-
မှားယွင်းသတိပေး အချက်ပြမိကြောင်း မကြေညာ မီ ဒုံးကျည်တစ်စင်းပျံသန်းလာပြီ ဆိုသော သတိပေးတပ်လှန့်မှု ကြောင့် ဇန်နဝါရီ ၁၃ ရက်က ဟာဝိုင်အီဒေသခံများ အထိတ်တလန့် ဖြစ်ခဲ့သည်။
-
Sunday 2018-01-14
ရွှေတိဂုံစေတီတော် အနေကဇာတင်ပွဲနှင့် သံဃာအ ပါး ၁၈,၀၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် စည်ပင်သာယာဝန်ထမ်း ၄,၅၀၀ ထဲမှ ၁၀ ဦးကို မဲနှိုက်ရွေးချယ်ကာ ဗုဒ္ဓဂယာသို့ ဘုရားဖူး အခမဲ့ ပို့ဆောင် ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ စည်ပင်သာယ
-
Sunday 2018-01-14
မကြာသေးခင်က ထွက်ပေါ်လာ သည့် Axios မီဒီယာ၏ သတင်း တစ်ပုဒ်က အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ သမ္မတ ထရန့် တစ်ယောက်နေ့တိုင်း ဘာများ လုပ်နေသလဲဆိုသည်မှာ လူအ များစု မှန်းဆထားသည့် အတိုင်း ပင်ဖြစ်ကြောင်း အတည်ပြုပေးခဲ့ သည်။ ထိုသတင်းက သမ္မတ ထရန့်သည် သူ၏အလုပ်ချိန်တော်
-
Sunday 2018-01-14
လီဗာပူး - လီဗာပူးအသင်းကို မကိုင်တွယ်မီ မန်ယူနည်းပြအ ဖြစ် ဒေးဗစ်မိုယက်စ်နေရာ ဆက်ခံနိုင်မည့် အခွင့်အရေးကို ပယ်ချခဲ့ ကြောင်း ဂျာဂန်ကလော့ပ်က ပြောကြားသည်။
-
Sunday 2018-01-14
ညောင်ရွှေမြို့နယ်အ တွင်း ဒုစရိုက်မှုများကို ထူးချွန်စွာ ဖော်ထုတ်ဖမ်းဆီးပေးနိုင်ခဲ့သည့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များအား ယင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို ဇန်န၀ါရီ ၁၂ ရက်တွင်ချီးမြှင့်ခဲ့သည်။
-
Sunday 2018-01-14
မူလဆိုင်ခန်းနေရာတွင် ဈေးရောင်းချခွင့် မရသဖြင့် မန်းရွှေစက်တော် ဘုရားပွဲ စောင်းတန်းဈေးသည်တစ်ရာခန့်က ဇန်န၀ါရီ ၁၃ ရက်တွင် မင်းဘူးမြို့၌ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ် ခဲ့သည်။
-
Sunday 2018-01-14
၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းတင်ပို့ရောင်းချမှုမှ ကန်ဒေါ် လာသန်း ၇၀၀ ခန့်ရရှိရန် မျှော် မှန်းထားပြီး လက်ရှိတွင် ကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရရှိပြီဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။
-
Sunday 2018-01-14
ကမ္ဘာ့ရွှေဈေးမြင့်တက် ခြင်းကြောင့် တစ်ပတ်အတွင်း ပြည်တွင်းရွှေဈေး ကျပ်နှစ်သောင်းခန့် မြင့်တက်ခဲ့ကြောင်း ရွှေလုပ် ငန်းရှင်များက ပြောသည်။
-
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက် အအုံနှင့်မြေဧရိယာကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် မကြာမီ အကောင်အထည်ဖော်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။
-
Sunday 2018-01-14
လပိုင်းအတွင်း ကျပ်ရှစ် ဘီလီယံခန့် လိမ်လည်မှုဖြစ်ပြီး နောက် ရန်ကုန်ဆန်ဈေးကွက် တွင် လက်ငင်းငွေချေသည့် စနစ်ပြောင်းလဲကျင့်သုံးလာကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူးဦးသန်းဦးက ပြော သည်။
-
မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်တွင် အလောင်းများ တွေ့ရှိမှုနှင့်ပတ်သက်၍ အင်းဒင်ကျေးရွာနေ ကျောင်းဆရာတစ်ဦးကို မြို့နယ် တရားရုံး၌ တရားစွဲဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် အထက် တန်းရှေ့နေ ဦးခင်ဝင်းက ပြောကြားသည်။
-
ယမန်နေ့က အင်အား ၃ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် ရန်ကုန်မြို့တွင် မြေလွှာ လှုပ်ရှားမှု သိသိသာသာဖြစ်ပွားပြီး စစ်ကိုင်း ပြတ်ရွေ့ကြောင့် ငလျင်အန္တရာယ် အချိန်ပြည့် သတိပြုနေထိုင်ရန် မြန်မာနိုင်ငံ မြေငလျင် ကော်မတီနှင့် ဘူမိဗေဒပညာရှင်များက သတိ ပေးသည်။
-
Sunday 2018-01-14
သထုံမြို့ အဝေးပြေးလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ-၁ ၏ အနောက်ဘက် ထမင်းစားဆောင်တွင် ယမန်နေ့ ညနေ ၆ နာရီခွဲခန့်က အသက်(၂၅)နှစ်အရွယ် အမျိုးသားလုံခြုံရေးဝန်ထမ်းတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည်ဟု သွားရောက်ကူညီသည့် အကြင်နာတွဲလက်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြော
-
Sunday 2018-01-14
ရန်ကုန်မြို့တွင် ကျင်းပ နေသော ယူ-၁၃ ပြည်နယ်နှင့် တိုင်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များအပြီး၌ ကွာတားဖိုင်နယ်အဆင့် တက် ရောက်သည့်အသင်းများ ထွက် ပေါ်ခဲ့သည်။
-
Sunday 2018-01-14
တပ်မတော်နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ဇန်နဝါရီပထမပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားကြောင်း RCSS ဆက်ဆံရေးရုံးများ ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီးစိုင်းဦးက ပြော ကြားသည်။
ဇန်နဝါရီ ၃ ရက်၌ ရှမ်း ပြည်နယ် လွိုင်လင်မြို့နယ် လုံချိန်ကျေးရွာ၌ တစ်ကြိမ်၊ ဇန်နဝါရီ၆ ရက်၌ မိုင်းပြင်းမြို့နယ် မိုင်းပူး ကြီးဒေသတွင် နှစ်ကြိမ်တိုက်ပွဲဖြစ် ပွားရာ RCSS ဘက်မှ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း ၎င်းကဆိုသည်။
-
Sunday 2018-01-14
မြန်မာလိဂ်ပွဲစဉ်(၁)တတိယရက်တွင် တန်းတက်မြ၀တီအသင်းနှင့် မကွေးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်၊ အရှုံးအဖြေမပေါ်ဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။ ဇန်န၀ါရီ ၁၃ ရက်က ရန်ကုန်မြို့ အောင်ဆန်းအားက စားကွင်း၌ ယှဉ်ပြိုင်သည့် အဆိုပါ ပွဲတွင် နှစ်သင်းစလုံး ပြည်ပကစား သမားခေါ်ယူထားခြင်း မရှိ၍ ပြည်တွင်းကစားသမားများဖြင့်သာ ပွဲ ထွက်ခဲ့သည်။
-
Sunday 2018-01-14
ကချင်နိုင်ငံရေးပါတီ သုံးခုသည် ပါတီတစ်ခုတည်းအ ဖြစ် ပေါင်းစည်းရန် နားလည်မှုစာချွန်လွှာကို ဇန်န၀ါရီ ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ကချင်ပါတီ ခေါင်းဆောင်များက ပြောသည်။
ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC)တွင် ပါဝင် သည့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ်ဒီမိုကရေ စီပါတီ(KSDP)၊ ကချင်အမျိုး သားကွန်ဂရက်ပါတီ (KNC)နှင့် လော်ဝေါ်အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (LNUDP)တို့မှ ခေါင်းဆောင်များ မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးရာ ပါတီသုံးခုသည် ပေါင်းစည်းရေး သဘောတူညီခဲ့သည်။
-
Sunday 2018-01-14
နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC -4) တွင် မစ်ဒယ်ဝိတ်တန်း ရွှေ ခါးပတ်ချန်ပီယံဆု ကာကွယ်ပွဲအ ဖြစ် လက်ရှိချန်ပီယံ တူးတူးနှင့် ယူကရိန်းလက်ဝှေ့သမား ဆိုရို ကင်တို့ ထိုးသတ်မည်ဖြစ်သည်။
-
Sunday 2018-01-14
တရုတ်နိုင်ငံဘက်မှ လေ အေးများ ၀င်ရောက်လာ၍ ချင်း ပြည်နယ် အပါအ၀င် ဒေသလေးခု၌ ဇန်န၀ါရီ ၁၅ ရက်အထိ အအေးပိုလာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနက သတင်းထုတ်ပြန်ထားသည်။
ချင်း၊ ကချင်၊ ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး အ ထက်ပိုင်းတို့တွင် ပုံမှန်ထက် အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးသည်။
-
Sunday 2018-01-14
မြန်မာ့လက်ရွေးစင်အ သင်း တိုက်စစ်မှူးအောင်သူသည် Police Tero အသင်းနှင့် ပထမ ဆုံးပွဲထွက်ပါဝင်ခဲ့သည့် ခြေစမ်းပွဲ တွင် ပြိုင်ဘက်ဘန်ကောက် အက်ဖ်စီအသင်းဘက်သို့ နှစ်ဂိုး သွင်းယူခဲ့သည်။
-
Sunday 2018-01-14
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုး သင့်ကြောင်း ညီညွတ်သောတိုင်း ရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ(UNFC)ခေါင်းဆောင် များနှင့် တွေ့ဆုံစဉ် NCA လက် မှတ်ထိုးရှစ်ဖွဲ့ခေါင်းဆောင်များ ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)က တိုက်တွန်းခဲ့သည်။
-
Sunday 2018-01-14
ဇနီးဖြစ်သူ အိန္ဒြာကျော် ဇင်သည် အကယ်ဒမီဆုနှင့် ဝေး ကွာနေသည်မှာ ကြာပြီဖြစ်သော ကြောင့် ရစေချင်ကြောင်း သရုပ် ဆောင် ပြေတီဦးက ပြောသည်။
-
Sunday 2018-01-14
ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်ကို ၁၅ ရက်အတွင်း လုပ်ငန်းပိတ်သိမ်း၍ ထွက်ခွာရမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက နို့တစ်စာ ပေးပို့ခဲ့ ကြောင်း ငှားရမ်းလုပ်ကိုင်သူ TheNational Trading ကုမ္ပဏီလီမိ တက်အုပ်ချုပ်မှုဒါရိုက်တာ ဦး ဌေးအောင်က ပြောသည်။
-
Sunday 2018-01-14
လစ်လပ်နေသော မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးနှစ်နေရာတွင် အစား ထိုးခန့်အပ်ရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မကွေးတိုင်း ဒေသကြီး အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြိုင်မြို့ နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း ဌေးတို့ ရေပန်းစားနေသည်။
-
Sunday 2018-01-14
မြိတ်ခရိုင်၊ တနင်္သာရီ မြို့ရှိ မြို့ဟောင်းနေရာကို ရှေး ဟောင်းဇုန်အဖြစ် ထိန်းသိမ်းရန် သတ်မှတ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇန်နဝါရီ ၁၁ ရက်စွဲဖြင့် အမိန့် ကြော်ငြာစာ ထုတ်ပြန်သည်။
-
Sunday 2018-01-14
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ပန်းတင်လမ်းမကြီးနှင့် လမ်းသွယ်ထောင့်တွင် ဇန်န၀ါရီ ၁၂ ရက် ည ၉ နာရီက Fortuner ယာဉ်တစ်စီး အင်ဂျင်ခန်းအတွင်း ဆီပိုက်ယိုစိမ့်ရာမှ အင်ဂျင်အပူရှိန်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
-
Sunday 2018-01-14
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တာမွေရဲစခန်း တွင် တိုင်ကြားခံထားရသူ ပန် ဆယ်လိုအကောင့်ပိုင်ရှင်သည် ၎င်း၏ ကိုယ်တိုင်အစစ်ခံချက်ကို ဥပဒေအကြံပေးနှင့်အတူ ဇန်န၀ါရီ ၁၃ ရက်၌ ရဲစခန်းသို့ လာရောက်ပေးအပ်ခဲ့သည်။
-
Sunday 2018-01-14
သပိတ်ကျင်းမြို့ရှိ ရွှေ တူး ဖော်ရေးလုပ်ငန်းခွင်တစ်ခုတွင် ကျောက်မိုင်းခွဲရန် ယမ်းချက်နေ စဉ် ယမ်းပေါက်ကွဲ၍ ယမ်းချက်အလုပ်သမားနှစ်ဦး သေဆုံးကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။
-
Sunday 2018-01-14
ပြည်မြို့ ဆံတော်ရပ်ကွက် ဆွေးနွေးဘုရားလမ်းရှိ ရွှေဖလား ဆန်ဆိုင်မှ ကျပ်သိန်း ၈၀၀ ကျော် ခိုးယူသူ ငါးဦးကို ဖမ်းမိသဖြင့် ခိုးမှုဖြင့် တရားစွဲထားကြောင်း ပြည်မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်က ပြောသည်။
-
Sunday 2018-01-14
တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ်ဦး (ABSDF)က မြို့နယ်သုံးခု၌ ပြု လုပ်ရန် စီစဉ်ထားသည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးအကြိုလူထုဆွေးနွေးပွဲများ တားမြစ်ခံရကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။