အတွဲ (၁၇)၊ အမှတ် (၂)

Issue Date: 
Thursday, March 15, 2018
Myanmar Date: 
၁၃၇၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃၊ ဗုဒ္ဓဟူး၊ (မတ် ၁၄၊ ၂၀၁၈)
Publication: 
7Day News

List of stories

  • Thursday 2018-03-15
    ယခုတစ်ပတ် ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် စည်းကြပ်မှုမှ လွတ်ကင်းခဲ့သော ဝင်ငွေခွန်များကို ဖြေလျှော့ပေးထားသည့် ၂၀၁၈အခွန်အကောက်ဥပဒေကြမ်းအပေါ် ဆွေးနွေးချက်များ၊ ကန့်ကွက်မှုများရှိနေသည့် ငြိမ်းစုစီဥပဒေပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်က အတည်ပြုခြင်းတို့ ထင်ရှားခဲ့သည်။
  • Thursday 2018-03-15
    မတ်လအဝင်မှာပင် နွေရာသီ အပူဒဏ်ကို စတင် ခံစားမိလာပြီဖြစ်သည်။ နေရောင်အောက်တွင်နေ့စဉ် ဖြတ်သန်းသွားလာသူများအဖို့နေရှိန်ပြင်းသည့် အပူဒဏ်ကို သတိပြုညည်းညူစပြုလာသည်။ ‘‘မနှစ်ကထက် ပိုပူနေသလို ပဲ။ အခုရက်ပိုင်း အပြင်ထွက်ရင် ခေါင်းတွေနောက်ပြီး မျက်စိနာချင် သလို ဖြစ်နေတယ်။ အသားတွေ ပူပြီး ဖျားချင်သလိုဖြစ်နေတယ်။ ချောင်းဆိုးတယ်’’ဟု အသက် (၂၈)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း မမေ ဦးက ဆိုသည်။  လတ်တလော ကာလအ တွင်း ရန်ကုန်မြို့ရှိ ဆေးခန်းအချို့ တွင် အပူဒဏ်ခံစားရ၍ လာပြသူ ဦးရေသည် ဆေးခန်းလာပြသူ လူ နာများ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိနေပြီး အပူကြောင့် နုံးခွေခြင်း၊ မိတ်ဖုများ ထွက်ခြင်း၊ ချွေးထွက်ခြင်း၊ မော ပန်းခြင်း၊ အရေပြားတွင် ယားနာ များပေါက်ခြင်းအပြင် ဖျားနာခြင်း စသော ကျန်းမာရေးပြဿနာများ ဖြင့် လာရောက်ပြသနေသူများရှိ ကြောင်း ဆရာဝန်အချို့က ဆို သည်။
  • Thursday 2018-03-15
    အမ်းမြို့အနီးတွင် ရခိုင့်အားမာန်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူ ငါးဦးအတွက် အသက်အာမခံကြေး တစ်ဦးလျှင် ကျပ်သိန်း၃၀နှင့် ရခိုင်ပြည်နယ်အစိုးရက ကျပ်သုံးသိန်းစီထောက်ပံ့ပေးခဲ့သည်။
  • Thursday 2018-03-15
    ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအနေဖြင့်  ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ဆင်းရဲနွမ်းပါးသည့် ပြည်သူများနှင့် ၀င်ငွေနည်းလူတန်းစားများအတွက် အကျိုးပြုမည့် အများနှင့်အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများ (IB) အနေဖြင့် ဆောင်ရွက်ရန် မတ်လ ၁၂ ရက်က မန္တလေးတွင် ဆွေးနွေးခဲ့သည်။
  • Thursday 2018-03-15
    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်များအတွင်းတွင် ဘက်ထရီရှော့ခ် တိုက်ငါးဖမ်းခြင်း၊ အဆိပ်ချငါးဖမ်းခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းလွှတ်တော်၌ မတ်လ ၁၆ ရက်၌ ဆွေးနွေးမည်ဖြစ်သည်။ ယင်းအဆိုကို ကော့မှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်က မတ်လ ၁၂ ရက်တွင် တင်သွင်းခဲ့သည်။
  • Wednesday 2018-03-14
    မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့် ပြုထားခြင်းကြောင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေ လွှတ်မှုအပေါ် ထိခိုက်မှုမရှိ ကြောင်း ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီအချို့က ပြော ကြားသည်။ 
  • Wednesday 2018-03-14
    ဆွစ်ဇာလန်နိုင်ငံ Swiss Agencyfor Development and Cooperation နှင့် CVT Myanmar  ကျောင်းတို့ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့အသက်မွေးဝမ်းကျောင်း သင်တန်းငါးခုအတွက် အခြေခံ ပညာအဋ္ဌမတန်း အောင်မြင်ထား သူများ လျှောက်ထားနိုင်သည်။
  • Wednesday 2018-03-14
    ပညာရေးပါရဂူဘွဲ့၊ ပညာရေး မဟာဘွဲ့ ရရှိထားသည့် အထက် တန်းပြ၊ အလယ်တန်းပြ ဆရာ၊ ဆရာမများကို ပညာရေးကော လိပ်များတွင် လက်ထောက်ကထိ က၊ နည်းပြအဖြစ် ပြောင်းလဲခန့် ထားမည်ဟု အဆင့်မြင့်ပညာဦးစီး ဌာန တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
  • Wednesday 2018-03-14
    လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT)  ၀င်ခွင့်ရသူစာရင်းကို မတ်လ ၉ ရက် ထုတ်ပြန်မည်ဟု ပညာရေး ၀န်ကြီးဌာနကကြေညာထားသော် လည်း တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပသည့်ရက်နှင့် တိုက်ဆိုင် နေခြင်းကြောင့် မတ်လနောက်ဆုံး ပတ်သို့ ရွှေ့ဆိုင်းခဲ့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။
  • Wednesday 2018-03-14
    အခြေခံပညာကျောင်းများတွင် အ ကြောင်းအမျိုးမျိုးကြောင့် ကျောင်း မတက်ရောက်နိုင်ဘဲ နဝမတန်းကို ပြင်ပဖြေအဖြစ် ဖြေဆိုလိုပါက မြို့ နယ်ပညာရေးမှူးရုံးများတွင် ဖြေ ဆိုခွင့် လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောသည်။ 
  • Wednesday 2018-03-14
    စတုတ္ထမြောက် အော် ပရေတာ MYTEL သည်ကိုယ်ပိုင် ဟန်းဆက်များ မြန်မာနိုင်ငံဈေး ကွက်သို့ ယခုနှစ်အတွင်း တင် သွင်းဖြန့်ချိမည်ဟု အော်ပရေတာ ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။ 
  • Wednesday 2018-03-14
    နိုင်ငံပိုင် ဆက်သွယ်ရေးအော်ပရေတာ MPT သည် ကွန်ရက် အသုံးပြုသူများအတွက် မိုဘိုင်းငွေပေးချေဝန်ဆောင်မှု (Mobile Money) ကို ကျပ်သုံးဘီလီယံဖြင့် ကနဦး  ရင်းနှီးမြုပ်နှံဆောင်ရွက်မည်ဖြစ်သည်။ 
  • Wednesday 2018-03-14
    သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှု အမြောက်အမြားရှိသည့်အနက် နည်းပညာဆိုင်ရာလုံခြုံရေးပြဿနာကို ရင်ဆိုင်ဖြေရှင်းရန် ကြိုတင်ပြင်ဆင်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
  • Wednesday 2018-03-14
    ဟောင်ကောင်တွင် ကျင်းပသည့် ကမ္ဘာတစ်ဝန်း အသက်(၁၆)နှစ် အောက်ကလေးငယ်များ ဝင် ရောက်ယှဉ်ပြိုင်သည့်  မိုဘိုင်း Application ရေးဆွဲပြိုင်ပွဲ App Jamming Summit 2018 တွင် မန္တလေးမှ ကလေးငယ်လေးဦး သည်  မြန်မာနိုင်ငံကိုယ်စားပြု နောက်ဆုံးအဆင့်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသည်။ 
  • Wednesday 2018-03-14
    Samsung ၏ နောက်ဆုံးပေါ် စမတ်ဖုန်း Galaxy S9+ ကို မြန်မာနိုင်ငံသားများ ဘဏ်ဖြင့် ချိတ်ဆက်ကာ ၀န်ထမ်းများအား အပေါင်ပစ္စည်းမလိုဘဲ ဧပြီကစ၍ အရစ်ကျ ရောင်းချမည်ဖြစ် ကြောင်း ဆမ်ဆောင်းမြန်မာ မို ဘိုင်းဌာနအကြီးအကဲ ဦးဇာနည် ၀င်းထက်က ပြောသည်။
  • Wednesday 2018-03-14
    ကျေးလက်နှင့်မြို့ပြအကြား ဒစ်ဂျစ်တယ်စာတတ်မြောက်မှုနှုန်း ကွာခြားချက်လျှော့ချနိုင်ရန်  မြန် မာ့  ဆက်သွယ်ရေးလုပ်ငန်းက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင် တယ်လီစင်တာ ၄၀ စတင်ဖွင့်လှစ်ခဲ့သည်။
  • Wednesday 2018-03-14
    ဒီမိုကရေစီခေတ်သစ် မြန်မာနိုင်ငံ အိမ်ရာဖွံ့ဖြိုးရေး အခြေအနေကို သုံးသပ်ကြည့်တဲ့အခါ ငယ်စဉ်က ကြည့်ခဲ့ရတဲ့ဟာသပြဇာတ်တွေထဲမှ ဘုရင်ကြီးနဲ့ ထီးတော်မိုး သရုပ်ဖော်ပြကွက်ကို သတိရမိပါတယ်။ ထီးတော်မိုးက မိုးတော့မိုးတာပါ ပဲ။ ဒါပေမဲ့ သူ့ရဲ့ထီးက ဘုရင့် ဦးခေါင်းနဲ့ လွဲသွားတဲ့အခါ ထီးကတခြား ဘုရင်ကတခြား ဖြစ်သွား တာကို ဟာသပြကွက်အနေနဲ့ သရုပ်ဖော်ကြတာ ဖြစ်ပါတယ်။ အဲဒီမြင်ကွင်းကို သတိရပြီး စိတ်ထဲမှာ အိမ်ရာမဲ့ ပြည်သူတွေဟာ ပြဇာတ်ထဲက ဘုရင်နဲ့ တူနေပါတယ်။ အိမ်ရာဖွံ့ဖြိုးရေးက ‘ထီး’နဲ့တူတယ်လို့ တွေးမိပါတယ်။ အိမ်ရာဖွံ့ဖြိုးရေး တာဝန်ယူရတဲ့အစိုးရကတော့ ထီးတော်မိုးကြီးနဲ့ တူပါတယ်။ အစိုးရက အိမ်ရာဖွံ့ ဖြိုးရေး အစီအစဉ်တွေကို စေတနာ နဲ့ အကောင်အထည်ဖော်တယ်ဆို ပေမယ့် အိမ်ရာမရှိတဲ့ ပြည်သူအများစုအနေနဲ့ မခံစားကြရသေး တဲ့ဘဝဟာ ဘုရင့်ဦးခေါင်းနဲ့ ထီး လွဲနေသလိုပါပဲ။
  • Wednesday 2018-03-14
    (၁) သည်တစ်ပတ် စနေ၊ တနင်္ဂ နွေရုံးပိတ်ရက်များမှာ နေပြည် တော်သို့ ခရီးဆန့်ဖြစ်သည်။ ရေ ဆင်းတက္ကသိုလ်နယ်မြေမှ ကျေးဇူးရှင်ဆရာသခင်များအား ပူဇော် ကန်တော့သည့် အာစရိယပူဇော်ပွဲ သို့ တက်ရောက်ရန် အဓိကဖြစ် သော်လည်း အပိုရသည့်အချိန် ကလေးကိုတတ်နိုင်သမျှ ဗဟုသုတအလို့ငှာအသုံးချဖြစ်သည်။ အခြားတော့မဟုတ်။ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးမိုင်တိုင်အမှတ် (၂၁၇) အနီးရှိ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ လေ့လာရေးသွားရောက် ဖြစ်ခဲ့ခြင်းပင်။ ငလိုက်ဆည်ကြီးကို မေးတင်လျက်ဖွင့်လှစ်ထားသည့် သည်ဆင်စခန်းကလေးက အပန်း ဖြေအနားယူဖို့ အလွန်ကောင်း သည့်နေရာလေး ဖြစ်သည်။ မိသားစုတွေ၊ သူငယ်ချင်းအုပ်စုတွေလာ ရောက်အပန်းဖြေနိုင်သလို ဆင် တွေနဲ့ ပတ်သက်ပြီးလေ့လာရေး လုပ်ဖို့လည်း အဆင်ပြေသည်။ တစ်ဖက်မှာလည်း သစ်တောတွေ ကို ချစ်မြတ်နိုးဖို့၊ တောရိုင်းတိရစ္ဆာန်တွေကို ချစ်မြတ်နိုးတတ်ဖို့ ပညာ ပေးနေသည့် လုပ်ငန်းတစ်ခုဟု ဆို နိုင်သည်။
  • Wednesday 2018-03-14
    ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု စီးပွား ရေးကဏ္ဍမှာ မြန်မာနိုင်ငံဟာ ရိုက်ခတ်မှု အားကောင်းတဲ့ နယ်ပယ် တစ်ခု ဖြစ်လာပါတယ်။ အရှေ့တောင်အာရှဒေသက နိုင်ငံမှာ ကော်ဖီစိုက်ပျိုးဖို့ သင့်တော်တဲ့ရာသီဥတုနဲ့ မြေမျက်နှာသွင်ပြင် တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့ အပြင် ပြည်ပကတင်သွင်းလာတဲ့ နည်းပညာသစ်တွေကြောင့်လည်း ကော်ဖီစေ့တွေရဲ့ အနံ့အရသာ၊ အရည်အသွေးကို ပိုမိုမြှင့်တင်လာ နိုင်ခဲ့ပါတယ်။
  • Wednesday 2018-03-14
    (တစ်) ကမ္ဘာပေါ်၌ မွေးဖွားလာခြင်း က ပျော်ရွှင်စရာကောင်းသ လောက် သေဆုံးခြင်းက စိတ်ထိ ခိုက်စရာ ကောင်းပါသည်။ လူ အပါအဝင် သက်ရှိသတ္တဝါတို့ မွေး ကြသည်။ ထို့နောက် သေကြ သည်။ ဘယ်တော့မှ သူတို့နောက် ထပ်တစ်ခါ ပြန်မလာကြတော့ ဘူးဟု တွေးမိသောအခါ လူတိုင်း မချိအောင် ခံစားရစမြဲဖြစ်ပါသည်။
  • Wednesday 2018-03-14
    (၁) လွန်ခဲ့တဲ့ ဆယ်နှစ်။ ၂၀၁၂ ခုနှစ် မတ်လ ၇ရက်နေ့မှာ ကျရောက် တဲ့ 7 Day News ဂျာနယ်ရဲ့(၁၀) ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ဖို့ စတင်ဖိတ်ကြားခံခဲ့ရပါတယ်။ ငယ်တဲ့အသက်၊ နုနယ်တဲ့အတွေ့အကြုံများနဲ့  မီဒီယာခရီးမှာ ပါဝင်ရင်းသူတို့ရဲ့ဘ၀ကို နားလည်စာနာခဲ့ရပါတယ်။ 
  • Wednesday 2018-03-14
    (၁) လွန်ခဲ့တဲ့ ဆယ်နှစ်။ ၂၀၁၂ ခုနှစ် မတ်လ ၇ရက်နေ့မှာ ကျရောက် တဲ့ 7 Day News ဂျာနယ်ရဲ့(၁၀) ပြည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ဖို့ စတင်ဖိတ်ကြားခံခဲ့ရပါတယ်။ ငယ်တဲ့အသက်၊ နုနယ်တဲ့အတွေ့အကြုံများနဲ့  မီဒီယာခရီးမှာ ပါဝင်ရင်းသူတို့ရဲ့ဘ၀ကို နားလည်စာနာခဲ့ရပါတယ်။ 
  • Wednesday 2018-03-14
    ၂၀၁၈ ပြည်ထောင်စု အခွန်အ ကောက်ဥပဒေမူကြမ်း အတည်ဖြစ် လာပါက ကားအရောင်းအ၀ယ်ပိုမို ကောင်းမွန်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ် သည်။
  • Wednesday 2018-03-14
    မတ်ပဲအသစ်ပေါ်ချိန်တွင် ဈေးကျ ဆင်းမှုကြောင့် တစ်ဧကအထွက် နှုန်းနည်းသည့် ဧရာဝတီတိုင်းရှိ ပဲစိုက်တောင်သူအချို့ မရိတ်သိမ်း တော့ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်ကပြောသည်။ 
  • Thursday 2018-03-15
    စနေနေ့က လူကျပ်နေ သော အခန်းတစ်ခုထဲမှာ ဒါဇင်နှင့်ချီသော မြန်မာဒုက္ခသည်များ စုဝေးနေကြ သည်။ သူတို့သည် အမေရိကန်လူ ၀င်မှုကြီးကြပ်ရေး တာဝန်ရှိသူများ ဆီက လက်ခံရရှိသော ထူးဆန်း သော စာများနှင့်ပတ်သက်ပြီး အ သေးစိတ်အဖြေရှာဖို့ ရောက်နေ ကြခြင်းဖြစ်သည်။ ထိုစာထဲမှာ သူတို့ကို မေးမြန်းဖို့အတွက် လူ ၀င်မှုကြီးကြပ်ရေးသို့ လာရောက် ရန်နှင့် သူတို့၏ တရားဝင်နေထိုင် မှုအနေအထားနှင့် ပတ်သက်ပြီး လိုအပ်သော အချက်အလက်များ ပေးရမည်ဟုပါရှိ၏။ မြန်မာဒုက္ခသည်များကို ကူ ညီပေးနေသည့် EMBARC အဖွဲ့အစည်းက ကျင်းပသည့် အဆိုပါအစည်းအဝေးကို အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် ဒီမွိုင်းစ်မြို့က ပေါ့ခ်အရပ်ရှိ ရေးဗားပဲလေ့စ်မှာ ကျင်းပခဲ့ခြင်းဖြစ်သည်။ သူတို့အဖွဲ့က အဆိုပါစာများနှင့်ပတ်သက်ပြီး ဒုက္ခသည်များကို မေးခွန်းများနှင့် သင်ပြပေးခဲ့၏။ ထို့အပြင်ဘာအတွက်ကြောင့် အမေရိကန် နိုင်ငံသားဖြစ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားတွေ့ပြီး အမေးခံရန် မဆုံးဖြတ်ခင် ပြင်ဆင်ထားခြင်းသည် အကောင်းဆုံးဆိုတာကိုလည်း သူတို့ကို ရှင်းပြ သည်။
  • Wednesday 2018-03-14
    စာရေးသူစာအုပ်အမည်ဈေးနှုန်းစာအုပ်တိုက် ဝိဓူရသခင်ချစ်မောင်ကမ္ဘာလှည့်၅,၀၀၀စိတ်ကူးချိုချို သခင်ကိုယ်တော်မှိုင်း ဆူးငှက်စံတော်ချိန်မန္တလေး၃,၀၀၀စာပေခရီးသွားများ
  • Wednesday 2018-03-14
    တိရစ္ဆာန်များ၏ သင်္ချိုင်းဟုတင်စားခေါ်ဝေါ်ခံရသည့် တရုတ်နိုင်ငံ က ဆင်စွယ်ဝယ်ယူမှုကို ၂၀၁၇ နှစ် ကုန်၌ အပြီးသတ်ပိတ်ပင်တားမြစ် ခဲ့ခြင်းက တောဆင်ရိုင်းကောင် ရေ သုံးထောင်အောက်သာ ကျန်ရှိ တော့သည့် မြန်မာနိုင်ငံအတွက် ဝမ်းသာရမည်လား၊ ဝမ်းနည်းရ မည်လား ဝေခွဲရခက်နေသည်။
  • Thursday 2018-03-15
    MMA(One Championship) ၀ိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် မတ်လ ၈ ရက်က မြန်မာနိုင်ငံသို့ မိသားစု နှင့်အတူ ရောက်ရှိလာသည်။ ကချင်တိုင်းရင်းသားအောင်လ အန်ဆန်သည် မတ်လ ၂၀ ရက် တွင် မွေးရပ်မြေကချင်ပြည်နယ် သို့ သွားရောက်ကာ အဘိုး၊ အ ဘွားများနှင့် တွေ့ဆုံမည်ဖြစ် သည်။ ထို့ပြင် ကချင်ပြည်နယ်စစ် ဘေးကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများကို ၎င်း၏ MMA ထိုး သတ်ကြေးနှင့် ဆုကြေးများသွား ရောက်လှူဒါန်းမည်ဖြစ်သည်။ အောင်လအန်ဆန်၏ ကချင်ပြည် နယ်ခရီးစဉ်၊ ယခုနှစ်အတွင်း ထိုး သတ်မည့်ချန်ပီယံကာကွယ်ပွဲအ ကြောင်း ပြင်ဆင်မှုတို့နှင့်ပတ် သက်၍ 7Day News ဂျာနယ်က သီးသန့် တွေ့ဆုံမေးမြန်းထား သည်များမှ ကောက်နုတ်ဖော်ပြ လိုက်ပါသည်။
  • Wednesday 2018-03-14
    ကရင်ပြည်နယ် ဆန္ဒဂူနှင့် သုံးမိုင် အကွာတွင် ထုံးကျောက်ဂူအသစ် တစ်ခု ယခု နှစ်ဆန်းပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း အိန္ဒုအပျော်တမ်းတောင်တက်အဖွဲ့ဝင် ကိုခွန်ထူးပိုင်ဌေးက ပြောသည်။ 
  • Wednesday 2018-03-14
    ကော့သောင်းမြို့၌ ကျင်းပ မည့် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲ တော်သို့ လာရောက်လေ့လာမည့် သူများ ဒေသတွင်းရှိ ကျွန်းစုများ သို့ လည်ပတ်လိုပါက ဈေးနှုန်း သက်သာစေရန် ညှိနှိုင်းဆောင် ရွက်ပေးမည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဖိတ် ခေါ်ထားသည်။ ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှု ပွဲတော်ကို ကော့သောင်းမြို့ သီရိမင်္ဂလာပြည်သူ့ရင်ပြင် ၃ မိုင်ကွင်းတွင် မတ်လ ၂၄ ရက်မှ ၂၅ ရက်ထိကျင်းပမည်ဖြစ်သည်။

Pages