No.1686 Saturday, January 13, 2018

Issue Date: 
Saturday, January 13, 2018
Myanmar Date: 
၁၃၇၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် (စနေ၊ ဇန်နဝါရီ ၁၃၊ ၂၀၁၈)
Publication: 
7Day Daily

List of stories

  • Saturday 2018-01-13
    ပြီးခဲ့သည့် ဒီဇင်ဘာလကုန်က ရာသီဥတုဖောက်ပြန်ကာ မိုးရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် စိုက်ပျိုးထားသည့် ကွမ်းခင်းအချို့ပျက်စီးကာ ကွမ်းရွက်ဈေး ယခင်နှစ်ထက် တစ်ဆခန့်မြင့်တက်နေကြောင်း ကွမ်းရွက်ရောင်းဝယ်သူများက ပြောသည်။
  • Saturday 2018-01-13
    ပုလဲမြို့နယ်တွင် ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌ၊ အ တွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့ကို ငွေကြေး အလွဲသုံးစား ပြုလုပ် သည်ဟုဆိုကာ ကျေးရွာသားတစ် ဦးက ဇန်န၀ါရီ ၁၀ ရက်ကအမှု ဖွင့်တိုင်ကြားထားကြောင်း ပုလဲ မြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့် အောင်က ပြောကြားသည
  • Saturday 2018-01-13
    ၂၀၁၇ တွင် မကွေး တိုင်းအတွင်း တရားမ၀င်သစ်တန် ၂,၃၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်သည်။
  • Saturday 2018-01-13
     မြေပုံမြို့နယ် မြောက်ကြိမ်ကျေးရွာအုပ်စုတွင် အကျဉ်းဦးစီးဌာနက သိမ်းဆည်း ထားသည့် လယ်မြေဧက ၂၀၀ ကျော်ကို မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးရန် တောင် သူ ၄၀ ကျော်က ဒုသမ္မတ ဦးဟင် နရီဗန်ထီးယူထံ စာရေးတောင်း ဆိုထားကြောင်း တောင်သူများက ပြောသည်။
  • Saturday 2018-01-13
    ရှန်ဟိုင်း- တရုတ်နိုင်ငံ၏ အကြီး ဆုံးရေနံထုတ်လုပ်သည့် ကုမ္ပဏီ တရုတ်အမျိုးသားရေနံ ကော်ပို ရေးရှင်း (CNPC) ၏ ကုမ္ပဏီခွဲ တစ်ခုက နှစ်နိုင်ငံကြား ပိုက်လိုင်း မှ ပို့ဆောင်ရေး မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ရင်းမြစ် အသစ် များ ရှာဖွေနေကြောင်း China Daily သတင်
  • Saturday 2018-01-13
    ရန်ကုန်မြို့တွင် ပထမ ဆုံး ကျင်းပသည့် ကျောက် မျက်ရတနာ အချောထည်ပြပွဲ၌ ၀ယ်ယူသည့် ကျောက်မျက်များ ကို ပြည်ပသို့တရားဝင်သယ်ယူခွင့် ပြုသဖြင့် နိုင်ငံခြားသားများပိုမို စိတ်ဝင်စားကြောင်း ရန်ကုန်တိုင်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းဒုတိယဥက္ကဋ္ဌဒေါ်မျိုး မျ
  • Saturday 2018-01-13
     ရှယ်ယာဈေးများ ကျ ဆင်းပြီး အရောင်းအဝယ်အေးနေ ချိန်တွင် TMH တယ်လီကွန်းကို စာရင်းဝင် ကုမ္ပဏီအဖြစ် ဇန်နဝါရီ ၂၆ ရက်၌ ဝင်ရောက်ခွင့်ပြု မည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းက ဇန်နဝါရီ ၁၂ ရက် တွင် ထုတ်ပြန်ကြေညာသည်။
  • Saturday 2018-01-13
    ဒီနေ့ရုပ်ရှင်အကြိုကဏ္ဍမှာတော့ အက်ရှင် ဇာတ်ကားကြိုက် ပရိ သတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားသစ်လေး ဖော်ပြလိုက် ပါတယ်။
  • Saturday 2018-01-13
    အမေရိကန်ရှိ အမျိုးသမီးများ၏ ထက်ဝက်နီးပါးသည် မပြင်းထန်သော အိုင်အိုဒင်းချို့တဲ့မှုနှင့် ရင်ဆိုင်နေရပြီး လေ့လာမှုအသစ်တစ်ရပ်က ယင်းအခြေအနေကြောင့် အမျိုးသမီးများ၏ မျိုးအောင် နိုင်မှု အခက်အခဲဖြစ်နိုင်ကြောင်း ဖော်ပြသည်။ ဇီဝဖြစ်စဉ်ကို ထိန်းညှိပေးသော သတ္တုဓာတ်တစ်မျိုးဖြစ်သည့် အိုင်အိုဒင်းသည် ပင်လယ်စာများ၊ အိုင်အိုဒင်းဖြည့်ထားသော ဆား၊ နို့ထွက်ကုန်များ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်အချို့တွင် ပါဝင်သည်။
  • Saturday 2018-01-13
     နာဂရိုးရာနှစ်သစ်ကူးပွဲ တော် ကျင်းပမည့် နန်းယွန်းမြို့ တွင် ပွဲတော်စတင်သည့် ဇန်နဝါရီ ၁၄ က စတင်၍ 3G အင်တာနက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)က သတင်းထုတ်ပြန်သည်။
  • Saturday 2018-01-13
    ဖျာပုံမြို့နှင့် ထိစပ်နေ သော ပင်လယ်ပြင်၌ လေပြင်း ကြောင့် ကျားဖောင်နှင့်အတူ ပင် လယ်ထဲ မျောပါသွားသော ရေ လုပ်သားများအနက် ခြောက်ဦး သည် အိန္ဒိယနိုင်ငံ ပို့ဘလဲလ်ကျွန်းသို့ ရောက်နေသဖြင့် ပြန်လည် ခေါ်ဆောင်နိုင်ရေး တာဝန်ရှိသူ များက ကြိုးစားနေသည်။ ၂၀၁၇ ဒီဇင်ဘာက ပင်လယ်ပြင်တွင် ရာသီဥတုဆိုးရွားနေချိန် ကျားဖောင်ဖြင့် ငါးဖမ်းနေသော ရေလုပ်သား နှစ်ရာကျော်သည် ပင်လယ်အတွင်း မျောပါသွား ခြင်းဖြစ်သည်။ ယင်းတို့အထဲမှ ခြောက်ဦးသည် အိန္ဒိယနိုင်ငံ ပို့ဘလဲလ်ကျွန်းသို့ ရောက်နေသ ဖြင့် ၎င်းတို့၏ လုပ်ငန်းရှင်မှတစ်ဆင့် ဆက်သွယ်လာ၍ ပြန်ခေါ်နိုင်ရေး ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။
  •  ရွှေပါရမီတောရ ဆရာ တော် အရှင်ဆန္ဒာဓိကသည် ပြည် သူ့ရင်ပြင်တွင် ကျင်းပသည့် နှစ် သစ်ကူးတရားပွဲ၌ တရားနာပရိ သတ်များ လှူဒါန်းထားသည့် ဓမ္မ ပူဇာအလှူငွေ ကျပ်သိန်း ၁,၂၀၀ ကို သက်တော် (၅၀) ပြည့် ရွှေရတုမွေးနေ့ အထိမ်းအမှတ်အဖြစ် ပြန် လည်လှူဒါန်းခဲ့သည်။  ရန်ကုန်မြို့လှည်းကူးမြို့ နယ်၌ ရွှေပါရမီမဟာဂန္ဓာရုံ ပရိ ယတ္တိစာသင်တိုက်ကို ယခုနှစ်အ တွင်း စတင်တည်ထောင်မည်ဖြစ် ရာ ယင်းစာသင်တိုက်အတွင်း ပထမဆုံး ဆောက်လုပ်မည့် မေတ္တာပါရမီကျောင်းဆောင်အ တွက် ဆရာတော်က မတည်လှူ ဒါန်းခြင်းဖြစ်သည်။
  •  ပညာရေးဝန်ကြီးဌာနက အခြေခံပညာ ဆရာ၊ ဆရာမများ အား ထောက်ပံ့သည့် ကျောင်းစိမ်း လုံချည်နှင့် ဝတ်စုံစရိတ် ကျပ်ငါးထောင်ကို ဇန်နဝါရီ ဒုတိ ယပတ်မှစတင်ကာ ခရိုင်ပညာ ရေးမှူးရုံးများမှတစ်ဆင့် ဆရာ၊ ဆရာမများအား စတင်ထုတ်ပေး နေသည်။ ဆရာတစ်ဦးလျှင် ကျပ်ငါး ထောင်တန်ဖိုးရှိ စက်မှုဝန်ကြီးဌာ နထုတ် အသင့်ဝတ် ကျောင်းစိမ်း ပုဆိုး တစ်ထည်၊ ဆရာမတစ်ဦး လျှင် ကျပ်ငါးထောင်တန်ဖိုးရှိ စက်မှုဝန်ကြီးဌာနထုတ် ကျောက် စိမ်းလုံချည်စ (မချုပ်ရသေး) နှင့် လုံချည်အထက်ဆင့် တစ်ထည်စီ၊ အင်္ကျီစကို မိမိအစီအစဉ်ဖြင့် ဝယ် ယူနိုင်ရန် ဆရာ၊ ဆရာမတစ်ဦး လျှင် ကျပ်ငါးထောင်ကို ပညာ ရေးဝန်ကြီးဌာန ဘတ်ဂျက်မှ ထောက်ပံ့ခြင်းဖြစ်သည်။
  •  စစ်ကိုင်းမြို့ ကောင်းမှု တော်ဘုရားအနီးတွင် တည် ဆောက်ထားသည့် တန်ဖိုးနည်း အငှားအိမ်ရာ၌ နေထိုင်ခွင့်ရရန် လျှောက်ထားသူ ၃၅၀ ကျော် ရှိပြီး ဖေဖော်ဝါရီတွင် မဲနှိုက်ငှား ရမ်းမည်ဖြစ်ကြောင်း မြို့နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်း ဌေးက ပြောသည်။
  •  လွတ်လပ်ရေးနေ့အ ခမ်းအနားတက်ရောက်ရန် အသွားလမ်းတွင် လူသေဆုံးသည့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ပုဒ်မသုံး ခုဖြင့် အမှုဖွင့်ခံရမှုနှင့် ပတ်သက် ၍ ဖြစ်စဉ်အမှန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြမည်ဖြစ် ကြောင်း စဥ့်ကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာဇော်ဝင်းမြင့်က ပြောသည်။
  •  မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယမန်နှစ် အတွင်း ပြည်တွင်း၊ ပြည်ပခရီး သွားဧည့်သည် ၁ ဒသမ ၃ သန်း ကျော် ဝင်ရောက်ပြီး ၂၀၁၆ က ၂၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်တက်ခဲ့ ကြောင်း လေဆိပ်စီမံခန့်ခွဲရေး ကော်မတီ MC JALUX Aport Services ကုမ္ပဏီ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းက ပြောသည်။
  • စာပို့လုပ်ငန်းများ တွင်ကျယ်ခြင်းမရှိတော့သဖြင့် တိုးချဲ့ရန် အစီအစဉ်မရှိသော် လည်း မင်းတုန်း-မကွေးစာပို့ လမ်းကြောင်းကို ဇန်န၀ါရီက စတင်ကာ နေ့ချင်းရောက်အဆင့် တိုးမြှင့်ခဲ့ကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး ဦးတင်နွယ်ဦးက ပြောသည်။
  •  ကူးတို့လှေနစ်မြုပ်မှု ကြောင့် ပုဏ္ဏားကျွန်းမြို့နယ် အင် ဇုံပြင်ကျေးရွာမှ သေဆုံးသူသုံး ဦးအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာန ကျပ် ၁၈ သိန်း ထောက်ပံ့ခဲ့ကြောင်း သေဆုံး သူများ၏ မိသားစုဝင်များကပြော သည်။
  •  မုံရွာမြို့တွင် စားသုံးသူရေးရာဦးစီးဌာနက စွန့်လွှတ်သော မြေသုံးဧကကျော်ကို လက်ရှိအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် မူလမြေပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း မုံရွာမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအာကာမင်းက ပြောသည်။
  •  မွန်ပြည်နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေး မှူး ၁၅၃ ဦးပြန်လည်ရွေးချယ်ပြီးဖြစ်ကာ အမျိုးသမီးအုပ်ချုပ်ရေးမှူး နှစ်ဦးပါဝင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။
  • ၂၀၁၇ ကုန်ခါနီးနဲ့ ၂၀၁၈ အစဟာ ဆောင်းတွင်းကာလ ဆိုပေမယ့် အချိန်အခါမဟုတ် မိုးရေ တွေကြားမှာ ဗျာများခဲ့ရသည်။ အဲဒီကာလအခိုက်အတန့်လေးမှာ ဆောင်းဟာ စကားပီပီသသ မ ပြောခဲ့ဘူး။ အနွေးထည်ထူထူထဲ ထဲ မဝတ်ခဲ့ဘူး။ သရက်ဖူးလေး တွေလည်း မဝေခဲ့ဘူး။ ဆောင် တော်ကူး၊ ဆိပ်ဖလူးပန်းတွေရဲ့ စကားသံတိတ်ဆိတ်။ အရူးမီးဝိုင်း နေတဲ့ လေတွေဟာ ကြမ်းရှရှ။ လရောင်ဟာ မိုးရေတွေထဲ ခိုက် ခိုက်တုန်လို့၊ တောင်သူတွေခမျာ မှာ ပါးစပ်ထဲရောက်ခါနီးထမင်း လုတ်ကို ပုတ်ချခံလိုက်ရတယ်။ မျှော်လင့်ခြင်းတွေ အညွန့်ကျိုး သွားတယ်။ သူတို့အတွက် ကောက်ရိုးတစ်မျှင်ဟာလည်း ဝေ ဝါးလွန်းခဲ့သည်။
  • Saturday 2018-01-13
    ၂၀၁၆ နှင့် နှိုင်းယှဉ်ပါက ၂၀၁၇ တွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း များ ၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့(FAO) က ပြောကြားပြီး ၂၀၁၄ နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည်။ တစ်နှစ်ပတ်လုံးအနေဖြင့် သကြားမှလွဲ၍ ကျန်အစားအသောက်အားလုံး ဈေးတက်ခဲ့သည်။
  • Saturday 2018-01-13
    အိန္ဒိယနိုင်ငံကို အာကာသထဲ၌ တန်ဖိုးနည်း ဝန် ဆောင်မှုပေးသည့် နိုင်ငံဖြစ်လာ စေရေး ဝန်ကြီးချုပ် နာရန်ဒရာမို ဒီက ကြိုးပမ်းနေစဉ် အိန္ဒိယက ၎င်းတို့၏ ၁၀၀ မြောက် ဂြိုဟ်တု ကို ဇန်နဝါရီ ၁၂ ရက်က လွှတ် တင်ခဲ့သည်။ သောကြာနေ့က ဂြိုဟ်တု ငယ် စုစုပေါင်း ၃၁ ခုကို အာကာ သထဲသို့ လွှတ်တင်ခဲ့သည့် အ သေးစားဂြိုဟ်တု ထက်ဝက်ကျော် သည် အမေရိကန်အတွက်ဖြစ်ပြီး ကျန်ဂြိုဟ်တုများမှာ အိန္ဒိယ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ တောင်ကိုရီးယားနှင့် ဗြိတိန်နိုင်ငံ တို့အတွက် ဖြစ်သည်။
  •  ကိုကျောက်စီဆိုတဲ့လူကို တစ်နယ်လုံးက သိကြတာတော့ မဟုတ်ဘူး။ သူနေတဲ့ တဲကလေး နဲ့ တော်တော်လေးလှမ်းတဲ့ တန်း လျား လေးငါးလုံးက (မသကာရှိ လှရင် လူခြောက်ဆယ်လောက်က) လူတွေကပဲ သိတာပါ။ ကျောက်စီ ဆိုတဲ့နာမည်ကိုလည်း တချို့က ကျောက်စိတဲ့။ တချို့က ကျောက် စည်တဲ့။ ကိုကျောက်စီကလည်း ထူးလိုက်တာပါပဲ။ သူ့ဟာသူ တောင် ကျောက်စိလား၊ ကျောက် စီလား၊ ကျောက်စည်လား သိတာ မဟုတ်ဘူး။ သူ့ပုံက ကျောက်ပွင့် လေးတွေ စီထားတဲ့ ကျောက်စီ တော့ မဖြစ်နိုင်ဘူး။ ဘုန်းကြီး ကျောင်းတွေက အင်ကြင်းပင်ကြီး တွေ သိပ်ကြီးသွားလို့ ကျောက် ဖြစ်သွားတဲ့အခါ လုပ်လေ့ရှိတဲ့ ကျောက်စည်ထိုးတဲ့ ကျောက်တုံး ကြီးတစ်တုံးနဲ့တူလို့ ဖြစ်ချင်းဖြစ် ရင် ကျောက်စည်ဆိုတဲ့ နာမည်နဲ့ က ပိုလိုက်တယ်။ ထားပါတော့။ ကျောက်စီပဲ။ လူကမည်းလိုက် တာ သပိတ်ကိုသာကြည့်တော့။ ခေါင်းတုံးကအမြဲရိပ်တော့ ဦး ပြည်းဟာ ဘယ်တော့မဆို ပြောင် နေလေ့ရှိတယ်။ ရုပ်ကလည်း ဇာတ်ထဲက ဘီလူးခေါင်းစွပ်ကို တွေ့ဖူးတယ်မဟုတ်လား။ အဲဒီ ရုပ်မျိုး။ မျက်ခုံး၊ မျက်လုံးတွေက အပေါ်ကို ထောင်တက်နေတော့ အမြဲတမ်း ရန်လိုနေတဲ့ မျက်နှာ ပေးက ထင်းခနဲပေါ်နေတတ် တယ်။ ရင်ဘတ်မှာက မင်ကြောင် ထိုး နဂါးတစ်ကောင်ရှိတယ်။ မည်းနေတဲ့အသားပေါ်က စိမ်း ဖန့်ဖန့်ဆေးမင်ရယ်၊ နဂါးကြေးခွံ ဟင်္သပဒါးအနီရယ်ဟာ ရုတ် တရက်ကြည့်ရင် မပေါ်ချင်ဘူး။ ဒါပေမဲ့ နဂါးခေါင်းကတော့ သေ သေချာချာကြည့်ရင် သိပ်အနု စိတ်တဲ့ခေါင်းမျိုး။ မြန်မာနဂါး လည်းမဟုတ်ဘူး။ အကွေးအတွန့် တွေနဲ့၊  အမွေးအမှင်တွေများတဲ့ စိန့်တိုင်းက နဂါးရုပ်မျိုး။ အကြေး ခွံတွေက အထပ်ထပ်နဲ့။ နဂါး ကိုယ်လုံးဟာ သူ့ရင်ဘတ်ကတစ် ဆင့် ညာဘက်လက်မောင်းကနေ ဆင်းသွားလိုက်တာ ညာဘက် လက်ခုံပေါ်မှာ ဆုံးတယ်။ ရင် ဘတ်က နဂါးခေါင်းက အောက် ဘက်ကို ပါးစပ်ဖြဲလှည့်ထားတော့ ဝမ်းဗိုက်တစ်ခုလုံး နီးပါးဟာ နဂါး ခေါင်းနဲ့ ပြည့်နေလေရဲ့။
  • Saturday 2018-01-13
    ကာလရှည်ကြာ ရပ်ဆိုင်း ခဲ့သည့် ကိုရီးယားနှစ်နိုင်ငံဆွေး နွေးမှု ပြန်လည်စတင်ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်း မာမှုများ လျော့ကျလာစဉ် မြောက်ကိုရီးယားသည် နျူစမ်းသပ်သည့် အဓိကနေရာ၌ ဥမင်လိုဏ်ခေါင်း တူးမှုကို အရှိန်မြှင့်တင်နေ ကြောင်း အမေရိကန်အကြံပေးအဖွဲ့တစ်ဖွဲ့က ပြောသည်။ ပန်ဂိုင်းရီ နျူစမ်းသပ်သည့် မိုင်းတွင်းသုံး လက်တွန်းလှည်း များနှင့် စစ်သားများကို မကြာ ခဏမြင်ရကြောင်း၊ တူးထားသည့်မြေစာပုံ မြင့်လာသည်ကို ဂြိုဟ်တု မြေပုံများက ပြသနေကြောင်း 38 North ဝက်ဘ်ဆိုက်က ဖော်ပြ သည်။
  • Saturday 2018-01-13
     ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး စီးနင်းအသုံးပြုသော လေယာဉ်များအနက် တစ်စီးတွင် လက်ပ်တော့ကွန်ပျူတာ အရွယ် အစားရှိ လေယာဉ်တောင်ပံ အ စိတ်အပိုင်းတစ်ခု ပြုတ်ကျခဲ့ ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်၌ ပြောသည်။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အခြေစိုက် အမေရိကန်စစ်ဘက် လေယာဉ်များမှ အစိတ်အပိုင်း များ ပြုတ်ကျခြင်းကြောင့် ဖြစ်ပေါ် သော အန္တရာယ်များနှင့်ပတ်သက် ၍ စိုးရိမ်ပူပန်နေခိုက် ယခုကိစ္စ သည် ကသိကအောက်ဖြစ်စေခဲ့ သည်။
  • Saturday 2018-01-13
    ဆိုးလ်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခု၏ အထူးကြပ်မတ် ကုသဆောင်တွင် သန့်ရှင်းမှု မ ကောင်းသောကြောင့် ပြီးခဲ့သည့် လက နှစ်နာရီအတွင်း မွေးကင်းစ ကလေးလေးဦး သေဆုံးခဲ့ကြောင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်၌ ပြောသည်။ Ewha Women တက္ကသိုလ် ဆေးရုံမှ ဆရာဝန်နှစ်ဦးနှင့် သူနာ ပြုသုံးဦး ပါဝင်သည့် ဆေးဘက် ဆိုင်ရာ ဝန်ထမ်းငါးဦးကို ယင်း သေဆုံးမှုများနှင့် ပတ်သက်၍ တာဝန်ပေါ့လျော့မှုကြောင့် မရည် ရွယ်ဘဲ လူသတ်မိခြင်း စွဲချက်ဖြင့် စွဲချက်တင်မည်ဟု အရာရှိများက ပြောသည်။

Pages