No.1649 Thursday, December 7, 2017

Issue Date: 
Thursday, December 7, 2017
Myanmar Date: 
၁၃၇၉ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် (ကြာသပတေး၊ ဒီဇင်ဘာ ၇၊ ၂၀၁၇)
Publication: 
7Day Daily

List of stories

  • Thursday 2017-12-07
    ရတနာပုံအသင်းသည် စာချုပ်သက်တမ်း မတိုးတော့ သည့် နည်းပြချုပ်ရီနီအစား ပြည် တွင်းနည်းပြသာ ခန့်အပ်မည်ဖြစ် ကြောင်း အသင်းအတွင်းရေးမှူး ဦးအောင်ဟိန်းခိုင်ကပြောသည်။  ဘယ်လ်ဂျီယံနိုင်ငံသား နည်းပြရီနီသည် ၂၀၁၆ ဘောလုံးရာသီက စတင်ကာ ရတနာပုံအသင်းကို ကိုင်တွယ်ခဲ့ပြီး ယင်းနှစ်တွင် မြန်မာလိဂ်ချန်ပီယံဖြစ်အောင်  စွမ်းဆောင်နိုင်သော်လည်း ၂၀၁၇ ဘောလုံးရာသီ၌ အမှတ်ပေးဇယားအဆင့်(၃) နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။
  • Thursday 2017-12-07
    ၂၀၁၈ သက်တမ်းအ လိုက် လူငယ်လိဂ်ပြိုင်ပွဲများအ တွက် ပထမရာသီဝက် ဘောလုံး သမား အပြောင်းအရွှေ့ကာလကို မြန်မာလိဂ်ကော်မတီက သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်က ကြီးမှူးကျင်းပသည့် ယူ- ၂၁ လူငယ်လိဂ်ပြိုင်ပွဲအတွက် အ ပြောင်းအရွှေ့ကာလကို ဒီဇင်ဘာ ၆ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ၊  ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲအ တွက် ဒီဇင်ဘာ ၁၇ ရက်မှ ဇန်န ဝါရီ ၁၈ ရက်အထိ သတ်မှတ်ခဲ့ သည်။
  • Thursday 2017-12-07
    ဗီယက်နမ်ဖိတ်ခေါ် ဖလား ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၁ အသင်းနှင့် မြန်မာ လိဂ်ညွန့်ပေါင်းအသင်းတို့ပွဲတွင် အကြိတ်အနယ် ရှိသော်လည်း ၁-၁ ဂိုးစီ သရေဖြစ်ခဲ့သည်။ ဒီဇင်ဘာ ၆ ရက်က ရန်ကုန် မြို့သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့်အဆိုပါပွဲတွင် နှစ်သင်းစလုံး အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး အကြိတ်အနယ်ရှိကာ ပွဲကောင်းဖြစ်ခဲ့သည်။ ပထမပိုင်းတွင် မြန်မာလိဂ်ညွန့်ပေါင်း အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိပြီး မြန်မာ ယူ-၂၁ အသင်းကို ဖိအားပေးကာ ပွဲချိန် ၃၂ မိနစ်၌ အီမန်နျူရယ်က မြန်မာလိဂ် ညွန့်ပေါင်းအသင်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့သည်။
  • Thursday 2017-12-07
     ရှမ်းယူနိုက်တက်နှင့် ရန် ကုန်ယူနိုက်တက်တို့ ပါဝင်သည့် အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စု မဲခွဲပွဲကို ဒီဇင်ဘာ ၆ ရက်က မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည်။  ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် ၂၀၁၈ အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ၌ မြန်မာလိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်က အုပ်စု(စ)တွင် ဖိလစ်ပိုင်ကလပ်အသင်း၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်နှင့် ကမ္ဘောဒီး ယားကလပ် (သို့) လာအိုကလပ်အသင်းတို့နှင့် ကျရောက်နေ သည်။
  •  ခိုင်မာသည့် အာ မခံချက်ရှိမှသာ ပြည်ပသို့ အိမ် အကူလုပ်သားတရားဝင်စေလွှတ် ခွင့်ပြုမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကပြောသည်။ ‘‘တရားဝင်ဖြစ်အောင် ကြိုး စားဆောင်ရွက်နေတယ်။ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်နေတယ်။ တို့ က ခိုင်မာစေချင်တာ၊ ဒီဟာက ပြဿနာတက်လွန်းတယ်။ ပြီးပြီး ရော လွှတ်လိုက်ရင် ပြဿနာတက်မယ်။ ဘယ်လိုကာကွယ်စောင့် ရှောက်မှာလဲ၊ ဘယ်လိုတာဝန်ယူ မှာလဲ’’ဟု ဒီဇင်ဘာ ၆ ရက်က ပြု လုပ်သည့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ အလုပ်ရုံဆွေး နွေးပွဲတွင် မီဒီယာများက အိမ်အ ကူလုပ်သားများ ပြည်ပသို့ တရား ၀င်စေလွှတ်ခွင့်နှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားသည်။
  • - မိမိတို့၏ ဂိုးသွင်းညံ့ဖျင်းမှုကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်ဟု အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ပြောကြားသည်။ သို့သော် ယင်းသို့ ထွက်ခဲ့ရခြင်းသည် ကပ်ဆိုက်ခြင်းမဟုတ် ဟု ဆီမြွန်နီက ဆက်ပြောသည်။ -စီအက်စ်ကေအေနှင့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်ကစား၍ ခြေစွမ်း ပြခဲ့သော နောက်တန်းလူ လုခ်ရှောအနေဖြင့် ပရီးမီးယားလိဂ်ပွဲများ၌မိမိကိုယ်ကိုယ်သက်သေပြနိုင်ရန် အခွင့်အရေးပိုရလိမ့်မည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောသည်။
  • အက်သလက်တီကိုမက် ဒရစ်နှင့် တစ်ဂိုးစီသရေကျကာ အုပ်စုဗိုလ်ဖြစ်ခွင့်နှင့် လွဲချော်ခဲ့ပြီး နောက် (၁၆) သင်းအဆင့်တွင် ပီအက်စ်ဂျီ (သို့မဟုတ်) ဘာစီလို နာနှင့် ရင်ဆိုင်ရန် မိမိတို့အနေဖြင့် ကြောက်ရွံ့နေမည်မဟုတ် ကြောင်း ချယ်လ်ဆီးကစားသမား အီဒင်ဟာဇက်က ပြောသည်။ ကာရာဘက်ကို ၁-၀ ဂိုးဖြင့်အနိုင်ရသော ရိုးမားက ချယ်လ်ဆီးနှင့် ရမှတ် ၁၁ မှတ်တူသော်လည်း ဂိုးကွာခြားချက်ဖြင့် အုပ်စု (C) ပထမနေရာ၌ ရပ်တည်နိုင်ခဲ့ သည်။
  •  ပုပ္ပားရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သော ခြံတွင် ဒေသခံများ၊ ၀န်ထမ်းများနှင့် ကျောင်းသားများအတွက် ပထမဆုံးအကြိမ် ကွန်ပျူတာသင်တန်းကျောင်းဖွင့်လှစ်မည်ဟု ခြံယာယီ တာဝန်ခံ ကိုမင်းစံက ပြောသည်။ ပုပ္ပား-ကျောက်ပန်းတောင်း-မြင်းခြံသုံးပွင့်ဆိုင်လမ်းခွဲအနီး တွင် ဒေါ်အောင်ဆန်းစုကြည်ပိုင် ဆိုင်သော နှစ်ဧကကျော်ကျယ် ၀န်းသည့် ခြံရှိပြီး ယခုအခါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဦးဆောင် ကာကွန်ပျူတာသင်တန်းကျောင်း ဖွင့်လှစ်ရန် အကောင်အထည် ဖော်နေသည်။
  • Thursday 2017-12-07
     ဖျာပုံမြို့နှင့် ၄၅ မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် ငါးဖမ်း စက်လှေတစ်စီး နစ်မြုပ်ခဲ့သဖြင့် စက်လှေပေါ်ပါ ရေလုပ်သား ၁၉ဦးအနက် တစ်ဦးသေဆုံး၍ လေး ဦးပျောက်ဆုံးနေကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးမှူး (ပထမတန်း) (G-1) ဒုတိယ ရဲမှူးကြီးခင်မောင်လတ်က ပြော ကြားသည်။ နစ်မြုပ်သည့် စက်လှေသည် ရွှေပင်လယ် (၁၅၇) ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် နေ့လယ်က နစ်မြုပ်ခဲ့ သည်။ ယင်းသည် ဒီဇင်ဘာ ၄ ရက်နံနက် ၁၁ နာရီခန့်တွင် ဖျာပုံဆိပ် ကမ်းမှ စတင်ထွက်ခွာပြီး အဆိုပါနေရာအရောက်တွင် စက်လှေဝမ်းအတွင်း ရေဝင်ကာ နစ်မြုပ်ခဲ့ ကြောင်း ၎င်းကပြောသည်။
  • Thursday 2017-12-07
    သထုံမြို့နယ်မှ နာရေး ကူညီမှုအသင်း ယာဉ်တစ်စီး ပြည်လမ်းမပေါ်တွင် မီးစိမ်းပြထား သည့် ကွေ့ယာဉ်ကြောကို ဖြတ်သန်းခဲ့သဖြင့် ယာဉ်တိုက်မှုဖြစ်ကာ လူ ၁၁ ဦး ဒဏ်ရာရရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။  ဒဂုံမြို့နယ် ပြည်လမ်းအ တိုင်း မြို့ထဲဘက်သို့ မောင်းနှင် လာသည့် TOYOTA HIACE အမျိုးအစား နာရေးကူညီမှုအသင်း ယာဉ်သည် ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီခွဲက ပြည်ထောင်စု ရိပ်သာလမ်းဆုံတွင် ယာဉ်တိုက်မှု ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ် ဖွဲ့ရုံး ရဲအရာရှိကပြောသည်။
  • Viber သည် အသုံးပြုသူ ၏ ကိုယ်ရေးကိုယ်တာအချက်အ လက်များကို ပြန်လည်ရောင်းချ ခြင်းမရှိသည့်အပြင် ကုန်အမှတ် တံဆိပ်များ ကြော်ငြာခြင်းလည်း မပြုလုပ်ကြောင်း ကုမ္ပဏီစီအီးအိုMr. Djamel Agaoua က ပြောသည်။ အသုံးပြုသူ၏ အချက်အ လက်အပေါ် မူတည်၍ အမြတ်အစွန်း ရှာဖွေမှုမရှိခြင်းကြောင့် အသုံးပြုသူအရေအတွက် တိုးလာပြီး ကုမ္ပဏီအမြတ်အစွန်းပိုမိုရ ရှိကြောင်း Viber က ထုတ်ပြန်ခဲ့ သည်။ ၂၀၁၇ တစ်နှစ်အတွင်း Viber အသုံးပြုသူအရေအတွက် ယမန်နှစ်ထက် ၂၀ ရာခိုင်နှုန်း ပိုမို တိုးတက်ခဲ့ပြီး အမြတ်အစွန်း လည်း ယခင်နှစ်ထက် နှစ်ဆပိုမို ရရှိကြောင်း ထုတ်ပြန်သည်။
  • Thursday 2017-12-07
    အငှားယာဉ်စီးနင်းသည့် အမျိုးသမီးတစ်ဦးထံမှ ရွှေထည်ပစ္စည်း၊ ဖုန်းနှင့် ငွေများ အပါအ၀င် စုစုပေါင်းကျပ်သိန်း ၅၀ ကျော်ဖိုး လုယက်သူနှစ်ဦးကို နှစ်လခန့်အကြာတွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောကြားသည်။ လုယက်ခံရသူ အမျိုးသမီး သည် အောက်တိုဘာဒုတိယပတ်၊ နံနက်အစောပိုင်းက လှိုင်မြို့နယ် ဘာတာမှတ်တိုင်မှ လသာမြို့နယ် သံဈေးသို့သွားရန် အငှားယာဉ်တစ်စီး ငှားရမ်းစီးနင်းခဲ့ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် အခြားအမျိုးသမီးတစ်ဦးပါ လိုက်ပါလာကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။
  • Thursday 2017-12-07
    အကြွေးကိစ္စနှင့် ပတ် သက်၍ စိတ်ညစ်ကာ အသက် (၄၆)နှစ်အရွယ် စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦး ကြိုးဆွဲချသေ ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ် ဦးကပြောသည်။ ရွှေပြည်သာမြို့နယ် (၁၀) ရပ်ကွက်နေ ဦးကျော်မိုးသည် ဒီဇင်ဘာ ၅ ရက် နံနက် ၁၁ နာရီ ခွဲခန့်က နေအိမ်အရှေ့ခန်းတွင် အဖြူရောင်နိုင်လွန်ကြိုးကို အသုံးပြုကာ ကြိုးဆွဲချသေဆုံးခဲ့ ကြောင်း ၎င်းက ဆက်လက်ရှင်း ပြသည်။
  • Thursday 2017-12-07
    လူမှုမီဒီယာတွင် #MeToo ဟု အမည်ပေးထား သော လူမှုရေးလှုပ်ရှားမှုကို တိုင်းမ်မဂ္ဂဇင်းက ၂၀၁၇ ၏ သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ‘Per-son of the Year’အဖြစ် ဒီဇင်ဘာ ၆ ရက်က သတ်မှတ်ကြေညာခဲ့သည်။ #MeToo လှုပ်ရှားမှုသည် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့် ယှက်မှု၊ အကြမ်းဖက်မှုတို့နှင့်ပတ်သက်၍ သတိထားမှုမြင့်တက်လာရန် ရည်ရွယ်သော လှုပ်ရှားမှုဖြစ် သည်။
  • ‘ဆရာမှိုင်း ခါတိုင်းသို့ မ ပျော်’ ဟု ဆရာကြီးသခင်ကိုယ် တော်မှိုင်း စာချိုးသလို ကျွန်တော် လည်း စာချိုးချင်မိတော့သည်။ ဖြစ်ပုံက မိတ်ဆွေတစ်ဦးနှင့်လက် ဖက်ရည်ဆိုင်ထိုင်မိရာက ရလာ သည့် ဝေဒနာဟုပင်ဆိုရမည်ထင် သည်။ လက်ဖက်ရည်ဆိုင်မှာကျွန် တော်တို့ ထိုင်မိကြပြီး မကြာမီမိတ် ဆွေထံသို့ ဖုန်းဝင်လာသည်။ ဖုန်း ထဲက အသံကို သည်အတိုင်းကြား နေရသည်။ တစ်ဖက်က မိတ်ဆွေ ဘယ်မှာရှိသလဲ မေးနေခြင်းဖြစ် ၏။ မိတ်ဆွေက လက်ဖက်ရည် ဆိုင်မှာဟု ဆိုလိုက်တော့ ကျွန် တော် ခဏလာတွေ့မယ်ဟုဆို ကာ ဖုန်းချသွားသည်။
  •  ရခိုင်ပြည်နယ်အ တွင်း လူသားချင်းစာနာမှုအကူအ ညီ အထောက်အပံ့ပေးရေး၊ ပြန် လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD အဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်ရန် Central Coordination Team (CCT) နှင့် Regional Coordination Team (RCT) အဖွဲ့တို့ ဖွဲ့စည်းရာတွင် ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့ အစည်းများ ထည့်သွင်းဖွဲ့စည်း နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်းမှု အဆင်မပြေသေးကြောင်း လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြောသည်။
  •  ရွှေတူးဖော်ရေးနှင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း များကြောင့် မဲဇာချောင်းနှင့်လေး တန်ချောင်းအတွင်း နွံအနှစ်များ ပါဝင်လာမှုကြောင့် ချောင်းရေ နောက်ကျိကာ ဒေသခံများ ယင်း ချောင်းရေကို သုံးစွဲနိုင်ခြင်းမရှိသဖြင့် ရေများ ပြန်လည် ကြည်လင် ရေး ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စည် ပင်သာယာရေးဝန်ကြီး ဦးမြင့် ကြည်က ပြောကြားသည်။
  • ကျိုက်ထီးရိုးစေတီရှိ ကျိုက်ထိုဟိုတယ်သည် အခန်း သစ်များ ဆောက်နေခြင်းကြောင့်စသုံးလုံးကို စစ်ဆေးစေခဲ့ရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ကြောင်း စစ်ဆေး တွေ့ရှိရ၍ အခန်းများဆက်လက် ဆောက် လုပ်ခွင့်ပြုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။
  •  ကျိုက်ထီးရိုးစေတီ တွင် ကေဘယ်ကားပြေးဆွဲရေး စတင်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ် ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဝဏ္ဏကျော်က ပြော သည်။
  • (၁) အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထား ခြင်းမရှိသော အရက်၊ စီးကရက်၊ ဝိုင်အမျိုးမျိုးနှင့် တရားမဝင် တင် သွင်းထားသည့် ဘီယာအမျိုးမျိုး တို့အား ရှာဖွေ၊ သိမ်းဆည်းအရေး ယူမည်ဖြစ်ကြောင်းကို ပြည်တွင်း အခွန်များဦးစီးဌာနမှနေ၍ အသိ ပေးကြေညာထားပါတယ်။ အထူး ကုန်စည်များဖြစ်သည့် အရက်၊ စီးကရက်၊ ဝိုင်အမျိုးမျိုးတို့အား သတ်မှတ်ထားသော အခွန်အ မှတ်တံဆိပ်ကပ်နှိပ်ပြီးမှ ရောင်းချ ရန် သတ်မှတ်ထားကြောင်း၊ သတ်မှတ်ထားသည့် အခွန်အမှတ်တံ ဆိပ်ကပ်နှိပ်ထားခြင်းမရှိသော အရက်၊ စီးကရက်၊ ဝိုင်အမျိုးမျိုး နှင့် တရားမဝင် တင်သွင်းထား သော ဘီယာအမျိုးမျိုးတို့ကို စိစစ် တွေ့ရှိပါက တွေ့ရှိသည့် အဆိုပါ အထူးကုန်စည်များကို အထူးကုန် စည်ခွန်ဥပဒေနှင့်အညီ ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည် ဖြစ်ကြောင်း၊ ထို့ပြင် လက်ဝယ် ထားရှိရောင်းချသူသည် သိမ်း ဆည်းခြင်းခံရသည့် အထူးကုန် စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော အထူးကုန်စည်များသည် ပြည် တွင်း၌ ထုတ်လုပ်သော အထူး ကုန်စည်ဖြစ်ပါက ယင်းကုန်စည် ကို ထုတ်လုပ်သူကလည်း ယင်း အထူးကုန်စည်တန်ဖိုး၏ ၅၀ ရာ ခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေး ဆောင်ရမည်ဖြစ်ကြောင်း၊ အခွန် အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်း မရှိသော အရက်၊ စီးကရက်၊ ဝိုင် အမျိုးမျိုး၊ တရားမဝင် တင်သွင်း ထားသော ပြည်ပနိုင်ငံထုတ် ဘီ ယာအမျိုးမျိုးတို့ကို ရှာဖွေဖော် ထုတ်သိမ်းဆည်းရန် ဈေးကွက်အ တွင်း ရှောင်တခင် ဝင်ရောက်စစ် ဆေးခြင်းအား အထူးကုန်စည်ခွန် ဥပဒေတွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ အ ကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဝယ်ယူ ရောင်းချခြင်းမပြုလုပ်ကြရန် ကြို တင်အသိပေးအပ်ပါကြောင်း ပါ ရှိပါတယ်။
  • Thursday 2017-12-07
    ၂၀၁၀ နောက်ပိုင်း ပထမဆုံးအနေဖြင့် အမေရိကန်နိုင်ငံတွင်အိမ်ခြေမဲ့ဦးရေ တိုးတက်လာကြောင်းနှင့် စုစုပေါင်းလူဦးရေ ၅၅၄,၀၀၀ အိမ်ခြေမဲ့နေသည်ဟု အိမ်ရာနှင့်မြို့ပြဖွံ့ဖြိုးတိုးတက် ရေးဌာနကပြောသည်။ နယူးယောက်နှင့် လော့စ်အန်ဂျလိစ်မြို့ တို့တွင် အိမ်ခြေမဲ့ဦးရေ သိသာစွာများပြားလာသည်။
  • Thursday 2017-12-07
     သြစတြေးလျ၏ ပြည် တွင်းမူဝါဒများအပေါ် ပြင်ပမှ သြဇာလွှမ်းမိုးမှုကို တားဆီးရန် ဆောင်ရွက်မှုတစ်ခုအတွင်း ဝန် ကြီးချုပ် တန်ဘူလ်က နိုင်ငံခြားမှ နိုင်ငံရေးဆိုင်ရာ လှူဒါန်းမှုများ ကို တားမြစ်မည်ဟု ကြွေးကြော်ပြီးနောက် တရုတ်က သြစတြေးလျ သည် အကြောက်လွန်နေပြီး သူတစ်ပါးအပေါ် ယုံမှားသံသယ စိတ်ကြီးနေသည်ဟု စွပ်စွဲသည်။ နိုင်ငံခြားအင်အားကြီးနိုင်ငံ များသည် သြစတြေးလျနှင့် ကမ္ဘာတွင် နိုင်ငံရေးဖြစ်စဉ်များအပေါ် သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုများ မကြုံစဖူး ပိုများအောင် လုပ် ဆောင်နေသည်ဟု တန်ဘူလ်က ကင်ဘာရာမြို့တွင် သတင်း ထောက်များအားပြောသည်။
  • Thursday 2017-12-07
    ရာထူးမှ နုတ်ထွက် ကြောင်း ကြေညာပြီး တစ်လအ ကြာတွင် လက်ဘနွန်ဝန်ကြီးချုပ် ဆာအက်ဒ်ဟာရီရီက ယင်းနုတ် ထွက်မှုကို ပြန်ရုပ်သိမ်းခဲ့သည်။  အခြားအာရပ်နိုင်ငံများ၏ ရေးရာကိစ္စများတွင် ပါဝင်ပတ် ခြင်းမှ လက်ဘနွန်နိုင်ငံကို ဖယ် ထုတ်ရေး မဲခွဲဆုံးဖြတ်ခဲ့သည့် ဒီဇင်ဘာ ၅ ရက်က ဝန်ကြီးအဖွဲ့ တွေ့ ဆုံဆွေးနွေးမှုအပြီး ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူး၌ ဆက်ရှိနေ မည်ဟု ဟာရီရီကပြောသည်။
  • Thursday 2017-12-07
     အမေရိကန်နိုင်ငံရှိ အမျိုးသားတစ်ဦးသည် Razer ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် တန်မင်လီယန်၏မျက်နှာပုံကို ခြေထောက်တွင် တက်တူးထိုးကာ ယင်းကုမ္ပဏီထုတ် ဖုန်းအသစ် တစ်လုံးကို တောင်းခံခဲ့သည်။ ၎င်း၏မျက်နှာပုံကို တက် တူးထိုးလျှင် ဖုန်းတစ်လုံး ရနိုင်၊ မရနိုင် မေးမြန်းသည့် မှတ်ချက် တစ်ခုကို တန်မင်လီယန်၏ ဖေ့စ် ဘွတ်ခ်ပို့စ်အောက်တွင် မတ်ကွန် နဲလ်က ရေးသားခဲ့သည်။

Pages