အတွဲ (၁၆)၊ အမှတ် (၄၈)

Issue Date: 
Thursday, February 8, 2018
Myanmar Date: 
၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ ဗုဒ္ဓဟူး၊ (ဖေဖော်ဝါရီ ၇၊ ၂၀၁၈)
Publication: 
7Day News

List of stories

  • Thursday 2018-02-15
    ဆုရှ်မာဆဝါရက်သည် အိန္ဒိယ နိုင်ငံရေးသမားဖြစ်ပြီး လက်ရှိ အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန် ကြီး (နိုင်ငံခြားရေးဝန်ကြီး)ဖြစ် သည်။ 
  • Thursday 2018-02-08
    ‘‘ပညာရေးဝန်ကြီးဌာနက Quality Education ကိုအကောင် အထည်ဖော်ဖို့အတွက် သတင်းအ ချက်အလက်တွေသည် တိကျဖို့ လိုတယ်။ မှန်ကန်ဖို့လိုတယ်။ ပြည့်စုံဖို့အရေးကြီးတယ်။ မမှန် မကန်၊ မပြည့်စုံဘဲ လုပ်နေလို့ မရ ပါဘူး။ ပညာရေးဝန်ကြီးဌာနကို တင်ဖို့အတွက် အမှားပုံစံကတစ် မျိုး၊ လက်ထဲမှာ ကိုင်ထားဖို့ပုံစံ အမှန်က တစ်မျိုးနဲ့လုပ်နေသရွေ့ ကတော့ ကျွန်တော်တို့ပညာရေး သည် အရည်အသွေးတိုးတက် အောင်လုပ်ဖို့ အကောင်အထည် ဖော်ဆောင်ရွက်လို့ရမှာမဟုတ် ဘူး’’တဲ့။ ဇန်န၀ါရီ ၂၈ ရက်က ရန် ကုန်တိုင်းဒေသကြီး အထက(၄) အလုံတွင် ကျင်းပသည့်ပညာရေး ၀န်ထမ်းများအတွက် Effective Education Management ဟော ပြောပွဲအဖွင့်အမှာစကားအဖြစ် ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး က ယင်းသို့ထည့်သွင်းပြောကြား ခဲ့တာလို့ဆိုပါတယ်။ ‘‘ယနေ့ ကျောင်းတွေတော်တော်များများ မှာ ကျောင်းအုပ်ကြီးရုံးခန်းမရှိပါ ဘူး။ ဆရာ၊ ဆရာမအိမ်ရာမရှိပါ ဘူး။ ဒါကြောင့် ကျောင်းဆောင်လို့ ပြောလို့ရှိရင် ကျောင်းအုပ်ကြီးက လည်း ရုံးခန်းအတွက်ယူထား တယ်။ သူနေဖို့အတွက် အိမ်ခန်း ကလည်း ယူထားတယ်။ ဆရာ၊ ဆရာမကလည်း နေစရာအိမ်ရာ မရှိတဲ့အတွက် အိမ်ခန်းတွေယူ ထားတဲ့အခါကျတော့ စာရွက်ပေါ် က ကျောင်းဆောင်နဲ့၊ စာသင်ခန်း အရေအတွက်နဲ့ လက်တွေ့မြေပြင် ပေါ်က အခြေအနေနဲ့လည်း မတူ ဘူး’’ တဲ့။
  • Wednesday 2018-02-07
    မြန်မာနိုင်ငံ၌ နိုင်ငံတကာလေဆိပ်သစ်တစ်ခုကို ၂၀၂၀ တွင်ဖွင့်လှစ် မည်ဖြစ်၏။ လေဆိပ်ဆောက်လုပ် မည့် အစီအစဉ်များကို လာမည့်လတွင် နောက်ဆုံးအချောသပ်တော့ မည်ဟု လေကြောင်းဦးစီးဌာနက ပြောကြားခဲ့သည်။
  • Thursday 2018-02-08
    (တစ်) ကျွန်တော့်မှတ်စုစာအုပ်ကလေး တစ်နေရာကို လှန်လှောကာ ကြည့်လိုက်မိတော့ အဆိုအမိန့်ကလေး တစ်ခုက မြင်ကွင်းထဲသို့ ဝင် ရောက်လာပါသည်။ အင်္ဂလိပ်ဘာ သာဖြင့် ရေးမှတ်ထားခဲ့မိသည့် စာ ကိုးစကားကိုးကလေး။ Three things tell a man; his eyes, his friends and his favourite quote. တဲ့။ ချစ်စရာ အကိုးအကားက လေး။ လူတစ်ယောက်သည် မည် သို့သော လူတစ်ယောက်ဖြစ်သ နည်းဆိုသည်ကို အချက်သုံးချက် က ပြပါလေသတဲ့။ တစ်က ထိုသူ ၏မျက်လုံး၊ နှစ်က ထိုသူ့ကို ဝန်းရံ နေသည့်အပေါင်းအသင်း ရောင်း ရင်းသူငယ်ချင်း၊ သုံးက ထိုသူ ကြိုက်တတ်သည့် စာကိုး၊ စကား ကိုးတဲ့။
  • Wednesday 2018-02-07
    ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာ လမ်း စတုဘုမ္မိကမဟာသတိပဋ္ဌာန်ကျောင်းတိုက် ပဓာနနာယက ပြည်သာယာဆရာတော် ဘဒ္ဒန္တကုမာ ရ၏ စာအုပ်ဖြစ်သည်။ ဆရာတော်သည် သာသနဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူဘွဲ့နှင့် ကမ္မဌာနာစရိယဘွဲ့ကို ဆက်ကပ်ချီးမြှင့်ခံထားရသော ပရိယတ္တိ၊ ပဋိပတ္တိနှစ်ဖြာ ဖြန့်ဝေပေးနေသော သူတော်စင်မြတ်တစ်ပါး လည်းဖြစ်ပါသည်။
  • Thursday 2018-02-08
    ဆောင်းကြက်သွန် ထွက်ချိန် မတ်လရောက်ရန် တစ်လသာ လိုတော့ ချိန်တွင် အောင်လံမြို့မှကြက်သွန် စိုက်တောင်သူဦးဝင်းဦး၏ မျှော် လင့်ချက်များ တစ်စတစ်စ အ ရောင်ဖျော့လာပြီဖြစ်သည်။ စိုက် ခဲ့သည့်သက်တမ်း ၁၀ နှစ် အတွင်း ကြက်သွန်ထွက်ခါနီးတိုင်း ယခုလို မရေမရာအခြေအနေမျိုး ဖြစ်ခဲ့ သည်မှာ သုံးကြိမ်ထက်မနည်းရှိခဲ့ ပြီ။ ရာသီဥတုဖျက်မှာ စိုးရိမ်ရ၊ ရာသီဥတုကောင်း၍ ကြက်သွန်အ ထွက်ကောင်းပြန်တော့လည်းဈေးမရမှာစိုးရိမ်ရနှင့် ကြက်သွန်နီ ရာသီတိုင်း သူရင်ခုန်ခဲ့ရသည်။ ယမန်နှစ်အောက်တိုဘာအ တွင်း စိုက်ပျိုးခဲ့သည့်မိုးကြက်သွန် များထွက်ချိန်နှင့် ဆောင်းကြက် သွန်ပင်ပျိုးပင်စထွက်ချိန်များတွင် အချိန်အခါမဟုတ်မိုးများ ရွာသွန်း ခဲ့သဖြင့် ကြက်သွန်နီစိုက်ခင်းများ ပျက်စီး၍ ပြည်တွင်းကြက်သွန်နီ ဈေးနှုန်း နှစ်ကြိမ်တိုင်တိုင် မြင့် တက်ခဲ့သည်။ပုံမှန်အားဖြင့် ကြက်သွန်နီတစ်ပိဿာ ကျပ် ၂,၀၀၀ ဈေးသာရှိသော်လည်း ယမန်နှစ် ဒီဇင်ဘာအတွင်း တစ်ပိဿာလျှင် ကျပ် ၃,၈၀၀၊ ဇန်န၀ါရီနှစ်ဆန်း ပိုင်းတွင်မူ ကျပ် ၅,၀၀၀ခန့်ရောက်ရှိလာသည်။
  • Wednesday 2018-02-07
    အကောင်ရေတဖြည်းဖြည်း လျော့နည်းလာနေသည့် ဆင်များကိုကာကွယ်ထိန်းသိမ်းနိုင်ရန် ပဲခူးရိုးမတွင် ရဲနွယ်ဆင်ဘေးမဲ့တောနှင့် ဆင်ဆေးရုံ တည်ဆောက်ခြင်း၊ တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်မှုကို ကာကွယ် ထိန်းသိမ်းခြင်း ဆောင်ရွက်နေသော မင်္ဂလာမြန်မာအဖွဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာဖုန်းဝင်းနှင့် တွေ့ ဆုံမေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။ မင်္ဂလာမြန်မာကို စတည်ထောင် ဖြစ်ပုံကို ပြောပြပေးပါ။
  • Thursday 2018-02-08
    အေးမြတဲ့ ဆောင်းရက်တစ်ရက်မှာ စာရေးသူဟာ သစ်သီးဝလံများ ကုန်သွယ်မှု ပြုလုပ်တဲ့ အရှေ့မြောက်တံခါး အများပိုင် ကုမ္ပဏီရဲ့ ဖိတ်ကြားမှုဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက မြန်မာပိုင်နက်နဲ့ မလှမ်းမကမ်းမြို့တွေကို အလည်အပတ် ရောက်ခဲ့ပါတယ်။ လေယာဉ်တစ်တန်၊ မော်တော်ကားတစ်တန်နဲ့ပါ။ စာရေးဆရာအဖွဲ့ထဲမှာ ဝါအကြီးဆုံးဖြစ်တဲ့ ဆရာမောင်ကိုကို (အမရပူရ) ကလည်း အအေးဒဏ်ကို အန်တုလို့ လိုက်ပါခဲ့ပါတယ်။ လေးရက်တာ လည်ပတ် ကြည့်ရှုခွင့်ရပြီး မြန်မာနိုင်ငံကို ပြန် ရောက်ချိန်မှာ မိတ်ဆွေတချို့မေး တာက တရုတ်နိုင်ငံက မြန်မာနိုင်ငံ ထက် ဘာတွေသာသလဲဆိုတဲ့ စကားဖြစ်ပါတယ်။ စာရေးသူက တော့ ဖေ့စ်ဘွတ်ခ်စကား ငှားသုံး ရရင် တရုတ်ကို ခပ်ချေချေပါပဲ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို မမီသေးပါဘူးလို့ ခပ်ပြတ်ပြတ်ပဲ ဖြေလိုက်ပါတယ်။ ဟုတ်ပါတယ်။ စာရေးသူတို့ မြန်မာနိုင်ငံသားတွေ နံနက်အိပ်ရာကထလို့ ညဥ့်နက် သန်းခေါင်အထိ ဖေ့စ်ဘွတ်ခ်ကို အားရပါးရ သုံးနိုင်ပါတယ်။ အ ကောင့်တစ်ခုနဲ့ အားရရင် အ ကောင့်တု၊ အကောင့်ပုန်းတွေနဲ့ စိတ်ကြိုက်သုံးစွဲနိုင်ပါတယ်။ စာ ရေးသူတို့လို ဖေ့စ်ဘွတ်ခ်ကိုလွတ် လွတ်လပ်လပ် မသုံးစွဲနိုင်တာ သူ တို့ကမမီသေးတဲ့ အချက်ပေါ့ လို့ ပြောတော့ အားလုံးပြုံးစိစိ ဖြစ် ကြပါတယ်။
  • Thursday 2018-02-08
    နှစ်သစ်၏ ပထမလ ဖြစ်သော ကုန်လွန်ခဲ့သည့် ဇန်နဝါရီအတွင်း စီး ပွားရေး လုပ်ငန်းရှင်တစ်ဦးနှင့် စကားလက်ဆုံကျခဲ့ရာ ၎င်းက ယခုအခါ စီးပွားရေးလုပ်ငန်းများ ကျ ဆင်းမှုရှိကြောင်း၊ အရောင်းအ ဝယ်မကောင်းကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလည်း သိသိသာသာ တိုးတက်မှုမရှိသည့်အပြင် ရခိုင် ပြည်နယ် ဘင်္ဂါလီကိစ္စကြောင့် စီး ပွားရေးထပ်မံပိတ်ဆို့ခံရမှာ စိုးရိမ် နေရကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသည်ပင် ဂျက်လေ ယာဉ်ပျံတက်သလို Take off ရပြီး အရှိန်မြင့်တက်တော့မည်ဆိုပြီးမှ မှန်းသလောက်တိုးတက်မှုမရှိ သည်ကို ဝန်ခံလာရကြောင်း၊ ထို့ အပြင် ၎င်းဝန်ကြီးကပင် ‘ထပ်မံ တိုးပွားလာမည့် လူဦးရေနှင့် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် လိုအပ်ချက် တွေ ဖြည့်ဆည်းပေးဖို့ နောက်ထပ် လယ်ယာမြေသစ်တွေ ဖော်ထုတ် ရန် အရေးတကြီးလိုအပ်ကြောင်း’ ပြောကြားခဲ့သော်လည်း ရန်ကုန် တိုင်းဒေသကြီး၌ လယ်ယာမြေ ဧကပေါင်း သောင်းနှင့်ချီသိမ်း ဆည်းပြီး မြို့သစ်တည်ဦးမည်ဟု သိရှိရပြန်၍ မြေယာပေါ်လစီတွေ ရှေ့နောက်မညီသလို ဖြစ်နေ ကြောင်း၊ စက်သုံးဆီဈေးနှုန်းမှာ လည်း ၂၀၁၆ ခုနှစ်တွင် တစ်လီ တာ ကျပ် ၅၀၀ ခန့်မှ ၂၀၁၇ ခုနှစ် တွင် တစ်လီတာ ကျပ် ၈၃၀ ကျော်အထိ မြင့်တက်လာ၍ ကုန်ဈေး နှုန်းတွေ တက်လာကြောင်း စသည်ဖြင့် ပြောကြားသံကြားရ၏။
  • Thursday 2018-02-08
    မန္တလေးတိုင်းရှိ အစိုးရဌာနများe Government လုပ်ငန်းများဖော်ဆောင်ရာတွင် အထောက်အကူ ပြုရေး ၎င်းတို့၏ ၀န်ထမ်းများကို ဒစ်ဂျစ်တယ်နည်းပညာသင်တန်း ပို့ချပေးရန် တောင်းဆိုပါက အခ မဲ့ သင်ကြားမည်ဖြစ်ကြောင်း မန္တလေးတိုင်းကွန်ပျူတာ ပညာ ရှင်အသင်းဥက္ကဋ္ဌ ဦးဥက္ကာကျော် က ပြောသည်။
  • Thursday 2018-02-08
    အဝေးပြေးယာဉ်လိုင်း ၂၁ ခု၏ ခရီးစဉ်လက်မှတ်များကို စိတ် ကြိုက်ခုံနံပါတ်ရွေးချယ်၍ အွန် လိုင်းမှ ၀ယ်ယူနိုင်ကြောင်း mm-busticket ကုမ္ပဏီက ကြေညာ သည်။
  • Wednesday 2018-02-07
    နိုင်ငံပိုင်လေကြောင်း လိုင်းတစ်ခုဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် မတ်လ ၂၅ ရက်က စတင်ကာ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ လေကြောင်းခရီး စဉ်သစ် တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
  • Wednesday 2018-02-07
    ဥရောပခရီးသွားဧည့်သည် အ၀င်နည်းသော်လည်း အာဆီယံ အပါအ၀င်တရုတ်၊ ဂျပန်နှင့် ကိုရီး ယားနိုင်ငံများမှ ခရီးသွားဝင် ရောက်နှုန်းမြင့်လာကြောင်း ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးဦးခင်မောင် စိုးက ပြောသည်။
  • Wednesday 2018-02-07
    ညောင်ချောင်းသာကမ်းခြေ ကို ဒေသတွင်းစီးပွားရေးလုပ်ငန်း အစုအဖွဲ့က တစ်ရာသီအတွက် ကျပ်သိန်း ၉၀၀ ဖြင့်လေလံရယူ ခဲ့ကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးအောင်မျိုးဝင်းက ပြောသည်။
  • Thursday 2018-02-08
    အပြည်ပြည်ဆိုင်ရာ အင်တာနက် စနစ်ဝင်ပေါက်၊ ထွက်ပေါက်ဝန် ဆောင်မှု (International Gate- way) လုပ်ကိုင်ဆောင်ရွက်ရန် ၂၀၁၈ ဇန်န၀ါရီတွင် ပြည်တွင်း ကုမ္ပဏီ Global Technology ကို စစ်ဆေးပြီး လုပ်ကိုင်ခွင့်ပြုခဲ့ ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမျိုးဆွေကပြောကြား သည်။ ဆက်သွယ်ရေးကုမ္ပဏီ ၁၀ ခုနှင့်အထက်ကို Gateway လိုင် စင်ချထားပေးပြီးဖြစ်ကာ ဆက် သွယ်မည့် Gateway တည် ဆောက်မှုပြီးစီးကြောင်းနှင့် စစ် ဆေးမှုခံယူရန် လာရောက်တင်ပြ ထားသည့် ကုမ္ပဏီအရေအတွက် လေးခုရှိကြောင်း ဦးမျိုးဆွေက ပြောသည်။
  • Thursday 2018-02-08
    စမတ်ဖုန်းပေါ်မှတစ်ဆင့် နေအိမ် တစ်ခုလုံး၏ ဆောင်ရွက်ချက်များ ကိုထိန်းချုပ်နိုင်မည့်Smart Homeနည်းပညာကို တောင်ကြီးနည်း ပညာတက္ကသိုလ် အီလက်ထရွန် နစ်မေဂျာ စတုတ္ထနှစ်ကျောင်းသား များက စုပေါင်းတီထွင်ခဲ့သည်။
  • Thursday 2018-02-08
    ဆက်သွယ်ရေးအော်ပရေတာများ ၀င်ငွေ၏ ၂ ရာခိုင်နှုန်း ကောက်ခံ ကာ ပြန်လည်အသုံးပြုသင့်သည့် ကဏ္ဍများကို အရပ်ဘက်အဖွဲ့အ စည်းများစုပေါင်း၍ အကြံပြုချက် ပေးပို့မည်ဟု နည်းပညာဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း MIDO မှ မထိုက်ထိုက်အောင်က ပြောကြား သည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနသည် ဝေးလံခေါင် ဖျားသည့်ကျေးလက်ဒေသများ တွင် ဆက်သွယ်ရေးကွန်ရက်တည် ဆောက်ရန် အော်ပရေတာများထံ မှ ၀င်ငွေ၏ ၂ ရာခိုင်နှုန်းကောက်ခံမည်ဟု ၂၀၁၈ ဇန်န၀ါရီတွင် ကြေ ညာသည်။
  • Thursday 2018-02-08
    ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် ပညာသင်ဆု
  • Wednesday 2018-02-07
    ချားလ်စ်ပူဒီမွန့်  ဦးဆောင်တဲ့၊ လွတ်လပ်ရေးလိုလားတဲ့ အစိုးရအဖွဲ့ သစ်ဟာ ကတ်တာလန်လွှတ်တော် မှာ ရွေးကောက်ခံရပါတော့မယ်။ ကတ်တာလိုနီးယားဒေသရဲ့ လွတ် လပ်ရေးအတွက် ကြိုးပမ်းမှုမှာ သမ္မတဟောင်း အာသာမက်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍဟာ အများ ကြီး အာရုံစိုက်ခံလာရပါတယ်။ မက်စ်ရဲ့ လူကြိုက်များမှုကြောင့် သူဟာ ၂၀၀၃ ကနေ ၂၀၁၅ အထိ ငါးကြိမ်ဆက်တိုက် ရွေးကောက်ပွဲ အနိုင်ရခဲ့ပါတယ်။ သူဟာ ၂၀၁၀ ကနေ ၂၀၁၆ အထိ ကတ်တာလို နီးယားဒေသရဲ့ အစိုးရအဖွဲ့သမ္မတ အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး တော့ သူ့ရဲ့ရာထူးသက်တမ်းအ တွင်း စပိန်ဆီက အဲဒီဒေသ လွတ်လပ်ရေးအတွက် တောင်းဆို မှုတွေ မြင့်တက်ခဲ့ပါတယ်။ မက်စ် ဟာ ၂၀၁၈ ဇန်နဝါရီ ၉ ရက်က ကတ်တာလန် ဥရောပဒီမိုကရက် တစ်ပါတီ (PDe CAT) ရဲ့ ခေါင်း ဆောင်ရာထူးက ဆင်းခဲ့ပါတယ်။ သူဟာ အဲဒီမတိုင်ခင် ၂ နှစ်က လည်း အဲဒီလိုမျိုးပဲ ဥက္ကဋ္ဌရာထူး က ဆင်းခဲ့ပြီးတော့ သူ့အရိုက်အ ရာကို ဆက်ခံမယ့်သူအနေနဲ့ ကတ်တာလိုနီးယားဒေသရဲ့ လက်ရှိ ခေါင်းဆောင် ချားလ်စ်ပူဒီမွန့်ကို သတ်မှတ်ပေးခဲ့ပါတယ်။
  • Thursday 2018-02-08
    အာရှတစ်ဝန်းတွင် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ရှေ့တန်းရောက် နိုင်ငံကြီးများအနေဖြင့် သက်သာသောလုပ်အားခ၊ သဘာဝသယံဇာတ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ အစရှိသည့် အခွင့်အလမ်းကောင်းများ ကို အပြိုင်ရှာဖွေနေကြသည်။ အို ဟောင်းပြီး စိတ်ဝင်စားစရာ မရှိလှ သည့် ဈေးကွက်တစ်ခုအဖြစ်မှ အ လားအလာ ကောင်းမွန်သော ဈေးကွက်တစ်ခုအသွင် ပြောင်းလဲလာ သည့် နိုင်ငံမျိုးသည် အမြတ်အစွန်းကြီးကြီးမားမား ဖန်တီးပေးနိုင် ကြောင်း ၎င်းတို့ ကောင်းစွာ သိ ထားပြီးဖြစ်သည်။ Globalization 2.0 ခေတ်ဟု ရည်ညွှန်းသော ကာ လမျိုးတွင် ဖွံ့ဖြိုးပြီးဖြစ်သော၊ ရင်းနှီးမြှုပ်နှံနိုင်စွမ်းကြီးမားသော နိုင်ငံများသည် နိုင်ငံရပ်ခြားတွင် မီး ရထားလမ်း၊ ကားလမ်းများ၊ တံတားများ၊ ဓာတ်အားပေးစက်ရုံ များ၊ လေဆိပ်များ၊ စက်မှုဇုန်များ တည်ဆောက်ရေးအတွက် ချီတက်ကြသည်။ လုံးဝဥဿုံ ပြောင်းလဲလာသည့် အသိုက်အဝန်းသစ်များ ကို မျက်စိကျလာကြသည်။ တရုတ်နှင့် ဂျပန်တို့သည် နိုင်ငံရပ်ခြား တိုင်းပြည်များ၌ အ ခြေခံအဆောက်အအုံနှင့် အခြားသော ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအ တွက် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ နေကြသော စီးပွားရေး အင်အားကြီးနိုင်ငံများ ဖြစ်ကြသည်။ မြန်မာ သည် ၎င်းတို့အတွက် အထင်ကရ အားပြိုင်ရာ နယ်မြေတစ်ခု ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အပြိုင်အ ဆိုင် ကြိုးစားခြင်းသည် စစ်မြေပြင် တွင် နှစ်နိုင်ငံစစ်တပ်များ အပြိုင် စစ်ခင်းခြင်းကြသည့်နှယ် ဗျူဟာ အမျိုးမျိုးနှင့် အရေးတကြီးအသွင် ဆောင်လာခဲ့သည်။
  • Wednesday 2018-02-07
    သောင်လွန်စီဆိုလစ်သ်သည် လာ အိုနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ ကစ၍ လာအိုနိုင်ငံ၏ ဝန် ကြီးချုပ်တာဝန် ထမ်းဆောင်နေ သည်။ 
  • Wednesday 2018-02-07
    ဆီးရီးယားစစ်ပွဲတွင် အိုက်အက်စ် အဖွဲ့ရှုံးနိမ့်ခြင်းမှနေ၍ ယင်းစစ်ပွဲ အဆုံးသတ်မည် (သို့မဟုတ်) ရိုးရိုးရှင်းရှင်းဖြစ်မည်ဟု ထင်ပါက မှား ပါလိမ့်မည်။
  • Thursday 2018-02-08
    အနည်းဆုံးအခကြေးငွေ အဆို ပြုနှုန်းကန့်ကွက်လွှာများနှင့်ပတ် သက်၍ ကွင်းဆင်းညှိနှိုင်းရာတွင် အလုပ်ရှင်၊ အလုပ်သမားသဘော ထားကွဲလွဲမှုများ ဆက်လက်ဖြစ် ပေါ်နေကြောင်း တိုင်းဒေသကြီး နှင့် ပြည်နယ်ကန့်ကွက်လွှာစိစစ် ရေးကော်မတီ အဖွဲ့ဝင်အချို့က ပြောသည်။
  • Wednesday 2018-02-07
    အနုပညာလောက၊  အမိမြေနှင့် ၁၄ နှစ်ကြာ ဝေးကွာခဲ့သော ဖိုက် တင်မင်းသား ရဲမင်းပိုင်မှာ ဇန်နဝါ ရီ ၃၁ ရက်နေ့လယ်တွင် ၎င်း၏ဇာ တိမြေသို့ ပြန်လည်ရောက်ရှိလာခဲ့ သည်။ အမိမြန်မာပြည်သို့ ရောက် ရှိပြီး ချက်ချင်းပင် ရွှေတိဂုံစေတီ တော်သို့ သွားရောက်ဖူးမြော်ပြီး မိဘနှစ်ဦးကို သွားရောက်တွေ့ဆုံ ခဲ့သည်။ မြန်မာပြည်ကို ပြန်လည် ရောက်ရှိလာသည့် ရည်ရွယ်ချက် သည် အနုပညာအလုပ်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ပြန်လည်လုပ်ကိုင်ရန်အပြင် ကိုယ် လုံသင်တန်းကျောင်း    ဖွင့်ရန် ရောက်ရှိလာခြင်းဖြစ်ပြီး မကြာမီ အကောင်အထည်ဖော်ရန်ရှိ ကြောင်း တစ်ခေတ်တစ်ခါက ဖိုက် တင်ဇာတ်ရုပ်များဖြင့် အောင်မြင် မှုရရှိခဲ့သည့် သရုပ်ဆောင် ရဲမင်းပိုင်က ပြောသည်။ ထို့ကြောင့် ဖိုက်တင်သရုပ်ဆောင်   ရဲမင်းပိုင်နှင့် တွေ့ဆုံ၍ မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။   
  • Thursday 2018-02-08
    ယခုတစ်ပတ်လွှတ်တော် တွင် ဒုတိယအကြိမ် လွှတ်တော် (၂) နှစ် ပြည့်အခမ်းအနားကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်တက်ရောက် အမှာစကားပြောကြားခဲ့သည်။ အ စည်းအဝေးများတွင် ဗဟိုဘဏ် အတိုးနှုန်းသတ်မှတ်မှုလျှော့ချရေး အဆိုပြုချက်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ ကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုခြင်း နှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အစိုးရ ၏ ကြွေးမြီဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ ထင်ရှား သည်။
  • Thursday 2018-02-08
    ပဲခူးတိုင်းရှိ နေရာငါးခုတွင် သားအိမ်ခေါင်းကင်ဆာအခမဲ့ စစ်ဆေးခြင်း၊ ကုသခြင်းနှင့် ကြိုတင်ကာကွယ်ရေး ပညာပေးအစီအစဉ်များကို Raphael International အဖွဲ့က ပြုလုပ်မည်ဖြစ်သည်။
  • Thursday 2018-02-08
    ဘီပီအိုင်စက်ရုံရှိအဆောက် အအုံဟောင်းများကို ပြန်လည်မွမ်း မံ၍ ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ သုံးခုနှင့်ပူးပေါင်းကာ ဘီပီအိုင်ဆေးဝါးများတိုးမြှင့်ထုတ်လုပ်မည်ဟု စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူးဦးကိုကိုအောင်က ပြောသည်။
  • Wednesday 2018-02-07
    Love Scene (ချစ်ခန်း ကြိုက်ခန်း) များ တစ်ခါမျှ မရိုက်ဖူးသော်လည်း ‘ဥပါယ်တံမျဉ်’ ရုပ်ရှင်တွင် လက်ခံရိုက်ကူးခဲ့သဖြင့်   အမျိုးသားကို အားနာစိတ်မကောင်းဖြစ်ရ ကြောင်း သရုပ်ဆောင်သက်မွန် မြင့်က ပြောသည်။
  • အီးစီးကရက်သုံးစွဲမှုထိန်းချုပ်ရေးနှင့်ပတ်သက်သော အကြံပြုလွှာများကို ကျန်းမာရေး၊ ပြည်ထဲရေးနှင့်ကုန်သွယ်ရေးဌာနများသို့ တင်ပြမည်ဟု   ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်ကပြောကြားသည်။
  • Thursday 2018-02-08
    အင်းစိန်မြို့နယ် ဘီပီအိုင်ဆေးဝါးစက်ရုံမှ ယခုနှစ်တွင်မြွေဆိပ်ဖြေဆေးအလုံးရေ တစ်သိန်းထုတ်လုပ်မည်ဟု စက်မှုဝန်ကြီးဌာနမြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောသည်။

Pages