-
Monday 2017-12-11
ကိုရီးယားကျွန်းဆွယ် တင်းမာမှုသည် လက်ရှိ ကမ္ဘာ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှု အကြီးဆုံး ပြဿနာဟု မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သူ ကုလသမဂ္ဂ အရာရှိက ပြောကြားခဲ့သည်။
-
Monday 2017-12-11
အိန္ဒိယတွင် စစ်သားတစ်ဦးက လုပ်ဖော်ကိုင်ဖက် တပ်ဖွဲ့ဝင် လေးဦးကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
-
Monday 2017-12-11
ဂျေရုဆလင်သည် အစ္စရေး၏ မြို့တော်ဖြစ်သည်ဆိုသော အရှိတရားကို ပါလက်စတိုင်း အနေဖြင့် မဖြစ်မနေ လက်ခံရလိမ့်မည်ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟုက သတိပေးလိုက်သည်။
-
ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က ဦးစီးကျင်းပမည့် နှစ်သစ် ကူးတရားပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ၂၀၁၈ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ သုံးရက်ဆက်တိုက် ကျင်းပမည်ဖြစ်သည်။
ယင်းတရားပွဲတွင် ပါမောက္ခ ချုပ်ဆရာတော် ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ၊ သီတဂူဆရာ တော် အရှင်ဒေါက်တာဉာဏိဿရ၊ ရွှေပါရမီ တောရဆရာတော် အရှင်ဆန္ဒာဓိကတို့က ဟောကြားမည်ဖြစ်သည်။
အဆိုပါ နှစ်သစ်ကူးတရားပွဲ ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၂၀၁၇ တွင် စတင်ကျင်းပခဲ့သည်။
-
ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) သီတင်းသုံး သည့် ဓမ္မရဝေတောရကျောင်း တိုက်အတွင်း ဒီဇင်ဘာ ၇ ရက် နံနက်အစောက သူခိုးကပ်ကာ လက်ကိုင်ဖုန်းနှင့် ကျပ်ငါးသိန်း ခန့် ခိုးယူခံရကြောင်း ဆရာတော် ၏ ကပ္ပိယ ကိုအောင်သိန်းက ပြောကြားသည်။
-
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ် ပွားမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဆရာ၊ဆရာမ ၃၀ ဦး မြို့ပေါ်သို့ တိမ်းရှောင် ရောက်ရှိနေကြောင်း နမ္မတူစစ် ရှောင်ကူညီကယ်ဆယ်ရေးကော် မတီ အတွင်းရေးမှူး ဦးအောင် ဆန်းမြင့်က ပြောသည်။
-
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် တောင်ကလေး ကျေးရွာတွင် ဒီဇင်ဘာ ၁၀ ရက် ညနေက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
-
ဆောက်သမ်တန်အိမ် ကွင်းတွင် တိုက်စစ်မှူး ဂျီရော့ဒ်၏ ပွဲပြီးခါနီးချေပဂိုးဖြင့် သရေတစ် မှတ်ရခဲ့ပြီးနောက် အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက အချိန်ဖြုန်းတီးမှုသည် အင်္ဂလန်၌ ပြဿနာတစ်ရပ်ဖြစ်နေပြီး ဒိုင်လူကြီးများ အဖြေရှာမတွေ့သေးဟု ပြောကြားသည်။
အဖြေသည် ဒိုင်များ၏ လုပ်ပိုင်ခွင့်အာဏာဖြစ်ပြီး ကစားသမားများ ပွဲကိုလေးလေးစားစား ယှဉ်ပြိုင်ကစားစေရန် ခေါင်းထဲ ထည့်ထားရမည်ဖြစ်ကာ ယင်းမှာပြီးခဲ့သည့်နှစ်ရာသီ၏ တကယ့် ပြဿနာတစ်ခုဖြစ်လာသည်ဟု ဝင်းဂါးကပြောသည်။
-
Monday 2017-12-11
ပုဂံရှေးဟောင်းယဉ် ကျေးမှုဒေသ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ထောက်ခံကြိုဆိုပွဲကို ပုဂံဒေသခံ များက ဒီဇင်ဘာ ၁၉ ရက်၌ ပြု လုပ်မည်ဖြစ်သည်။
‘‘တချို့ဒေသခံတွေက ယဉ် ကျေးမှုအမွေအနှစ်အကြောင်းကို နားမလည်ကြဘူးလေ။ ခရိုနီတွေ ကလည်း ပုဂံဒေသကို ကိုင်ထား တော့ ထင်ရာမြင်ရာတွေ လုပ်နေ ကြတာ။ ဒေသကြီးက မှားနတာ ပေါ့။ အမှားအယွင်းတွေထပ်လုပ်နေရင် ပိုပြီးထပ်မှားမှာစိုးလို့ ပုဂံ ဒေသခံတွေကိုခေါ်ပြီး အစည်းအ ဝေးလုပ်လိုက်တယ်။ ပထမတော့ အခြေအတင်တော့ ပြောရတာ ပေါ့။ နောက်ကျတော့ အကုန်လုံး က သဘောပေါက်လာပြီး ကြိုဆို တဲ့ပွဲ စီစဉ်ကြအောင်ဆိုပြီး ရှေး ဟောင်းနဲ့ ရက်သတ်မှတ်လိုက်ကြ တာပေါ့’’ ဟု ယဉ်ကျေးမှုဒေသအ ထောက်အကူပြုကော်မတီ (ပုဂံ၊ ညောင်ဦး) အဖွဲ့မှ ကိုနိုင်ထွန်းက ပြောသည်။
-
Monday 2017-12-11
ပုဂံဒေသရှိ နေဝင်ချိန်ရှုခင်းများကို တက်ရောက်ကြည့်ရှုနိုင်သည့် ဘုရားအဆူ ၅၀ ခန့်တွင် ဘုရားပေါ်သို့ တက်ရောက်နိုင်သော လှေကားများထိပ်၌ ၂၀၁၈ ဇန်နဝါရီကစ၍ သံပန်းတံခါးများ တပ်ဆင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကပြောသည်။
‘‘အပေါ်တက်လို့ရတဲ့နေရာ တွေမှာ အတတ်နိုင်ဆုံး မတက် အောင်လို့ သံတံခါးတပ်ပြီး ကာ ထားမယ့်သဘောပါ။ ဘေးကနေ၊ ပတ်ပတ်လည်ကြီးကနေ ကာသွားမှာမဟုတ်ပါဘူး။ လှေကားရှိတဲ့ တံခါးတွေမှာဆိုရင် သံတံခါးတပ်ပြီး သော့ခတ်ထားလိုက်ရင် တက်လို့မရတော့ဘူးပေါ့။ အလွယ်တကူတက်လို့မရအောင် ဆောင်ရွက်တဲ့သဘောမျိုးပါ’’ဟု ၎င်းက သံပန်းတံခါးများ တပ်ဆင်မည့်အနေ အထားကို ရှင်းပြသည်။
-
ထိပ်တန်းစီးပွားရေးလုပ် ငန်းရှင်အချို့ ရှယ်ယာပါဝင်သည့် လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီ က ကားအစီးရေ ၅၀၀ ဖြင့် YBS တွင် ဝင်ရောက်ပြေးဆွဲရန် စီစဉ် နေကြောင်း အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူက ပြောကြားသည်။
-
နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ၍ နာမည်ကျော်စီးပွားရေးပညာရှင် ဦးမြင့်က တိုင်းပြည်စီးပွားရေးတိုးတက်အောင် အချက်လေးချက်ဆောင် ရွက်ရန် စနေနေ့က အကြံပြုခဲ့သည်။
-
တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူစာ ချုပ် (NCA) လက်မှတ်ထိုးရှစ်ဖွဲ့၊ မြောက်ပိုင်းလက်နက်ကိုင်ခုနစ် ဖွဲ့နှင့် ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင် စီ (UNFC) တို့မှ ထိပ်ပိုင်းခေါင်း ဆောင်အချို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒီဇင်
-
Monday 2017-12-11
တပ်မတော်ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် နီပေါတပ်မ တော် ကြည်းတပ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ နီပေါဖက်ဒရေး ရှင်း သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက် တွင် စတင်ထွက်ခွာသွားသည်။
-
ခါကာဘိုရာဇီ အမျိုး သားဥယျာဉ်တောင်ပိုင်းကို ဧရိ ယာတိုးချဲ့သတ်မှတ်ရန်နှင့် ယူ နက်စကို၏ အသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရန် အစိုးရက လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းထားမည်ဖြစ်သည်။
-
Monday 2017-12-11
ဘူးသီးတောင်နှင့် မောင်တောဒေသရှိ လူ့အခွင့်အရေးဆိုင် ရာများလေ့လာရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ကွင်းဆင်းလေ့လာ ရေးအဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက် တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိ နေကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။
-
Monday 2017-12-11
နုတ်ထွက်စာအပေါ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC)အနေဖြင့် အလေးအနက် ထားရမည်ဖြစ်ကြောင်း ပါတီမှ နုတ်ထွက်စာတင်ထားသည့် ရခိုင် အမျိုးသားပါတီဥက္ကဋ္ဌဒေါက်တာ အေးမောင်က ပြောသည်။
-
Monday 2017-12-11
ပဲခူးတိုင်းဒေသကြီး ဒိုက် ဦးမြို့အဝင်တွင် ကုန်များတင် ဆောင်လာသည့် ဘီး ၂၀ တွဲကား သည် လမ်းဘေး ကုက္ကိုပင်ကို ဝင် တိုက်မိရာ ယာဉ်မောင်းနှင့် ယာဉ် အကူသေဆုံးခဲ့သည်။
-
Monday 2017-12-11
၂၀၁၇ နိုဝင်ဘာအထိ တစ်နိုင်ငံလုံးတွင် သက်ငယ်မုဒိမ်း မှု ခုနစ်ရာကျော် ဖြစ်ပွားကြောင်း ဒီဇင်ဘာ ၉ ရက်၌ နိုင်ငံပိုင်ရုပ်သံ က ကြေညာခဲ့သည်။
-
Monday 2017-12-11
စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းထိပ်တွင် ကားပါကင် နေရာလုရာမှ လူသတ်မှုဖြစ်ပွား သည်ဆိုသည့် သတင်းသည် မဟုတ်မှန်ကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
-
Monday 2017-12-11
လှိုင်သာယာမြို့နယ် (၃) ထိပ်မှတ်တိုင်အနီး၌လမ်းဖြတ်ကူး သည့် အသက် (၆၀)ခန့်အရွယ် အမျိုးသမီးကြီးတစ်ဦးကို YBS (၂၂) ယာဉ် ဝင်တိုက်သဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။
-
Monday 2017-12-11
ဒီတစ်ပတ်အားလပ်ရက်မှာ ဖတ်စရာအဖြစ် ကွယ်လွန်သူဗိုလ် မှူးချုပ်(ဟောင်း)မောင်မောင် အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့တဲ့ U Aung San-His Military Life စာအုပ်ကို စည်သူကျော်မြန်မာပြန် ဆိုတဲ့ ဦးအောင်ဆန်း၏ စစ်သား ဘ၀ ကို ညွှန်းချင်ပါတယ်။
-
Monday 2017-12-11
တိုင်းရင်းသားဒေသများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ အ သေးစား၊ အလတ်စား ရိုးရာလုပ် ငန်းများကို ကူညီပံ့ပိုးမှုများပေးရန် အစိုးရတွင် ချေးငွေ အဆင်သင့် ဖြစ်နေပြီဟု စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးကျော်ဝင်းက ပြောသည်။
-
Monday 2017-12-11
METRO Wholesale Myanmar က မြန်မာနိုင်ငံတွင် လုပ်ကိုင်မည့် ၀န်ဆောင်မှုလုပ် ငန်းအတွက် ၀န်ထမ်း ၁၇၀ ဦးကို ၂၀၁၈ အတွင်း ခေါ်ယူမည်ဖြစ် ကြောင်း METRO Wholesale Myanmar ၏ HR ဒါရိုက်တာ ကိုထက်မင်းအောင်ကပြောကြား သည်။
-
Monday 2017-12-11
သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်ရောင်းချသူများအသင်းအ နေဖြင့် ၎င်းတို့ကဏ္ဍ ပိုမိုဖွံ့ဖြိုးစေ ရန် ရည်ရွယ်၍ ၂၀၁၈ ဖေဖော်ဝါ ရီတွင် အသင်းချုပ်အဖြစ် ပြောင်း လဲပြင်ဆင်မည်ဖြစ်ကြောင်း အ သင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။
-
Monday 2017-12-11
ဂျာမန်ကလပ်ဒေါ့မွန်က ရလဒ်ပိုင်းဆိုးရွားမှုများနှင့် ရင် ဆိုင်ခဲ့ရပြီးနောက် နည်းပြ ပီတာ ဘော့ဇ်ကို အသင်းကို ကိုင်တွယ်ပြီး ခုနစ်လအကြာတွင် ထုတ်ပယ်ကာ ကိုလုန်းနည်း ပြဟောင်း ပီတာစတိုဂျာအား အစားထိုးခန့်အပ်ခဲ့ သည်။
-
Monday 2017-12-11
မန်စီးတီးနည်းပြ ဂွာဒီယိုလာက ၎င်းအသုံးပြုနေသော ဘောလုံးပိုင်ဆိုင်မှုအသားပေးဗျူဟာ အဆင်မပြေတော့ပါက ဘောလုံးလောကမှ အနားယူမည်ဟု ပြောကြားပြီး ဘာကာနှင့် ဘိုင်ယန်အသင်းတို့တွင်လည်း ယင်းဗျူဟာဖြင့်ပင်ကစားရန် အမြဲကြိုးပမ်းခဲ့သည်ဟု ပြောသည်။
-
Monday 2017-12-11
မြန်မာနိုင်ငံတွင် ပထမ ဆုံးကျင်းပသည့် ကုန်သည်စက်မှု အသင်းချုပ် ညီလာခံ၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရ မည့် အချက် ၁၇ ချက်ကို အတည် ပြုခဲ့သည်။
-
Monday 2017-12-11
ရခိုင်ရိုးမတောင်တန်း ပေါ် နတ်ရေကန်တောင်ဒေသ အနီးတွင် စိုက်ပျိုးထားသည့် ဘိန်း စိုက် ၅၃ ဧကကို ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် စစ်ကြောင်းက ရှာဖွေဖျက်ဆီးခဲ့ကြောင်း ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းစခန်း စခန်းမှူး ရဲအုပ်ကျော်မျိုးက ပြောသည်။
-
Monday 2017-12-11
လေလွင့်ကလေးသူငယ် နှင့် သက်ကြီးရွယ်အိုများထားရှိ ရေး၊ လူကုန်ကူးခံရသူများ၊ ပြည့် တန်ဆာများ စောင့်ရှောက်ရေးအ ပါအဝင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် ရန်ကုန်မြို့တွင် ဧက ၅၀ အကျယ် မြေနေရာပေါ် ၌ ပြန်လည်ထူထောင်ရေးအ ဆောက်အအုံများ ဆောက်လုပ် မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော သည်။