အတွဲ (၁၆)၊ အမှတ် (၄၄)

Issue Date: 
Thursday, January 11, 2018
Myanmar Date: 
၁၃၇၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်၊ ဗုဒ္ဓဟူး၊ (ဇန်နဝါရီ ၁၀၊ ၂၀၁၈)
Publication: 
7Day News

List of stories

  • Friday 2018-01-12
    ငယ်ရွယ်တဲ့ ပြင်သစ်သမ္မတ အီမယ်နျူရယ် မက်ကရွန်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့် နဲ့ အလေးညီစေမယ့် ဥရောပရဲ့ အရေးအပါဆုံး ပုဂ္ဂိုလ်အနေနဲ့ အလျင်အမြန် ထွက်ပေါ်လာပါ တယ်။
  • Friday 2018-01-12
    ဂျရိုမီဟေဒန်ပါဝဲလ်သည် အမေရိကန်ဗဟိုဘဏ်၏ အုပ်ချုပ် ရေးမှူး ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ် ပြီး ၂၀၁၂ ကစ၍ တာဝန်ထမ်း ဆောင်ခဲ့သည်။ ၂၀၁၇ နိုဝင်ဘာ ၂ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် ပါဝဲလ်အား အမည်စာရင်းတင်သွင်းခဲ့ သည်။
  • Friday 2018-01-12
    ၂၀၁၇ တွင် ရုပ်ရှင်ရုံတင်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားအရေအတွက် ၅၃ ကားထိရှိခဲ့သည်။ ယင်းသည်ပြီးခဲ့သည့်နှစ်ထက် ရုံတင်ဇာတ်ကားနှစ်ဆခန့် မြင့်တက်ခဲ့သည်။ ရုံတင်ဇာတ်ကားများပြားသလို အကယ်ဒမီအတွက် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့်ဇာတ်ကားကောင်းအချို့ပါဝင်လာရာ ယခုနှစ်အကယ်ဒမီပေးပွဲက စိတ်ရှုပ်ရှားဖွယ်ရာများနှင့် ပြည့်နှက်နေသည်။ အကယ်ဒမီစာရင်းဝင် ရုပ် ရှင်ဇာတ်ကားများ စိစစ်အကဲဖြတ် ရန် ကော်မတီအဖွဲ့ကို ဒီဇင်ဘာ လနောက်ဆုံးပတ်တွင် စတင်ဖွဲ့ စည်းခဲ့ပြီး ဇန်န၀ါရီ ၈ ရက်တွင်ရုပ်ရှင်များကို စတင်အကဲဖြတ် ကြည့်ရှုနေပြီ ဖြစ်သည်။ ပြိုင်ဆိုင် မှုပြင်းထန်သော ဇာတ်ကားအချို့ ပါဝင်လာသော်လည်း စာရင်းဝင်  ငါးဆယ်ကျော်တွင် ဟာသကား များ ရိုးရာမပျက် ပါဝင်နေဆဲ ဖြစ်သည်။
  • Friday 2018-01-12
    ကမ္ဘာကျော် အမေရိကန်မင်းသား ကြီး တွမ်ဟန့်စ်က အတ္ထုပ္ပတ္တိဇာတ် ကားများ ရိုက်ကူးရာတွင် လက် တွေ့ဘဝသည် အာဂလူသားများ ၏ ဇာတ်ကောင်အဖြစ် သရုပ် ဆောင်ရခြင်းမှာ တာဝန်ကြီးသည် ဟု ခံစားရကြောင်း ပြောသည်။
  • Friday 2018-01-12
    တစ်ကိုယ်တော်အခွေ  မထွက် သည်မှာ (၁၀)နှစ်ကျော်ရှိပြီဖြစ် သောကြောင့် ‘ပန်ဆင်မယ်ဆို’ အမည်ရှိသော တေးအယ်လ်ဘမ် ကို  ယခုနှစ်သင်္ကြန်အပြီးတွင် ထွက်နိုင်ရန် စီစဉ်နေကြောင်း အဆိုတော်မီမီဝင်းဖေက ပြော သည်။
  • Friday 2018-01-12
    ဂီတပိုင်းနှင့်ပတ်သက်၍ သီချင်း ဖန်တီးပြီး အခွေထွက်ခြင်းထက် Noise Musicပိုင်းကို စိတ်ဝင် စားသောကြောင့် Public Space (အများပိုင်ဧရိယာ)များတွင် လိုက်တီးဖြစ်နေကြောင်း  အဆိုတော် အီတိုးက ပြောသည်။
  • Friday 2018-01-12
    ၂၀၁၈ အတွင်း အက်ရှင်နှင့်ပတ် သက်သည့် ဇာတ်ကားပုံစံများ ဦးစားပေးရိုက်ကူးရန်   အစီအ စဉ်ရှိကြောင်း  နေတိုးက  ပြော သည်။
  • Friday 2018-01-12
    နွေရာသီကတည်းက သတင်းကြီး နေတဲ့ အပြောင်းအရွှေ့ တစ်ခုဟာ ဇန်နဝါရီမှာတော့ အမှန်တကယ်  ဖြစ်မြောက်လာခဲ့ပါတယ်။ ဘရာ ဇီးလက်ရွေးစင် ကွင်းလယ်ဖန်တီး ရှင် ဖိလစ်ပီ ကော်တင်ဟိုဟာ လီဗာပူးကို စွန့်ခွာပြီး ဘာစီလိုနာ ကို စတာလင်ပေါင် ၁၄၂ သန်း (ယူရိုသန်း ၁၆၀) နဲ့ ပြောင်းရွှေ့ ရောက်ရှိသွားပါပြီ။ လီဗာပူးအ တွက်တော့ အသင်းရဲ့အကောင်း ဆုံးကစားသမားကို လက်လွှတ် လိုက်ရခြင်းက ကြီးမားတဲ့ ထိုးနှက် ချက်တစ်ခု ဖြစ်လာမှာ သေချာပါ တယ်။ ကော်တင်ဟို မရှိတော့တဲ့ အချိန်မှာ လီဗာပူး ဘာတွေ ဆက် လုပ်မလဲ ဆိုတဲ့အချက်က စိတ်ဝင် စားစရာပါပဲ။ လီဗာပူး မန်နေဂျာ ဂျာဂင်က လော့ပ်ကအသင်းရဲ့ လက်ရှိစုဖွဲ့မှု ဟာ ကော်တင်ဟိုခေတ်လွန် စိန် ခေါ်မှုတွေကို အကောင်းဆုံးတုံ့ပြန် ကိုင်တွယ်နိုင်လိမ့်မယ်လို့ ပရိသတ် တွေကို အားပေးစကား ပြော ထားပါတယ်။ဘာစီလိုနာအနေနဲ့ ကတော့ နှစ်အနည်းငယ်အတွင်း မှာ လီဗာပူးရဲ့ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကို ခူးပြီး ခပ်ပြီး သား အခြေအနေမျိုးမှာ အရခေါ် ယူသွားတာ ဒုတိယအကြိမ် ဖြစ်ပါ တယ်။ ၂၀၁၄ တုန်းကလည်း  ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး လူးဝစ်ဆွာ ရက်ဇ်ဟာ အန်ဖီးလ်ကို  စွန့်ခွာပြီး စပိန်ထိပ်တန်းကလပ်ရဲ့  နူးကမ့်ကွင်းကြီးဆီ ခိုလှုံခဲ့ပြီးပါပြီ။
  • Friday 2018-01-12
    ခရစ္စမတ်တွင် ဂျော့ဂ်ျဝီယာအ တွက် ဘဝတစ် လျှောက်လုံးစာ အမှတ်တရရှိနေ မည့် လက်ဆောင်ကိုရရှိခဲ့သည်။ ခရစ္စမတ်အပြီး ဒီဇင်ဘာ ၂၆ ရက် တွင် ပြုလုပ်သည့် လိုက်ဘေးရီး ယား ရွေးကောက်ပွဲ၌ ဝီယာအောင် ပွဲခံခဲ့ပြီး လိုက်ဘေးရီးယား၏ သမ္မတသစ်ဖြစ်လာရန် သေချာ သွားခဲ့သည်။ တစ်နည်းအားဖြင့် ဝီယာသည် မတူညီသော နယ် ပယ်နှစ်ခုတွင် အမြင့်ဆုံးအဆင့် တက်လှမ်းနိုင်သည့် မှတ်တမ်း သစ်ကို ပိုင်ဆိုင်လာခြင်းဟုလည်း ဆိုနိုင်သည်။
  • Friday 2018-01-12
    HTC U11 စမတ်ဖုန်းအတွက် Oreo Operating System (OS) သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ လယ်က စတင်ထွက်ရှိပြီး  အဆင့်တိုးမြှင့်ထားသော OS သည် HTC ကုမ္ပဏီ၏ မိခင်ဒေသတိုင်ပေသို့ ပထမဆုံးရောက်ရှိခဲ့သည်။
  • Friday 2018-01-12
    မန္တလေးတိုင်းအတွင်း နည်းပညာ ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သိပ္ပံနှင့်နည်း ပညာတီထွင်မှုစင်တာတစ်ခုတည် ထောင်ရန်   စီစဉ်နေကြောင်း မန္တလေး နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဆင့်စိုး က ပြောသည်။
  • Friday 2018-01-12
    ဂူးဂဲလ်ကုမ္ပဏီ၏ Pixel နှင့် Nexus စမတ်ဖုန်းသုံးသူများသည် Android 8.1 သို့ အဆင့်တိုးမြှင့်ရာ တွင် စိတ်ပျက်စရာ ပြဿနာအချို့ ကြုံတွေ့နေရသည်။
  • Friday 2018-01-12
    ကျေးလက်ဒေသ၌ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန် အော်ပရေတာများထံမှ ဝင်ငွေ၏ ၂ ရာခိုင်နှုန်း ကောက်ခံနိုင်မည့် မဟာဗျူဟာမူကြမ်း ရေးဆွဲနိုင်ခဲ့ ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှု ဦးစီးဌာနက ကြေညာသည်။
  • Friday 2018-01-12
    မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ပုံသေပိုင်ပစ္စည်းကို တန်ဖိုးသတ် မှတ်နိုင်ရန် ၂၀၁၈ အတွင်း ပထမ ဆုံးအကြိမ် နေပြည်တော်တွင် ဇန် နဝါရီ ၃ ရက်က ဆွေးနွေးခဲ့သည်။
  • Friday 2018-01-12
    မြို့ပေါ်ကျောင်းတစ်ကျောင်းတည်း တွင်သာ မပြောင်းရွှေ့ဘဲ တာဝန် ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများကို ကျောင်းပြောင်းရွှေ့ ခန့်ထားရန် အစီအစဉ်ရှိကြောင်း အခြေခံပညာဦးစီးဌာနခေတ္တညွှန် ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးက ပြောကြားသည်။
  • Friday 2018-01-12
    အင်းစိန်မြို့နယ်ရှိ ပညာရေးဝန် ကြီးဌာန ရတနာဂဟေဆက် နည်း ပညာသင်တန်းကျောင်းတွင်ဂဟေဆက်သင်တန်းကို ဇန်န၀ါရီ ၂၂ ရက်၌ စတင်ဖွင့်လှစ်မည်ဖြစ် ပြီး သင်တန်းသား ၁၅ ဦးလက်ခံမည် ဖြစ်သည်။
  • Friday 2018-01-12
    မတ်လ ၇ ရက်တွင် စတင်ကျင်းပ မည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုခွင့် ကတ်ပြားများကို ဖေဖော် ၀ါရီအတွင်း ထုတ်ပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန် ကြားရေးမှူး ဦးမိုးမြတ်ကျော်က ပြောကြားသည်။
  • Friday 2018-01-12
    အမျိုးသားပညာရေး မူဝါဒကော် မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့် ကွယ်လွန်ပြီး ခြောက်လကျော် ကြာသည်အထိ ဥက္ကဋ္ဌအသစ် ခန့် အပ်နိုင်ခြင်းမရှိသဖြင့် ဥက္ကဋ္ဌအသစ်ခန့်ထားပေးရန် ပညာရေး ၀န်ကြီးရုံးသို့ တင်ပြထားကြောင်း ကော်မရှင်ဒုဥက္ကဋ္ဌ ဒေါက်တာညီ လှငယ်က ပြောကြားသည်။
  • Friday 2018-01-12
    ၂၀၁၇ နှစ်ကုန်နှင့် ၂၀၁၈ နှစ်ဆန်း တွင် မြန်မာနိုင်ငံအတွင်း ဗဟိုပြု၍ မြေငလျင်များ ခပ်စိပ်စိပ်လှုပ်ခတ် နေသည်။ ၂၀၁၇ ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၁၈ ဇန်နဝါရီ ၇ ရက်အ ထိ မြန်မာနိုင်ငံအတွင်း ဗဟိုပြု၍ အင်အားအနည်းငယ်နှင့် အသင့် အတင့်ရှိ မြေငလျင် (၁၀)ကြိမ် လှုပ်ခတ်ခဲ့သည်။ ထူးခြားမှုမှာ စစ် ကိုင်းတိုင်းဒေသကြီးအတွင်း ခုနစ် ကြိမ် ဗဟိုပြုခဲ့သည်။ ဟုမ္မလင်းမြို့ အနီး ဗဟိုပြု၍ ဇန်နဝါရီ ၇ ရက်က လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်ကို ဒေသတွင်း မြို့နယ်အများစုတွင် ခံစားခဲ့ရပြီး ဒေသခံများ စိုးရိမ်ထိတ်လန့် ခဲ့သည်။ ငလျင်များ ခပ်စိပ်စိပ်လှုပ် လာသည့် အခြေအနေကြောင့် သတိပြု သင့်သည်များကို မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယက ဘူမိဗေဒပညာရှင် ဒေါ်လှလှအောင်ကို 7Day News Journalက  တွေ့ဆုံမေးမြန်းထားပါသည်။
  • Friday 2018-01-12
    အနည်းဆုံးအခကြေးငွေနှုန်းထား ပြင်ဆင်မှုကြောင့် ပြည်တွင်းအ လုပ်အကိုင်ရှာဖွေမှုလုပ်ငန်းများ အပေါ် ထိခိုက်မှုမရှိနိုင်ကြောင်း အဆိုပါလုပ်ငန်းတာဝန်ရှိသူများ က ဆိုသည်။
  • Friday 2018-01-12
    ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာ များတွင် ကျန်းမာရေးအသိပညာ ပေးဟောပြောပွဲများကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ယခုလမှ စ၍ ဆောင်ရွက်မည် ဖြစ်သည်။
  • Friday 2018-01-12
    ပြီးခဲ့သည့်နှစ်က အထိတ်တလန့်ဖြစ်ခဲ့ရသော H1N1 ရောဂါကာကွယ်ကုသရေး ယခုနှစ်တွင် ရေတို၊ရေရှည်လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သဘာဝဘေးနှင့် ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။
  • Friday 2018-01-12
    ကယားပြည်နယ် လွိုင်ကော်မြို့အ လယ်မှ ဖြတ်သန်းစီးဆင်းနေသည့် ဘီလူးချောင်းတွင် နေ့ရော ညပါ အပန်းဖြေလည်ပတ်နိုင်မည့် အ ပျော်စီးလှေ ခရီးစဉ်ကို ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် ကယားပြည်နယ်နေ့မတိုင်မီ ဖွင့် လှစ်ရန် စီစဉ်နေကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန (လွိုင်ကော်) ညွှန်ကြား ရေးမှူး ဦးလင်းဇော်ထွဋ်က ပြော သည်။ ‘‘မြန်မာတစ်နိုင်ငံလုံးမှာ မြို့ အလယ်ကို ဖြတ်စီးတဲ့ ဘီလူး ချောင်းလိုမျိုး ချောင်းက ဒီကယား ပြည်နယ်မှာပဲရှိတယ်။ ဘယ်ပြည် နယ်မှ မရှိဘူး။ မိုးဗြဲဆည်ကလည်း ဖွင့်ပြီးသွားပြီဆိုတော့ နေ့ပိုင်းမှာ အင်းထဲအထိ တိုက်ရိုက်သွားလို့ရ အောင် စီစဉ်မယ်။ ညပိုင်းဆိုလည်း အလှမီးလေးတွေနဲ့ ဘီလူးချောင်း မှာ အပျော်စီးလှေစီးပြီး အပန်းဖြေ နိုင်အောင် ခရီးစဉ်တစ်ခုအနေနဲ့ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။
  • Friday 2018-01-12
    ၂၀၁၇ အတွင်း နိုင်ငံတစ်ဝန်း နိုင်ငံ ခြားသား ဧည့်သည်များ တည်းခို နိုင်သည့် ဟိုတယ်နှင့် တည်းခိုရိပ် သာ အလုံးရေ ၁၆၀ ခန့် တိုးလာ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ဆန်းတွင် ထုတ်ပြန်သည်။
  • Friday 2018-01-12
    လုံခြုံရေးအရ မူဆယ်နယ်စပ်ဂိတ် ကို ခရီးသွားဧည့်သည် ဝင်ထွက် သွားလာခြင်း ခွင့်ပြုဦးမည်မဟုတ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေးက ပြော ကြားသည်။
  • Friday 2018-01-12
    သည်းခြေနှင့် ခြေဖဝါး၊ လက်ဖဝါးများက ဆေးဖက်ဝင်သည်ဆိုကာ ဝက်ဝံများ သတ်ဖြတ်ရောင်းချခံနေရရာမှ လှောင်အိမ်ဖြင့် မွေးထားပြီး အရှင်လတ်လတ် သည်းခြေထုတ်ယူသည့် ဝက်ဝံမွေးမြူရေးခြံများမှာရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသအချို့တွင် ဖြစ်ထွန်းလာနေသည်။ အရှင်လတ်လတ် ဝက်ဝံသည်းခြေထုတ်ယူနေခြင်းကို ရပ်တန့်ရန် နိုင်ငံတကာ အဖွဲ့အစည်းများက လှုပ်ရှားဆောင်ရွက်လာခြင်းနှင့် တရုတ်နိုင်ငံတွင် ဆန့်ကျင်ကန့် ကွက်မှုများကြောင့် တရုတ်နိုင်ငံရှိ တရားမဝင် ဝက်ဝံမွေးမြူရေးခြံများ အရေးယူ ပိတ်ပင်သော်လည်း ဈေးကွက်လိုအပ်ချက်ကြောင့် တရုတ်-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်းလာ သည်။
  • Friday 2018-01-12
    မျက်မှောက်ခေတ်အခြေအနေတွင် မြန်မာပြည် ၏ ဘက်ပေါင်းစုံအဖြစ်အပျက်များကို ထင်ဟပ်လျက် ရှုထောင့်အမျိုးမျိုးကနေ၍ လေ့လာဆန်းစစ်ရေးသား နေသော အမှတ်စဉ်ဖြင့်ထွက်ရှိသည့် စာအုပ်နှစ်အုပ် ရှိပါသည်။ ပထမစာအုပ်မှာ Myanmar Quar-terly  မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ်ဖြစ် ပြီး ဒုတိယစာအုပ်မှာ မြန်မာရေးရာ Myanmar Affairs ဖြစ်ပါသည်။ ထိုစာအုပ်နှစ်မျိုးသည် နိုင်ငံ တွင် ဖြစ်ပျက်နေသော အခြေအနေအရပ်ရပ်အပေါ် လေ့လာသုံးသပ်ကာ မြန်မာပြည်သူများ ဝေဖန်ပိုင်း ခြားနိုင်မည့် အသိအမြင်ပေးနေသော စာအုပ်များဖြစ်သည်။ တစ်နည်းဆိုရလျှင် လူကြီးလူငယ်၊ ကျားမ မရွေး၊ နိုင်ငံသားတိုင်းဖတ်ရှုသင့်သော စာအုပ်များ လည်းဖြစ်ပေသည်။ ဤလိုစာအုပ်မျိုးများ ပုံနှိပ်ထုတ် ဝေနိုင်ရေး စိတ်ကူးစိတ်သန်းသာမက လက်တွေ့ကျ ကျလုပ်ကိုင်နိုင်သော သက်ဆိုင်ရာစာတည်းအဖွဲ့တို့ ၏ အားထုတ်မှုကို စာဖတ်သူများ အသိအမှတ်ပြုလေး စားရပါမည်။ ဆိုရလျှင် ဤလိုစာအုပ်များ များများပေါ်ထွန်းလာပြီး အရွေ့တစ်ခုဆီ လျှောက်လှမ်းနိုင်မည်ဆိုပါက တိုင်းပြည် ပိုမိုဖွံ့ဖြိုးလာပါမည်။ ထိုစာအုပ်များသည် ဤမျှအထိ စွမ်းဆောင်နိုင်သော အ ခြေအနေရှိပါသည်။
  • Friday 2018-01-12
    သူတို့တစ်တွေက နိုင်ငံ၏ ရင်သပ်ရှုမောဖွယ်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လောင်စာ ဖြည့်ပေးခဲ့သည်။ သူတို့အိမ်မှ ဝေး လံသော အရပ်ဒေသတွင် နေ့မ အား၊ ညမနားအလုပ်လုပ်ခဲ့သည်။ သို့သော် ယခုအခါတရုတ်နိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ သည် မြို့ကြီးများက သူတို့ကို ကြိုဆိုမှုနည်းပါးနေခြင်းနှင့် ကြုံနေရသည်။ အကြောင်းမှာ မြို့ကြီးများ၌ လူဦးရေပေါက်ကွဲနေခြင်းကို အာဏာပိုင်များက ကန့်သတ်ချင်လာ ၍ဖြစ်သည်။ လင်ဟူကင်းသည် သူ့ ကလေးများ သေးစိုခံအဖတ် (Diaper)မလွတ်သေးချိန်မှာပင် အလုပ်လုပ်ရန် ဘေဂျင်းမြို့သို့ ပြောင်းရွှေ့လာခဲ့သည်။ လွန်ခဲ့ သော ၁၈ နှစ်တာကာလလုံးလုံး သူသည် မိသားစုထံ တစ်နှစ်တစ် ကြိမ်သာ ပြန်ပြီး ကျန်အချိန်များ တွင် ဘေဂျင်းမြို့သားများ လက် ရှောင်ကြသည့် ခက်ခဲပင်ပန်းသော အလုပ်များလုပ်နေခဲ့သည်။
  • Friday 2018-01-12
    ပြည်ပမှ လာရောက်လည်ပတ်သည့် ခရီးသွားများကို အခွန်ကောက်ရန် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီက အလွတ်သဘောခွင့်ပြုသဖြင့် အခွန်ကောက်ခံရေးစီမံချက် အမြန်ဆုံးရေးဆွဲမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ပြောကြားသည်။
  • Friday 2018-01-12
    မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အခွန်ကောက်ခံရရှိမှု အနည်းဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အခွန်ကောက်ခံရရှိမှု အနည်းဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်နေကြောင်း The Economist သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

Pages