အတွဲ (၁၇)၊ အမှတ် (၁)

Issue Date: 
Thursday, March 8, 2018
Myanmar Date: 
၁၃၇၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်၊ ဗုဒ္ဓဟူး၊ (မတ် ၇၊ ၂၀၁၈)
Publication: 
7Day News

List of stories

  • Thursday 2018-03-08
    ပြီးခဲ့သည့်တစ်ပတ် လွှတ်တော် အစည်းအဝေး များတွင် ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအမျိုးသားစီမံကိန်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အ တည်ပြုခြင်း၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေစာရင်း (OA)များနှင့်ပတ်သက်၍ ဆွေးနွေးခြင်းများက ထင်ရှားသည်။ 
  • Thursday 2018-03-08
    လူနာအခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးထားသော စိတ် ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ကို ရှေ့နေချုပ်ရုံးသို့ တင်ပြထား ကြောင်း ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ ပါမောက္ခ ဌာနမှူး ဒေါက်တာတင်ဦးက ပြောသည်။
  • Thursday 2018-03-08
    အနည်းဆုံး အခကြေးငွေနှုန်းထား အတည်ပြုပြီးပါက ပြည်တွင်းအ လုပ်ရှာဖွေမှု သိသာစွာများပြား လာနိုင်ကြောင်း အလုပ်သမားအ ရေး ဆောင်ရွက်သူများနှင့် အလုပ် အကိုင်ရှာဖွေရေး အေဂျင်စီများ က ပြောသည်။
  • Thursday 2018-03-08
    မြန်မာနိုင်ငံတယ်လီကွန်း ဈေးကွက်အတွင်း ဆင်းမ်ကတ် သန်း ၅၀ ကျော်ရောင်းချပြီးချိန် တွင် ကန်ဒေါ်လာ နှစ်ဘီလီယံရင်းနှီးမြှုပ်နှံထားသည့် ဆက်သွယ်ရေး အော်ပရေတာအသစ် MYTEL ထပ်မံဝင်ရောက်လာသည်။
  • Thursday 2018-03-08
    ဧကရှစ်ထောင်ဆိုသည် မှာ ရန်ကုန်တိုင်းဒေသ ကြီးရှိ ဒဂုံမြို့သစ် သုံးမြို့နယ်ဖြစ်သော ဒဂုံ(ဆိပ် ကမ်း)၊ ဒဂုံ(တောင်)နှင့် ဒဂုံ (အ ရှေ့)မြို့နယ် သုံးမြို့နယ်မှ မြေ ဧက စုစုပေါင်း ၈,၄၀၀ ခန့်ကို ဆိုလိုပေသည်။ ‘ယောင်တောင် တောင်’ဟူသည်မှာ ယခင်အစိုးရ လက်ထက်မှ ယခုတိုင် ပြတ်သား မှုမရှိသော မြေယာစီမံခန့်ခွဲမှုစနစ် ကို ဆိုလိုပါသည်။ နောင်တွင် ဆုံး လိမ့်မည်ဆိုခြင်းမှာ အစိုးရမြေဖြစ် သော လန (၃၉)ရရှိပြီးသည့်မြို့ မြေများအား နောင်တွင် လက် လွှတ် ဆုံးရှုံးခံရတော့မည့်ကိန်း ဆိုက်ရောက်နေသော အခြေအ နေကို ဆိုလိုခြင်းဖြစ်ပါသည်။
  • Thursday 2018-03-08
    ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့ ကို ရေပေးဝေလျက်ရှိသည့် ဂျိုးဖြူ ရေတွင် မစင်များပါနေသည်ဟူ သော သတင်းတစ်ပုဒ်မှာ အတော် လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်။ မီဒီ ယာစာမျက်နှာများ၊ လူမှုကွန်ရက်  ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် နေရာယူ နေခဲ့သည်။ ပြောသူက အသည်း အထူးကု ဆရာဝန်ကြီးဆိုတော့ ကြားကြားချင်း ဂျိုးဖြူရေသောက် သုံးနေရသူများ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။ နောက်ရက် များတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ရေနှင့် သန့် ရှင်းရေးဌာနမှူးက စည်ပင်သာယာက ပေးဝေနေသည့် ရေများတွင် မစင်ပိုးမပါဝင်ကြောင်း ပြန်လည်ဖြေရှင်းသည်။ အသည်း အထူးကု ဆရာဝန်ကြီးကလည်း လွန်ခဲ့သည့် အနှစ် ၂၀ က စစ်ဆေးခဲ့ဖူးသည့် အချက်အလက်များအရ ပြောခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်လာသကဲ့သို့ ဂျိုးဖြူရေထဲတွင် မစင်ပါသည်ဟု သူမပြောခဲ့ ကြောင်း စာနယ်ဇင်းရှင်းလင်း သည်ဟုသတင်းများလည်း ထွက် ပေါ်လာခဲ့သည်။ ထို့နောက်ပိုင်း ပြည်သူများက အသည်းအထူးကု ဆရာဝန်ကြီးကို လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြ သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး မည်သူမှားသည်၊ မှန်သည်ဟု ရွှေလက်မဆုံးဖြတ်လိုပါ။ သေချာ သည်ကတော့ ယင်းဖြစ်စဉ်ကြောင့် ရွှေလက်ခေါင်းထဲအလန်းတစ်ခု မြည်လာသည်။ ပြည်သူအများစု လည်း ထိုသို့ ခံစား ရပေလိမ့်မည်ဟု ထင်သည်။ အဲဒီ အလန်းကတော့ ‘ရွှေလက်တို့ အသုံးပြုနေရသည့် ရေများ ဘယ်လောက်သန့်ရှင်းလို့ ဘယ်လောက်ညစ်ညမ်းနေပြီလဲ’ ဟူ၍ဖြစ်သည်။
  • Thursday 2018-03-08
    ‘အိုက်စ်’ ဆိုသည့်စကားကို မြန်မာနိုင်ငံမှာကြားလျှင် လူငယ် များအချင်းချင်းနောက်ပြောင်ကြ သောဗန်းစကားတစ်ခုဟုသာထင် ပါလိမ့်မည်။ သို့သော် အမေရိကန် နိုင်ငံက တရားမ၀င်နေထိုင်သူများ အတွက် အိုက်စ်သည်မိုးကြိုးသွား အလားအားလုံးတုန်လှုပ်ကြောက် ရွံ့ရသောအသုံးဖြစ်၏။ အထူးသ ဖြင့် ယနေ့အချိန်တရားမ၀င်ရွှေ့ ပြောင်းအခြေချသူများကို အမေ ရိကမှ အကုန်နှင်ထုတ်ပစ်မည်ဟူ သော သမ္မတထရန့်အမိန့်ဖြင့် အိုက်စ်(ICE)ခေါ် အမေရိကန်လူ ၀င်မှုနှင့် အကောက်ခွန်ဌာနတပ် ဖွဲ့များက နေရာတကာမှာ အဖမ်းအဆီးများ ပိုကြမ်းလာသဖြင့် အိုက်စ်ဆိုသည့်အသံသည် သေ မင်းကဲ့သို့ ချောက်ချားစရာစကား လုံးဖြစ်လာသည်။
  • Thursday 2018-03-08
    (တစ်) ဖားကန့်က လောင်းကစားဆန်ပါ သည်။ ကြွေတစ်လက်ကြက်တစ် ခုန်။ ကြွေအန်ကစားသမားတစ် ယောက်၏ ဘဝလို၊ ကြက်သမား တစ်ယောက်၏ ဘဝလို စက္ကန့်ပိုင်း ကလေးအတွင်း မိနစ်ပိုင်းကလေး အတွင်း မျက်တောင်တစ်ခတ် လျှပ်စီးတစ်ပြက် အချိန်ကလေးမှာ အခုသူဌေး၊ အခုခွေးဖြစ်သွားနိုင် ပါသည်။
  • Thursday 2018-03-08
    ၂၀၁၈ဖေဖော်ဝါရီ ၁၄ ရက်ထုတ် 7Day News ဂျာနယ်အတွဲ (၁၆)အမှတ် (၄၉)မှာပဲ အမှိုက်နှင့်ပတ်သက်သည့် ဆောင်းပါးနှစ်ပုဒ်တစ်ပြိုင်နက် ဖတ်လိုက်ရ သည်။ တစ်ပုဒ်က ကျွန်တော်တို့ နိုင်ငံကို အမှိုက်ကင်းစင်ပြီး သန့်ရှင်းလှပသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေဖို့ ဘာတွေလုပ်သင့်သလဲ၊ ဘာတွေအတုယူသင့်သလဲဆိုတာ အကြံပြုထားသည့် ဆောင်းပါးဖြစ် သည်။ နောက်တစ်ပုဒ်ကတော့ အ တွေးအခေါ်မှား၊ အယူဆမှားတွေကို အမှိုက်နှင့်နိမိတ်ပုံပြုပြီး ခေါင်းထဲ မထည့်မိဖို့ လှလှပပ သတိပေးထားသည့် ဆောင်းပါးဖြစ်သည်။
  • Thursday 2018-03-08
    အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံကြား မှာ ရှိတဲ့ ဂုဏ်ယူစရာ၊ တစ်သီး တစ်သန့်ရှိတဲ့ လူ ၅၂ သန်းနေထိုင် တဲ့ မြန်မာနိုင်ငံမှာ ဒီလဆန်းပိုင်း (ဖေဖော်ဝါရီ)က ကျွန်တော်လေး ရက်ကြာကြာနေခဲ့ပါတယ်။ 
  • Thursday 2018-03-08
    မြန်မာစာပေလောကတွင် အတွေ့အကြုံတွေ တစ်လှေကြီးဖြင့် စာရေးဆရာဖြစ်လာသူများ၌ ဆရာကြီး စစ်ကိုင်းဦးဘိုးသင်းနှင့် ဆရာသော်တာဆွေတို့ ထင်ရှားသည်။ သည်ဘက်ခေတ်တွင် ထိုသို့အတွေ့ အကြုံတစ်လှေကြီးရပြီး အသက်ကြီးခါမှ စာပေရေး သားခြင်းဖြင့် ထင်ရှားလာသူမှာဆရာဦးတင်ဦး (ကျူ ရှင်)ဖြစ်သည်။ဆရာဦးတင်ဦး(ကျူရှင်)သည်အသက် (၅၀)ကျော်(၆၀)နီးလာမှ စာကိုမပြတ်ရေးခဲ့ရာ နှစ် ပေါင်း (၂၀)အတွင်း ဆောင်းပါးအပုဒ်ရေ ၃,၀၀၀ နီး ပါးနှင့် ဘာသာပြန် ၁၁ အုပ်၊ အင်္ဂလိပ်စာဆိုင်ရာနှစ် အုပ်တို့ကို ထုတ်ဝေနိုင်ခဲ့သည်။
  • Thursday 2018-03-08
    မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်ကို တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများဖြင့် အလှဆင်ပစ္စည်း၊ စားသောက်ကုန်၊ လူ့အသုံးအဆောင်ပစ္စည်းထုတ်လုပ်ရောင်းချမှု ကင်းစင်သည့် မြို့တော်ဖြစ်ရေး ရွှေတိဂုံစေတီတော်တွင် ဖေဖော်ဝါရီ ဒုတိယပတ်က ပထမဆုံးလှုပ်ရှား မှုစတင်ခဲ့သည်။ 
  • Thursday 2018-03-08
    ပုပ္ပားတောင်မကြီးနှင့် အနီး ၀န်းကျင်ဒေသတွင်ရှိသော ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် သားငှက် တိရစ္ဆာန်များကို သုတေသနပြု ရန် မတ်လတွင် ထိုင်းနိုင်ငံမှ ပညာရှင်များကလာရောက် သင် တန်းပို့ချမည် ဖြစ်ကြောင်း ပုပ္ပား တောင်ယူနက်စကို ကမ္ဘာလုံးဆိုင် ရာ အမိကမ္ဘာစခန်းသာဖြစ်မြောက် ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်း က ပြောသည်။
  • Thursday 2018-03-08
    အသည်းရောင်အသားဝါစီပိုးနှင့် အိတ်ခ်ျအိုင်ဗီပူးတွဲခံစားနေရသူ ၁၆၀ ကို ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမည် ဖြစ်သည်။
  • Thursday 2018-03-08
    ၂၀၁၈ အတွင်း ငွေဆောင် ကမ်းခြေတွင် ဟိုတယ်ငါးလုံးခန့် ထပ်မံတည်ဆောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လက်ထောက်ညွှန်ကြားရေးမှူး (ငွေဆောင်)ဦးစိုးဝင်းက ပြောသည်။
  • Thursday 2018-03-15
    လိင်ပြောင်းလဲသူများအကြောင်း ဆိုင်ရာ သုတေသနကို အမျိုးသား ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းနှင့် PSI တို့ ပူးပေါင်းပြုလုပ်မည် ဖြစ်သည်။
  • Thursday 2018-03-08
    မြန်မာနိုင်ငံ ဆေးတက္ကသိုလ်များ တွင် စိတ်ကျန်းမာရေးစောင့် ရှောက်မှုကို ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် ဘာသာရပ်တစ်ခုအဖြစ် ဖြေဆိုရတော့မည်ဖြစ်သည်။
  • Thursday 2018-03-08
    အန်နီဂရက်ကရမ့်ပ်-ကာရင် ဘောက်အာကို ကွန်ဆာဗေးတစ် ခရစ်ယာန် ဒီမိုကရက် CDU ပါတီ ရဲ့ အတွင်းရေးမှူးချုပ် ခန့်အပ်တာ နဲ့အတူ သူတို့ လူအများက အဓိ ပတိအန်ဂျယ်လာမာကယ်ရဲ့ နေ ရာကို ဆက်ခံနိုင်ခြေရှိသူလို့ ရှုမြင် ကြပါတယ်။ CDU ပါတီအနေနဲ့ ဆက်လက်ပြီး ဆက်စပ်ပတ်သက် နေအောင် ဘာတွေလုပ်ရမလဲ။ သူနဲ့ အဓိပတိတို့ ခြားနားတဲ့အရာ တွေနဲ့ပတ်သက်ပြီး သူ့ကို DER SPIEGEL သတင်းဌာနက တွေ့ ဆုံမေးမြန်းထားပါတယ်။
  • Thursday 2018-03-08
    အာဂျစ်ပါတယ်လ်သည် အိန္ဒိယ စီးပွားရေးပညာရှင်ဖြစ်ပြီး ၂၀၁၆ စက်တင်ဘာကစ၍ အိန္ဒိယ ဗဟို ဘဏ် (RBI) ၏ ၂၄ ဦးမြောက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေသည်။
  • Thursday 2018-03-08
    R2P အမည်ဖြင့် မြန်မာနယ် နိမိတ်အတွင်း ကုလတပ်များ ဝင်ရောက်လာနိုင်ခြေ ရှိ၊မရှိ။ ၀င်လာပါက မည်သည့်သက်ရောက်မှုများ ရှိမည်ဟူသည့်ပြောဆိုမှုများ လူမှုကွန်ရက်ပေါ်တွင် ယခုရက်ပိုင်း အသံကျယ်လာသည်။ ဖေဖော်ဝါရီနှောင်းပိုင်းနှင့် မတ်လဆန်းအတွင်း ဖြစ်ရပ်များက အကာအကွယ်ပေးရန် တာဝန်ရှိမှုဟု အဓိပ္ပာယ်ရသည့် R2P (Responsibility to Protect) အသံထွက်လာစေခြင်းဖြစ်သည်။ အီးယူက ပိတ်ဆို့မှုပြုလုပ်ရန် ပြင်ဆင်နေခြင်း၊ ‘မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု’ ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဘာလင်မြို့က ဆွေးနွေးပွဲကို မြန်မာဘက်က တက်ခွင့်မရခြင်း၊ ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံအမတ်ကြီးက မြန်မာလုံခြုံရေးတပ်ဖွဲ့များက Ethnic Cleansing (မျိုးနွယ်စုရှင်းလင်း ခြင်း) ပြုလုပ်သည်ဟူသော ပြောကြားချက်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်တွင်မတ်လ ၂ ရက်က နှစ်နိုင်ငံ တပ်များ တပ်ဖြန့်ထားသည့်အချိန် တွင် UN တပ်များ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရောက်နေပြီ ဟူသော ကောလာဟလများ ထွက်ပေါ်လာ ခဲ့သည်။ ထို့နောက် R2P မုန်တိုင်း သည် ဖေ့စ်ဘွတ်ခ်တွင်တိုက်ခတ် ပါတော့သည်။
  • Thursday 2018-03-08
    လူ့အဖွဲ့အစည်းများသည် ရေကို စွမ်းအင်အရင်းအမြစ်အဖြစ် နှစ် ပေါင်းများစွာ သုံးစွဲခဲ့ပြီး လျှပ်စစ် ထုတ်လုပ်ရန် ရေစွမ်းအင်ကို အသုံးပြုနေသည်မှာ နှစ် ၁၀၀ ကျော်ရှိပြီဖြစ်သည်။
  • Thursday 2018-03-08
    မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ကျင်းပရန် ရက်နီးကပ်လာသည်နှင့်အမျှ မည်သည့်အနုပညာရှင်က အကယ်ဒမီ ဆွတ်ခူးမည်လဲဆိုသည်ကို ပရိသတ်များက စိတ်ဝင်စားနေသည်။ လတ်တလော အကယ်ဒမီ တစ်ကြိုစာရင်း မင်းသားများတွင် နေတိုး၊ ပြေတီဦး၊ မင်းသမီးများတွင် မေသန်းနု၊ အိန္ဒြာကျော်ဇင်တို့က ရေပန်းအစားဆုံးဖြစ်သည်။ 
  • Thursday 2018-03-08
    အမြဲတမ်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့် ဖြတ်သန်းနေသောကြောင့် ဘယ်အရာကမျှ မိမိကိုယိုင်နဲ့ပြိုလဲအောင် မပြုလုပ်နိုင်ကြောင်း သရုပ်ဆောင်ရွှေမှုံရတီက ပြောသည်။
  • Thursday 2018-03-08
    မြန်မာလိဂ်ပြိုင်ပွဲတွင် ရတနာ ပုံတိုက်စစ်မှူး စည်သူအောင်နှင့် ရခိုင်တိုက်စစ်မှူး ဆန်းဒေးတို့က ခြောက်ဂိုးစီဖြင့် ဂိုးသွင်းအများဆုံး စာရင်း၌ ပူးတွဲဦးဆောင်ထား သည်။
  • Thursday 2018-03-08
    ပဏာမလက်ရွေးစင်အသင်းတွင်ပါဝင်သည့် ဝါရင့်ကစားသမား သန်းသန်းထွေး၏ ကြံ့ခိုင်မှုကို အချိန်တစ်ပတ်ခန့် စောင့်ကြည့်မည်ဖြစ်ပြီး ကြံ့ခိုင်မှု မပြည့်ဝပါက နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်ရန်စီစဉ်ထားကြောင်း မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ပြောကြားသည်။
  • Thursday 2018-03-08
    ဖယ်လ်မာဘောလုံးကွင်းရဲ့ အဝေးကွင်းပရိသတ်တွေ စုရုံးနေရာ ပွဲကြည့်စင်ဘက်ခြမ်းကို လှည့်မကြည့်မိဖို့ အာစင်ဝင်းဂါးတစ်ယောက်တော်တော်လေး သတိထားနေရပါတယ်။ ဘရိုက်တန်ရဲ့ အိမ်ကွင်းထိ လိုက်ပါအားပေးတဲ့ အာဆင်နယ်ပရိသတ်တွေဆီက အမုန်းဓာတ်တွေ ယိုဖိတ်နေတဲ့ မျက်ဝန်းတွေကို ဝင်းဂါးတစ်ယောက် ရင်ဆိုင်လိုဟန်မတူပါဘူး။ ဒါပေမဲ့ ၂၀၀၂ နောက်ပိုင်းပြိုင်ပွဲစုံ လေးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ တဲ့အခြေအနေအရဆိုရင် ပရိသတ်တွေ လက်ထဲမှာကိုင်မြှောက်ထားတဲ့ ‘ဝင်းဂါးထွက်သွား’ ဆိုတဲ့စာတန်းတွေဟာ လွန်ကဲတဲ့အတိုင်းအတာတော့မဟုတ်ခဲ့ပါဘူး။
  • Thursday 2018-03-08
    ရန်ကုန်မြို့လယ်မှ မြစ်ကြီး  ခြားနေသော ဒလ မြို့နယ်သည် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ကြီးနှင့် ကမ္ဘာခြားနေသည်။ ဒလမြို့နယ်သည် ဆင်းရဲပြီးဖွံ့ဖြိုးတိုးတက်မှုနည်းသည်။ လမ်းများက ဆိုးနေပြီး လျှပ်စစ်မီးအကန့်အသတ်သာရသည်။ ရေလည်းရှားပါးသည်။ နှစ်ပေါင်းများစွာက ဆောက် လုပ်ထားသော သစ်သားအိမ်များ၊ ဆယ်စုနှစ်များစွာ  ဖုန်နှင့်ရွှံ့များ လိမ်းကျံခံထားရသော  လမ်း ထောင့်ဈေးဆိုင်များနှင့် စိုက်ပျိုး ရေးလုပ်ငန်းအပေါ်အခြေခံခဲ့မှု၊ ထင်ထပ်နေမှုများနှင့်အတူ ကိုလို နီခေတ် သင်္ဘောကျင်းဟောင်း တစ်ခုဖြစ်သော ဒလသည်ခရီးသွား များအတွက် နိုင်ငံ၏ မြို့တော် ဟောင်းအပေါ် ထူးခြားသောအ တွေ့အကြုံကို ပေးစွမ်းနေသည်။
  • Thursday 2018-03-08
    အမေရိကန်ရေတပ် အကြီးဆုံး ရေ ယာဉ်များစာရင်း ဝင် USS Carl Vinson လေယာဉ် တင်သင်္ဘောကြီးသည် ဣနြေ္ဒ ကြီးစွာ ညင်ညင်သာသာ ခုတ် မောင်းရင်း ဗီယက်နမ် ရေပိုင် နက်သို့ ဝင်ရောက်လာသည်။ တစ်ချိန်က ခါးသီးလှသည့် မဟာ ရန်သူများအဖြစ် ရပ်တည်ဖူးသည့် အမေရိကန်နှင့် ဗီယက်နမ်တို့ကြား ပိုမိုနွေးထွေးလာသော ဆက်ဆံ ရေးကို ပြဆိုမှုအနေဖြင့် USS Carl Vinson၏ ခရီးစဉ်ကို ညှိနှိုင်းအကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရေပေါ် ခံတပ်ကြီးဟု တင်စားခံရသည့် ခေတ်အမီဆုံး အမေရိကန်လေ ယာဉ်တင်သင်္ဘောကြီးတစ်စီး ဗီ ယက်နမ်သို့ ကမ်းကပ်ခြင်းသည် အာရှဒေသတွင် အမေရိကန်နှင့် တရုတ်တို့ကြား အားပြိုင်သည့် ပါဝါဂိမ်းတစ်ခုကို ထင်ဟပ်စေ ကြောင်း လေ့လာသူများက သုံး သပ်သည်။
  • Thursday 2018-03-08
    လာမည့်နှစ်တွင်အထက် တန်းအဆင့်သို့တက်ရောက် ပညာသင် ကြားရမည့်သမီးအတွက် ကိုမင်း မင်းတစ်ယောက် စိတ်ပူပန်နေ သည်။ အဋ္ဌမတန်းဖြေဆိုထား သော သမီးငယ်ကို အခြားမိဘများ နှင့်တန်းတူ ဘော်ဒါဆောင်သို့ပို့လို သော်လည်း ကုန်ကျမည့်စရိတ်က နေ့စဉ်ဝင်ငွေစားလောက်ရုံသာ ရရှိသည့်သူ
  • Thursday 2018-03-08
    ဘီးတစ်လှိမ့်၊ ခရီးတစ်ထောက် နာဂအရောက် စိန်ခေါ်သည်နာဂဒေသရှိ တောင်ပေါ်မြို့ ဖြစ်သော လဟယ်မြို့လေးက မြူ ကွဲပြီး နေရောင်ပွင့်ခါစမို့ အေးချမ်း လတ်ဆတ်နေသည်။ မြို့ခံ နာဂ တိုင်းရင်းသားများသည်လည်း အလုပ်ကိုယ်စီလုပ်ကိုင်လျက် မြို့ လေးက အလုပ်ရှုပ်နေ၏။ ထိုစဉ် မြို့အဝင်လမ်းတောင်ကုန်းပေါ်မှ လူတစ်ဦး စက်ဘီးနင်းကာ မြို့ဆီ သို့ တရွေ့ရွေ့ဖြင့် နီးကပ်၍ လာ သည်။ ‘’ဟိုမှာ စက်ဘီးကြီးနဲ့ဟ’’ ဆိုင်ကယ်ပြင်ဆိုင်မှ အမျိုးသားတစ်ဦးက ခပ်ဝေးဝေးမှ လာနေသော စက်ဘီးကို လက်ညှိုးလှမ်း ထိုးကာ ရေရွတ်သည်။ မြို့တွင်းမှ လူအများစုကလည်း မတိုင်ပင်ပါ ဘဲနှင့် ထိုစက်ဘီး မြို့ထဲဝင်အလာ ကို ဝိုင်းကြည့်နေသည်။ အဘယ် ကြောင့်ဆိုသော် သူတို့ လဟယ်မြို့သို့ စက်ဘီးစီး၍ ဝင်လာသူ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့သောကြောင့် ဖြစ်သည်။ လဟယ်မြို့သည် နာဂတို့၏ တောင်ပေါ်မြို့ သေးသေးလေး တစ်မြို့။ လမ်းခရီး ခက်ခဲကြမ်း တမ်းပြီး အနီးဆုံးမြို့နှင့်ပင် မိုင် အတော်ဝေးသည်။ ထို့ကြောင့် မြို့ တွင်း၌ ဆိုင်ကယ်သာအစီးများပြီး စက်ဘီးသည် လူအချို့ပစ္စည်း တင် တွန်းဖို့သာ အသုံးပြုကြတော့ပြီး မမြင်ရသလောက်နီးပါးဖြစ်နေပြီ။

Pages