုံးအဆင့် သုံးပွင့် ဆိုင်အစည်းအဝေးနှင့် ဖိုရမ်ကို ဒီဇင်ဘာနောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ ဆိုင်ရာ မဟာဘွဲ့ပညာသင်ဆု အောက်စဖို့ဒ်တက္ကသိုလ်မှ အပြည့်အဝထောက်ပံ့ပေးသော မဟာဘွဲ့သင်တန်းအတွက် ပညာ သင်ဆုဖြစ်သည်။ အခြားဘာသာ ရပ်များအတွက် လျှောက်ထားခွင့် မရှိဘဲ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေဆိုင်ရာ ဘာသာရပ်အတွက် သာ ပညာသင်ဆုပေးအပ်မည်ဖြစ် သည်။
  • Wednesday 2017-12-06
    ဆက်သွယ်ရေးအော်ပရေတာသုံးခုအနက် အူရီးဒူးသည် မိုဘိုင်းဖုန်း အသုံးပြုသူအနည်းဆုံးပိုင်ဆိုင်ထားသည့် အော်ပရေတာဖြစ်သည်။ ခေါင်းဆောင်မှုအပိုင်းတွင်လည်း သုံးနှစ်အတွင်း စီအီးအိုသုံးဦး ပြောင်းလဲခဲ့သည်။ Mr. Vikram Sinha သည် ဩဂုတ်၂၁ ရက်ကစတင်ကာ အူရီးဒူး မြန်မာ၏ စီအီးအိုတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုပိုင်းအများဆုံးဆက်သွယ်ရေးအော်ပရေတာဖြစ်သော်လည်း အကျိုးရလဒ်ပိုင်းတွင် ဆက်သွယ်ရေးအော်ပရေတာအဖြစ်ရပ်တည်လာခဲ့သော အူရီးဒူးမြန်မာ၏ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ Mr.Vikram Sinha ကို 7Day News ဂျာနယ်က  တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ကောက်နုတ်ဖော်ပြလိုက်ပါသည်။
  • Thursday 2017-12-07
    မိုဘိုင်းဟန်းဆက် ဆော့ဖ်ဝဲပိုင်းဆိုင်ရာပြဿနာနှင့် ပတ်သက်၍ အလွယ်ကူဆုံးပြန်လည်ပြုပြင်နိုင်သည့် Dongleကို  Myanmar Creative Team က  ပထမအကြိမ်တီထွင်ဖန်တီးနိုင်ခဲ့သည်။
  • Thursday 2017-12-07
    ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ သက်တမ်းသည် ၁၃၁ နှစ်ရှိခဲ့ ပြီဟု သိရှိရ၏။ ကိုလိုနီနယ်ချဲ့ ခေတ်တွင် စတင် ဖွဲ့စည်းခဲ့သော Public Works Department (PWD) (ခေါ်)ပြည်သူ့လုပ်ငန်း ဦးစီးဌာနကို အခြေခံ၍ လွတ်လပ်ရေးရရှိပြီးသောအခါ ‘ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန’ဖြစ်ပေါ်လာခဲ့၏။ အဆင့်ဆင့် ပြောင်းလဲမှု၏ နောက်ဆုံးအမည်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်ခဲ့လေ၏။ PWD သည်အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းယူပြီးနောက် ၁၈၆၉ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ကြောင်း ဦးအေးချို (မဟာဝိဇ္ဇာ)၏ ဆောင်းပါးတစ်ပုဒ်အရ သိရှိရ၏။ ထိုကာလမှ ရေတွက်လျှင် ၁၄၈ နှစ်ရှိပြီဖြစ်၏။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာ ဖွဲ့စည်းဖြစ်ပေါ်ခဲ့သောနှစ်မှာ ၁၈၈၆ ခုနှစ်ဖြစ်၏။ ထို့ကြောင့် ၁၈၈၆ ခုနှစ်မှ စတင်ရေတွက်ပြီး (၁၃၁)နှစ် ပြည့်မြောက်သော အခမ်းအနားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ခမ်းနားစွာကျင်းပခဲ့ ကြောင်း တွေ့ရှိရပေသည်။
  • Wednesday 2017-12-06
    (၁)
  • Thursday 2017-12-07
    (တစ်)
  • Wednesday 2017-12-06
    အခုတစ်လော တစ်နိုင်ငံလုံး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများကို ဧပြီလအတွင်း အသစ် ပြန်လည် ရွေးချယ်ရမည့်သတင်း က ရေပန်းစား စိတ်ဝင်စားလျက် ရှိကြပါသည်။ အဆိုပါကိစ္စရပ် အား လူအများ စိတ်ဝင်စားလာ ကြသည်မှာ ကောင်းသောလက္ခ ဏာပင် ဖြစ်ပါသည်။ အကြောင်း မှာ ယနေ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွင် အောက်ခြေလူထုနှင့် ထိတွေ့ ဆက်ဆံ စည်းရုံးဦးဆောင်ကြရ မည့်သူများမှာ ရပ်ကျေး အုပ်ချုပ် ရေးမှူးများ ဖြစ်နေခြင်းကြောင့် ပင် ပြည်သူလူထုအနေဖြင့်လည်း မိမိတို့ကို အုပ်ချုပ်မည့် အခြား သော အထက်အဆင့် အုပ်ချုပ် ရေးအဖွဲ့များကို မိမိတို့ကိုယ်တိုင် တိုက်ရိုက်ရွေးချယ်ပိုင်ခွင့် မရရှိ ကြသေးသော်လည်း မိမိတို့ကို အနီးကပ်အုပ်ချုပ်မည့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို မိမိတို့ ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ် ရမည့် ဒီမိုကရေစီပိုင်ခွင့်များကို မှန်မှန်ကန်ကန် အသုံးချ ရွေးချယ် ရန် လိုအပ်သည်ဟု ယူဆပါ သဖြင့် ယခုဆောင်းပါးကို ရေး သားရခြင်းဖြစ်ပါသည်။
  • Thursday 2017-12-07
    တရုတ်စီးပွားရေးလုပ်ငန်းရှင်များ က ရှမ်းပြည်နယ်တွင် စက်မှုဇုန် တည်ဆောက်ခြင်းနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်း များ၌ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေ ကြောင်း ရှမ်းပြည်နယ်လျှပ်စစ် စွမ်းအင်နှင့် စက်မှုလက်မှုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
  • Wednesday 2017-12-06
    ပြည်နယ်ဝင်ငွေနှင့် နည်းပညာရရှိ ရေး အစိုးရပိုင်မြေဧက သုံးသိန်း တွင် နည်းပညာမြင့်သည့် ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ရှမ်းပြည်နယ် အစိုးရစီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုး ညွန့်လွင်ကပြောသည်။
  • Thursday 2017-12-07
    မြောက်ကိုရီးယားနိုင်ငံသည် ယခုအခါတွင် ကမ္ဘာကြီး၏ မည် သည့်နေရာကို မဆိုခြိမ်းခြောက်နိုင်သော ဒုံးကျည်နည်းပညာပိုင်ဆိုင် ထားပြီဟု လွန်ခဲ့သောနှစ်ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က ကြေညာချိန် တွင် အမေရိကန်နိုင်ငံ၌ ကြာရှည်စွာ ငြင်းခုံနေသော ကိစ္စကို ၎င်းကအရိပ်အမြွက်ဖွင့်ဟခဲ့သည်။ ယင်းမှာ ဆိုဗီယက်ပြည်ထောင်စုနှင့် ယှဉ်ပြိုင်ရာတွင် အလုပ်ဖြစ်ခဲ့သော မဟာဗျူဟာဖြစ်သည့် နှစ်ဖက်စလုံးသေချာပေါက် ပျက်သုဉ်းမှု အ ယူအဆသည် ဆိုဗီယက်ထက်လွန်စွာ သေးငယ်သော ရန်သူနှင့်အလုပ်ဖြစ်မည်လားဆိုသည့်အ ကြောင်းအရာဖြစ်သည်။
  • Wednesday 2017-12-06
    ကိုလိုနီခေတ် ဗြိတိသျှအရာရှိနှင့် စာရေးဆရာ Scott O’Connor သည် မြန်မာပြည်တွင် ၁၈၉၁ မှ ၁၈၉၅ အထိ နေထိုင်ခဲ့ပြီး မြန်မာပြည်နှင့်ပတ်သက် သော စာအုပ်နှစ်အုပ် ရေးခဲ့သည်။ ယင်းတွင် ယခု ဘာသာပြန်ဖြစ်သော Mandalay and other cities of the Past In Burma စာအုပ်သည် ထင်ရှားပြီး ယနေ့တိုင် စာအုပ်ဆိုင်များနှင့် ရှေးဟောင်းဒေသများ ၌ ရောင်းချနေဆဲဖြစ်သည်။ မြန်မာပြည်သို့ လာရောက်မည့် နိုင်ငံခြားသားများ၊ ခရီးသွားများနှင့် မြန်မာ့ရေးရာ လေ့လာလိုသူများ လက်ကိုင်ထားရာ စာအုပ်ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော်ချိန်အထိ စိတ်ဝင်တစား ဖတ်ရှုနေကြသော စာအုပ်လည်းဖြစ်သည်။
  • Wednesday 2017-12-06
    ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာ၊ ထိုင်းနှင့်လာအိုနိုင်ငံတို့ နယ်နိ မိတ်ချင်းထိစပ်ရာရွှေတြိဂံဒေသ ဈေးကွက်အတွင်း ကျယ်ပြန့်စွာရောင်းဝယ်ခံရမှု အများဆုံး မျိုး တုံးလုမျိုးစိတ် ၁၀ မျိုးစာရင်းကို WWF ၏စာရင်းနှင့်သားငှက် ကုန်သွယ်မှုစောင့်ကြည့်ရေးကွန် ရက် (TRAFFIC)၏ အစီရင်ခံစာ များကို အခြေခံ၍ ထုတ်ပြန်ခဲ့ သည်။ ယင်းစာရင်းတွင် ကျား၊ ဆင်၊ ၀က်ဝံနှင့် သင်းခွေချပ်၊ ကြံ့၊ တောင်ဆိတ်၊ အောက်ချင်း၊ ပြောင်၊ ကျားသစ်နှင့် လိပ်တို့က အများဆုံးရောင်းဝယ်ဖောက်ကား ခံနေရသည်။ ယင်းမျိုးစိတ်များ သည် မြန်မာနိုင်ငံအတွင်းမှာရော အခြားနိုင်ငံများကပါ သတ်ဖြတ်ခံ ရပြီး ဈေးကွက်၌ရောင်းဝယ်ခံနေရ ခြင်းဖြစ်ကာ မြန်မာနိုင်ငံအတွင်းမှ ဆိုပါက ဆင်၊ ကျား၊ ၀က်ဝံ၊ သင်း ခွေချပ်၊ တောင်ဆိတ်၊ မျောက် လေပွေကဲ့သို့သော တောရိုင်း တိရစ္ဆာန်များက အများဆုံးရောင်း ၀ယ်ဖောက်ကား ခံနေရသည်။ တောရိုင်းတိရစ္ဆာန်များကို တရား မ၀င်ဖမ်းဆီးသတ်ဖြတ်၍ နယ်စပ် မှတစ်ဆင့် အခြားနိုင်ငံများသို့ ကူး သန်းရောင်းဝယ်သည့်တရားမ၀င် လမ်းကြောင်းများသည် ၁၀ ခု ထက်မနည်းရှိနေသည်။ ယင်းအ နက် နယ်စပ်ဒေသ မိုင်းလားတစ် လျှောက်တွင် တောရိုင်းတိရစ္ဆာန်  တရားမ၀င် ရောင်းဝယ်မှု တိုက် ဖျက်ရေး ဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်း ကျင်ရန်ပုံငွေအဖွဲ့ (WWF)မြန်မာ မှစီမံကိန်းမန်နေဂျာ(သားငှက် တရားမ၀င်ကုန်သွယ်မှု)ဒေါက် တာစံပယ်မင်းနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များမှ အချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။
  • Wednesday 2017-12-06
    စစ်ကိုင်းတိုင်း ရွှေဘို ခရိုင်ရှိ ရိုးရာဓလေ့ပွဲတော်များနှင့် ဒေသတွင်းအိုးလုပ်ငန်းများ တည်ရှိရာ နွယ်ငြိမ်းကျေးရွာ အပါအဝင် ကျေးရွာငါးရွာတွင် ပထမဆုံးရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT) ကို နိုဝင်ဘာ ၃၀ ရက်က ဖွင့်လှစ်ခဲ့သည်။‘‘နွယ်ငြိမ်းကို အခြေပြုပြီး တော့ ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်း လုပ်တာပေါ့။ ကသာကို တက်တဲ့ သင်္ဘောတွေရှိတယ်၊ နိုင်ငံခြားသား ဧည့်သည်သင်္ဘော တွေရှိတယ်။ အဲဒီသင်္ဘောတွေက နွယ်ငြိမ်းရွာကို ဝင်တဲ့အခါ ကျေး ရွာတွေရဲ့ ရိုးရာလုပ်ငန်းတွေ၊ ဓ လေ့တွေနဲ့ ပွဲတော်တွေကို လေ့ လာနိုင်ဖို့အတွက် CBT အနေနဲ့ ဖော်ဆောင်ပေးလိုက်တာဖြစ်ပါ တယ်’’ ဟု ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှု ဦးစီးဌာန (စစ်ကိုင်း) ဒုညွှန်မှူး ဦးအောင် သူဦးကပြောသည်။
  • Wednesday 2017-12-06
    အင်းလေးကန်နှင့် လွိုင်ကော်အကြား ရေလမ်းကြောင်းမှ တစ်ဆင့် သွားရောက် လည်ပတ်နိုင်မည့် ခရီးစဉ်သစ်ကို ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရတို့ ပူးပေါင်းအကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(လွိုင်ကော်) ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်ကပြောသည်။
  • Thursday 2017-12-07
    မြန်မာနှင့် ဗာတီကန်တို့အကြား သံတမန်ဆက်ဆံရေး ထူထောင် ပြီးနောက် ခြောက်လခန့်အကြာ တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရန်ကုန်နှင့် နေပြည်တော်သို့ လေး ရက်ကြာ ခရီးစဉ်လာရောက်ခြင်း က သာမန်ချစ်ကြည်ရေးခရီးစဉ် ထက် နိုင်ငံတကာ၏ အာရုံစိုက်မှု ကို ပိုမိုရရှိခဲ့သည်။ မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာရောက် ခြင်းက ကက်သလစ်ခရစ်ယာန်ဘာ သာဝန်များအတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးဖြစ်သကဲ့သို့ ခရီးစဉ် တစ်လျှောက် နှစ်နိုင်ငံ အလံများ နှင့်အတူ ‘ချစ်ခြင်းမေတ္တာနှင့် ငြိမ်း ချမ်းခြင်း’ (Love & Peace) စာ သားများကလည်း ကမ္ဘာ့မီဒီယာ စင်မြင့်ထက် ထင်ထင်ပေါ်ပေါ်ဖြစ် ခဲ့သည်။ ထို့အပြင် ပုပ်ရဟန်းမင်း ကြီး သက်တမ်းအဆက်ဆက်တွင် မြန်မာနိုင်ငံသို့ တစ်ကြိမ်မှ မကြွ မြန်းဖူးဘဲ ယခုပုပ်ရဟန်းမင်းကြီးဖရန်စစ်လက်ထက်တွင် ပထမဆုံးလာရောက်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့အတွက်လည်း မြန်မာနိုင်ငံတောင်ပေါ်၊ မြေပြန့် ဒေသအသီးသီးမှ ကက်သလစ်ဘာသာဝင်များသာမက အိမ်နီးချင်းနိုင်ငံအချို့မှလည်း ရန်ကုန် နှင့် နေပြည်တော်သို့ လာရောက် ကာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကြိုဆိုဂါရဝပြုခဲ့သည်။ ပုပ်ရဟန်း မင်းကြီး၏ သမိုင်းဝင်မြန်မာ နိုင်ငံ ခရီးစဉ်မှ ထူးခြားချက်ခုနစ်ချက်ကို စာဖတ်ပရိသတ်အတွက် မျှဝေပေးလိုပါသည်။
  • Wednesday 2017-12-06
    ပေါလ်ဂျီဂျေမာရီယာပိုးလ် မန်းသည် နယ်သာလန်စီးပွားရေး လုပ်ငန်းအမှုဆောင်အရာရှိဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် သော ကမ္ဘာ့အကြီးဆုံး ဗြိတိန် -ဒတ်ခ်ျကုမ္ပဏီကြီး Unilever ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၀၉ ကတည်းက တာဝန်ယူထား သည်။ ယင်းမတိုင်မီက Nestle ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။
  • Wednesday 2017-12-06
    ဟယ်ရီပေါ်တာဝတ္ထုစာအုပ် တွေ၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့အတူ နာမည်ကြီးလာတဲ့ ဗြိတိန်စာရေး ဆရာမ ဂျေကေရိုးလင်းဟာ ကမ္ဘာ တစ်ဝန်းမှာ ကလေးဂေဟာတို့၊ အဖွဲ့အစည်းတို့မှာ နေနေရတာ အဆုံးသတ်စေဖို့ ပရဟိတအဖွဲ့ Lumos ကို တည်ထောင်ထားပြီး ကမ္ဘာတစ်ဝန်းက မိဘမဲ့ကလေး တွေကို ကူညီဖို့ ကြိုးစားနေပါ တယ်။
  • Wednesday 2017-12-06
    ဂီတလောကအတွင်း ခိုးကူးခွေ များကြောင့် ဈေးကွက်မကောင်း တော့သည်မှာ ဆယ်စုနှစ်နှစ်ခုနီး ပါးမျှ ရှိလာပြီဖြစ်သည်။ ထို့အပြင် ဆိုရှယ်မီဒီယာ အားကောင်းလာမှု ကြောင့် ဂီတအပါအဝင် ဖျော်ဖြေ ရေးလုပ်ငန်းစုများ ရပ်တည်ရန် ပုံစံမျိုးစုံဖြင့် တီထွင်ဖန်တီးကာ ဈေးကွက်ထဲ တင်ကျန်ခဲ့စေရေး ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။
  • Wednesday 2017-12-06
    ငယ်စဉ်က ကျန်းမာရေးချို့တဲ့မှုကြောင့် ဆေးရုံသို့မကြာခဏ ရက် ရှည်ကုသရသည့် လူငယ်လေး သည် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ် ကိုယ် သတ်သေရန်အထိ တွေးခဲ့ ဖူးသော်လည်း အားကစားကြောင့် ပြန်လည်ရှင်သန်လာခဲ့ကာ ယခုအခါ မြန်မာနိုင်ငံကိုယ်စားပြု MMA ဖိုက်တာတစ်ဦး ဖြစ်လာခဲ့ သည်။
  • Thursday 2017-12-07
    ဦးမြအေးသည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဒီဇင်ဘာလဆန်းတွင် ရုတ်တရက် နုတ်ထွက်ခဲ့သည်။ ဆယ်စုနှစ်သုံးခုနီးပါး ဒီမိုကရေစီခရီးကြမ်းကို အတူလက်တွဲလျှောက်လှမ်းခဲ့သူများ နှင့် ရုတ်တရက်ခွဲခွာလိုက်သော ဦးမြအေး၏ နုတ်ထွက်မှုနှင့်ပတ်သက်၍ ပြည်သူများ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် လေ့လာသုံးသပ်သူများကြား အံ့အား သင့်ဖွယ် ဝေဖန်ပြောကြားမှုများ ရှိနေရာ 7Day News Journal က သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
  • Wednesday 2017-12-06
    လာမယ့် သီတင်းပတ်ကုန်မှာ တော့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုနဲ့ပတ်သက်လို့ အဓိကအချိုးအ ကွေ့ဖြစ်လာနိုင်တဲ့ မန်ချက်စတာ ဒါဘီပွဲကို ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ လောလောဆယ် တော့ မန်ချက်စတာစီးတီးက အ မှတ်ပေးဇယားမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ရှစ် မှတ်ဖြတ်ပြီး အရှိန်ကောင်းကောင်း နဲ့ ဦးဆောင်နေပါတယ်။ ဒီဇင်ဘာ ၁၀ ရက် အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ စီးတီးက သာ အနိုင်ရခဲ့ရင် ဒီရာသီ ချန်ပီယံဆုဟာ အဖြေပေါ်ပြီးသားအခြေအ နေလောက် ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ အိမ်ရှင်ယူနိုက်တက် ကသာနိုင်ခဲ့မယ်ဆိုရင်တော့ ချန်ပီ ယံလုပွဲက ပိုပြီး အကြိတ်အနယ်ရှိ လာမယ့် သဘောပါပဲ။
  • Wednesday 2017-12-06
    နိုဝင်ဘာ ၂၈ ရက်က မြောက်ကိုရီးယား သည် နိုင်ငံသမိုင်းတွင် ခရီးတာအဝေးဆုံး ပျံသန်း နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် တစ်စင်းကို အောင်မြင်စွာ စမ်း သပ် ပစ်လွှတ်ခဲ့သည်။ ထိုဖြစ်ရပ် နောက်ဆက်တွဲအနေဖြင့် ယခု အခါ မြောက်ကိုရီးယားသည် အမေရိကန်ကို ဒုံးကျည်ဖြင့် အမှန
  • Thursday 2017-12-07
    ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ဆက်စပ် ပြီး တရုတ်နဲ့ မြန်မာအစိုးရအရာရှိတွေကြား ထိတွေ့ဆက်ဆံမှုတွေက ပိုပြီးများပြားလာပါတယ်။ နေပြည်တော်ကို သွားရောက်လည် ပတ်ချိန်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက မြန်မာ-တရုတ် နှစ်နိုင်ငံမှာ စီးပွားရေးစင်္ကြံတစ်ခု ဆက်သွယ်ဖို့ အဆိုပြုခဲ့ပါတယ်။ ဝမ်ကို ဖိတ်ကြားဧည့်ခံခဲ့တဲ့ မြန်မာအစိုးရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအဆိုကို ထောက်ခံသဘောတူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ကိုက် ညီမှုရှိနိုင်ကြောင်း အလေးအနက် ပြောပါတယ်။ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ်ဓာတ် အားကဏ္ဍတွေကို အာရုံစိုက်ထား တဲ့အပိုင်းမှာ ဖြစ်ပါတယ်။

Pages